BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, September 13, 2011

ဆွာရက်ဇ်သည် လီဗာပူးလ်၏ ဂန္တ၀င် ကစားသမား တစ်ဦး ဖြစ်လာမည်ဟု ဂျရတ် ဟောကိန်းထုတ်

ဒဏ်ရာကြောင့် အနား ယူနေရပြီးမှ ယခုအခါ အသင်းနှင့်အတူ အင်ပြည့်အားပြည့် လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေသည့် အသင်း ခေါင်းဆောင်က လီဗာပူးလ် တိုက်စစ်တွင် အထူး ခြေစွမ်း ပြနေသည့် ဆွာရက်ဇ်၏ အနေ အထားကို အားရ ကျေနပ်လျက် ရှိသည်။ လီဗာပူးလ်သည် စနေနေ့က စတုတ်ခ် စီးတီးကို (၁-၀)ဖြင့် အရေး နိမ့်ခဲ့ သော်လည်း ဆွာရက်ဇ်သည် တစ်ဖက်အသင်း ခံစစ်ကြောင်းကို တောက်လျှောက် ဖိအားပေး ခြိမ်းခြောက် သွားနိုင်ခဲ့သည်။ ဂျရတ်က အသက် (၂၄)နှစ်ရှိ တိုက်စစ်မှူး အနေနှင့် အဆိုပါ ခြေစွမ်းကို ထိန်းထား နိုင်ပါက မာဆေး ဆိုက်ဒ်တွင် ၎င်း၏ အမည်ကို ဂန္တ၀င် တွင်အောင် ရေးထိုး နိုင်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။


ဂန္တ၀င် ကစားသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် ဆွာရက်ဇ်

"ဆွာရက်ဇ်ဟာ လီဗာပူးလ် ဂန္တ၀င် တစ်ယောက် ဖြစ်မလာဘူး ဆိုတဲ့ အကြောင်းရင်းမျိုး ကျွန်တော် ရှာမတွေ့ဘူး။ သူဟာ ငယ်ရွယ် သေးတာကြောင့် ခုထက်ကို ခြေစွမ်း တက်လာဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ပြိုင်ဘက်တွေ အတွက် တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ဖြစ်နေမှာပါ။ သူဟာ ပွဲစဉ်တွေ ကစားနေရင်း ပိုပြီး သင်ယူ ရင့်ကျက် လာသလို ခြေစွမ်းလည်း ကောင်းမွန် လာပါလိမ့်မယ်။ သူ့အနေနဲ့ အသင်းမှာ အချိန် အကြာကြီး ဆက်ကစား နေမယ်ဆို လီဗာပူးလ်ရဲ့ အနာဂတ်မှာ ကြီးကျယ် ခမ်းနားတဲ့ နေရာ တစ်ခုက ပါဝင်ခွင့် ရပြီး သမိုင်းတစ်ခု ရေးထိုး နိုင်မှာပါ" ဟု ဂျရတ်က အသင်းဖော် အပေါ် သုံးသပ် ချီးကျူးခဲ့သည်။

ဂျရတ်က "ဆွာရက်ဇ်ဟာ သိပ်ကို ထက်သန် တက်ကြွပြီး ဘောလုံးဦးနှောက် ကောင်းမွန်တဲ့ ကစားသမားမျိုးပါ။ သူဟာ ပွဲတွေ ကစားဖို့နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ အတွက် ဘယ်တုန်းကမှ နှောင့်နှေး နေတာမျိုး မဟုတ်ပါဘူး" ဟုလည်း ဆွာရက်ဇ်နှင့် ပတ်သက်ပြီး လီဗာပူးလ် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ မှတ်ချက်ပြု ပြောဆိုသွားသည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခြေစွမ်း ပြန်ကောင်း လာခြင်းမှာ ရော်နယ်လ်ဒိုနှင့် အိုဇေးလ်တို့၏ ထောက်ပံမှုကြောင့်ဟု ဘန်ဇီးမားဆို

Share |

မိမိ၏ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိ လာမှုတွင် သူငယ်ချင်းများ ဖြစ်သော ခရစ္စ တီယာနို ရော်နယ်လ်ဒိုနှင့် မီဆွတ် အိုဇေးလ် တို့ထံမှ အထောက်အပံ့ ကောင်းများ ရရှိခဲ့ကြောင်း ကီရင်မ်ဘန် ဇီးမားက ပြောကြားလိုက်သည်။

ရီးယဲလ် မက်ဒရစ် အသင်း၏ ပြင်သစ် တိုက်စစ်မှူးသည် ဘာနေဗျူး ကွင်းကြီးတွင် နှစ်ရာသီကြာ ရုန်းကန်ရသော ကာလများကို ဖြတ်သန်းပြီးနောက် ယခုအခါ နည်းပြ ဟိုဆေး မော်ရင်ဟို၏  ယုံကြည်မှုကို ပြန်လည် ရရှိနေပြီ ဖြစ်သည်။ ရီးယဲလ် အသင်းသည် ပြီးခဲ့သည့် သီတင်းပတ် ကုန်က စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲတွင် ဂီတာဖေးကို (၄-၂)ဖြင့် အနိုင် ယူခဲ့ရာ ဘန်ဇီးမားသည် ဂွန်ဇာလို ဟီဂူ အင်းအစား ပွဲထွက် တိုက်စစ်မှူး နေရာကို ရယူ နိုင်ခဲ့သလို (၂)ဂိုး သွင်းပေးခဲ့သည်။

ပုံမှန် ခြေစွမ်း ပြန်လည် ရလာသည့် ဘန်ဇီးမား

ဘန်ဇီးမားသည် နွေရာသီ လေ့ကျင့်မှု အစီအစဉ် များအတွင်း ကိုယ် အလေးချိန်ကို လျှော့ချ လိုက်နိုင်သလို ပိုမို ကျစ်လစ်ပြီး မြန်နှုန်း မြင့်မားသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ အိုလံပစ် လိုင်ယွန်မှ ရီးယဲလ်သို့ ယူရိုသန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘန်ဇီးမားက အသင်းဖော် တိုက်စစ်သမား နှစ်ဦးနှင့် ကောင်းမွန်သော ဆက်ဆံရေးသည် မိမိ၏ တစ်ကျော့ပြန် ခြေစွမ်းကို  ထွန်းတောက် လာစေကြောင်း AS သို့ ပြောဆိုသွားသည်။ "ကျွန်တော်တို့ သုံးယောက်က ကွင်းပြင်မှာလည်း သူငယ်ချင်း တွေပါ။ ကွင်းထဲမှာလည်း အပြန်အလှန် ကူညီကြ ပါတယ်။ ခရစ္စ တီယာနိုရော၊ မီဆွတ်ပါ  ကစားသမား ကောင်းတွေ ဖြစ်ကြပြီး ကျွန်တော့်အတွက် ဖန်တီးမှု ကောင်းတွေ လုပ်ဆောင် ပေးပါတယ်။ သူတို့နဲ့ တွဲကစားရင်း လျင်လျင်မြန်မြန် တိုက်စစ် ဆင်နိုင်တာကို ကျွန်တော် သဘောကျ ပါတယ်" ဟု ဘန်ဇီးမားက ပြောကြားခဲ့သည်။

ရီးယဲလ်တွင် အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်းနှင့် ယှဉ်ပြိုင်ရမည် ကိုလည်း မစိုးရိမ်ဟု ဘန်ဇီးမားက ဆိုသည်။ ဟီဂူအင်းသည် လူစားဝင်ပြီး မိနစ်ပိုင်းတွင် (၁)ဂိုးသွင်းခဲ့ သော်လည်း ဘန်ဇီးမားက နေရာတစ်ခု အတွက် ယှဉ်ပြိုင် နေရခြင်းကို နှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။ "ဒီအတွက် ဘာမှ စိုးရိမ် နေစရာ မလိုပါဘူး။ ရီးယဲလ်လို အသင်းမျိုးမှာ နေရာအတွက် ယှဉ်ပြိုင် နေရတာ သမားရိုးကျ  အခြေအနေ တစ်ခုပါ။ ဟီဂူအင်း ဂိုးသွင်းတာကို တွေ့ရတော့ ကျွန်တော် ပျော်မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးဟာ ရီးယဲလ်ကို ကူညီပေးဖို့ အသင်းမှာ ရှိနေတာပါ" ဟု ဘန်ဇီးမားက ပြောဆိုသွားသည်။
--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed