BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, March 2, 2013

ဟန်းဖုန်း ခေါင်းအုံးမအိပ်ပါနှင့်

ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ်ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေလောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။
သူ့ဆီကနေ ထွက်တဲ့ ရေဒီယိုဓာတ်ကြွရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေအပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံးကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမိုခံရပါတယ်။ ဦးနှောက်အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန်နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင်ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက်ကင်ဆာတို့ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။
ယနေ့ ကမ္ဘာရဲ့  ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့နေရပြီး ဒါတွေကို သိရှိနားလည်လို့ အတတ်နိုင် ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒူဘိုင်းမှ ရေအောက်ဟိုတယ်

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ စာရင်းမှာ ယူအေအီးလည်း ပါရှိပါတယ်။ ရေနံ သူဌေးများ စုစည်းနေထိုင်တဲ့ နိုင်ငံ ဖြစ်ပြီး ဒူဘိုင်းဆိုရင် ကမ္ဘာ့ ထိပ်တန်းမြို့ ကြီးတွေထဲက တစ်ခုပါပဲ။
ကမ္ဘာ့အမြင့်ဆုံး မိုးမျော်တိုက်များနဲ့ စံချိန်တင်လို့ မဝသေးလို့ ကမ္ဘာ့ ပထမဆုံး ရေအောက်ဟိုတယ် ကိုလည်းတည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီအတွက် စီစဉ်နေတာ ကြာပါပြီ။ ဆောက်လုပ်ရေး စီမံကိန်း စတင်နေပြီလို့လည်း ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ရေပေါ်၊ ရေအောက် နှစ်မျိုးခွဲထားပြီး၊ ရေအောက်မှာ တည်းဖို့ အတွက် ဈေးပိုကြီးမှာ ဖြစ်ပါတယ်။
ကြယ်ငါးပွင့်အဆင့် ဟိုတယ်ပါပဲ။ ပင်လယ်ရေသတ္တဝါနဲ့ သန္တာကျောက် တန်းများကို အိပ်ယာပေါ်ကနေ အတိုင်းမှာ မြင်နေရ မှာ ဖြစ်ပါတယ်။ မှန်အကြည် အထူသားနဲ့ ပိတ်ထားပြီး လုံခြုံရေးအတွက်လည်း အဆင့်ဆင့်ခံထားပါတယ်။ ဆူနာမီရေလှိုင်းတိုက်ရင်တောင် မပျက် ဆီး နိုင်လောက်အောင် အကြမ်းခံမယ်လို့လည်းဆိုပါတယ်။်
တကယ် တည်ဆောက်ပြီးစီးရင်တော့ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်အဆင့် ရေအေက် ဟိုတယ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

မြန်မာနိုင်ငံတွင် အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကား ကုမ္ပဏီနှင့် သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ် ကိုင် မည့် မြန်မာနိုင်ငံ ဘက်မှ Capital Automotive ကုမ္ပ ဏီ အကြီးအကဲ ကပြောကြားသည်။
ရန်ကုန်မြို့၌ ပထ မဦး ဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအ ရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွား မည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Autom otive မှ ဒါရိုက်တာဦး ခင်ထွန်း ကပြောသည်။
ဖို့ဒ် ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပ ဏီအနေဖြင့် မြန်မာဈေး ကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော် လည်း အသေးစိတ် အချက်အလက် များကိုမူ ပြောကြားခြင်းမရှိသေးပေ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed