Tuesday, October 25, 2011
ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ
Written by : အောင်ဇော်လတ်(မိုးနဲ) 2011-10-25 09:30:31 | |||
![]() ကမ္ဘာ့အကောင်း ကစားသမား ဆုဇကာတင် အယောက်(၅၀)စာရင်းတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးနှင့် ရီးရဲလ်မှ (၅)ဦး အထိပါဝင်နေကြောင်း သိရ ၂၀၁၁ ခုနှစ် Ballon d'Or ဆုအတွက် အကောင်းဆုံး ကစားသမား အယောက်(၅၀)အား ဇယာတင် ရွေးချယ်ရာတွင် ဘာစီလိုနာမှ ကစားသမား (၉)ဦးအထိ ပါဝင်နေကြောင်း သိရသည်။ အယောက်(၅၀)စာရင်း အတိအကျ မသိရသေးသော်လည်း ဘာစီလိုနာမှ (၉)ဦးနှင့် ရီးရဲလ်မက်ဒရစ် (၅)ဦး ပါဝင်နေကြောင်းသိရသည်။ El Mundo Deportivo ၏ဖော်ပြချက်အရ ဘာစီလိုနာမှ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပီကေး၊ ဖာဘရီဂတ်စ်၊ ပူလ်ယိုး၊ အဲလ်ဗက်၊ အဘီတယ်နှင့် ဒေးဗစ်ဗီလာတို့ ပါဝင်နေကြောင်း သိရသည်။ ဘာစီလိုနာ ကစားသမားများသည် ချန်ပီယံလိဂ် ဆုဖလားအား ဆွတ်ခူးထားနိုင်သလို၊ လာလီဂါနှင့် စပိန်စူပါဖလားကိုလည်း ဆွတ်ခူးထားကြသည်။ AS ၏ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းမှ အလွန်ဆို၊ ကားဆီးလက်စ်၊ ခီဒီရာ၊ အိုဇေးနှင့် ခရစ္စတီယာနို ရော်နယ်ဒိုတို့ ပါဝင်နေကြောင်း သိရသည်။ |
--
ဖိုးခိုင်www.bsphoekhaing.blogspot.com
ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန်
|
![]() ဖီဖာက ၂၀၁၁ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဇကာတင် (၁၀)ယောက်စာရင်း ထုတ်ပြန် FIFA နှင့် France Football တို့ပူးပေါင်းပြီး ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဇယာတင် (၁၀)ဦး စာရင်းနှင့် အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆုကို တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့သည်။ အဆိုပါ ဇယာတင် (၁၀)ဦးမှ နောက်ဆုံးဇယာတင် ရွေးချယ်သွားရန်အတွက် အမျိုးသမီးအသင်း လက်ရွေးစင်နည်းပြများနှင့် အသင်းခေါင်းဆောင်များကို ရွေးချယ်မဲပေးသွားစေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသား အကောင်းဆုံး ဘောလုံးသမားဆု ဇကာတင်စာရင်းကိုမူ နိုဝင်ဘာလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့အကောင်းဆုံး ဆုများအား ၂၀၁၂ခုနှစ် ဇန်န၀ါရီ(၉)ရက်နေ့၌ ဇူးရစ်မြို့တွင် ချီးမြှင့်သွားမည်ဖြစ်သလို၊ ဇကာတင် (၃)ဦး စာရင်းများအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့၊ ပဲရစ်မြို့တွင် ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်သည်။ အမျိုးသမီးအသင်း နည်းပြ ဇယာကာတင် (၁၀)ဦး စာရင်းကိုမူ ကမ္ဘာ့အမျိုးသမီး ဘောလုံးအဖွဲ့ချုပ်မှ နည်းစနစ်ဆိုင်ရာ တိုးတက်ပြောင်းလဲရေး ကော်မတီနှင့် ကမ္ဘာ့အမျိုးသမီးဘောလုံးအဖွဲ့ချုပ်မှ အကြီးအကဲများက ကြီးမှူးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဇကာတင် (၁၀)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဆိုနီရာ ဘွမ်ပတ်စ်တာ (ပြင်သစ်) ၂။ ဂရီဖရီကတ်စ် (ဂျာမနီ) ၃။ မာတာ (ဘရာဇီး) ၄။ အယာမီယာမာ (ဂျပန်) ၅။ အက်လက်စ်မော်ဂန် (ယူအက်စ်) ၆။ နီစစ်ဘ် (ပြင်သစ်) ၇။ ဟိုမာရီဆာဝါ (ဂျပန်) ၈။ စချီလင်း (ဆွီဒင်) ၉။ ဟုပ်ဆိုလို (ယူအက်စ်) ၁၀။ ၀မ်ဘတ်ခ်ျ (ယူအက်စ်) တို့အသီးအသီးဖြစ်ကြသည်။ အမျိုးသမီးအသင်း အကောင်းဆုံး နည်းပြဆု ဇကာတင်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဘရူနိုဘီနီ (ပြင်သစ်/ ပြင်သစ်လက်ရွေးစင်) ၂။ လီယိုနာဒို ဆဲလ်လာ (မက္ကဆီကို/မက္ကဆီကိုလက်ရွေးစင်) ၃။ သောမတ်ဒန်နာဘီ (ဆွီဒင်/ဆွီဒင်လက်ရွေးစင်) ၄။ ပတ်ထရစ်လိုင်ရာ (ပြင်သစ်/လိုင်ယွန်) ၅။ မာရင်မိုင်းနက်ဒ် (ဂျာမနီ/ဂျာမနီ ယူ ၂၀) ၆။ ဟုပ်ပေါ်ဝဲလ် (အင်္ဂလန်/ အင်္ဂလန် လက်ရွေးစင်) ၇။ နိုရီယို ဆာဆာကီ (ဂျပန်/ ဂျပန်လက်ရွေးစင်) ၈။ တွမ်ဆာမန်နီ (သြစတေးလျ/ သြစတေးလျလက်ရွေးစင်) ၉။ ပိုင်ယာဆန်းဟိတ် (ဆွီဒင်/ယူအက်စ် လက်ရွေးစင်) ၁၀။ ဂျော်ဂျီဗီလ်ဒါ (စပိန်/ စပိန်ယူ ၁၇) တို့အသီးသီးဖြစ်ကြသည်။ |
--
ဖိုးခိုင်www.bsphoekhaing.blogspot.com
Subscribe to:
Posts (Atom)