အမျိုးအစား ၂ ဆီးချိုရောဂါကို ကုသရာတွင် အသုံးပြုသော ဈေးမကြီးသည့် ဆေးတစ်မျိုးသည် သဘာဝ အတိုင်း ဖြစ်ပေါ်သော/လူတို့ကြောင့်ဖြစ်ပေါ် သော ဓာတုပစ္စည်းပေါင်း များစွာ တို့အား ရင်သားကင်ဆာ ဆဲလ်များ ကြီးထွားအောင် လှုံ့ဆော် ပေးနိုင်မှု မရှိအောင် ကာကွယ် တားဆီး ပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ ဂျိန်း ထရော်စကိုနှင့် အဖွဲ့သည် ဆီးချိုကုသရာတွင် သုံးသည့် Metformin ဆေးကို ကာလကြာရှည်စွာ လေ့လာခဲ့ရာ၌ ဆီးချိုကြောင့် ဖြစ်ပေါ်သော ကင်ဆာများ (အထူးသဖြင့် ရင်သားကင်ဆာ) ကို အဆိုပါ ဆေးက ကာကွယ် ပေးနိုင်ကြောင်း တွေ့ရှိရသည် ဟု ဆိုသည်။ အီစထရိုဂျင် ဟော်မုန်းနှင့် အခြား ဓာတုဓာတ်များ ပေါင်းစပ်ကာ ရင်သားကင်ဆာ ဖြစ်ပေါ်ရန် လှုံ့ဆော်ပေးခြင်း ဖြစ်ပြီး Metformin ဆေးက ယင်းကဲ့သို့ ဖြစ်ပေါ်မှုကို သိသိသာသာ လျှော့ချ ပေးနိုင်သည် ဟု ဆိုသည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...









လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
ပီရူးနိုင်ငံ၊ လီမာမြို့ရှိ ဆေးရုံတစ်ရုံတွင် နိုဝင်ဘာလ ၂၉ ရက်နေ့က ပြန်လည် နာလန်ထရေးအခန်းတစ်ခုအတွင်း ရှစ်နှစ် သမီးလေး ယိုဗာနာရွမ်ဘိုရစ်ဇ်ကိုတွေ့မြင်ရပုံဖြစ်သည်။ အဆိုပါ ရှစ်နှစ်သမီးလေးသည် Tetra-amelia syndrome ဟုခေါ် သော ရှားရှားပါးပါး ရောဂါရှင်ဖြစ်သည်။ အဆိုပါရောဂါမှာ မွေး ကတည်းက ခြေလက်များ လုံးဝပါလာမှုမရှိခြင်းဖြစ်သည်။ ရှစ်နှစ်သမီးလေးသည် စာရွက်ပေါ်၌ ပုံတစ်ပုံရေးဆွဲရန် ကြိုးပမ်း နေသည်ကို ယခုကဲ့သို့ တွေ့မြင်ရပုံဖြစ်သည်။ ပီရူးဆေးရုံက ကလေးငယ်အား ဘိုင်အိုးနစ်လက်တု တပ်ဆင်ပေးရန် ကြိုးပမ်း မည်ဟု ဆိုသည်။
တောင်ကိုရီးယားနိုင်ငံတွင် လူနေမိုးမြင့် အဆောက်အအုံအမြွှာကို တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲ စီစဉ်ခဲ့ရာ ယင်းပုံစံသည် ၉/၁၁ တိုက်ခိုက်မှုခံခဲ့ရသော နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံမျှော်စင်ညီနောင်နှင့် ဆင်တူနေသောကြောင့် ပြင်းထန်စွာ ဝေဖန်မှုခံနေရကြောင်း သိရသည်။ ဒပ်ခ်ျ ဗိသုကာ ကုမ္ပဏီဖြစ်သော MVRDV သည် ၂၆ဝ မီတာနှင့် ၃ဝဝ မီတာအမြင့် အသီးသီးရှိကြသော အဆောက်အအုံနှစ်ခုကို ယှဉ်လျက်သား တည်ဆောက်ကာ ယင်းနှစ်ခုကို ကုဗတုံးသဏ္ဌာန်ဖွဲ့စည်းပုံများဖြင့် ဆက်သွယ်ရန် ဒီဇိုင်းရေးဆွဲခဲ့သည်။ အဆိုပါ အဆောက်အအုံကို ဆိုးလ်မြို့၌ ၂ဝ၁၅ခုနှစ်၌ အပြီးတည်ဆောက်ရန် ရည်ရွယ်ထားရာ ဒီဇိုင်းရေးဆွဲသူများက ဒီဇိုင်းရေးဆွဲစဉ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံနှင့် ဆင်တူနေကြောင်း သတိမပြုမိခဲ့ဟု ဆိုသည်။ အဆိုပါ အဆောက်အအုံ ကို The Cloud ဟု အမည်ပေးထားပြီး ၅၄ထပ်နှင့် အထပ်၆ဝ အသီးသီးရှိကြကာ စုစုပေါင်း မျက်နှာပြင်ဧရိယာမှာ ၁၂၈,ဝဝဝ စတုရန်းမီတာရှိကြောင်း သိရသည်။ ဒီဇိုင်းရေးဆွဲသော MVRDV ကုမ္ပဏီက ၎င်းတို့၏ဒီဇိုင်းသည် ၉/၁၁တိုက်ခိုက်မှုကို နှိုးဆော်သလို ဖြစ်ခဲ့ပါက လွန်စွာဝမ်းနည်း မိပါကြောင်း၊ သူတို့သည် ဒီဇိုင်းရေးဆွဲစဉ်က ယင်းကိုသတိမူမိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ခံစားရသည့် မည်သူ့ကိုမဆို အနူးအညွတ်တောင်းပန်ပါကြောင်း သူတို့၏ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံဒီဇိုင်းကြောင့် ဒေါသထွက်နေသောလူများက ကုမ္ပဏီသို့ အီးမေးလ်များပေးပို့ကာ အယ်လ်ကေးဒါးချစ်သူများဟုသမုတ်ခဲ့ကြသည်ဟုဆိုသည်။
Rangoon Time