BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label ဘောလုံးသတင်း. Show all posts
Showing posts with label ဘောလုံးသတင်း. Show all posts

Tuesday, March 11, 2014

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ရော်နယ်ဒို အဆင့်(၁)ချိတ်


ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ Goal.com မှ ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး
ကစားသမားစာရင်းတွင် ပေါင် ၁၂၂သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရီးရဲလ်နှင့်အတူ ပေါင် ၈၆.၅သန်းတန် ၅နှစ် စာချုပ်ချုပ်ဆိုခဲ့သည့် ရော်နယ်ဒိုမှာ တစ်နှစ်လုပ်ခ ပေါင် ၁၄.၃ သန်းရရှိနေကာ Nike, Armani, Castrol Edge, Jacob & Co, Herbalife, Banco Espirito Santo and KFC စသည့် ကုမ္ပဏီများနှင့် စပွန်ဆာ စာချုပ်များ ချုပ်ဆိုခဲ့ခြင်းကြောင့် ယမန်နှစ်က ကမ္ဘာ့အချမ်းသာဆုံး ဘောလုံး သမားအဖြစ် ရပ်တည်ခဲ့သည့် ဘက်ခမ်း၏နေရာကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
အဆိုပါစာရင်းတွင် မက်ဆီက ပေါင် ၁၂၀.၅သန်းဖြင့် ဒုတိယ၊ အီတူးက ပေါင်သန်း ၇၀ဖြင့် တတိယ၊ ရွန်နီက ပေါင် ၆၉သန်းဖြင့် စတုတ္ထ၊ ကာကာက ပေါင် ၆၇.၅သန်းဖြင့် ပဉ္စမနေရာများ ရပ်တည်နေသည်။ ထို့အပြင် နေမာက ပေါင် ၆၆သန်းဖြင့် အဆင့်(၆)၊ ရော်နယ်ဒင်ဟိုက ပေါင် (၆၄)သန်းဖြင့် အဆင့်(၇)၊ အီဘရာဟီမိုဗစ်က ပေါင် (၅၇)သန်းဖြင့် အဆင့်(၈)၊ ဘူဖွန်က ပေါင် (၅၂)သန်းဖြင့် အဆင့်(၉)နှင့် ဟင်နရီက ပေါင်(၄၇)သန်းဖြင့် အဆင့်(၁၀)နေရာတွင် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 16, 2014

ဘောလုံး လောကရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမား ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို


ရီးရဲလ်မက်ဒရစ် စတား ခရစ္စတီယာနိုသည် အသင်းဖြင့် ၂၀၁၈ ခုနှစ် အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို တိုးမြှင့် ချုပ်ဆိုလိုက်သည်။


 အဆိုပါ စာချုပ်ကြောင် ခရစ္စတီယာနိုသည် ဘောလုံးလောက၏ လုပ်ခ လစာ အမြင့်မားဆုံး ရရှိသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ စပိန် သတင်းစာများ၏ ဖော်ပြချက် အရ ခရစ္စတီယာနိုသည် စာချုပ်သစ်ပါ အချက် အလက်အရ တစ်နှစ်လုပ်ခ အသားတင် ယူရို (၁၇) သန်းအထိ ရရှိ ခံစား ခွင့်ရမည် ဖြစ်သည်။

 အဆိုပါ ပမာဏမှာ လက်ရှိ အမြင့်ဆုံး လုပ်ခ လစာကို ခံစားနေသော အသင်းဖော် ဂါရတ် ဘေးလ်နှင့် ဘာစီလိုနာ စတား မက်ဆီတို့ထက် မြင့်မားသော လုပ်ခ လစာ ဖြစ်သည်။ ခရစ္စတီယာနိုက - "ရီးရဲလ်မက်ဒရစ် အတွက် နောက်ထပ် နှစ်ပေါင်းများစွာ ကစားခွင့် ရတော့မယ့် အခွင့် အရေးဟာ ကျွန်တော့် အတွက် တကယ့် မဟာအခွင့် အရေးပါ၊ ကျွန်တော် အရမ်းပျော်ပါတယ်၊ ဒီဂျာစီအတွက် ကျွန်တော် အစွမ်းကုန် ပေးဆပ် သွားပ့ါမယ်၊ အသင်းကို ကျွန်တော် ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို သက်သေပြသွားချင်တယ်၊ အသင်း ပရိတ်သတ်တွေ၊ အသင်းဖော်တွေ၊ ဥက္ကဌနဲ့ အားကစား ဒါရိုက်တာ အားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ သူတို့ကြောင့် စာချုပ်သက်တမ်း တိုးမယ့် ဆုံးဖြတ်ချက်ကို ကျွန်တော် လွယ်လွယ်ကူကူ ချမှတ် နိုင်ခဲ့တာပါ" ဟု ပြောကြား သွားခဲ့သည်။

 ဥက္ကဌ ပီရက်ဇ်က - "ခရစ္စတီယာနိုဟာ ကျွန်တော်တို့ရဲ့ ကစားသမား အဖြစ်နဲ့ နောက်ထပ် (၅)နှစ် တိတိ ဘာနေဗျူးမှာ ဆက်ရှိသွားတော့မှာ ဖြစ်ပါတယ်" ဟု တရားဝင် ကြေငြာသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 9, 2014

ပရီးမီးယားလိဂ် ချန်ပီယံစာရင်းတွင် ချဲလ်ဆီး မပါသေးဟု မော်ရင်ဟို သုံးသပ်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပြင်းပြင်းထန်ထန်
စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း မန်စီးတီးကို အနိုင်ရသောပွဲအပြီး
ပြောကြားခဲ့သည်။ ချဲလ်ဆီးမှာ အီဗန်နိုဗစ်၏ ၂၄ကိုက်ကန်ချက်ဖြင့် မန်စီးတီးကို အနိုင်ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် မန်စီးတီးကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် ရမှတ်တူသွားခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာ၌သာ ဆက်ရှိနေခဲ့သည်။ သို့သော် မော်ရင်ဟိုက အာဆင်နယ်နှင့် မန်စီးတီးတို့သာ ပရီးမီးယားလိဂ် ချန်ပီယံစာရင်းဝင်နေသည်ဟု သုံးသပ်ခဲ့သည်။
မော်ရင်ဟိုက “ပရီးမီးယားလိဂ်ဖလားက မြင်းကြီးနှစ်ကောင်နဲ့ အင်အားနည်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုသေးတဲ့ မြင်းလေးတစ်ကောင်ရဲ့ အားပြိုင်ပွဲပါ။ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ချဲလ်ဆီး စိန်ခေါ်နိုင်စွမ်းရှိနေပြီဆိုတဲ့ သုံးသပ်ချက်တွေကို ကျွန်တော် သဘောမတူပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ ဒီရာသီ မျှော်မှန်းချက်က အသင်းတည်ဆောက်ရေးဖြစ်ပြီး လာမယ့်နှစ်ကျမှ ပရီးမီးယားလိဂ်ဖလားကို စတင်မျှော်မှန်းသွားမှာပါ”ဟု ပြောခဲ့သည်။
မန်စီးတီးမှာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းပွဲစဉ်(၁၁)ပွဲဆက် အနိုင်ရထားသည့် အသင်းဖြစ်ပြီး ၁၁၇၉ရက်အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းသွင်းဂိုး မရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ချဲလ်ဆီးမှာ မန်စီးတီးနှင့် နှစ်ကျော့ကစားရာတွင် ၆မှတ်အထိ ရရှိခဲ့ပြီး ၂၀၁၀-၁၁ ရာသီနောက်ပိုင်း မန်စီးတီးထံမှ ၆မှတ်အပြည့် ရယူနိုင်သည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, December 7, 2013

တားမြစ်ဆေး သုံးစွဲခြင်းအား ကာကွယ်နိုင်ရန် ဖီဖာမှ တင်းကြပ်စွာ စစ်ဆေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် 2014 ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တားမြစ်ဆေး သုံးစွဲခြင်းအား ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ပြိုင်ပွဲဝင်မည့် ကစားသမားများ၏ သွေး၊ ဆီး နမူနာများကို စစ်ဆေးရန်အတွက် ဆွတ်ဇာလန်နိုင်ငံရှိ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်းအား အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့တားမြစ်ဆေးဆန့်ကျင်တိုက်ဖျက်ရေးအေဂျင်စီဖြစ်သည့် (Wada) သည် ယခုနှစ် အစောပိုင်းကာလများ၌ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနဲရိုးမြို့ရှိ ဓာတ်ခွဲခန်းအား အသုံးပြုမည်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး မည်သည့် ဓာတ်ခွဲခန်းတွင် စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း မရှိခဲ့ပဲ ယခုအခါ ဆွတ်ဇာလန်ဓာတ်ခွဲခန်းအား အသုံးပြုမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ "ဘရာဇီးလ်နိုင်ငံရဲ့ တာဝန်ရှိသူတွေနဲ့ WADA တို့ ဆွေးနွေးခဲ့အပြီးမှာ ဖီဖာအနေနဲ့ WADA အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်တဲ့ ဆွတ်ဇာလန်နိုင်ငံ၊ လော်စနီမြို့မှာ ရှိတဲ့ ဓာတ်ခန်းခွဲမှာပဲ ကစားသမားတွေရဲ့ သွေး၊ ဆီး နမူနာတွေကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လာမည့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ဖီဖာနဲ့ Wada တို့အနေဖြင့် ကစားသမားများရဲ့ သွေး၊ ဆီးနမူနာတွေကို သေချာစွာ စစ်ဆေးပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။" ဟု ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပခဲ့သည့် 2013 ကမ္ဘာ့တိုက်ကြီးများဖလား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမားများ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များကိုလည်း စစ်ဆေးရန်အတွက် WADA အသိအမှတ်ပြု ဆွတ်ဇာလန်နိုင်ငံရှိ ဓာတ်ခွဲခန်းအား အသုံးပြုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးလောကတွင် ကစားသမားအချို့မှာ တားမြစ်ဆေးများကို သုံးစွဲမှုများ ရှိပြီး အထင်အရှားကစားသမားအဖြစ် မန်ယူအသင်း၏ နောက်တန်းကစားသမား ရီယိုဖာဒီနန်မှာ တားမြစ်ဆေးသုံးစွဲခဲ့ခြင်းကြောင့် 2004 ခုနှစ် ဇန်နဝါရီလမှ စတင်၍ ပွဲပယ် (8) လအထိ ကျခံခဲ့ရသည်။

ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိထားသည့် အသင်း (21) သင်း (ပါဝင်ခွင့် ရရှိသည့် အကြိမ်အရေအတွက်

>>>တောင်အမေရိကဒေသ….ဘရာဇီးလ် (20)၊ အာဂျင်တီးနား (16)၊ ကိုလံဘီယာ (5)၊ ချီလီ (9)၊ အီကွေဒေါ (တတိယအကြိမ်)
>>>အာရှ…. ဂျပန် (5)၊ သြစတေးလျ (4)၊ အီရန် (4)၊ တောင်ကိုရီးယား (9)၊
>>>ဥရောပဇုန်…နယ်သာလန် (10)၊ အီတလီ (18)၊ ဘယ်လ်ဂျီယံ (12)၊ ဆွတ်ဇာလန် (10)၊ ဂျာမနီ (18)၊ ဘော့စနီးယား (ပထမကြိမ်)၊ အင်္ဂလန် (14)၊ စပိန် (13)၊ ရုရှား (10)၊
>>>ကွန်ကာကပ်ဖ်….အမေရိကန် (10)၊ ကော်စတာရီကာ (4)၊ ဟွန်ဒူးရပ်စ် (တတိယအကြိမ်)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂရတ်ဘေးလ်နင့် စီရိုနယ်လ်ဒိုမှာ ပြိုင်ဘက်များ မဟုတ်ကြောင်း ဂရတ်ဘေးလ် ဖွင့်ဟ

ကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဂရတ်ဘေးလ်က သူနှင့် အသင်းဖော် ကစားသမား စီရိုနယ်လ်ဒိုတို့မှာ ပြိုင်ဘက်များ မဟုတ်ကြောင်း စီရိုနယ်လ်ဒိုမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးမွမ်း ဖွင့်ဟပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပြောင်းရွှေ့ကာလတွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (85) သန်းဖြင့် စပါးအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဂရတ်ဘေးလ်သည် ယခင် 2009 ခုနှစ်က ပေါင်သန်း (80) ဖြင့် ကမ္ဘာ့ဈေးကြီးဆုံးသော ကစားသမားအဖြစ် ရပ်တည်နေသူ စီရိုနယ်လ်ဒို၏ စံချိန်ကို ရိုက်ချိုးပြီး အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည့်အတွက် သူတို့ နှစ်ဦးအား  ပြိုင်ဘက်ကစားသမား နှစ်ယောက်အဖြစ် သတ်မှတ်ပြောဆိုလျက်ရှိသည်။  

လက်ရှိအချိန်တွင် စီရိုနယ်လ်ဒိုနှင့် ဂရတ်ဘေးလ်တို့မှာ ပွဲစဉ် (6) ပွဲ အတူတကွ ကစားခဲ့ပြီး ထို (6) ပွဲတွင် သူတို့နှစ်ဦးမှာ သွင်းဂိုး (14) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ဂရတ်ဘေးလ်က “ဘယ်အရာမှ ပြိုင်ဆိုင်ခြင်း မရှိပါဘူး။ ကျွန်တော်နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်ပါတယ်၊ သူဟာ ကျွန်တော့်ကို ကွင်းတွင်း၊ ကွင်းပြင် အများကြီး ကူညီပေးခဲ့သူဖြစ်ပါတယ်၊ ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ ပျော်ရွှင်စွာ ယှဉ်တွဲကစားနေပါတယ်၊ ဒါကို သွင်းဂိုးတွေ၊ အပြန်အလှန် ဂိုးဖန်တီးပေးမှုက သက်သေပြနေပါတယ်” ဟု ပြောကြားခဲ့ပြီး သူတို့မှာ ပြိုင်ဘက်ကစားသမားများ မဟုတ်ကြောင်း၊ အသင်းအတွက် အောင်မြင်မှု ရရှိသည့်  ရာသီတစ်ခု ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

စီရိုနယ်လ်ဒိုသည် လက်ရှိအချိန်တွင် နိုင်ငံလက်ရွေးစင် ပေါ်တူဂီအသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကလပ်အသင်းအတွက် ခြေစွမ်းပြ သွင်းဂိုးများ ဆက်တိုက် သွင်းယူပေးလျက်ရှိပြီး ယခုနှစ်ရာသီ (22) ပွဲတွင် (32) ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂရတ်ဘေးလ်မှာလည်း ရာသီအစတွင် ဒဏ်ရာကြောင့် ပွဲကစားခွင့် လွဲချော်ခဲ့ရပြီးနောက် ပါဝင်ကစားရသည့် ပွဲစဉ်များတွင် ခြေစွမ်းပြသလျက်ရှိပြီး နောက်ဆုံး ပွဲစဉ် (5) ပွဲတွင် (4) ဂိုး သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးပေးမှု အများဆုံး ကစားသမားစာရင်းတွင် ပါဝင်လျက်ရှိသည်။

ဂရတ်ဘေးလ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြသနိုင်ခဲ့သည့်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ပမာဏ (23) ယောက်တွင် စီရိုနယ်လ်ဒိုနဲ့ အတူ ပါဝင်လျက်ရှိသော်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုမှာ စီရိုနယ်လ်ဒိုအတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂရတ်ဘေးလ်က “ကျွန်တော့်အတွက်တော့ သူဟာ (စီရိုနယ်လ်ဒို) ကမ္ဘာမှာ အကောင်းဆုံးကစားသမားပါ၊ ဘယ်သူမှ သူ့လို ကောင်းမွန်ခြင်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်၏ နောက်ဆုံး ပွဲစဉ် (6) ပွဲတွင် ရရှိခဲ့သည့် သွင်းဂိုး (23) ဂိုးတွင် ဂရတ်ဘေးလ်နှင့် စီရိုနယ်လ်ဒိုတို့ နှစ်ဦးမှာ (14) ဂိုးအထိ သွင်းယူခဲ့ကြသည်။

စီရိုနယ်လ်ဒို၏ အဓိက တစ်ဦးချင်း အောင်မြင်မှု
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (1) ကြိမ် - 2008
ဥရောပအကောင်းဆုံး ကစားသမား (1) ကြိမ် ) – 2008
လာလီဂါ ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (1) ကြိမ် - 2010-11
ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူသူ  ရွှေဖိနပ်ဆု (1) ကြိမ် -2007-08
ကမ္ဘာ့အကောင်းဆုံးဂိုး သွင်းယူသည့် ကစားသမားဆု (1) ကြိမ် -2009
ဥရောပ ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (2) ကြိမ် -2007-08, 2010-11
ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်နှင့် ကစားသမားဆု (2) ကြိမ်  -2006-2007, 2007- 08

ဂရတ်ဘေး၏ အဓိက တစ်ဦးချင်း အောင်မြင်မှု
ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမား (1) ကြိမ် -2012-13
ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု (2) ကြိမ်၊ 2010-11, 2012-13
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 11, 2013

ဇီဒန်း သတ်မှတ်သော မက်ဆီထက် ကောင်းသည့် ကစားသမားနှစ်ဦး

ရီးရဲလ်မက်ဒရစ်နှင့် ပြင်သစ် ဂန္တ၀င် ဇီဒန်းက ၎င်းအတွက် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ရီဘာရီတို့သည် ဘာစီလိုနာ စူပါစတား မက်ဆီထက် ထူးချွန်သော ကစားသမားများ ဖြစ်ကြောင်း မှတ်ချက်ပြုလိုက်သည်။ အကောင်းဆုံး ကစားသမားဆုနှင့် ပတ်သက်ပြီး ဇီဒန်းက - "ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဆုကို ပေးခွင့် ရမယ်ဆိုရင်၊ တစ်ဆုကို ခရစ္စတီယာနိုကိုပေးမယ်၊ နောက်တစ်ဆုကို ရီဘာရီကို ပေးမယ်၊ သူတို့နှစ်ယောက် စလုံးဟာ ဒီဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတွေပါ၊ စိတ်မကောင်း စရာကတော့ ဒီဆုက တစ်ယောက်တည်းကိုပဲ ပေးလို့ ရတယ်" ဟု ပြောကြား သွားခဲ့သည်။ ယခုနှစ် အတွက် ဥရောပ အကောင်းဆုံးဆုကို ရီဘာရီက ဆွတ်ခူး ရရှိခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုအတွက်ကိုမူ မကြာခင် မဲပေး ရွေးချယ် တော့မည်ဖြစ်ပြီး၊ ဇီဒန်းက အဆိုပါ ဆုသည် စီရော်နယ်ဒိုနှင့် ရီဘာရီတို့ နှစ်ဦးစလုံးဖြင့် ထိုက်တန်ကြောင်း ပြောကြား သွားခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 26, 2013

ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား

အာဆင်နယ်မှာ လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း
သိရသည်။ အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ကြေး တိုးမြှင့်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ယခု အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်မှာ ဟီဂူအင်၊ ရွန်နီ၊ ဆွာရက်ဇ်စသည့် ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဟီဂူအင်ကို နာပိုလီက ယူရို ၃၇သန်းဖြင့် ခေါ်ယူနိုင်တော့မည်ဖြစ်ကာ ရွန်နီကိုလည်း မန်ယူမှ လက်လွှတ်ဖွယ်မရှိခြင်းကြောင့် ဆွာရက်ဇ်ကို အမိအရ ခေါ်ယူရန် ကြိုးပမ်းနေပြီး ယခုကမ်းလှမ်းခဲ့သော ပြောင်းရွှေ့ကြေးအရ လီဗာပူးအနေဖြင့် ဆွာရက်ဇ်ကို အသိပေးရမည်ဖြစ်သည်။ ဆွာရက်ဇ်မှာ မဲဘုန်းကို ၂ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသွားခဲ့ပြီး အသင်းအတွက် ဒုတိယအနိုင်ဂိုး ဖန်တီပေးနိုင်ခဲ့ကာ အီဗန်နိုဗစ်ကို ကိုက်ခဲ့သည့်အတွက် လီဗာပူး၏ ရာသီအ၀ ပွဲစဉ် ၆ပွဲကို လွဲချော်ရမည်ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 4, 2013

ရွန်နီ ကို ချယ်ဆီး အသင်းထံ ပြောင်းရွှေ့လာရန် အလိုရှိနေသည့် ပီတာဆက်ခ်ျ

ချယ်ဆီး အသင်း၏ ချက် လက်ရွေးစင် ဂိုးသမား ပီတာဆက်ခ်ျ က ယူနိုက်တက် အသင်းမှ ထွက်ခွာဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့် အင်္ဂလန် ကြယ်ပွင့် တိုက်စစ်မှုး ဝိန်းရွန်နီ အား လန်ဒန် ကလပ်သို့ ပြောင်းရွှေ့လာရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ရွန်နီ အား ခေါ်ယူရန် ချယ်ဆီး အသင်း အပြင် ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိသည့် ကလပ်များမှ စိတ်ဝင်စားနေပြီး ပီတာဆက်ခ်ျ က ရွန်နီ ကဲ့သို့ အံ့ဖွယ် ကစားသမား ကို ချယ်ဆီး နည်းပြသစ် မော်ရင်ဟို အနေဖြင့် အသင်းသို့ ခေါ်ယူရန် အလိုရှိမည် ဖြစ်ကြောင်း၊ ရွန်နီ သာ ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ခဲ့ပါက အသင်း၏ မျှော်လင့်ချက်များ ပြည့်ဝလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ပီတာဆက်ခ်ျ က Sky Sports News သတင်းစာသို့ “ဝိန်း ကို ချယ်ဆီး အသင်း ဝတ်စုံ နဲ့ မြင်တွေ့ချင်ပါတယ်။ သူ့လို ကစားသမားမျိုးဟာ အသင်း ဝတ်စုံ ပြောင်းလဲခဲ့ပေမယ့် ခြေစွမ်း ပြောင်းလဲသွားမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ အောင်မြင်တဲ့ ကစားသမား ဘဝကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ တခါတလေ ပြောင်းလဲမှု တချို့က ကစားသမား ဘဝကို တိုးတက်လာနိုင်ပါတယ်။ သူသာ အသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ဝမ်းပန်းတသာ ကြိုဆိုနေမှာပါ။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝိန်းရွန်နီ ဟာ ရော်နယ်ဒို လို ဖြစ်လာမှာမဟုတ်ပါဘူး -မစ် ကလပ်ခ်

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကြံခိုင်ရေး နည်းပြဟောင်း မစ် ကလပ်ခ် က ယူနိုက်တက် အသင်း၏ တိုက်စစ်မှုး ဝိန်းရွန်နီ သည် အသင်းသားဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကဲ့သို့ ကစားသမားမျိုး ဖြစ်လာမည့်သူ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။ မစ် ကလပ်ခ် က ရွန်နီ သည် ကိုယ်ခန္ဓာ ကြံခိုင်မှု ရှိသူ ဖြစ်သော်လည်း ရော်နယ်ဒို ကဲ့သို့ သွက်လက် ပေါ့ပါးသည့် ကစားသမားမျိုး မဟုတ်ကြောင်း ကိုယ်ခန္ဓာ ဖွံ့ဖြိုး လှပမှု အတွက် ဂရုစိုက်တတ်သူ မဟုတ်ကြောင်း၊ အားကစား ခန်မးသို့ လာရောက် လေ့ကျင့်ရန် စိတ်ဝင်စားမှု မရှိကြောင်းကို ကစားသမား ၂ ဦးအကြား နှိုင်းယှဉ် ပြောကြားသွားခဲ့သည်။ ဝိန်းရွန်နီ သည် သူ၏ ခန္ဓာကိုယ် အလေးချိန် ထိန်းညှိမှု မရှိခြင်းကြောင့် ယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန် ၏ သတိပေးမှုကို ပြီးခဲ့သည့် ရာသီက ခံခဲ့ရဖူးသူ ဖြစ်သည်
မစ် ကလပ်ခ် က The Sun သတင်းစာသို့ “ရော်နယ်ဒို ဟာ အသင်းကို ရောက်စက ခန္ဓာကိုယ် သေးငယ် သွယ်လျတဲ့ ကစားသမားပါ။ ဒါပေမယ့် သူဟာ ကြံခိုင်မှု ရရှိဖို့ အတွက် အားကစားခန်းမမှာ အမြဲတမ်း လေ့ကျင့်လေ့ရှိပါတယ်။ ကစားသမား တစ်ယောက် ခြေစွမ်း တိုးတက် အောင်မြင်ဖို့ အတွက် ခန္ဓာကိုယ် အလေးချိန်ကလည်း တစ်စိတ်တပိုင်း ပါဝင် ပတ်သတ်ပါတယ်။ ဝိန်း ကတော့ ဒီလို မဟုတ်ပါဘူး။ သူဟာ ခြေစွမ်းပိုင်းမှာ ရော်နယ်ဒို လို ကစားသမားမျိုး ဖြစ်ပေမယ့် နောက်ပိုင်း သူ့ ကစားပုံဟာ လေးလံနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ သူဟာ အသင်းရဲ့ အားကစား ခန်းမ ကို လာရောက် လေ့ကျင့်ဖို့ စိတ်မဝင်စားပါဘူး။ သူ့ရဲ့ ခြေစွမ်းကို သူ့စိတ်ဓါတ် နဲ့ ထိန်းသိမ်းထားသူပါ။ သူသာ အားကစား ခန်းမမှာ ခန္ဓာကိုယ် အလေးချိန်ကို သေချာ လေ့ကျင့်ခဲ့မယ်ဆိုရင် ရော်နယ်ဒို လို အဆင့်အတန်းကို ပိုင်ဆိုင်နိုင်မှာပါ” ဟု ကစားသမား ၂ ဦး အကြား ခြားနားချက်ကို သူ၏ အမြင်ဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။
 152 2
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, June 13, 2013

အခွန်ရှောင်ခဲ့ပါက မက်ဆီ ထောင် ၆နှစ် ကျဖွယ်ရှိ

၂၀၀၆မှ ၂၀၀၉ ခုနှစ်ထိ အခွန်ရှောင်လွဲမှုကြောင့် မက်ဆီအနေဖြင့် ထောင်ဒဏ် ၆နှစ် အထိ ကျခံရဖွယ်ရှိနေကြောင်း သိရသည်။ မက်ဆီမှာ စပိန်နိုင်ငံ ပြင်ပပုံရိပ်အသုံးပြုခများအတွက် ယူရို ၄သန်းအခွန်မဆောင်ခဲ့ကြောင်း သံသယဖြစ်ခံနေရပြီး ယင်းအတွက် စပိန်အခွန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

မက်ဆီနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ကို အမှုဖွင့်ရန် အခွန်အာဏာပိုင်များက မြေထဲပင်လယ် ကမ်းခြေအနီးရှိ ဂါဗာတရားရုံးတွင် လျှောက်ထားခဲ့သော်လည်း မက်ဆီကို အမှုဖွင့်ရန် တရားရုံးမှ ဆုံးဖြတ်ရခြင်းမရှိသေးပေ။ အရွယ်ရောက်ပြီးနောက် အခွန်ရှောင်လွဲသည်ဟု မက်ဆီကို စွပ်စွဲထားကာ ၎င်းအရွယ်မရောက်မီ အချိန်ကာလအတွင်း အခွန်မဆောင်မှုအတွက် ၎င်း၏ဖခင်ဖြစ်သူကို စွပ်စွဲထားသည်။ မက်ဆီမှာ ဘာစီလိုနာတွင် တစ်နှစ်လုပ်ခ ပေါင် ၈.၅သန်း အသားတင်ရရှိနေသူဖြစ်ပြီး စပွန်ဆာ ၀င်ငွေ ဒေါ်လာ ၂၁သန်း နီးပါးထပ်မံ ရရှိနေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မက်ဆီက ၎င်း၏တွစ်တာ စာမျက်နှာတွင်“ဒီသတင်းကြားရတဲ့အတွက်
တော်တော်အံသြမိပါတယ်။ အခွန်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အကြံပေးအဖွဲ့က အမြဲဆောင်ခဲ့သလို ဒီကိစ္စကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် သူတို့လုပ်ရပါလိမ့်မယ်”ဟု ဖော်ပြထားသည်။ သို့သော် အခွန်ရှောင်လွဲခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါက မက်ဆီအနေဖြင့် ဆောင်ရန်ကျန်ရှိနေသည့် အခွန်ငွေ၏ လေးဆပေးရမည်ဖြစ်ကာ ထောင်ဒဏ် ၂နှစ်မှ ၆နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, May 17, 2013

မန်ယူတစ်နှစ်တာ အကောင်းဆုံးဆုကို ကာရစ် ရရှိခဲ့


ယခုနှစ် ရာသီအတွက် မန်ယူတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ ကာရစ် ရရှိသွားခဲ့ကြောင်း
သိရသည်။ ကာရစ်မှာ ပေါစခိုးလ် ပထမအကြိမ် အနားယူခဲ့စဉ်က မန်ယူ ကွင်းလယ်တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပဏာမစာရင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
ထို့အပြင် မန်ယူအတွက် ပရီးမီးယားလိဂ်ဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့သည့် ဗန်ပါစီမှာ ပရိသတ်များ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့်အပြင် ဗီလာနှင့်ပွဲတွင် ကိုက် ၂၀အကွာ မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့သည့် ၎င်း၏ဂိုးကြောင့် တစ်နှစ်တာ အကောင်းဆုံးဂိုးဆုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဆုပေးပွဲ အခမ်းအနားတွင် အရန်အသင်း အကောင်းဆုံး ကစားသမားဆုကို ဂျာနူဇတ် ရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုကို ဘန်ပီယာဆန်က သိမ်းပိုက်သွားနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေးဗစ်ဘက်ခမ်း ဘောလုံးလောကမှ အနားယူ


ပင်သစ် အခြေစိုက် PSG အသင်းတွင် ခြောက်လ ကျော်ကြာ ပါဝင် ကစားခဲ့ရာ၌ ပြင်သစ်လီဂူး ချန်ပီယံ ဆွတ်ခူး နိုင်ခဲ့သည့် ကမ္ဘာ့ ဘောလုံး အကျော်အမော် တစ်ဦး ဖြစ်သူ ဒေးဗစ်ဘက်ခမ်းသည် PSG အသင်း၏ စာချုပ် သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဘောလုံး လောကမှ အနားယူတော့ မည်ဖြစ်ကြောင်း The Guardian တွင် ဖော်ပြ ထားသည်။
အသက် ၃၈ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဟောင်းသည် အမေရိကန် အခြေစိုက် အယ်လ်အေ ဂလက်စီ အသင်းမှ PSG အသင်း သို့ ပြောင်းရွှေ့လာပြီးနောက် အသင်း၌ ခြေစွမ်းပြကာ ပွဲဦးထွက်တွင် ဂိုးသွင်း အနိုင်ယူခဲ့သလို အသင်း၏ ကစားသမားများ အပေါ်၌ လွှမ်းမိုးကာ အထောက် အကူပြုနိုင်ခဲ့သဖြင့် နည်းပြအန်ဆယ် လော့တီက စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်း ခဲ့သော်လည်း မိသားစုကိုပို၍ အချိန်ပေးလိုသဖြင့် ဟုဆိုကာ ထိုကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လန်ဒန်သို့ပြန် မည် ဖြစ်ကြောင်း သိရသည်။
ဘက်ခမ်းက "ကျွန်တော့်အပေါ် အခွင့်အရေးပေးပြီး လေးစားမှု ပြတဲ့ PSG အသင်းကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ကျွန်တော့်ရဲ့အောင်မြင် မှုတွေကို အဆုံးသတ်ရမယ့် အချိန်လို့ ကျွန်တော်ခံစားရမိပါတယ်။ ကျွန်တော့် ခြေစွမ်းအရ အကောင်းဆုံး ကစားနိုင် ပါသေးတယ်" ဟု ပြောဆိုခဲ့သည်။ ဘက်ခမ်းသည် အင်္ဂလန်တွင် ကစားစဉ် ဆုဖလား ၁၁၅လုံး ရရှိခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်း တင်ထားနိုင်သည့် ကစားသမားလည်း ဖြစ်သည်။
သူသည် လန်ဒန်သို့ပြန်လိုပြီး သူ၏ကလေးလေးဦးကို အချိန်ပေးကာ နေထိုင်လိုသော်လည်း သူဝါသနာပါရာ ဘောလုံး အားကစားနှင့် အဆက်အသွယ် မဖြတ်လို၍ အမေရိကန် အခြေစိုက်ကလပ် အသင်းတွင် ပေါင် ၁၆၅ သန်းခန့် ရင်းနှီးမြှုပ်နှံ ထားသူလည်း ဖြစ်သည်။ ယနေ့ကစပြီးတော့ မိသားစုမပါတဲ့ အောင်မြင်မှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ကျွန်တော့်မိဘတွေရဲ့ အားပေးမှုကို အလွန် ပဲကြည်နူးခဲ့ရပါတယ်။
"ကျွန်တော့်မဟေသီ ဗစ်တိုးရီးယားနဲ့ ကလေးတွေအတွက် အချိန်ပေးရဦးမှာပါ။ သူတို့ဟာ ကျွန်တော် ခြေစွမ်းအကောင်းဆုံး အခြေအနေကို ဖန်တီးခဲ့ရာမှာ တကယ်ပဲ အထောက်အကူပြုခဲ့ပါတယ်" ဟု ထုတ်ဖော် ပြောကြားခဲံ့သည်။ ဒေးဗစ်ဘက်ခမ်းသည် ယခုအချိန်ထိ ဘောလုံးမင်းသားအဖြစ် ပရိသတ် လက်ခံထားသည့် ကစားသမားတစ်ဦး ဖြစ်ပြီး သူ၏ အကျော်ကြားဆုံးဖရီးကစ် ခြေစွမ်းကလည်း အောင်မြင်နေဆဲဖြစ် သည်။
သူသည် အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အမေရိကန်မေဂျာလိဂ်နှင့် လက်ရှိ ကစားနေသည့် ပြင်သစ်လီဂူးလ် တို့တွင် ဖလားရယူပေးနိုင်သည့် တစ်ဦး တည်းသော အင်္ဂလန်အားကစားသမား တစ်ဦးအဖြစ် မှတ်တမ်းဝင်ကာ ဝင်ငွေ အကောင်းဆုံး ဘောလုံး အားကစားသမား တတိယနေရာက ရပ်တည်နေသည့် ကစားသမားဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, May 10, 2013

မန်ယူမှ ရွန်နီ ထွက်ခွာဖြစ်ပါက ခေါ်ယူနိုင်ရန် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ စိတ်ဝင်စားနေ

မန်ချက်စတာ ယူနိုက်တက် အသင်းမှ တိုက်စစ်မှူး ဝိန်းရွန်နီ ထွက်ခွာနိုင်သည် ဆိုသော သတင်းအပေါ် ချယ်လ်ဆီး အပြင် အာဆင်နယ်ကပါ စိတ်ဝင်စား လာကြောင်း သိရှိရသည်။
မန်ယူ အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာ ရာထူးမှ အနားယူရန် ဆုံးဖြတ်ကြောင်း ကြေညာသည့် နေ့တွင်ပင် ရွန်နီက အသင်းမှ ထွက်ခွာခွင့် တောင်းဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Goal.com က အဆိုပါ အခြေအနေသည် အဲဗာတန်တွင် ရွန်နီ ကစားခဲ့စဉ်က ယခု မန်ယူအသင်း မန်နေဂျာသစ် ဖြစ်လာမည့် ဒေးဗစ်မိုယက်စ်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာ အချို့ ရှိခဲ့ခြင်းကြောင့်ဟု ဖော်ပြခဲ့သည်။ ထိုသတင်းနှင့် အတူ ချယ်လ်ဆီးက ရွန်နီကို ပေါင်စတာလင် (၂၅)သန်းဖြင့် ကမ်းလှမ်း ဝယ်ယူရန် ကြိုးပမ်းနေသည်ဆိုသော ခန့်မှန်းချက်များလည်း ပေါ်ထွက်လာသည်။

ယခုအခါ အာဆင်နယ် အသင်းသည်လည်း ရွန်နီကို ဝယ်ယူရန် အားထုတ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ မန်နေဂျာသစ် မိုယက်စ် အနေဖြင့် မန်ယူ အသင်းတွင် ရွန်နီကို ဆက်လက် ရှိနေစေရန် လိုလားကြောင်း အသေအချာ မသိရသေးဘဲ ၎င်းတို့နှစ်ဦးကြား ဆွေးနွေးမှု ပြုလုပ်ရန် လိုအပ် လာခဲ့သည်။ မန်ယူ အသင်းနှင့် နီးစပ်သူ အချို့က ရွန်နီသည် အတိတ်က မိုယက်စ်နှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ဖူးရာ ၎င်းလက်အောက်တွင် ကစားရန် ဆန္ဒ မရှိဘဲ ဖြစ်နေခြင်းဟု ပြောကြားခဲ့ကြသည်။ မိုယက်စ်သည် ရွန်နီကို ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအတွက် ပထမဆုံး လမ်းဖွင့်ပေးခဲ့သူလည်း ဖြစ်သည်။

အဲဗာတန်တွင် ရွန်နီ ကစားခဲ့စဉ်က ယခု မန်ယူအသင်း မန်နေဂျာသစ် ဖြစ်လာမည့် ဒေးဗစ်မိုယက်စ်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာအချို့ ရှိခဲ့ခြင်း...
ရွန်နီကို ပြင်သစ်ထိပ်သီး PSG၊ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေသည်။ ရွန်နီအနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)မျှ ခံစားခွင့် ရှိနေရာ ၎င်းကို လက်တွေ့ ဝယ်ယူမည် ဆိုပါကလည်း ဥရောပ၏ အကြွယ်ဝဆုံး စာရင်းဝင် ကလပ်အသင်းများသာ ဖြစ်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: Goal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, March 20, 2013

ဘောလုံးလောကမှအနားယူတော့မည့် အိုဝင်

စတုတ်စီးတီး တိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာ ရာသီကုန်တွင် ဘောလုံးလောကမှ
အနားယူတော့မည်ဖြစ် သည်။ အသက် ၃၂နှစ်အရွယ်ရှိ အိုဝင်မှာ လီဗာပူးနှင့်အတူ ကျော်ကြားလာသော ကစားသမား တစ်ဦးဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းတွင်လည်း ဘက်ခမ်း၊ ဂျရတ်၊ ဟက်စကီးတို့နှင့် အတွဲညီခဲ့သူဖြစ်သည်။
၎င်းမှာ လီဗာပူးနှင့်အတူ ဖလား၅လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဥရောပအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ အိုဝင်မှာ အင်္ဂလန်အသင်းတွင် စတုတ္ထ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုး ၂၂၀ သွင်းယူနိုင်ခဲ့ကာ ရီးရဲလ်၊ နယူးကာဆယ်၊ မန်ယူတို့တွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။
သို့သော် အိုဝင်မှာ ယခုရာသီတွင် စတုတ်စီးတီးနှင့်အတူ ၇ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ရုန်းကန်နေရသူ လည်းဖြစ်သည်။
“ ကျွန်တော့်ကစားသမားဘ၀မှာ ကျွန်တော်အိပ်မက်မက်ခဲ့သလို ဖြစ်ခဲ့လို့ ကံကောင်းတယ်လို့ ပဲပြောရမှာပါ။ ဒါ့ကြောင့်ပဲ ရာသီကုန်မှာ အနားယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူစွာနဲ့ ပြောနိုင်ခဲ့ပါတယ်”ဟု အိုဝင်က ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, December 5, 2012

တစ်ပတ်ပေါင် (၆၀၀၀၀) ဖြင့် (၅)နှစ်သက်တမ်းတိုးရန် သဘော တူညီခဲ့သည့် ကလီဘာလေ

မန်ယူ အသင်း၏ ကွင်းလယ် ကစားသမား ကလီဘာလေသည် ယခုရရှိနေသည့် လစာ၏ နှစ်ဆနီးပါး ဖြစ်သော တစ်ပတ်လုပ်ခပေါင် (၆၀၀၀၀)ဖြင့် (၅)နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မန်ယူ အသင်းနှင့် အကြို သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Goal.comမှ ဖော်ပြခဲ့သည်။ မန်ယူ နည်းပြ ဖာဂူဆန် အနေခြင့် အသင်း၏ အကောင်းဆုံး လူငယ် ကစားသမား အဖြစ်သတ်မှတ်ခြင်း ခံထားရသော ကလီဘာလေအား သက်တမ်းရှည် စာချုပ်တစ်ရပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်ခဲ့ခြင်း ဖြစ်ကာ ကလီဘာလေ အနေခြင့် နှစ်သစ်ကူ ကာလအစောပိုင်းတွင် စာချုပ်သစ်၌ လက်မှတ်ရေးထိုးဖွယ် ရှိနေသည်။ မန်ယူ အသင်း၏ လူငယ်ကြယ်ပွင့်များ ဖြစ်ကြသော စမောလင်း၊ ဂျူံးစ်၊ ၀ဲလ်ဘတ် နှင့် ဟာနန်ဒက်ဇ်တို့သည်လည်း ပြီးခဲ့သော (၁၃)လက စာချုပ်သစ် ချုပ်ဆိုခဲ့သောကြောင့် အဆိုပါ ကစားသမားများသည် မန်ယူ အသင်း၏ အနာဂတ် လူစာရင်းအဖြစ် ယူဆရဖွယ် ရှိနေသည်။  


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရော်နယ်ဒိုအား ပေါင်သန်း ၁၅ဝဖြင့် ခေါ်ယူ ရန် ပီအက်စ်ဂျီ ပြင်ဆင်

ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီက ရီးရဲလ် ကစားသမား ခရစ္စတီ ယာနို ရော်နယ်ဒိုအား ပေါင်သန်း ၁၅ဝဖြင့် ခေါ်ယူနိုင်ရေး ပြင်ဆင်နေပြီဟု သတင်း ထုတ်ပြန် ထားသည်။
ကာတာရင်းနှီးမြှုပ်နှံမှု အာဏာပိုင်များ၏ နှိုးဆော်မှုဖြင့် ပြင်သစ် အချမ်းသာဆုံးကလပ် ဖြစ်သော ပီအက်စ်ဂျီက ဥရောပ ဘောလုံးလောကကို လွှမ်းမိုးနိုင်ရန် အတွက် ခရစ္စတီယာနိုရော်နယ်ဒို အားခေါ်ယူနိုင်ရေး ကြိုးစားနေခြင်း ဖြစ်သည်။
ပြင်သစ်ရေဒီယို အသံလွှင့် ဌာန RMCကမူ ခရစ္စတီယာနို ရော်နယ်ဒိုက စပိန်ဂျာနယ်လစ် တစ်ဦးထံသို့ မက်ဆေ့ခ်ျပေးပို့ရာ တွင် ပဲရစ်မြို့သို့လာရန်ထက် စပိန် တွင်သာဆက်နေရန် ရည်ရွယ်ထားသည်ဟု ပါရှိကြောင်း အသံလွှင့် ထုတ်ပြန်သွားခဲ့သည်။
ခရစ္စတီ ယာနိုရော်နယ်ဒိုသည် ယခုရာသီတွင် ဘာနေဗျူးတွင် မပျော်မပိုက်ဖြစ်နေပြီးရီးရဲလ်အသင်း မှာလည်း ဘာစီလိုနာနှင့် အမှတ် ကွာခြားချက် များနေပြီဖြစ်ရာ ယခု အပြောင်း အရွှေ့သည် ဖြစ်လာ နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။
ပီအက်စ်ဂျီသည် ဇလာတန်၊ အီဗရာဟီမိုဗစ်နှင့် လာဗက်ဂီ ကဲ့ သို့သော် နာမည်ကြီး ဘောလုံးသမားများအား ငွေကြေးအမြောက် အမြားသုံး၍ ခေါ်ယူခဲ့ပြီးဖြစ်ရာ ယခုအခါ ရော်နယ်ဒိုအား ခေါ်ယူနိုင် ခဲ့ပါက အင်အားကြီးကလပ်အသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။
ထို့အပြင် ကစားသမား အတွက်ကျသင့်သည့် ပြောင်းရွှေ့ကြေး၊ လုပ်ခလစာ ထို့အပြင်အသင်းမှာ လက်ရှိချန်ပီယံလိဂ် ကစားခွင့်ရ နေရာ ဤအပြောင်းအရွှေ့မှာ သေချာ သလောက်ရှိသည်ဟု သုံးသပ်ကြသည်။ ခရစ္စတီယာနို ရော်နယ်ဒိုသည် လွန်ခဲ့သည့် သုံးနှစ်ခန့်ကမန်ယူအသင်းမှ ကမ္ဘာ့ စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်သန်း ၁၂ဝ ဖြင့် ပြောင်းရွေ့လာခဲ့ သူဖြစ်သည်။။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်အား ကလိုဆေး ချိုးဖျက်သွားမည်ကို စိုးရိမ်နေသည့် ရော်နယ်လ်ဒို

ဘရာဇီးအသင်း၏ တိုက်စစ်မှူး ဟောင်း ရော်နယ်လ်ဒိုသည် လာမည့် (၂၀၁၄) ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ယင်း၏ဂိုးသွင်း စံချိန်အားဂျာမနီတိုက်စစ်မှူး ကလိုဆေး ချိုးဖျက်သွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ကလိုဆေးသည် လာမည့် ကမ္ဘာ့ဖလားပိုင်ပွဲတွင် ရော်နယ်လ်ဒို တင်ထားသည့် ကမ္ဘာ့ဖလားပွဲစဉ်များ တွင်(၁၅)ဂိုး သွင်းယူထားသည့် စံချိန် အား ချိုးဖျက်ရန် ပစ်မှတ်ထားနေသူ ဖြစ်ပြီး ရော်နယ်လ်ဒိုမှ ကလိုဆေး ထိုကဲ့သို့ လုပ်ဆောင်သွားနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။“အဲဒါက ကျွန်တော့်ကို အနည်းငယ် စိုးရိမ်စေပါတယ် အများကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော့် သမိုင်းနဲ့ သူ့သမိုင်းက သတ်သတ်စီလို့ ကျွန်တော်ထင်ပါတယ် လူတိုင်းက ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ။ ကလိုဆေးသာ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်စံချိန်ကို လိုက်မှီသွားမယ် ဒါမှမဟုတ် ချိုးဖျက်သွားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရာက ကျွန်တော့်သမိုင်းကို ဖျက်ပြစ်လိုက်မှာတော့ မဟုတ်ပါဘူး”ဟု ရော်နယ်လ်ဒိုမှ ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, November 17, 2012

Real Madridမှ ဘောလုံးနည်းပြ မြန်မာ လူငယ် ဘောလုံးသမား များကို သင်ကြားပေးရန် ရောက်ရှိ

တက်သစ်စ မြန်မာလူငယ် ဘောလုံး သမားများကို သင်ကြား ပြသပေးရန် Real Madrid
ဖောင်ဒေးရှင်းမှ အသင်းနည်းပြ တစ်ဦး နိုဝင်ဘာ ၁၄ရက် ညပိုင်းက ရန်ကုန်လေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရသည်။ Digicelမှ မြန်မာ ဘောလုံး ဖွံဖြိုးရေး အတွက် ပြုလုပ်မည့်အဆိုပါReal Madrid ဖောင်ဒေးရှင်း နည်းပြဖြစ်သော Pablo Gomez Revenga ထံမှလေ့လာသင်ယူမည့် အစီအစဉ်နှင့် ပတ်သက်သော သတင်းစာရှင်းပွဲကို နိဝင်ဘာ ၁၆ရက်တွင် မြန်မာနိင်ငံ ဘောလုံး အဖွဲ့ချုပ်၌ပြုလုပ်မည်ဟုသိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, October 21, 2012

ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်နေသည့်မြန်မာ

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အောက်တိုဘာလ အတွက် ကမ္ဘာ့ အဆင့် သတ်မှတ်ချက်များ ထုတ်ပြန် ကြေညာခဲ့ရာ မြန်မာ လက်ရွေး စင် ဘောလုံး အသင်းသည် ယခင်လထက် တစ်ဆင့်လျော့ကျသွားပြီး ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်နေသည်။
နိုင်ငံတကာပွဲစဉ်များနှင့် ဝေးကွာနေသော မြန်မာအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စင်ကာပူအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီး သရေကျခဲ့သော်လည်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၆၀ ဖြင့် ယခင်လထက် တစ်ဆင့်ထပ်မံကျဆင်းခဲ့သည်။ ယခုလ ၃ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် အရှေ့တောင်အာရှနိုင်ငံများ၌ ထိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၃၉ ဖြင့် ဦးဆောင်ထားပြီး ဗီယက်နမ် ၁၄၀၊ ဖိလစ်ပိုင် ၁၄၇၊ မလေးရှား ၁၆၂၊ စင်ကာပူ ၁၆၂၊ အင်ဒိုနီးရှား ၁၇၀၊ ကမ္ဘောဒီးယား ၁၈၉၊ လာအို ၁၉၃၊ ဘရူနိုင်း ၂၀၃ နှင့် တီမောအသင်းတို့က ကမ္ဘာ့အဆင့် ၂၀၆ တွင် ရပ်တည်နေသည်။
မြန်မာအသင်းသည် အာဆီယံနိုင်ငံများတွင် အဆင့် ၇ နေရာ၌ ဆက်လက်ရပ်တည်နေသည်။ ကမ္ဘာ့အဆင့်တစ်နေရာတွင် စပိန်အသင်းက ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ဥရုဂွေး၊ အီတလီ၊ ကိုလံဘီယာ၊ ဂရိအသင်းများက အစဉ်လိုက်ရပ်တည်နေသည်။ အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၃ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, October 2, 2012

ကမ္ဘာ့လစာငွေ အများဆုံး ရရှိသည့် ကစားသမားဖြစ်လာရန် ရှိနေသည့် စီရော်နယ်လ်ဒို

ရီးရဲလ်မက်ဒရစ် အသင်းတွင် မပျော်မရွှင် ဖြစ်နေသည့် စီရော်နယ်လ်ဒို အား ဥရောပ ထိပ်တန်းအသင်းများက စိတ်ဝင်စား နေကြပြီး ယင်းသည် ကမ္ဘာ့လစာ အများဆုံး ဘောလုံးသမား ဖြစ်လာရန် ရှိနေသည်။ ရုရှား သန်းကြွယ် သူဌေးပိုင်ဆိုင်သည့် ချယ်လ်ဆီး၊ အာရပ် ဘီလျှံနာများ ပိုင်ဆိုင်ထားသည့် မန်စီးတီး နှင့် ပီအက်စ်ဂျီ အသင်းတို့သည် စီရော်နယ်လ်ဒိုအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စား နေကြပြီး မြင့်မားသော လစာငွေ တစ်ရပ်ပေးချေရန် အသင့်ဖြစ်နေကာ ယင်းအား ခေါ်ယူနိုင်ခဲ့ပါက လက်ရှိ လစာအများဆုံး ကစားသမားဖြစ်သည့် အီတူးကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ရီးရဲလ် အသင်းတွင် ပေါင် (၇.၉၈)သန်း ရရှိနေပြီး ကမ္ဘာ့လစာ အများဆုံး ကစားသမား စာရင်းတွင် အဆင့် (၁၀)နေရာ၌ ရပ်တည်နေသူ ဖြစ်ပြီး အသင်းသစ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက လက်ရှိလစာငွေ၏ (၅၀)ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် ရှိနေပြီး ပေါင် (၁၁.၈)သန်းခန့် ရရှိမည် ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed