BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, September 4, 2012

အမေရိကန်သမ္မတမှ ပြည်ဝင်ခွင့်ဗီဇာများ ကို ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရ

မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး တွေကို အရှိန်အဟုန် မြင့်စွာ တိုးတက် လာတဲ့ အတွက် အမေရိကန် သမ္မတ ဘားရက်အိုဘာမား က အမေရိကန်နိုင်ငံ အတွင်းသို့ လွတ်လွတ် လပ်လပ်သွားလာခွင့် ဗီဇာကို ဖြေလျှော့ ပေးလိုက်ပြီဖြစ်ပါတယ်။
အေပီသတင်း မှာ အမေရိကန် သမ္မတ အိမ်ဖြူတော် လုံခြုံရေး ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တွမ်မ်မီဗိုင်တာ (Tommy Vretor) က မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး တွေကိုဆက်ပြီး လုပ်ဆောင်နေတာနဲ့ အမျှ သူနဲ့သူ့ရဲ့အစိုးရတို့ကို ပိုပြီးအနီး ကပ်ထိတွေ့ဆက်ဆံသွားဖို့ မိမိတို့ရဲ့ စိတ်ဝင်စားမှုကိုအချက်ပြတဲ့အနေနဲ့ အမေရိကန်သမ္မတအိုဘားမားက အခု လိုဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါ တယ်။
စက်တင်ဘာလမှာ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက် မယ့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ အမေရိကန် တာဝန်ရှိသူ တွေနဲ့တွေ့ဆုံနိုင်မှာဖြစ်ပြီး သမ္မတကြီး ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဒီမို ကရေစီနဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပိုပြီးနားလည်နိုင်မှာ ဖြစ်ပါတယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာပြောခွင့်ရ ဗိုင်တာက ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါ တယ်။
First Music News


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အိုဝင်အား အသင်းသို့ ပြန်လည် ခေါ်ယူရန် စီစဉ်နေသည့် ရော်ဂျာ

လီဗာပူးလ် အသင်း၏ နည်းပြ ရော်ဂျာသည် အသင်း၏ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ကာကွယ်ရန် အတွက် မန်ယူ တိုက်စစ်မှူးဟောင်း အိုဝင်အား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်မှူး ကာရိုးအား အသင်းမှ ထွက်ခွာခွင့် ပြုရန်ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်းနှင့် အကယ်၍ ထွက်ခွာခွင့် ပြုခဲ့ပါက ပြန်လည် အစားထိုးနိုင်မည့် အခြေအနေတွင် မရှိကြောင်းကို သိနေခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်အတွက် လူရွေးချယ်ခွင့် လွန်စွာနည်းပါးနေခြင်းကြောင့် အသင်း၏ တိုက်စစ်မှူးဟောင်း ဖြစ်သူ အိုဝင်အား ခေါ်ယူရန် စဉ်းစားနေခြင်းလည်း ဖြစ်သည်။ အိုဝင်သည် လီဗာပူးလ် အသင်းတွင် ကစားခဲ့စဉ်က (၁၅၈)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး အသင်း ပရိသတ်များ၏ အချစ်တော် ကစားသမား ဖြစ်ခဲ့သည်။
Soccer

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရီးရဲလ်တွင် မပျော်မရွှင် ဖြစ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် စီရော်နယ်လ်ဒို

ရီးရဲလ် ကစားသမား စီရော်နယ်လ်ဒိုသည် အသင်းတွင် မပျော်မရွှင် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ ဖွင့်ဟ ပြောဆိုခဲ့ပြီး ဂရန်နာဒါနှင့် ပွဲစဉ်တွင် ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့ခြင်းမှာ ယင်းအတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် အဆိုပါ ပွဲစဉ်တွင် နှစ်ဂိုးသွင်းခဲ့ပြီး အသင်းအတွက် ယခုနှစ် ရာသီ၏ ပထမဆုံး နိုင်ပွဲရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း ပျော်ရွှင်မှု ပျောက်ဆုံးနေခဲ့သည်။ စီရော်နယ်လ်ဒိုမှ “ကျွန်တော် ၀မ်းနည်းမိပါတယ် ဘာလို့လည်း ဆိုတော့ အသက်မွေး ၀မ်းကြောင်းဆိုင်ရာ ကိစ္စကြောင့်ပါ အသင်းက ဒါကို သိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် အောင်ပွဲမခံခဲ့တာပါ ကျွန်တော် မပျော်မရွှင် ဖြစ်နေလို့ပါ၊ ကလပ်မှာ ရှိနေတဲ့ လူတိုင်းက ဒါကို သိပါတယ် ကျွန်တော် ဒီ့ထက်ပိုပြီး မပြောချင်တော့ပါဘူး”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

HTC One Series ရဲ့ ဒုတိယ အကောင်းဆုံး Smart Phone

HTC One S ဟာ HTC One Series (One X, One S, One V) ထဲက အလယ်အလတ် တန်းစား Model တစ်ခုပဲဖြစ်ပါတယ်။ HTC က ထုတ်လုပ် လိုက်တဲ့ HTC One S ဟာဆိုရင် Andriod 4.0 OS ဖြစ်တဲ့ Ice Cream Sandwich (ICS) ကို အသုံးပြုထားပါတယ်။ GSM ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G Network အပြင် WCDMA (3G) ကိုပါ ထောက် ပံ့ပေးနိုင် ပါတယ်။ One Series ရဲ့ အကောင်းဆုံး Model ဖြစ်တဲ့ ONE X ကို မမီပေ မယ့် One S ဟာ HTC ရဲ့ ဒုတိယအကောင်းဆုံး Smart Phone တစ်ခုလို့ ဆိုရလောက်အောင်ကို ကောင်း မွန်လှပါတယ်။ One S ဟာ HTC ရဲ့ ဒုတိယ အကောင်းဆုံး Smart Phone ဆိုတာကို အသုံးပြုထားတဲ့ နည်းပညာမြင့်တွေ၊ ဖုန်းမှာပါဝင်တဲ့ ကောင်းမွန်လှတဲ့ Functions တွေကို ဖတ်ကြည့် ရင် သိပါလိမ့်မယ်။
Design
HTC ရဲ့ အရင်ထွက်ရှိခဲ့တဲ့ Handsets တွေ လို HTC One S ဟာ တကယ့်ကို ပါးလွှာပြီး ခိုင် ခံ့တဲ့ ဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်။ အပါးလွှာ ဆုံး ဖြစ်တဲ့ HTC One S မှာဆိုရင် လွတ်ကျတဲ့အခါ မှာ ခံနိုင်ရည် ရှိစေဖို့ Aluminium ကို ၅ ကြိမ် လောက် လောင်ကျွမ်းအပူပေးပြီး ခိုင်ခံ့တဲ့ Body တစ်ခုဖြစ်အောင် တည်ဆောက်ထားပါတယ်။ ယခု လို ခိုင်ခံ့ပြီး ကျစ်လျစ်တောက်ပြောင်သော Aluminium (အလူမီနီယံ) Body ကို အသုံးပြု ထားတာကြောင့် ပေါ့ပါးခိုင်ခံ့တဲ့ ဖုန်းတစ်လုံးဖြစ် စေမှာပါ။ ဒီ့ပြင် Aluminium Body ရဲ့ အစွန်း လေးတွေကို ပြေပြစ်လွန်းလှတဲ့ အဝန်းဝိုက်လေး တွေနဲ့ ပုံဖော်ပေးထားတာကြောင့် သပ်ရပ်လှပ လွန်းတဲ့ ဖုန်းတစ်လုံး ဆိုတာတော့သေချာတယ်။
 Touch and Screen
HTC One S ရဲ့ LCD Screen အရွယ်အ စားကတော့ 4.3" ပါရှိတဲ့အတွက် လူကြီးလူငယ် မရွေး အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ဒီပြင် Super ALMOED နည်းပညာကို အသုံးပြုထား လို့ Touch Performance ကိုလည်း အကြိုက် တွေ့စေမှာပါ။ အရောင်အသွေးနဲ့ ရုပ်ထွက်အရည် အသွေးဟာ လည်း Super ALMOED နည်းပညာ သုံးထားတဲ့ အတွက် အလွန် ကြည်လင်ပြတ်သားတဲ့ အရည်အသွေးကို ရရှိစေမှာပါ။ Resolution က တော့ 960x540 ရရှိပြီး Pixel Density အနေနဲ့ ကတော့ 256 ppi ရရှိနိုင် တဲ့အတွက် ဖုန်းနဲ့ Movie ကြည့်တဲ့အခါမှာ ကောင်းမွန်လှတဲ့ ရုပ်ထွက် အရည် အသွေးကို ရရှိစေမှာပါ။
 Audio
အသံပိုင်းမှာတော့ Beats by Dr.Dre ရဲ့ Beats Audio System နဲ့ အားဖြည့်ထားပါတယ်။ Beats Audio ပါဝင်တဲ့အတွက်ကြောင့် HTC One S ရဲ့ အသံပိုင်းဆိုင်ရာ အရည်အသွေးဟာ ဘယ်ဖုန်းနဲ့မှ မတူအောင် ကောင်းတယ် ဆိုတာတော့ အသေအချာပါပဲ။ Beats Audio System ပါဝင် တဲ့အတွက် Dr.Dre Beats နားကြပ်မသုံးဘဲ ဖုန်း ရဲ့ Built-in Speaker အသုံးပြုမယ် ဆိုရင်တောင် Dr.Dre ရဲ့ Beats Audio Performance ကို အပြည့်အဝ ရရှိမှာပါ။ ဒီ့ပြင် Beats by Dr.Dre က ထုတ်လုပ်ထားတဲ့ ur Beats Earphone, Beats Solo Headphone တို့နဲ့ နားထောင်တဲ့ အခါမှာလည်း တကယ့် Stereo နဲ့ HD Quality ကို ရရှိစေမှာပါ။
 Camera
ခုခေတ်မှာ ဖုန်းသုံးတဲ့ လူတော်တော်များများ ကတော့ ဖုန်းဝယ်ပြီ ဆိုရင် ဖုန်းရဲ့ အခြား Entertainment Function တွေကိုပါ အလေး ထားပြီး ဝယ်လာကြတယ် ဆိုတာကို HTC က လျစ် လျူရှုမထားပါဘူး။ ဒါကြောင့် HTC One S မှာ Camera Performance ကိုလည်း အထူးတလည် မြှင့် တင်ထားပေးပါတယ်။ Flash Light ပါဝင်ပြီး 8 Mega Pixelsဆိုတဲ့ Camera အရည်အသွေး ကတော့ ဓာတ်ပုံ ရိုက်ချင်သူတွေ အတွက် အကြိုက် တွေ့စေမှာပါ။ 1.3 Mega Pixels ရှိတဲ့ Front Camera လည်း ပါဝင်ပါတယ်။ ဒီ့ပြင် Video Recording အတွက်လည်း ကြည်လင်ပြတ် သား စေတဲ့ 1080 p ရှိတဲ့ HD Resolution ကိုလည်း ထောက်ပံ့ပေး မှာဖြစ်ပါတယ်။ အခြားဖုန်းများနဲ့မတူ တဲ့ Camera အရည်အသွေး တစ်ခု ကတော့ ပုံတွေ ရိုက်တဲ့အခါမှာ Camera Button ကို ဖိထားရုံနဲ့ ပုံပေါင်း ၉၉ ပုံအထိ ဆက်တိုက်ရိုက်ယူနိုင်တဲ့ နည်း ပညာပါဝင်တယ်လို့ HTC က ဆိုထား ပါတယ်။ HTC One S ရဲ့ Camera နည်းပညာကတော့ Smart Phone တွေထဲမှာ ပြိုင်စံရှားပါပဲ။
 Wireless Network
HTC One S မှာ Wireless Network အနေနဲ့ Wi-Fi 802.11 b/g/n အမျိုးအစားပါဝင် ပြီး HSDPA, HSUPA နည်းပညာများကြောင့် Network အတွင်း Data အသုံးပြုမှုနှုန်းကို မြန် ဆန်စေမှာပါ။ ဒီပြင် Bluetooth ကိုလည်း Version 4 အသုံးပြုထားတဲ့အတွက် ဘယ်လို Bluetooth အမျိုးအစားနဲ့မဆို အလွယ်တကူချိတ် ဆက်အသုံးပြုနိုင်မှာပါ။
Processor and Memory
HTC One S မှာ ကောင်းမွန်မြန်ဆန်လှတဲ့ Qualcomm Snapdragon S4 Processor 1.7 GHz Dual-Core ကို အသုံးပြုထားတဲ့ အတွက် Applications သုံးရင်ပဲဖြစ်ဖြစ် Games ဆော့ရင်ပဲဖြစ်ဖြစ် စိတ်ရှိလက်ရှိ အားပါးတရ အသုံး ပြုနိုင်မှာကိုတော့ စိတ်ပူစရာမလိုတော့ပါဘူး။ ဒီလို မြန်ဆန်လှတဲ့ Dual Core Processor ကို 1 GB LPDDR2 RAM နဲ့ အားဖြည့်ထားတဲ့အတွက် တစ်ချိန်ထဲမှာ Application နဲ့ ဂိမ်းများကို တစ် ပြိုင်နက် အသုံးပြုနိုင်မှာပါ။ Micro SD Slot မပါ ဝင်ပေမယ့် Built-In Storage Memory နဲ့ 16 GB ပါဝင်တဲ့အတွက် အသုံးပြုချင်တဲ့ Application နဲ့ Game တွေအပြင် သီချင်းတွေ ဓာတ်ပုံတွေကို လည်း စိတ်ကြိုက်ထည့်သွင်းထားလို့ ရပြီပေါ့။ ဒီ့ပြင် Web Base System ဖြစ်တဲ့ Dropbox ကို လည်း 25 GB အထိသုံးလို့ ရဦးမယ်ဆိုတော့ Data တွေ သိမ်းဆည်းဖို့ကို စိတ်ပူစရာမရှိတော့ တာ အမှန်ပါပဲ။
 Battery
HTC One S ရဲ့ ဘက်ထရီကိုတော့ 1650 mAh အားရှိတဲ့ Li Po Battery အမျိုးအစားကို အသုံးပြုထားပါတယ်။ 3G Network အတွင်းမှာ Talk Time အနေနဲ့ 9.45 hrs အသုံးပြုနိုင်ပြီး၊ Standby အနေနဲ့ကတော့ နာရီပေါင်း 430 hrs လောက်ခံမှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ HTC One S ဟာ စတိုင်ကျလွန်းတဲ့ ဒီဇိုင်းနဲ့ Body၊ ရုပ်ထွက်ပိုင်းမှာ Super AMOLED နည်း ပညာကြောင့် အားကောင်းလှတဲ့ Screen Resolution တွေ၊ အရည်အသွေးမြင့်မားလှတဲ့ Beats Audio System ကြည်လင်ပြတ်သားမှု အပြည့်ရှိတဲ့ Camera နဲ့ ကြာရှည်အသုံးခံတဲ့ Battery Life Time တွေဟာ HTC One S ကို ဒုတိယအကောင်းဆုံး Smart Phone ဖြစ်စေခဲ့ပါ တယ်။ HTC ရဲ့ One S ကို ဝယ်ယူချင်တယ် ဆိုရင် တော့ Dagon Center, Junction Square နဲ့ Yankin Center တို့မှာ ဖွင့်လှစ်ထားတဲ့ Hello ! by MK မှာ 1 Year "Full Warranty" နဲ့ အ ရည်အသွေးမှန် Products များကို ဝယ်ယူ ရရှိနိုင် ပါတယ်။ အခြားအသေးစိတ်များ သိရှိလိုလျှင် ဖုန်းနံပါတ် 09 421034030 ကို ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါတယ်။


Popular News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed