BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label ကျမ်းမာရေး. Show all posts
Showing posts with label ကျမ်းမာရေး. Show all posts

Sunday, February 16, 2014

ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ


မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရီ အလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည် မသောက်ပါနှင့်။

လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း (တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။


(၆) လမ်းမလျှောက်ပါနှင့်။

လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။

တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအာဟာရများကို စုပ်ယူရန် အခက်ခဲ ဖြစ်သွား ပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း အိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေ နိုင်တော့ပေ။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 9, 2014

စပျစ်သီးမှ ကုသပေးသော ရောဂါများ

စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
၁။ ပန်းနာ ပျောက်ကင်းစေခြင်း
ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။
၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း
စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ဝမ်းချုပ် ဝမ်း ပုံမှန် သွားစေပါတယ်။
၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ကို ကုသခြင်း
ကောင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်းထားပါတယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။
၎။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း
နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို တားဆီး ကာကွယ်ပေးပါတယ်။ သွေးထဲကို နိုက်ထရစ်အက်ဆစ်ဓာတ်တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကိုလျော့ချပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။
၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း
အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ပျောက်ကင်း၊ ကုသ ပေးတဲ့အပြင် စပစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိနေသေးကြောင်း သိရပါတယ်။ -- 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ငရုတ်သီး ၏ ကျန်းမာရေး အကျိုးကျေးဇူး

ဘယ်လောက်ပဲ ပူတယ်၊စပ်တယ် ပြောပြော ငရုတ်သီးက လူ့ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုနေတာကို ဘယ်သူမှ ငြင်းမရ ပါဘူး။
ငရုတ်သီးကို အရိုးအကျော် ရောဂါကုဆေးနဲ့ အရည်အပြား ယားနာ ပျောက်ဆေး တို့မှာ ထည့်သွင်း အသုံးပြုကြ ပါတယ်။ ငရုတ်သီး ပုံမှန် စားသုံးသူဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတဲ့ဆဲလ်များကို အမြဲ တွန်းလှန်နေတာကြောင့် ကင်ဆာရောဂါကိုလည်း မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ဆီးချိုရောဂါရှိသူများလည်း ပုံမှန် စားသုံးသင့်တဲ့ အစားအစာ အဖြစ် ပါဝင် ပါတယ်။ ငရုတ်သီးမှာ ဗစ်တာမင် စီ ကြွယ်ဝပြီး ကျန်းမာရေးအတွက် ပုံမှန်စားသုံးသင့်ကြောင်း ဆိုပါတယ်။
ကမ္ဘာမှာ အပူဆုံး၊ အစပ်ဆုံး ငရုတ်သီးအဖြစ် လက်ရှိ စံချိန်တင်ထားတာ ကတော့ ဖိလပိုင် နိုင်ငံမှ Siling labuyo လို့အမည်ရတဲ့ ငရုတ်သီး ဖြစ်ပါ တယ်။ မြန်မာပြည်မှာဆိုရင် ကုလားအော်သီး လို့ခေါ်တဲ့ ငရုတ်သီးနဲ့ မျိုးစိတ် နီးစပ်ကြောင်း သိရ ပါတယ်။
.
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူ့မစင်ဖြင့်လုပ်သော ဆေး အူနှင့်ဆိုင်သည့် ရောဂါ ပျောက်ကင်းစေ

အမေရိကန်မှာ နှစ်စဉ် အူနဲ့ သက်ဆိုင်တဲ့ ရောဂါကြောင့် လူဦးရေ ၁၄၀၀၀ သေဆုံးနေတာကြောင့် အမေရိကန်က ဆေးပညာရှင်တွေ၊ ဆရာဝန် တွေ ခေါင်းစားခဲ့ကြ ပါတယ်။ ၂၀၁၃ အောက်တိုဘာလမှာတော့ အဖြေကောင်း တစ်ခု ရရှိခဲ့ ပါတယ်။ ယင်းကတော့ လူ့မစင်ကို အသုံးပြုလို့ ဆေးဝါးဖန်တီးခြင်းပဲ ဖြစ်ပါတယ်။
လူ့မစင်ကို ဆေးဝါးအဖြစ် ပြုလုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ မစင်က ဘက်တီးရီးယား၊ ပိုးမွားအားလုံးကို သေချာသန့် စင်ပြီး သောက်ဆေး ဆေးတောင့် ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ ယင်း ဆေးက C-diff လို့ခေါ်တဲ့ အူလမ်းကြောင်းကို ထိခိုက် ပျက်စေသော ပိုးကို သတ်ပေးပါတယ်။ ဒါကြောင့်မို့ အူနဲ့ သက်ဆိုင်တဲ့ ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော တို့ကို ပျောက်ကင်း စေပြီး မှီဝဲ သင့်တဲ့ ဆေးစွမ်း ဖြစ်ကြောင်း ဆိုပါတယ်။
မစင်နဲ့လုပ်တယ်ဆိုတဲ့အချက်နဲ့ သောက်ဖို့ ခဲယဉ်းနေသူ အချို့ ရှိပေမယ့် ယင်းဆေးကို သောက်သုံးဖို့ အမေရိကန်က ဆရာဝန်များက ထောက်ခံ ချက် ပေးလို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!



ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!ငါးမိနစ်အတွင်း ပဲ.... မင်း ခေါင်းကိုက်တာ သက်သာ သွားမှာနှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ့ ညာဘက်ခြမ်းဆိုတာ ရှိပါတယ်ကျွန်တော်တို့ က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို့ နဲ့ ရှုထုတ်ဖို့ သုံးရပါတယ်အမှန်တကယ်မှာတော့ .... သူတို့ က မတူကွဲပြားကြပါတယ်
သူတို့ ရဲ့ မတူညီကွဲပြားမှုတွေ ကို မင်း ခံစားနိုင်ပါလိမ့်မယ်နှာခေါင်း ညာဘက်ပေါက် က နေ(sun) ကို ကိုယ်စားပြုပါတယ်နှာခေါင်း ဘယ်ဘက်ပေါက် က လ(moon) ကို ကိုယ်စားပြုပါတယ်
ခေါင်းကိုက်နေစဉ်မှာ ...
ညာဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ဘယ်ဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ငါးမိနစ်ကြာ တဲ့ အခါ .... မင်း ခေါင်းကိုက် သက်သာတာကို တွေ့ ရပါလိမ့်မယ်

မင်း ပင်ပန်းနွမ်းနယ် တဲ့အခါမျိုးမှာတော့ ... ဒီ နည်းကို ပြောင်းပြန် သုံးကြည့်လိုက် ရုံပါပဲ...
ဘယ်ဘက် နှာခေါင်းကို ပိတ်ကြည့်လိုက်ပါ
ပြီးတော့ ညာဘက် နှာခေါင်း နဲ့ ပဲ အသက် ရှု ပါ
ခဏ အကြာမှာ ..... မင်းစိတ်က Refresh တစ်ဖန် ပြန်လန်းဆန်း လာတာကို မင်း ...ခံစားရပါလိမ့်မယ်

နှာခေါင်း ညာဘက်ခြမ်းက အပူ နဲ့ သက်ဆိုင်ပါတယ် .... ဒါ့ကြောင့် အလွယ်တကူ အပူချိန်တက် နိုင်ပါတယ်
ဘယ်ဘက်ခြမ်းက အအေး နဲ့ သက်ဆိုင်ပါတယ်

အမျိုးသမီး အများစုက ဘယ်ဘက်နှာခေါင်း နဲ့  အသက်ရှုထုတ်လုပ်တာ များပါတယ်
ဒါ့ကြောင့် သူတို့ တွေ က အပူချိန်ကျ တာ၊ အေးကိုင်းတာ မြန်ပါတယ်
အမျိုးသား အများစုကတော့ အလုပ်လုပ်နေ စဉ်တွေ မှာ ....ညာဘက် နှာခေါင်း နဲ့ အသက်ရှုတာများပါတယ်

မင်းဒါကို သတိထားမိသလား ???? မင်း အိပ်ရာက နိုးလာရင်.... နှာခေါင်း ဘယ်ဘက်ခြမ်း နဲ့ အသက်ရှု ရတာ ပိုကောင်းသလဲ ?
ဘယ် လား ? ညာ လား ?

အကယ်လို့  ဘယ်ဘက်က ရှုရတာ ပို သက်တောင့်သက်သာ ရှိနေပြီး မင်းဟာ ပင်ပန်းနေ တယ်ဆိုပါတော့
ဒါဆိုရင် ..... မင်းရဲ့ ဘယ်နှာခေါင်း ကို ပိတ်ပြီး .... ညာ ဘက် နှာခေါင်း နဲ့  အသက် ရှုလိုက်ပါ
မင်း လျှင်မြန်စွာ လန်းဆန်း လာပါ လိမ့်မယ် ( ဒါက အိပ်ရာ ထထ ချင်း မလန်း မဆန်း ဖြစ်နေ တဲ့ သူတွေ အတွက် သင့်လျော်ပါ လိမ့်မယ် )

မင်း အဆက်မပြတ် ခေါင်းကိုက်တာတွေ ကို ခံစားဖူးလား ?
ဒီ အသက်ရှု ကုထုံး နဲ့  ကြိုးစားကြည့်လိုက် စမ်းပါ !!!!!!

ညာ နှာခေါင်းကို ပိတ်.... ဘယ် နှာခေါင်းနဲ့ ရှု
မင်းခေါင်းကိုက်တာ သက်သာသွား လိမ့်မယ်
ဒီ လေ့ ကျင့်ခန်းကို တစ်လ လောက် စွဲလုပ်ကြည့်ပါ

ဘာလို့  မလုပ်နိုင်ရမှာ လဲ ?
ဒါ သဘာဝ ကုထုံးလေ .... ဆေးဝါးကုသမှုတွေ မှ မပါတာ .... !!!!!!

Facebook

ဘာမထီ ကနှောင်သားလေး Blog မှကူးယူဖေါ်ပြပါသည်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 26, 2013

သုံးရက် သောက်ရုံနဲ့ ကျောက်ကပ်ရောဂါ ပျောက်သည် ဆိုသော ရွှေကြူဆောင်၊ ရွှေဝါပင်

ရွှေကြူဆောင် ရွှေဝါပင်ဟု ခေါ်သော ဆေးဖက်ဝင် အပင် တစ်မျိုးကို မြန်မာ၊ ဗီယက်နမ်၊ တရုတ်၊ မလေးရှားနှင့် စင်ကာ ပူနိုင်ငံတို့၌ တွေ့ရလေ့ ရှိသည်။ ဆေးပင်၏ အရွက် ၁၅ ကျပ်သားခန့် ကို ရေဖြင့်စင်အောင် ဆေး၍ သုံးနာရီခန့် ကြာအောင် ကျိုချက်ပြီး
ရရှိလာသည့် ဆေးရည်ကို ဖန်ခွက်တစ်ခွက် စာသုံးရက် ဆက်တိုက် သောက်သုံးပါက ကျောက်ကပ် ရောင်ခြင်း၊ ဆီးလမ်းကြောင်း ရောင်ခြင်း၊ ဆီးနှင့်ဝမ်းတွင် သွေးပါခြင်း၊ အသည်း ရောင်အသားဝါ၊ အူနှင့် အစာအိမ် ရောဂါ တို့ကို သက်သောပျောက်ကင်း စေသည့်အ ပြင် အသားအရေ နီမြန်း၍ ရောင်ယမ်းခြင်း၊ ကိုယ်တွင်း အပူကျခြင်း၊ ဆီးသွားအား မရ သည်။အလျူမီနီယံ အစရှိသော သတ္တုအမျိုး အစား အိုး၊ခွက်တို့ဖြင့် ကျိုချက် မိပါက အဆိပ်သင့်မှု ဖြစ်ပေါ်တတ်သဖြင့် အထူး သတိပြုရှောင်ကြဉ်ရန် လိုအပ်ကြောင်း သိရ သည်။ ဈေးနှုန်းမှာ အပင်အရွယ်အစားအ လိုက် ကျပ် ၁၅၀ဝ၊ ၂၀ဝ၀၊ ၃၀ဝ၀ ရှိပြီး ရန်ကုန်မြို့၊သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်၊ ယမုံနာ လမ်းမကြီးရှိ စိမ်းလဲ့မြိုင် ပျိုးပင်အရောင်း ဆိုင်၌ ဝယ်ယူရရှိ နိုင်သည်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, July 9, 2013

အိပ်ရေးဝအောင် အိပ်ခြင်းဖြင့် အမျိုးအစား(၂) ဆီးချိုသွေးချိုကို ကာကွယ်နိုင်

အိပ်ရေးပျက် ခဲ့သောသူများ အနေဖြင့် အိပ်ချိန် ပြည့်မီအောင် ရုံးပိတ် ရက် ၃ ညတွင် အစားထိုး အိပ်စက်ခြင်း ဖြင့် ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်ခြေ အခွင့်အလမ်းလျော့ နည်းစေမှာ ဖြစ်ကြောင်း လေ့လာချက် အရ သိရပါတယ်။ အိပ်ရေးဝအောင် အိပ်ခြင်းအား ဖြင့် သွေးတွင်း သကြားဓာတ် များကို သုံးစွဲနိုင်အောင် ကူညီပေးသော အင်ဆူ လင်ဟော်မုန်း Sensitivity ကို ပိုမို ကောင်းမွန်စေမှာ ဖြစ်ကြောင်း တွေ့ရှိ ထားခြင်းကြောင့် ဖြစ်ပါတယ်။ လူ အများစုဟာ ရုံးဖွင့်ရက်တွေမှာ အလုပ် များခြင်းကြောင့် လည်းကောင်း၊ လူနေ မှု အကျင့်စရိုက်ကြောင့် လည်းကောင်း အိပ်ရေးမဝဘဲ ရှိတတ်ကြ ပါတယ်။ သူတို့ဟာ တာရှည်အိပ်ရေးပျက်လာ လျှင် ဆီးချိုသွေးချိုဖြစ်နိုင်ခြေများလာ တတ်ပါတယ်။ ဒါကြောင့် သောကြာ၊ စနေ၊ တနင်္ဂနွေည များတွင် လျော့ နည်းသွားသော အိပ်ချိန်များကို ရအောင် အစားထိုးပြီး အိပ်ခြင်း အားဖြင့် အိပ်ချိန် ပြန်လည် လုံလောက်စေပြီး အမျိုး အစား(၂)ဆီးချို သွေးချိုရောဂါ ဖြစ်နိုင် ခြေ အခွင့်အလမ်း နည်းပါးသွားစေ ခြင်းဖြစ်ကြောင်း သိရပါတယ်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, March 20, 2013

ခါးသက်သော အစားအစာများက ရင်ကျပ်ပန်းနာဝေဒနာကို ကုသနိုင်

ကြက်ဟင်းခါးသီး၊ ကင်ပုံးသီးလိုမျိုး ခါးသက်တဲ့ အစား အစာတွေကို စားတာကြောင့် ရင်ကျပ်ပန်းနာ ဝေဒနာ ကို သက်သာနိုင်တယ်လို့ မစ်ဆာချူးဆက် ဆေးတက္က သိုလ်မှ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ အစားအစာတွေ ကို ခါးသက်တဲ့ အရသာဖြစ်စေတဲ့ ပစ္စည်းဟာ လေပြွန်တွေကို ကျယ်စေတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုကြောင့် ရင်ကျပ်ပန်းနာနဲ့ နာတာရှည် လြွေပန်ပိတ်ဆို့မှုရော ဂါတွေကိုကုသရာမှာ တိုး တက်ကောင်း မွန်လာတော့မယ်လို့ ဆိုပါတယ်။ အရသာအာရုံကို လျှာမှာရှိတဲ့ အာ ရုံခံဖုတွေက အာရုံခံပါတယ်။ ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါးဆိုတဲ့ အရသာ ငါးမျိုးရှိပါတယ်။ အခါးကို အာရုံခံမှုဟာ ခန္ဓာကိုယ် တွင်း အဆိပ်ဖြစ်စေမယ့် အရာတွေအတွက် ပိုမိုတက် ကြွမှုရှိတယ်လို့ ဆိုပါတယ်။ ဒီအာရုံခံ ဖုတွေဟာ ခန္ဓာ ကိုယ်တွင်း တခြားဆဲလ်တွေမှာလည်း ရှိနေတတ် ပါတယ်။ အထူးသဖြင့် ခါးတဲ့အရသာကို အာရုံခံတဲ့ အဖုဟာ လေပြွန်အတွင်း ကြွက်သားတွေမှာလည်း ရှိနေတတ် ပြီး ခါးတဲ့အရသာရရင် ဆဲလ်တွေကို Relax ရရှိစေပါတယ်။ ရင်ကျပ်ပန်းနာ ထလာရင် လြွေပန်ကြွက်သားတွေက ညှစ်အားရလာ တဲ့အတွက် လေပြွန်ကျဉ်း မြောင်းသွားပြီး အသက်ရှူရ ခက်ခဲလာ ပါတယ်။ အခါးအရသာရှိတဲ့ပစ္စည်းဟာ အဲဒီလေပြွန် ကြွက်သားတွေကို Relax ရကာ လေပြွန်ကျယ်စေတာကြောင့် ရင်ကျပ် ပန်းနာရောဂါ သက်သာစေနိုင်ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, March 2, 2013

ဟန်းဖုန်း ခေါင်းအုံးမအိပ်ပါနှင့်

ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ်ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေလောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။
သူ့ဆီကနေ ထွက်တဲ့ ရေဒီယိုဓာတ်ကြွရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေအပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံးကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမိုခံရပါတယ်။ ဦးနှောက်အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန်နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင်ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက်ကင်ဆာတို့ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။
ယနေ့ ကမ္ဘာရဲ့  ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့နေရပြီး ဒါတွေကို သိရှိနားလည်လို့ အတတ်နိုင် ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, January 17, 2013

လေးညှင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ


လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။
(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း
လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေးစတာတွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင် မှုကိုလည်း သက်သာစေပါတယ်။
(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း
လေးညှင်းဆီမှာ ဖလေဗိုးနွိုက်ပမာ ဏပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း မှုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ ကုထုံးသုံးသူတွေက အဆစ်ရောင်ရမ်းနာ နဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကု သနိုင်ဖို့ လေးညှင်းဆီအစစ်ကို သုံးကြပါ တယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။
(၃) ပိုးသတ်အာနိသင် ရှိခြင်း
လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုး သတ်အာနိသင်ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ်မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာြွကက်သားတောင့်တင်းမှုကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။
(၄) အစာကြေစေခြင်း
လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာစေပါတယ်။
(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း
လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက် ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်းမှာပါ တဲ့ ယူဂျီနောဟာ အစာခြေစနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။
(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း
လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေး တွေကို သန့်စင်စေတာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန်စေကာ ရော ဂါမျိုးစုံကို တွန်းလှန်ပေးနိုင်ပါတယ်။
(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ
လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင် နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့် တွန်းလှန်ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
ကြယ်စင်
Good Health

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ


အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။
လုပ်ပုံလုပ်နည်း ငှက်ပျောသီးရဲ့  အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ်အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့ ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝအကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက် ရပါတယ်။ 
--
Ref: medic-facts
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, December 22, 2012

ကမ္ဘာပေါ်တွင် ဆေးလိပ်ကြောင့် ၈ စက္ကန်တွင် တစ်ဦးသေ

စစ်တမ်းကောက်ယူမှုအရ  ၈ စက္ကန့်မှာ တစ်ဦးနှုန်း သေနေတာက အသည်း နဲ့ အရေအပြား ကင်ဆာရောဂါကြောင့် ဖြစ်ပြီး ယင်းရောဂါရဲ့  ဇစ်မြစ် က ဆေးလိပ်သောက်သုံးခြင်း ဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်ပြီး သေဆုံးတဲ့ အမျိုးသား ၉၀ ရာခိုင်နှုန်း ဟာ ဆေး လိပ်ကြောင့် ဖြစ်ပြီး အနောက်တိုင်းမှာဆိုရင် အမျိုးသမီး ၄၀ ရာခိုင်နှန်း ဖြစ် ပါတယ်။ ဆေးလိပ်သောက်တဲ့ သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားအထိ ရှိလာပြီဆိုရင် ကင်ဆာဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်သုံးသူ ကိုယ်တိုင်မဟုတ်ပေမယ့် ဆေးလိပ်ငွေ့ ပုံမှန်ရှူ ရှိုက်နေရတဲ့ သူများလည်း ကင်ဆာရောဂါဖြစ်နိုင်ချေ အလားအလာက ပုံမှန်သောက်သုံးသူနဲ့ ကွာခြားမှု သိပ်မရှိကြောင်းလဲ သိရပါတယ်။
--
Ref: medic-facts

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, November 17, 2012

ထောပတ်သီးရဲ့ ကောင်းကျိုး

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ် သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံးပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုး နွယ်ဝင် သစ်သီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့အကြောင်းရင်း က မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထား သော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့တူလို့ ထောပတ်သီးလို့ အမည်ပေးထားဟန် တူပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် Avocado လို့ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့အပေါ်အရေခွံအရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီးပုံသဏ္ဌာန် ဖြစ်နေတဲ့အတွက် မိကျောင်းသစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင်တွေ ကတော့-
(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း
ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများအချို့က ကင်ဆာ ကလာပ်စည်းများကို ဖျက်ဆီးပစ်နိုင် ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်းထိခိုက်မှုမရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက Oleic Acid ပါဝင်မှုများပြီး၊ ၄င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
ထောပတ်သီးတစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ် သော Folate ဖောလိတ်အမည်ရှိ ဗီတာမင် B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ် က နှလုံးသွေးကြောရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံးကျန်းမာရေးကို အားပေးမြှင့်တင်ပေးနိုင်ပါတယ်။
(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်
ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက်စထရောလ်ပမာဏ ကို ကျဆင်းစေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့်စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေအခွင့်အလမ်း နည်း သွားစေပါတယ်။
(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း
ထောပတ်သီးထဲမှာပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ်ပေးပါတယ်။
(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း
Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်းရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက်အရွယ်ချင်းအတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။
(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း
ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ် တိုးခြင်းဖြစ်စဉ်များ မဖြစ်အောင် တားဆီးပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီပေးပါတယ်။
(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း
ကာရိုတင်နွိုက်လို့ခေါ်တဲ့ ပစ္စည်း တွေ ပါဝင်တဲ့အတွက် အဆီတွင် ပျော်ဝင်လွယ်သော အာဟာရဓာတ် များ စုပ်ယူမှု ပိုကောင်းစေပါတယ်။ ထောပတ်သီးအခွံနှင့် ကပ်လျက် အစိမ်းရင့်ရောင်ရှိသောအပိုင်းမှာ အများဆုံးပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီးအခွံသင်တဲ့အခါ အဲဒီ အစိမ်းရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲပါမသွားအောင် ဂရုစိုက်၍ လှီးပါ။
(၈) ထောပတ်သီး ဘယ်လိုစားမလဲ
ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုးရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်းများကို သိထားဖို့ အရေးကြီးပါတယ်။ ဒေါက်တာအယ်ဒီတာ တို့နိုင်ငံတွင် အများစုကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်းသုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထားရပါမယ်။ အကောင်းဆုံးကတော့ ထောပတ်သီး ကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံးပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့် ချေကာ အဲဒီထောပတ်သီး အနှစ်ထဲမှာ သခွားသီးအချောင်းများ၊ မုန်လာဥနီ အချောင်းများနှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက်နိုင်ပါသေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီး နှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။
ဒေါက်တာအယ်ဒီတာ
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, October 16, 2012

HIV ရောဂါပိုး ရှိ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် ကိရိယာ

HIV ရောဂါပိုးရှိ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုး ရှိ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာအား အမေရိကန် အစား အစာနှင့် ဆေးဝါးထိန်း ချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိကန်နိုင်ငံ တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။
အဆိုပါ ကိရိယာ Ora Quick ဖြင့်သွားဖုံး အပေါ်နှင့် အောက်ဖက်သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ် ခွဲခန်း သွားစရာမလိုဘဲ လိင် ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်း သပ်ပါက Negative ဖြစ်နေတတ် သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်း သပ် ရရှိသော ရလဒ်အား ဓာတ်ခွဲ ခန်းများတွင် ပြန်လည် စိစစ်ရန် လို အပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။
ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံခဲ့ရာ ၇ဝ ရာခိုင်နှုန်း က အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIVရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးေ၇ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါ ပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေ ကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။
Ref:New York Times 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, October 13, 2012

ဒိန်ချဉ်ကိုစားခြင်းကြောင့် သွေးဖိအား မြင့်တက် မှုကို ကာကွယ်နိုင်

ကယ်လိုရီနည်းစွာ ပါဝင်တဲ့ ဒိန်ချဉ်ကို နေ့စဉ်စားသုံး ပါက သွေးဖိ အား မြင့် တက်မှု ဖြစ်နိုင်ခြေ လျော့နည်းကြောင်း လေ့လာမှု အသစ်အရ အကြံပေး ထား ပါတယ်။
အမေရိကန် နှလုံးရောဂါအဖွဲ့မှ သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ချက်အရ ဒိန်ချဉ်ကို ရေရှည် စားသုံးသူတွေဟာ အပေါ်သွေးဖိအား နိမ့်ကျနိုင်ကြောင်းနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ သွေးဖိအား မြင့်တက်တာကို ကုသမှု မခံယူရင် သွေးကြောတွေ ပျက်စီးနိုင်ပြီး သွေးကြောတွင်း အမာရွတ်တွေ ဖြစ်တတ်ပါတယ်။
သွေးကြောတွေမှာ ဒဏ်ရာ ရရှိတာကြောင့် သွေးကြောတွင်း ရောက်ရှိလာတဲ့ ကိုလက်စထရောနဲ့ သွေးခဲဖတ်လို အစအနလေးတွေဟာ ဒဏ်ရာ ရှိတဲ့ နေရာမှာ တွယ်ကပ်နေတတ်ပြီး သွေးကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းတွေ များစွာ ပါဝင်ပြီး ဗိုက်ပြည့်တင်းမှု ရရှိစေကာ အရည်ဓာတ်ကိုလည်း ရရှိစေပါတယ်။ လေ့လာမှုပြုသူတွေဟာ သွေးတိုးရောဂါ မရှိသူ လူပေါင်း ၂၀၀၀ ကျော်ကို ၁၅ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ရာမှ ဒိန်ချဉ်ကို ရေရှည်သောက်သုံးသူတွေဟာ သွေးတိုးရောဂါ မဖြစ်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, October 7, 2012

ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ်

ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ် ရာမှာနှင့် တိုက် ဖျက်ရာမှာ အစွမ်း ထက်မြက်ကြောင်း လူသိ များပါတယ်။ အဲသလိုပဲ သင် လည်း သိထားမယ်။ သို့ပေမယ့် ဒီ စူပါ အစားအစာကို ဘယ်လို ပြင်ဆင် ချက်ပြုတ် သလဲ ဆိုတာကလည်း အရေး ကြီးတယ်။
အမေရိကန်ရှိ အီလီနွိုက် တက္ကသိုလ်က လေ့လာမှုသစ်တစ်ရပ် က ပန်းဂေါ်ဖီကို သင့်တင့်လျောက် ပတ်စွာ ပြင်ဆင်စားသောက်ခြင်းက ကင်ဆာတိုက်ဖျက်တဲ့ ဓာတုပစ္စည်း ဖြစ်တဲ့ (Sulforaphane) ကို မပျက် စီးအောင် ထိန်းသိမ်းပေးတယ်။ ချက် ပြုတ်တာ အချိန်ကြာရင် အင်ဇိုင်း တစ်မျိုးဖြစ်တဲ့Myrosinase ကို ပျက်စီးစေတယ်။ ယင်းအင်ဇိုင်းက Sulforaphaneဖြစ်ပေါ်ရာမှာအရေး ကြီးတယ်။ ၂ -၄မိနစ်ကြာ ရေနွေး ငွေ့တိုက်ခြင်းက အကောင်းဆုံးချက် ပြုတ်ခြင်း နည်းလမ်းပဲဖြစ်တယ်။ ပြင်ဆင်ချက်ပြုတ်ပုံသာ အရေးကြီး တာမဟုတ်။
ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီစိမ်းပင်ပေါက်များ ရောစပ် ချက်ပြုတ်ခြင်းက ယင်းရဲ့ ကင်ဆာ တိုက်ဖျက်ရေးအစွမ်းသတ္တိကို အင်အား တိုးစေတယ်။ ပန်းဂေါ်ဖီစိမ်း ပင်ပေါက် များမှာလည်းMyrosinaseအင်ဇိုင်း ပါဝင်တယ်။ ချက်ပြုတ်ပြီး ပန်းဂေါ်ဖီ စိမ်းနှင့် အပင်ပေါက်များရောပြီးစားခြင်း ဖြင့် အပင်ပေါက်များမှာပါတMyrosinase က ချက်ပြုတ်ရာမှာ ပျက်စီး သွားတဲ့Myrosinase နေရာကိုအစားထိုး နိုင်မှာ ဖြစ်ပါတယ်။
ဦးလှမြင့် (ဂန္ဓမာ) Ref : Health Today/March 2011
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကလေးငယ်များအား စွပ်ပြုတ်များတိုက်ကျွေးပါ

ကလေးငယ်များအား စွပ်ပြုတ်များတိုက်ကျွေး ခြင်းဖြင့်အဆိုပါ ကလေးငယ်များ အတွက် ပန်းနာ ရင်ကျပ် ဝေဒနာကို ကြိုတင်ကာကွယ်ရာရောက်ကြောင်း သိပ္ပံပညာရှင်များအဖွဲ့က စက်တင်ဘာ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အသီးအရွက်နှင့် အသားစွပ်ပြုတ်များတွင် ဗီတာမင်အီးြွကယ်ဝစွာ ပါဝင်သည့်အတွက် ကလေးငယ်များအနေဖြင့် နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် ပန်းနာရင်ကျပ် ရောဂါ ဖြစ်ပွားမှုကို တားဆီးနိုင်ကြောင်း သိရသည်။
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသက်ရှည်ချင်ရင် ၀ိုင်နီ သောက်

Resveratrol အမည်ရှိ ဝိုင်နီထဲ တွင် တွေ့ရသော ဒြပ်ပေါင်း တစ်ခုက အသက်ရှည်ခြင်း ၏ သော့ချက်ဖြစ် ကြောင်း လေ့လာမှု အရ တွေ့ရှိ ရပါသည်။ ယခင်ကတည်းက တွေ့ရှိ ထားသည်က အဆိုပါ ဒြပ်ပေါင်း သည် ကလာပ်စည်းတစ်ခုတည်းရှိသော တဆေးလို အပင်မျိုးမှသည် ယင် ကောင်များ၊ ကြွက်များအထိ သတ္တဝါ မျိုးကွဲမျိုးစုံကို အသက်ရှည်စေသည် ဟူ၍ ဖြစ်ပါသည်။
သုတေသီတစ်ဦး ဆက်လက် စမ်းသပ်လေ့လာမှုအရ ပျားကောင် များတွင် သင်ယူမှု စွမ်းရည်၊ အသက် ရှည်ခြင်းနှင့် အစာ လက်ခံခြင်းတို့တွင် ကောင်းကျိုးများ ရရှိစေကြောင်း တွေ့ရှိခဲ့ရပါသည်။ ပျားကောင်များ အသက်ကို ၃၃ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ပိုရှည်စေပြီး သူတို့ စားဖြစ်စေရန် ဆုံးဖြတ်ချက်ကိုလည်း ဖြစ်စေတယ်လို့ သိရပါသည်။ Resveratrol အင်တီအောက်စီးဒင့် တစ်ခုဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက်ပေါ်လာသော Free Radicals များကို ဖျက်ဆီးပေးတယ် လို့ဆိုပါသည်။ အဲဒီပစ္စည်းတွေက လူ့ရဲ့အသက်ကို သေစေပါသည်။ စမ်းသပ်စဉ် ပျားကောင် များအနေဖြင့် စိတ်ဖိစီးမှု ကြုံတွေ့နေ ရသော်လည်း အသက်ရှည်ကြောင်း တွေ့ရပါသည်။ အဲဒီဒြပ်ပေါင်းကျွေးထားတဲ့ ပျား ကောင်များက သကြားဓာတ်ကိုလည်း စိတ်ဝင်စားမှု နည်း သွားကြောင်း တွေ့ရပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, September 29, 2012

လေဆာစနစ် ဖြင့် ဆေးထိုးခြင်းကို ပြုလုပ်နိုင်တော့မည်

ကျန်းမာရေး ချို့ယွင်းသည့် အချိန် များတွင် ရောဂါ သက်သာ ပျောက်ကင်းစေရန်  ဆေးထိုးသည့်အခါ၌ အပ်အသုံးပြု၍ ဆေးထိုးရခြင်းကို ကြောက်ရွံ့သူများ အတွက် သတင်းကောင်း တစ်ရပ်အဖြစ်  နာကျင်မှု လုံးဝ မရှိစေမည့် လေဆာစနစ်ဖြင့် ဆေးထိုးခြင်း ကို ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ သုတေသန ပညာရှင်များက ယင်းလေဆာစနစ်ဖြင့် ဆေးထိုးခြင်းကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး နှစ်စဉ်နီးပါး ပုံမှန် ထိုးနေရသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ၊ ကလေးရောဂါ ကာကွယ်ဆေးများအပြင် အခြားသော ရောဂါမျိုးစုံအား ပျောက်ကင်းရန် ထိုးရသည့် ဆေးအားလုံးကို လေဆာစနစ်ဖြင့် ထည့်သွင်းနိုင်ရန် လမ်းစ ရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။
ထိုလေဆာစနစ်ဖြင့် ဆေးထိုးရာတွင်လည်း ပုံမှန်ဆေးထိုးသည့် စနစ်များအတိုင်း တိကျသည့် ဆေးပမာဏကို ခန္ဓာကိုယ် အတွင်း ရောက်ရှိစေ မည် ဖြစ်ပြီး ဆေးထိုး ခံရသူ အနေဖြင့် အရေပြားပေါ်သို့ ယပ်တောင်ဖြင့် ခတ်လိုက်သည့် အခါ လာရောက် တိုက်ခတ် သည့် လေပမာပင် ခံစား သိရှိနိုင်သည့် အတွက် ဆေးထိုးခံရခြင်းကို ကြောက်သူများအတွက် အလွန် အဆင်ပြေသည့် စနစ်ပင် ဖြစ်သည်။
၎င်းတို့အနေဖြင့် ဆေးရုံသုံး ပစ္စည်းတစ်ခု ဖြစ်လာရန် ရည်ရွယ် ဖန်တီးသွားမည်ဟု ပြောကြားထားပြီး ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြင့် ဖန်တီးနိုင်ရန် သုတေသန ပညာရှင်များက ဆက်လက် ကြိုးစားနေကြကြောင်း သိရသည်။
ZZ
Pyi Myanmar
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 19, 2012

သွေးတိုးကျစေသည့် စပျစ်သီးခြောက်

အဖွဲ့က နှစ်ပေါင်း ၂၀ ခန့်ကြာ စမ်းသပ် ဖော်ထုတ်ချက် အရ သိရှိ ရသည်မှာ ဖလေဗုန်း (Flavone) ဓာတ်များ ပေါကြွယ်ဝသော အစား အစာ၊ အသီးအနှံ များကို စားသုံးမှီဝဲ ပေးခြင်းအားဖြင့် ပါကင်ဆန်ရောဂါ (Parkinson's Disease) ကို သက် သာစေပြီး ဖြစ်ပွားခံစားရနိုင်ခြေကို လည်း လျော့နည်း သွားစေနိုင် ကြောင်းသိရှိရသည်။
ယင်းဓာတ်များ ပေါကြွယ်ဝစွာ ပါဝင်လျက်ရှိသော စပျစ်သီးအခြောက်ကို နေ့စဉ် ၃ ကြိမ်ခန့်၊ စပျစ်သီးခြောက် ၆၀ လုံးခန့်ကို စားသုံးမှီဝဲပေးလျှင် သွေး တိုးရောဂါအား သိသိသာသာ ကျဆင်းခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယင်းသုတေသနပြုချက်သည် အမေ ရိကန်နိုင်ငံ နှလုံးရောဂါလေ့လာရေး အဖွဲ့က သွေးတိုးရောဂါဝေဒနာရှင် ပေါင်း ၄၆ဦးကို လက်တွေ့စမ်းသပ် ချက်အရ မှန်ကန်ကြောင်း ထောက်ခံ အသိအမှတ်ပြုခဲ့သည်။
Ref : Sin Chew Daily (Malaysia)
ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed