BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 27, 2012

ပြင်သစ်နိုင်ငံသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်မည်

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဆောင်ပြင်သစ်နိုင်ငံ သား အဖြစ် သတ်မှတ်
ဂုဏ်ပြုမည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် ပြင်သစ်နိုင်ငံ၌ သုံးရက်ကြာနေထိုင် စဉ်အတွင်း ပဲရစ်မြို့တော်ဝန် ဘာထရန် ဒီလာနိုးက ဂုဏ်ထူးဆောင် ပြင် သစ်နိုင်ငံသားအဖြစ် သတ်မှတ်ဂုဏ် ပြုမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ gare du Nord ဘူတာရုံသို့ ဇွန်လ ၂၆ ရက် နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ပြီး ညနေ ပိုင်းတွင် ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနှင့် တွေ့ဆုံကာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ညပိုင်းတွင် သမ္မတတည် ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး လောရင်ဖာဘီ ယပ်စ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဝင်းအတွင်း၌ အမှတ်တရ သစ်ပင် စိုက်ပျိုးမည်ဖြစ်သည်။
ထို့ ပြင် ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံ သားများနှင့် ပဲရစ်မြို့တော်ခန်းမတွင် တွေ့ဆုံခြင်း၊ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်သို့ သွားရောက်၍ ယင်းတက္ကသိုလ်မှ ကျောင်းသားများ နှင့် တွေ့ဆုံကာ အမှာ စကားပြောကြားခြင်းတို့ ပြုလုပ်သွားရန်စီစဉ် ထားကြောင်း သိရသည်။ ဇွန်လ ၂၉ ရက်နေ့တွင် ပြင် သစ်နိုင်ငံမှ ပြန်လည်ထွက်မည်ဖြစ်ပြီး ဇွန်လ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။
PN-002
Popular News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဇူလိုင်လွှတ်တော်တွင် ဒုတိယသမ္မတနေရာ ပြန်လည်ရွေးချယ် အတည်ပြု ပေးရမည်

ကျန်းမာရေး ချို့ယွင်းနေသဖြင့် ရာထူး တာဝန်မှ အနားယူရန် တရားဝင် စာတင်ပြ ထားသော
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ တင်ပြချက်ကို နိုင်ငံတော်သမ္မတက လက်ခံပြီး လွှတ်တော်သို့ အကြောင်းကြားလာလျှင် လွှတ်တော်က ဒုတိယသမ္မတနေရာကို ပြန်လည်ရွေးချယ် အတည်ပြုမှုများလာမည့် ဇူလိုင်တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒုတိယသမ္မတတစ်ဦး နုတ်ထွက် လို့ရှိရင် လွှတ်တော်ကို အကြောင်း ကြားရမယ်ဆိုပြီးတရားဝင်ပြဋ္ဌာန်း ထားတယ်။ သမ္မတအကြောင်း ကြားလာတာနဲ့ လစ်လပ်သွားတဲ့ ဒုတိယသမ္မတတစ်နေရာကို လွှတ် တော်ကအတည်ပြုပြန်ပြီးရွေးချယ် ပေးရမှာပါ။ ဒါကလည်း ဒုတိယ သမ္မတ ရွေးချယ်မယ့် လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ရွေး ချယ်လာမယ့် ဒုတိယသမ္မတ လောင်းကို လွှတ်တော်ကအတည် ပြုပေးရုံပါပဲ"ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်က ဆိုသည်။ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင်ကမူ တပ်မတော်သား ကိုယ်စားလှယ် အချို့ထံမှ ဒုတိယသမ္မတ သီဟ သူရဦးတင်အောင်မြင့်ဦး ကျန်းမာရေးမကောင်းဆိုသော သတင်း သိရှိထားကြောင်း ပြောဆိုသည်။
"တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ပြောတာက တော့ ဦးတင်အောင်မြင့်ဦး တော် တော် ကျန်းမာရေးမကောင်း ဖြစ် နေတယ်လို့သိရတယ်" ဟု ဦးဖုန်း မြင့်အောင်က ဆက်လက်ပြောဆို သည်။ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လည်းဖြစ်သူ ဒေါက်တာ အေးမောင်ကမူ သမ္မတအကြောင်း ကြားလာမှသာလျှင်ဒုတိယသမ္မတ ရွေးချယ်ရေး သက်ဆိုင်ရာ လွှတ် တော်ကိုယ်စားလှယ် အစုအဖွဲ့က အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အနေနှင့် ကန့်ကွက်စရာမရှိလျှင် အတည်ပြု ပေးရန်သာရှိကြောင်းပြောဆိုသည်။
"လွှတ်တော် ကျင်းပနေချိန် ဖြစ်တဲ့အတွက် ခုနစ်ရက်အတွင်း အကြောင်းကြားလာရင် တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့က ရွေးချယ်ပေးရ မှာပေါ့။ ဒါကလည်း သမ္မတကြီး က ဒုတိယသမ္မတရဲ့ နုတ်ထွက် လွှာကိုလက်ခံလိုက်ပြီး လွှတ်တော် ကို တရားဝင်အကြောင်းကြားမှ ပါ" ဟု ဒေါက်တာအေးမောင်က ဆိုသည်။ ရှမ်းတိုင်းရင်းသား ဒီမို ကရက်တစ်ပါတီမှ ဦးရဲထွန်းကမူ ဒုတိယသမ္မတ သီဟသူရဦးတင် အောင်မြင့်ဦးသည် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ထားသော ဒုတိယသမ္မတတစ်ဦး ဖြစ်သည့် အတွက် တပ်မတော်သားလွှတ် တော် ကိုယ်စားလှယ်အစုအဖွဲ့က ပင် ပြန်လည်တင်မြှောက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၇၃ စ၊ ဆ တွင် ဒုတိယသမ္မတ တစ်ဦးဦး သည် ရာထူးသက်တမ်း မကုန်မီ နုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ၊ ဒုတိယ သမ္မတရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး ကျင်းပချိန်ဖြစ်ပါက ယင်း ဒုတိယ သမ္မတကို ရွေးချယ်တင် မြှောက်ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနစ်ရက်အတွင်း ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ရေး အတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်း ကြားရမည်၊ ပြည်ထောင်စု လွှတ် တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးမှူးသည် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေမှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်း အဝေးကိုခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတတစ်ဦး ကို ရွေးချယ် တင်မြှောက်ပေးရေးအတွက်သတ်မှတ်ထားသည့်နည်း လမ်းအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်း မာရေး မကောင်းမွန်သည့်အတွက် မေလ ၃ ရက်နေ့တွင် အနား တောင်းထားကြောင်း Venus News Weekly Vol.3 / No.40 တွင် တရားဝင် သတင်းဖော်ပြထား ပြီး ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦး အိမ်ခြံမြေပိုင်ဆိုင်ခွင့် မရှိဟုဆို

မိခင် ဒေါ်ခင်ကြည် ပိုင်ဆိုင် ပြီး ယခု လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက် ရှိသော ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို အမွေရလိုမှုဖြင့် ဦးအောင်ဆန်းဦး က တရားစွဲဆိုထားရာ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၂ ရက်နေ့တွင် အမွေ တစ်ဝက်ခွဲဝေယူရန် အမိန့်ချမှတ် လိုက်မှုအပေါ် အယူခံဝင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများဖြစ်ကြ သည့် ဦးဥာဏ်ဝင်းနှင့် ဦးကြည် ဝင်းကVenus News Weekly သို့ ပြောကြားသည်။
"ခရိုင်ရုံးရဲ့ အမိန့်ချမှတ်မှုကို ကျွန်တော်တို့ အယူခံဝင်ပါ့မယ်။ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်ကို အယူခံဝင်မယ်။ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့်မရှိပါ ဘူး"ဟု ဦးဥာဏ်ဝင်းက Venus News Weekly သို့ ပြောကြားသည်။ ရှေ့နေဦးကြည်ဝင်းက နေအိမ် အမွေမှုနှင့် ပတ်သက်ပြီး တရား ရုံး၏စီရင်ချက်ရယူပြီးပါကအယူခံ ဝင်ရေး စီစဉ်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လာ မည့်အချိန်မှ ညွှန်ကြားချက်ကို လည်း စောင့်ဆိုင်းမည် ဖြစ် ကြောင်း ရှင်းလင်းပြောဆိုသည်။
"အခု အမိန့်ချတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မရှိဘူး။ ကျွန်တော်က ဒေါ်အောင်ဆန်း စုကြည် ပြန်လာတဲ့အထိ စောင့် ချင်သေးတယ်။ ဒေါ်အောင်ဆန်း စုကြည် ဘယ်လိုညွှန်ကြားမလဲ ဆိုတာလည်း စောင့်ချင်သေး တယ်။ စီရင်ချက်တွေ ရပြီးရင် ကျွန်တော် အသေးစိတ်ထပ်ပြော မယ်" ဟု ရှေ့နေဦးကြည်ဝင်းကရှင်းပြသည်။ ဒေါ်ခင်ကြည်၏ အပေးစာ ချုပ်ဖြင့် ခြံထဲမှ ပေ ၁၀ဝx ၇၀မြေကွက်ကို လည်းရယူလိုကြောင်း ဦးခင်မောင်အေးက တရားစွဲဆို ထားသောအမှုလည်းရှိနေကြောင်းဦးကြည်ဝင်း၏ ပြောဆိုချက်အရ သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed