BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, August 31, 2013

ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်

အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယား ကို ဝင်တိုက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေးဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။
အစ္စရေးမှာ အမြင့်ဆုံးလုံခြုံရေးစနစ်များ ပြုလုပ်နေပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့  လေကြောင်း တိုက်စစ်ကြောင့် ဆီးရီးယားလည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ချေရှိကြောင်း သိရပါတယ်။ စစ်ပွဲကြောင်း ဆီးရီးယားဟာ အနီးစပ်ဆုံးဖြစ်တဲ့ အစ္စရေးကိုပဲ ပြန်တုန့်ပြန်နိုင်ချေရှိတာကြောင်း ဆီးရီးယားနဲ့ နီးစပ်တဲ့ ဒေသတွေတိုင်းမှာ ဒုံးဖျက် ယာဉ်များ၊ စစ်စခန်းများ ချထားလိုက်ပြီ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့  လုံခြုံရေးအဆင့်မြင့်ဆုံးအခြေအနေတစ်ခုအထိ မြင့်တင်ထားလိုက်ပြီး ဆီးရီးယားဘက်မှ တိုက်စစ်ကို အကောင်းဆုံးခုခံသွားဖိုဇ့ အဆင်သင့်ရှိနေကြောင်း ဆိုပါတယ်။
ဒါက အစ္စရေးဘက်က ပြင်ဆင်ထားမှုပါ။ ဆီးရီးယားကတော့ သူ့ပြည်တွင်းစစ်နဲ့ပဲ အခြေအနေ အတော်ဆိုးနေပါတယ်။ ဓာတုလက်နက် အသုံးပြုတာ သူပုန်များ ဟုတ်မဟုတ်၊ အစိုးရဟုတ်မဟုတ် သေချာ ကွဲခြားရ ခက်နေချိန်မှာ အမေရိကန်ဟာ ကြားဖြတ်ဝင်တိုက်လိမ့်မယ်လို့ အားလုံးခန့်မှန်းပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် ဆီးရီးယားကို တိုက်ဖို့အတွက် အမေရိကန်မှ တရားဝင်ကြေညာချက် ထုတ်မထားသေးပါဘူး။ လက်ရှိ ဆိုးရွားတဲ့ နိုင်ငံရေးကိုဖြေရှင်းဖို့ ကုလမှ တာဝန်ရှိသူများ ဆီးရီးယားကို ရောက်ရှိနေပါတယ်။ အစ္စရေးကတော့ အမေရိကန်ဟာ ဆီးရီးယားကို တိုက်ခိုက်ဖို့အတွက် အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဆီးရီးယားကို တိုက်ဖို့ အိုဘားမား ဘယ်လိုဆုံးဖြတ်မလဲ

ပြီးခဲ့တဲ့ သြဂုတ် ၃၀ မှာ အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ စာရင်းမှာ ပါတဲ့ ပြင်သစ်နဲ့ ဗြိတိန်က ဝန်ကြီးချုပ် အသီးသီးကို ဖုန်းဆက်လို့ ဆွေးနွေးပွဲငယ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။
လက်ရှိဆီးရီးယားအရေးနဲ့ ပက်သက်ပြီးတော့ပါ။ အမေရိကန် အိမ်ဖြူတော်လွတ်တော်အဖွဲ့မှ  စစ်တိုက်ဖို့ မဲများနေချိန် သမ္မတ အိုဘားမား  ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုသာ စောင့်ကြည့်လျက်ရှိနေကြ ပါတယ်။ ဒါကြောင့်မို့ ဆုံးဖြတ်ချက် ပိုသေချာအောင် ပြင်သစ်နဲ့ ဗြိတိန်ကို ဖုန်းဆက်မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အနေနဲ့ အမေရိကန်ရဲ့  ဆုံးဖြတ်ချက်ကို တားမြစ်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား အစိုးရဟာ ဓာတု စစ်လက်နက် အသုံးမပြုရ ကမ္ဘာ့ စစ်ဥပဒေ အပြင် အခြားသော ဥပဒေများကိုပါ ချိုးဖောက်ထားတဲ့အတွက်
အမေရိကန် နိုင်ငံအတွက် နောက်ထပ် အီရတ်နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်လို့တောင် တင်စားနေကြ ပါတယ်။
ဆီးရီးယား သမ္မတ Bashar Assad ကိုလည်း တားမြစ်မှု အကြိမ်ကြိမ်ပြုလုပ်ပေမယ့် ထူးခြား မလာပါဘူး။ ဓာတု စစ်လက်နက် ဘယ်သူ အသုံးပြုသလဲဆိုတာ သိအောင် ကုလအဖွဲ့ လွတ်၍ စစ်ဆေးခဲ့ရာ မထင်မှတ်စွာပဲ အစိုးရ စစ်တပ်မှ အသုံးပြုနေတာကို သိရှိတွေ့မြင်ခဲ့ကြရပါတယ်။ စစ်နိုင်ရန် ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ပြည်တွင်း သူပုန်တွေချေမှုန်းဖို့ ဓာတု လက်နက်အသုံးပြုမှုဟာ ပြည်သူတွေကို ပိုမို အထိနာစေခဲ့ပါတယ်။ ၂၀၁၁ မတ် ကတည်းက စတဲ့ စစ်ပွဲက ပြည်သူပေါင်း ၉သိန်းခွဲကျော်ကို အသက်ဆုံးရှုံးစေခဲ့ပါပြီ။ ယီမင် နိုင်ငံက ပြည်သူများကတော့ အမေရိကန်မှ ဆီးရီးယားကို တိုက်နိုင်ချေရှိတဲ့အနေအထားအား တားမြစ်ဆန္ဒပြကြပြီး ဆီးရီးယား အစိုးရကိုသာ ဆက်လက်ထောက်ခံပေးဖို့ တောင်းဆိုနေပါတယ်။
ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဆီးရီးယား အစိုးရအပေါ် အရေးယူမှုပြုလုပ်ရတော့မှာပါ။ စူပါပါဝါနိုင်ငံဖြစ်တဲ့ အမေရိကန် ရဲ့  အရေးယူ တိုက်ခိုက်မှုကိုလည်း ဘယ်နိုင်ငံကြီးမှ ငြင်းဆန်နိုင်တော့မှာ မဟုတ်ပါဘူး။ စစ်ဖြစ်ရင် အမေရိကန်မှာလည်း ဆုံးရှုံးရမယ့် အရာတွေရှိပါတယ်။ ပြည်သူတွေလည်း အထိနာမယ့် အမေရိကန် လေကြောင်း တိုက်ခိုက်မှုကို တားမြစ်မယ့် နိုင်ငံတွေလည်း ရှိမှာပါ။ အထူးသဖြင့် အရှေ့ အလယ်ပိုင်း အုပ်စုနိုင်ငံ အချို့ က ဆန့်ကျင်မှာ ဖြစ်ပါတယ်။
ယခု ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာမှ နားဆွင့်လျက် ရှိပါတယ်။ အမေရိကန် အနေနဲ့ ဆီးရီးယားကို တိုက်မယ်မတိုက်မယ်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့်သာ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry  ကလည်း ပြောဆိုခဲ့ ကြောင်း သိရပါတယ်။ 
.
Ref: Xinhua
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခေါက်ပြီးသိမ်းနိုင်မည့် တစ်ယောက်စီး ဆိုင်ကယ်

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။
ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ်ခါ အားသွင်းရမှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဆုံးရှုံးသွားသော Data, File များအား ပြန်လည် ရယူခြင်း

ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ ဒီအတွက် ပျက်ဆီးသွား တဲ့ အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများ ကိုလည်း သိထားမယ်ထင်ပါတယ်။
တော်တော်များများက ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ ရတာ ရှားပါတယ်။ ယခုပေးမယ့် Link ကတော့ အခမဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။ ကင်မရာမှာသုံးတဲ့
SD ကဒ်၊ ဖုန်း Miscro SD ကဒ်တို့မှာ ပျောက်သွားရင်လည်း ဒီ ဆော့ဖ်ဝဲနဲ့ အသုံပြုပြီး ပြန်ယူလို့ ရပါတယ်။
မိမိ Delete လုပ်လိုက်ခြင်းသော်လည်းကောင်၊ မမျော်လင့်ပဲ ပျက်သွားခြင်း ကြောင့်သော်လည်းကောင် ယင်း အချက်အလက်၊ Data များဟာ အမှန်တကယ် မပျက်ဆီးသွားပါဘူး။ နေရာယူမှု အနည်းဆုံးနိုင်ဆုံး နည်းနဲ့  ကွန်ပျူတာ Storage ရဲ့ တစ်နေရာရာမှာ ကျန်ရှိနေတတ်ပါတယ်။  ဒါကို ပြန်ယူ recover လုပ်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်။
အောက်ပါ လခ့်မှာ ဆော့ဖ်ဝဲ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။
ဒေါင်းလုပ်ခ်ဆွဲပြီးပြီဆိုရင် ထုံးစံအတိုင်းပဲ Install လုပ်အသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာမှာ စတင်ဝယ်ပြီး အသုံးပြုကတည်းက ဖျက်ထားသမျှ အချက်အလက်အားလုံး ပြန်ပေါ်လာမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် Recover လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ App အစရှိသဖြင့် ရွေးခိုင်းပါသေးတယ်။ တစ်ခါ အသုံးပြုရင် တစ်မျိုးပဲ ရှာလို့ရတဲ့ သဘော ရှိပါတယ်။
Recover လုပ်တဲ့အချိန် အနည်းငယ်ကြာတတ်ပြီး အားလုံး ပြန်ရမှာ ဖြစ်ပါ တယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed