ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပြင်းပြင်းထန်ထန်

ပြောကြားခဲ့သည်။ ချဲလ်ဆီးမှာ အီဗန်နိုဗစ်၏ ၂၄ကိုက်ကန်ချက်ဖြင့် မန်စီးတီးကို အနိုင်ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် မန်စီးတီးကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် ရမှတ်တူသွားခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာ၌သာ ဆက်ရှိနေခဲ့သည်။ သို့သော် မော်ရင်ဟိုက အာဆင်နယ်နှင့် မန်စီးတီးတို့သာ ပရီးမီးယားလိဂ် ချန်ပီယံစာရင်းဝင်နေသည်ဟု သုံးသပ်ခဲ့သည်။
မော်ရင်ဟိုက “ပရီးမီးယားလိဂ်ဖလားက မြင်းကြီးနှစ်ကောင်နဲ့ အင်အားနည်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုသေးတဲ့ မြင်းလေးတစ်ကောင်ရဲ့ အားပြိုင်ပွဲပါ။ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ချဲလ်ဆီး စိန်ခေါ်နိုင်စွမ်းရှိနေပြီဆိုတဲ့ သုံးသပ်ချက်တွေကို ကျွန်တော် သဘောမတူပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ ဒီရာသီ မျှော်မှန်းချက်က အသင်းတည်ဆောက်ရေးဖြစ်ပြီး လာမယ့်နှစ်ကျမှ ပရီးမီးယားလိဂ်ဖလားကို စတင်မျှော်မှန်းသွားမှာပါ”ဟု ပြောခဲ့သည်။
မန်စီးတီးမှာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းပွဲစဉ်(၁၁)ပွဲဆက် အနိုင်ရထားသည့် အသင်းဖြစ်ပြီး ၁၁၇၉ရက်အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းသွင်းဂိုး မရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ချဲလ်ဆီးမှာ မန်စီးတီးနှင့် နှစ်ကျော့ကစားရာတွင် ၆မှတ်အထိ ရရှိခဲ့ပြီး ၂၀၁၀-၁၁ ရာသီနောက်ပိုင်း မန်စီးတီးထံမှ ၆မှတ်အပြည့် ရယူနိုင်သည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။