ဒဏ်ရာကြောင့် သို့မဟုတ် ရောဂါကြောင့် မျက်စိကွယ်သွားသူ များအနေဖြင့် မြင်လွှာနေရာ၌ အစားထိုးနိုင်သော ဘိုင်အိုးနစ် မျက်လုံးများ မကြာမီပေါ်ပေါက် လာတော့မည်ဖြစ်ကြောင်း DMသတင်းဌာနက ဇွန်လ၁၅ရက်နေ့တွင် ဖော်ပြသည်။ ယင်းကို ပစ်တာစဘတ်မြို့ရှိ ကာနစ်ဂီမီယွန်တက္ကသိုလ်မှ ရှုန်းကီလီဆိုသူက တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းကိုမျက်မှန်တွင် တပ်ထားသော အလွန်သေးငယ်သည့် ကင်မရာနှစ်လုံးဖြင့် ပြုလုပ်ထားပြီး ယင်းကင်မရာများက ရိုက်ကူးရရှိသော ရုပ်ပုံများကို လူနာ၏ မျက်လုံး၌တပ်ဆင်ထားသော ကွန်ပျူတာချိစ်ပ်ပြားထံ ပို့ပေးသည်။ ၎င်းချိစ်ပ်ပြားက လျှပ်စစ်စီးကြောင်းများကို ဝိုင်ယာကြိုးငယ်တစ်ခုမှ တစ်ဆင့်မြင်လွှာနောက်တွင် တပ်ဆင်ထားသော ဖလင်ပြားတစ်ခုဆီသို့ ပို့ပေးသည်။ ယင်းကမြင်လွှာ နာ့ဗ်ကြောများအား လှုံ့ဆော်ပေးပြီး အချက်အလက်များကို ဦးနှောက်ဆီသို့ ပို့ပေးကာ ရုပ်ပုံများကို မြင်ရစေသည်။
Tuesday, July 24, 2012
အသက်ကြီးသော ဖခင်မှရသည့် ကလေးများ အသက်ပိုရှည်နိုင်
အသက်ကြီးတဲ့ဖခင်မှ ရရှိသည့် ရင်သွေးငယ်များ ဗီဇဂျင်းအစီအစဉ်အရ ပိုမိုအသက်ရှည်နိုင်ကြောင်း အမေရိကန်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သူတို့တွေရဲ့သုက်ပိုးမှာ ဗီဇဂျင်းတွေ အပြောင်းအလဲဖြစ်တာကြောင့် မွေးလာတဲ့ကလေးငယ်တွေမှာ အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။ အမျိုးသားသိပ္ပံအကယ်ဒမီမှ လေ့လာမှုပြုလုပ်သူတွေဟာ အမျိုးသား၁၇၇၉ ယောက်ရဲ့ DNAတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အသက်ရှည်တာဟာ DNAခေါ်တဲ့ ခရိုမိုဆုမ်းအစွန်းမှ ဖုံးအုပ်ထားတဲ့တယ် အိုမီးယားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက သိထားကြပါတယ်။ တယ်အိုမီးယားတွေဟာ ခရိုမိုဆုမ်းတွေ မပျက်စီးအောင် ကာကွယ်မှုပေးထားပြီး များသောအားဖြင့် အသက်အရွယ်ကြီးတာကြောင့် တယ်အိုမီးယားတွေ တိုသွားတတ်ပါတယ်။ ဒါပေမဲ့သုက်ပိုးတွေရဲ့ တယ်အိုမီးယားဟာ အသက်ကြီးလာတာနဲ့အမျှ ပိုရှည်လာတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ တယ်အိုမီးယားတွေ တိုနေတာဟာ အသက်တိုတယ်လို့ အဓိပ္ပာယ်ရပြီး တယ်အိုမီးယား ရှည်ရင် အသက်ပိုရှည်နိုင်ပါတယ်။ ကလေးအဖေဖြစ်မယ့်အချိန်မှာ သူရဲ့ဖခင်ဟာ အသက်ပိုကြီးလေလေ တယ်အိုမီးယား ပိုရှည်လေလေလို့ သိရပါတယ်။ အသက်ကြီးမှ ကလေးအဖေဖြစ်ခဲ့ရင် ကိုယ်ဝန်ပျက်ကျ နိုင်ခြေများပေမယ့် ရေရှည်အနေနဲ့ မွေးလာတဲ့ကလေးတွေမှာ အသက်ရှည်နိုင်တယ်လို့ ဆိုပါတယ်။ တယ်အိုမီးယားတွေ ရှည်တာကြောင့် တစ်သျှူးတွေနဲ့ ဆဲလ်ကြီးထွားမှုမြန်ဆန်တာနဲ့ ဆက်စပ်နေတဲ့ ခုခံအားစနစ်၊ အရေပြားနဲ့ အူတွေရဲ့လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်မှု ပိုမိုများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့
တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်တွင် မိဘနှစ်ဦး အလုပ်သွားနေခိုက် ရှစ်လအရွယ် သမီးငယ်ကို အဘွားဖြစ်သူနှင့် ထားခဲ့ရာ အဘွားဖြစ်သူက လက်နှစ်ဖက်စလုံး ကို ခုတ်ဖြတ်ပစ်ခဲ့သည်ဟု DMသတင်း ဌာနကဇွန်လ ၂၆ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါ အဘွားဖြစ်သူမှာလည်း ကလေးငယ်၏ လက်များကို ခုတ်ဖြတ်ပြီးနောက် မိမိကိုယ်မိမိ သေကြောင်းကြံခဲ့ရာ ယခုတိုင် သတိမေ့မြောနေဆဲ ဖြစ်သောကြောင့် ကလေး၏လက်များကို ခုတ်ပစ်ရ သည့်အကြောင်းရင်းကို သိရှိရခြင်း မရှိ သေးဟုဆိုသည်။ ကလေးငယ်၏ မိခင်သည် အိမ်သို့ပြန်ရောက်လာသည့်အခါ ကလေးငယ်အားချီလျက် ဆေးရုံသို့၁၀မိနစ်အတွင်း အရောက်ပြေးခဲ့သည်။ ဆေးရုံသို့ ရောက်ရှိသည့်အခါ ခင်ပွန်းထံ အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့ ဖုန်းဆက်လျက် ကလေးငယ်၏ လက်နှစ်ဖက်ကို အိမ်သို့ပြန်ယူခိုင်းခဲ့သည်။ ဆရာဝန်များက ၁၂နာရီကြာသည့် ခွဲစိတ်ကုသမှု ပြုလုပ်ကာ ကလေးငယ်၏ လက်နှစ်ဖက်ကို အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့သည်။ ကလေးငယ်အား နောက်ထပ်ကုသမှုများပေးရန် လိုအပ်သေးသော်လည်း ကလေးငယ်၏ လက်များသည် အပြည့်အ၀ အလုပ်ပြန်လုပ်နိုင်လိမ့်မည် ဟုဆိုသည်။ လစာငွေ အများဆုံး ရရှိသည့် ကစား သမားစာရင်းတွင် ပါဝင်လာ မည့် ဒေးဗစ်ဆေးလ်ဗား
လာမည့် အပတ်ထဲတွင် စာချုပ်သစ် ချုပ်ဆိုမည့် ဒေးဗစ်ဆေးလ်ဗား သည် မန်စီးတီး အသင်း၏ လစာငွေ အများဆုံး ရရှိသည့် ကစားသမား စာရင်းတွင် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် (၁၃၀၀၀၀) ရရှိနေသည့် ဆေးလ်ဗားသည် ယမန်နှစ် ရာသီက ပြသခဲ့သည့် ခြေစွမ်းကြောင့် လစာငွေ တိုးမြှင့်ရရှိမည် ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀၀၀၀)ကျော် ရရှိခဲ့မည် ဖြစ်ပြီး ယာယာတိုရေး၊ တီးဗက်ဇ် နှင့် အဂူရိုတို့ ရရှိသည့် လစာငွေနှင့် တူညီသွားမည် ဖြစ်သည်။ ဆေးလ်ဗား၏ အေးဂျင့် ဖြစ်သူနှင့် စီးတီးအသင်း၏ ကိုယ်စာလှယ်တို့သည် ဘာစီလိုနာမြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဆေးလ်ဗားသည် သူ၏ အားလပ်ရက် အပြီးတွင် (၄) နှစ် သက်တမ်းရှိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ် အသင်းမှ ချဉ်းကပ်ခြင်း ခံခဲ့ရသော်လည်း ဆေးလ်ဗားသည် သူ၏ အနာဂတ်အား မန်စီးတီး အသင်းတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
Subscribe to:
Comments (Atom)











Rangoon Time