BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, April 26, 2012

မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....

မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....
မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....

ရီးရဲလ်နည်းပြမော်ရင်ညိုသည် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံတော့မည်မဟုတ်သော်လည်း၊ သူ့အနေဖြင့် ချယ်လ်ဆီးအသင်းအား ချန်ပီယံလိဂ်ဖလား ရရှိစေလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရီးရဲလ်အသင်းသည် ဘေယန်မြူးနစ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း၊ မော်ရင်ညိုက -

"ကျွန်တော် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရစေချင်ပါတယ်၊ သူတို့ဟာ မနေ့က သူရဲကောင်းတွေ ဖြစ်ခဲ့ပါတယ်"

"ဘောလုံးနဲ့ပတ်သက်ပြီး၊ ပညာရှင်တွေလို့ ထင်နေကြတဲ့သူအချို့ဟာ ကျွန်တော်ကိုင်ခဲ့တဲ့ အင်တာကို ဝေဖန်သလိုမျိုး ချယ်လ်ဆီးကိုလည်း ဝေဖန်မယ်ဆိုတာ သိပါတယ်" ဟု မော်ရင်ညိုက ပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖိုင်နယ်တွင် နည်းပြဟောင်းနှင့် တွေ့ဆုံမည်မဟုတ်တော့သော်လည်း အသင်း၏တောင်ပံကစားသမားဟောင်း အာဂျန်ရော်ဘင်နှင့်မူ ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

ချယ်လ်ဆီးတွင် (၂၀၀၄)မှ (၂၀၀၇)အထိ ကစားခဲ့သည့် ဘေယန်မြူးနစ်တောင်ပံလူက -

"ကျွန်တော် ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော် အဲဒီအသင်းမှာ အကောင်းဆုံး အချိန်တွေ ရှိခဲ့ပါတယ်"

"အေဗရာမိုဗစ်ခ်ျနဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက်လည်း ၀မ်းသာပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော် သူတို့ကို အနိုင်ယူသွားမှာပါ"

"ချယ်လ်ဆီးနဲ့ ဘေယန်မြူးနစ် ဖိုင်နယ်မှာ တွေ့ဆုံမယ်လို့ လောင်းခဲ့တဲ့သူဟာ အခုဆိုရင် လောင်းကြေးတွေအများကြီး ရနေလောက်ပါပြီ"

အပြာရောင်အသင်းသည် မေ (၁၉)ရက်တွင် ဘေယန်မြူးနစ်အိမ်ကွင်း အေလီယန်ဇ် အရီနာကွင်းတွင် ဖိုင်နယ်ကစားရမည်ဖြစ်သည်။

အသက် (၂၈)နှစ်ရှိ ရော်ဘင်က -

"ဒီ မက်တီယိုအတွက်လည်း ဂုဏ်ယူမိပါတယ်၊ သူဟာ ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ အသင်းကို တာဝန်ယူခဲ့ရတာဖြစ်ပြီး၊ အခုဆိုရင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ"





ရီးရဲလ်အသင်းအတွက် ခရစ္စတီယာနို ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူပြီးနောက်၊ ရော်ဘင်သည် ဘေယန်မြူးနစ်အတွက် အရေးပါသည့် ချေပဂိုးတစ်ဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့သည်။

ရော်နယ်ဒို၊ ကာကာ၊ ရာမို့စ်တို့ ပင်နယ်တီများ လွဲချော်ပြီးနောက်၊ ရှဝိန်းစတိုင်ဂါက ဘေယန်မြူးနစ်အသင်းအတွက် ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ဂျာမန်ကလပ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်းတွင် ဖိုင်နယ်ကစားရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး၊ ဘေယန်မြူးနစ်ပရိသတ် တစ်သန်းခန့်သည် ဖိုင်နယ်လက်မှတ်များ ရရှိရန်အတွက် ကြိုးစားနေကြသည်။

ဘေယန်မြူးနစ်နည်းပြ ဂျပ် ဟေးနက်စ် က - "ကျွန်တော်တို့ဟာ နည်းပညာပိုင်း၊ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းတွေမှာ ပိုကောင်းတယ်ဆိုတာ ထပ်မံ သက်သေပြခဲ့ပါတယ်၊ အိမ်ကွင်းမှာ ကျင်းပမယ့် ဖိုင်နယ်ပွဲမှာ ဒီထက် ပိုကောင်းလာပါလိမ့်မယ်"ဟု ပြောကြားသွားခဲ့သည်။



Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝိန်းရူနီသည် ဇနီးသည် ကောလင်းနှင့်အတူမအိပ်...


ချစ်တော့ချစ်တယ်... ဒါပေမယ့်.....
ချစ်တော့ချစ်တယ်... ဒါပေမယ့်.....
မန်ယူတိုက်စစ်မှူး ၀ိန်းရူနီသည် ဇနီးသည် ကောလင်းနှင့်အတူမအိပ်ပဲ၊ သက်သက်စီ အခန်းခွဲအိပ်နေကြောင်း သိရှိရသည်။
သို့ပါသော်လည်း ယခုလိုအခန်းခွဲအိပ်နေခြင်းမှာ ဇနီးသည် ကောလင်းနှင့် စိတ်ဆိုး၍မဟုတ်ပဲ၊ ကောလင်းခံစားနေရသည့် အဖျားရောဂါအား မကူးစက်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူတိုက်စစ်မှူး ၀ိန်းရူနီသည် လာမည့် မန်ချက်စတာဒါဘီပွဲအား မလွဲချော်ရန်အတွက် ဇနီးသည်ကောလင်းဆီမှ အဖျားရောဂါအားကူးစက်ရန် ဆန္ဒမရှိချေ။

"ကောလင်းဟာ ရာသီဥတုအပြောင်းအလဲကြောင့် အဖျားရောဂါ ခံစားနေရပြီး၊ အိပ်ယာထဲမှာ အနားယူနေရပါတယ်၊ ရူနီကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ မှာထားပါတယ်"ဟု ၀ိန်းရူနီမိသားစုနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ပြောကြားခဲ့သည်။

ထို့အပြင် ရူနီကိုယ်တိုင်မှာလည်း ယခုလိုအချိန်တွင် ကောလင်းနှင့်အတူ နီးနီးကပ်ကပ်နေရန် ဆန္ဒမရှိချေ။

အဘယ်ကြောင့်ဆိုသော် တီဗီကြည့်သည့်အခါတိုင်း ရီမုတ်အား အမြဲကိုင်ထားပြီး၊ သူကြည့်ချင်သည်များကိုသာ ဦးစားပေးကြည့်လေ့ရှိသည့် ကောလင်း ဖျားနာနေသည့် အခုလိုအချိန်မျိုးတွင် သူ့အကြိုက် တီဗီအစီအစဉ်များအား တစ်ညလုံး ကြည့်ခွင့်ရတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်

မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်
မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်
ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က နူရာသည် ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်သည်ဟု သူ့အားပြောကြားခဲ့ကြောင်း ဘေယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ရမ်မီနစ်ခ်ခီက ထုတ်ဖော်ပြောကြားလိုက်သည်။

ဘေယန်မြူးနစ်ဂိုးသမား မန်နူရယ် နူရာသည် မနေ့ကဘာနေဗျူးတွင်ကစားခဲ့သည့်ပွဲတွင် ရီးရဲလ်အသင်း၏ပင်နယ်တီသွင်းဂိုး (၂)ဂိုးအား ကာကွယ်ပေးခဲ့ခြင်းဖြင့်၊ ဘေယန်မြူးနစ်အသင်း၏ ဖိုင်နယ်သို့ တက်ရောက်ရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။

"ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ကျွန်တော့်နားမှာ ထိုင်ပြီး၊ မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ ပြောခဲ့ပါတယ်"

"ကျွန်တော်တို့ဟာ ပွဲအစပိုင်းမှာ ကစားပုံဆိုးဝါးခဲ့ပါတယ်၊ ဒီပွဲဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲပါပဲ၊ ကျွန်တော်ရဲ့ကစားသမားဘ၀ဟာ အခုဆိုရင် နှစ်ပေါင်း (၄၀)လောက် ကျန်ခဲ့ပါပြီ၊ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူပျော်ရွှင်မိပါတယ်၊ ဒါဟာ အရမ်းအံ့အားသင့်စရာပါ"ဟု ရမ်မီနစ်ခ်ခီက ပြောကြားသွားခဲ့သည်။

ဘေယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ယူလီ ဟိုးနက်စ်ကလည်း နူရာ၏ စွမ်းဆောင်မှုအား ချီးကျူးခဲ့ပြီး၊ ဂျပ် ဟေးနက်စ်၏အသင်းသည် ရီးရဲလ်အသင်းအား  အခွင့်အရေးပေးခဲ့သည့် ဖိလစ် လမ်း၏ ဒုတိယမြောက် ပင်နယ်တီလွဲချော်ပြီးနောက်၊ ရှုံးနိမ့်ရန် အခွင့်အရေးများသွားပြီဟု ထင်ခဲ့မိကြောင်းလည်း ၀န်ခံပြောကြားခဲ့သည်။

"မန်နူရယ် နူရာဟာ ဂရိတ်ပါ၊  ဖိလစ် လမ်း ပင်နယ်တီလွဲသွားတော့ ဘေယန်မြူးနစ်တော့ ရှုံးပြီလို့ ထင်ခဲ့မိပါတယ်၊ ဒီပွဲဟာ တကယ့်ကို ခက်ခဲခဲ့ပါတယ်၊ ကျွန်တော်တို့ဟာ နှစ်ဂိုးအသာနဲ့ ဦးဆောင်ခြင်း ခံခဲ့ရတာပါ"

"ဒီနေ့ပွဲက ထူးရှယ်ပါ၊ ဘေယန်ဟာ ရီးရဲလ်ကို အနိုင်ယူခဲ့ပါတယ်၊ ဒီလိုအဖြစ်မျိုး နှစ်တိုင်း မဖြစ်နိုင်ပါဘူး၊ အခုဆိုရင် ဖေးဖရိတ် ဘာကာလည်း ပြိုင်ပွဲက ထွက်သွားရပြီဆိုတော့၊ လာမယ့်ဖိုင်နယ်မှာ ကျွန်တော်တို့အသင်း အနည်းငယ် ရေပန်းစားနေပါလိမ့်မယ်"

" ဘောလုံးနဲ့ပတ်သက်ပြီး၊ ဂရိတ်အတွေ့အကြုံလိုချင်ရင်၊ ကမ္ဘာ့ဖလားဖိုင်နယ်၊ ဒါမှမဟုတ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၀င်ကစားကြည့်လိုက်ပါ၊ ကိုယ့်အိမ်ကွင်းမှာ ဖိုင်နယ်ကစားရမှာက တကယ့်ဂရိတ်ပါ"ဟု ဟိုးနက်စ်က ပြောကြားသွားခဲ့သည်။

ဘေယန်မြူးနစ်အသင်းသည် (၂၀၁၀)ဖိုင်နယ်တွင် အင်တာမီလန်အား ရှုံးနိမ့်ပြီး၊ နှစ်နှစ်အကြာ၌ သူတို့၏ ငါးကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအား ရယူရန် ဆန္ဒပြင်းပြလျှက် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed