BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, July 26, 2013

ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား

အာဆင်နယ်မှာ လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း
သိရသည်။ အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ကြေး တိုးမြှင့်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ယခု အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်မှာ ဟီဂူအင်၊ ရွန်နီ၊ ဆွာရက်ဇ်စသည့် ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဟီဂူအင်ကို နာပိုလီက ယူရို ၃၇သန်းဖြင့် ခေါ်ယူနိုင်တော့မည်ဖြစ်ကာ ရွန်နီကိုလည်း မန်ယူမှ လက်လွှတ်ဖွယ်မရှိခြင်းကြောင့် ဆွာရက်ဇ်ကို အမိအရ ခေါ်ယူရန် ကြိုးပမ်းနေပြီး ယခုကမ်းလှမ်းခဲ့သော ပြောင်းရွှေ့ကြေးအရ လီဗာပူးအနေဖြင့် ဆွာရက်ဇ်ကို အသိပေးရမည်ဖြစ်သည်။ ဆွာရက်ဇ်မှာ မဲဘုန်းကို ၂ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသွားခဲ့ပြီး အသင်းအတွက် ဒုတိယအနိုင်ဂိုး ဖန်တီပေးနိုင်ခဲ့ကာ အီဗန်နိုဗစ်ကို ကိုက်ခဲ့သည့်အတွက် လီဗာပူး၏ ရာသီအ၀ ပွဲစဉ် ၆ပွဲကို လွဲချော်ရမည်ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သုံးရက် သောက်ရုံနဲ့ ကျောက်ကပ်ရောဂါ ပျောက်သည် ဆိုသော ရွှေကြူဆောင်၊ ရွှေဝါပင်

ရွှေကြူဆောင် ရွှေဝါပင်ဟု ခေါ်သော ဆေးဖက်ဝင် အပင် တစ်မျိုးကို မြန်မာ၊ ဗီယက်နမ်၊ တရုတ်၊ မလေးရှားနှင့် စင်ကာ ပူနိုင်ငံတို့၌ တွေ့ရလေ့ ရှိသည်။ ဆေးပင်၏ အရွက် ၁၅ ကျပ်သားခန့် ကို ရေဖြင့်စင်အောင် ဆေး၍ သုံးနာရီခန့် ကြာအောင် ကျိုချက်ပြီး
ရရှိလာသည့် ဆေးရည်ကို ဖန်ခွက်တစ်ခွက် စာသုံးရက် ဆက်တိုက် သောက်သုံးပါက ကျောက်ကပ် ရောင်ခြင်း၊ ဆီးလမ်းကြောင်း ရောင်ခြင်း၊ ဆီးနှင့်ဝမ်းတွင် သွေးပါခြင်း၊ အသည်း ရောင်အသားဝါ၊ အူနှင့် အစာအိမ် ရောဂါ တို့ကို သက်သောပျောက်ကင်း စေသည့်အ ပြင် အသားအရေ နီမြန်း၍ ရောင်ယမ်းခြင်း၊ ကိုယ်တွင်း အပူကျခြင်း၊ ဆီးသွားအား မရ သည်။အလျူမီနီယံ အစရှိသော သတ္တုအမျိုး အစား အိုး၊ခွက်တို့ဖြင့် ကျိုချက် မိပါက အဆိပ်သင့်မှု ဖြစ်ပေါ်တတ်သဖြင့် အထူး သတိပြုရှောင်ကြဉ်ရန် လိုအပ်ကြောင်း သိရ သည်။ ဈေးနှုန်းမှာ အပင်အရွယ်အစားအ လိုက် ကျပ် ၁၅၀ဝ၊ ၂၀ဝ၀၊ ၃၀ဝ၀ ရှိပြီး ရန်ကုန်မြို့၊သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်၊ ယမုံနာ လမ်းမကြီးရှိ စိမ်းလဲ့မြိုင် ပျိုးပင်အရောင်း ဆိုင်၌ ဝယ်ယူရရှိ နိုင်သည်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed