BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, June 19, 2011

ဘော်လုံးအပြောင်းအရွှေ့သတင်းများထွက်ပေါ်



ဒီမီတာဘာဘာတော့ဗ်၏ အပြောင်းအရွှေ့သတင်းများထွက်ပေါ် 

စပါးမှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဘာဘာတော့ဗ်ကို စပါးက ပေါင်စတာလင် (၁၀)သန်းခန့်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေ 




မန်ချက်စတာယူနိုက်တက် ရှေ့တန်းသမား ဒီမီတာ ဘာဘာတော့ဗ်သည် အသင်းဟောင်း တော့တင်ဟမ် ဟော့စပါးသို့ ပြန်ရန်ပြင်နေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ စပါးမှ ယူနိုက်တက်သို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သော ဘာဘာတော့ဗ်ကို စပါးက ပေါင်စတာလင် (၁၀)သန်းခန့်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။ ဘာဘာတော့ဗ်သည် ယခုဘောလုံးရာသီတွင် အသင်းအတွက် ဂိုးများစွာ သွင်းခဲ့သော်လည်း ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် ၀ိန်းရွန်နီတို့နောက် အရန်အဖြစ်သာ ပါဝင်ခဲ့ရသည်။ ၎င်းသည် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း (၁)နှစ်မျှသာ ကျန်တော့ရာ စပါးက တကျော့ပြန် စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဘာဘာတော့ဗ်သည် ဘာစီလိုနာအား ရှုံးနိမ့်ခဲ့သည့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အရန်အဖြစ်ပင် ပါဝင်ခွင့် မရခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ပြောဆိုထားသော်လည်း ယူနိုက်တက်တွင် ဆက်ရှိနေမည်ဟု ဖွင့်ဟထားသည်။ အသက်(၃၀)အရွယ် အတွေ့အကြုံရင့် ကစားသမားသည် စပါးတွင် (၂)ရာသီအတွင်း (၄၆)ဂိုး သွင်းပေးခဲ့သည့် မှတ်တမ်းကောင်း ရှိနေခဲ့ရာ တိုက်စစ်မှူးကောင်းတစ်ဦး ရှာဖွေနေသည့် စပါးမန်နေဂျာ ဟယ်ရီရက်နပ်က မျက်စိကျနေခြင်းဖြစ်သည်။ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် စပါးကွင်းလယ်လူ လူကာမိုဒရစ်ကို စိတ်ဝင်စားလျက်ရှိရာ ဘာဘာတော့ဗ်ကို အလိုက်ပေး ကမ်းလှမ်းမှုမျိုးလည်း ဖြစ်လာဖွယ် ရှိနေသည်။ ယူနိုက်တက်တွင် ပေါလ်စခိုးလ် အနားယူသွားခြင်း၊ အိုဝင်ဟားဂရေ့ဗ်အား အလွတ်ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ခြင်းတို့အပြင် လက်ရှိအလယ်တန်း ကစားသမားများ ဖန်တီးမှုစွမ်းရည် အားနည်းခြင်းတို့ကြောင့် အဆင့်မီ ကွင်းလယ်ကစားသမားများ ရှာဖွေလျက်ရှိရာ အသက်(၂၅)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင် မိုဒရစ်သည်လည်း အဓိကပစ်မှတ်တစ်ခု ဖြစ်နေသည်။ ဘာဘာတော့ဗ်အား ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်၊ အီတလီနာမည်ကြီး ဂျူဗင်းတပ်စ်နှင့် အင်္ဂလန်ကလပ် နယူးကာဆယ်လ် ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေသည်။ ဘာဘာတော့ဗ်ကို နယူးကာဆယ်လ်က ပေါင်စတာလင် (၇.၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ ၎င်း၏ငယ်ဘ၀ အားပေးခဲ့သော အသင်းကို ပြောင်းရွှေ့ရန် ဆန္ဒမရှိတော့ဟု သိရှိရသည်။
Source: Goal


လူငယ်ကစာသမားနှစ်ဦးကို ခေါ်ယူရန် လီဗာပူးလ်စီစဉ် 

မန်နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် ဆန်းဒါးလန်း အလယ်တန်းသမား ဂျော်ဒန်ဟန်ဒါဆန်နှင့် ဘလက်ဘန်းရိုဗာစ် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရ 




လီဗာပူးလ် အသင်းသည် အင်္ဂလန်၏ အလားအလာအရှိဆုံး သွေးသစ်လူငယ် နှစ်ဦးကို ပေါင်စတာလင် သန်း(၃၀)၀န်းကျင် အသုံးပြုပြီး ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်နေဂျာ ကန်နီဒဲလ်ဂလစ်ရှ်သည် ဆန်းဒါးလန်း အလယ်တန်းသမား ဂျော်ဒန်ဟန်ဒါဆန်နှင့် ဘလက်ဘန်းရိုဗာစ် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရသည်။ အသက်(၂၀)အရွယ် ဟန်ဒါဆန်အတွက် ပေါင်စတာလင် (၁၃)သန်းဖြင့် ကနဦး ကမ်းလှမ်းထားသည်။ ဆန်းဒါးလန်းသည် ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၈)သန်း သတ်မှတ်ထားရာ လီဗာပူးလ်အနေနှင့် (၁၅)သန်းမျှထိ တိုးမြှင့်ပေးလိုက်ပါက အရောင်းအ၀ယ် ဖြစ်လာနိုင်သည်။ ဘလက်ဘန်းကလည်း (၁၉)နှစ်အရွယ် ဂျုံးစ်အတွက် ပေါင်(၁၅)သန်း ၀န်းကျင်ခန့် တောင်းဆိုမည်ဖြစ်သည်။ ဂျုံးစ်ကို လီဗာပူးလ်အပြင် တော့တင်ဟမ် ဟော့စပါးနှင့် အာစင်နယ်တို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။ မန်နေဂျာ ဒဲလ်ဂလစ်ရှ်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလက အင်္ဂလန် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ပေါင်စတာလင် (၃၅)သန်းဖြင့် ၀ယ်ယူခဲ့သလို ယခုအခါတွင်လည်း အလားအလာကောင်းသော အင်္ဂလိပ် လူငယ်များကို အသင်းအတွက် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ ဒဲလ်ဂလစ်ရှ်အနေနှင့် အသင်းကို အင်္ဂလိပ် ကစားသမား အများစုဖြင့် တည်ဆောက်သွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။ လီဗာပူးလ်က ချဉ်းကပ်နေသည့် ဟန်ဒါဆန်ရော၊ ဂျုံးစ်ရောသည် အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင်များ ဖြစ်ကြပြီး ဥရောပ လူငယ်ချန်ပီယံရှစ်အတွက် ယခုလအတွင်း ဒိန်းမတ်သို့ သွားရောက်မည်ဖြစ်သည်။ လီဗာပူးလ်သည် ဆန်းဒါးလန်းမှ အသက်(၂၃)နှစ်အရွယ် ကွင်းလယ်အဖျက် ကစားသမား လီးကက်တာမိုးလ်၏ ဈေးနှုန်းကိုလည်း စုံမ်းမှုများ ပြုလုပ်ခဲ့သေးသည်။ ဒဲလ်ဂလစ်ရှ်သည် အသင်းကို အင်္ဂလိပ် လူငယ်များဖြင့် မွမ်းမံတည်ဆောက်ရန် စိတ်အားထက်သန်နေပြီး အသက်(၁၇)နှစ်ရှိ ဂျက်ရော်ဘင်ဆန်၊ အသက်(၁၈)နှစ်အရွယ် ဂျွန်ဖလာနာဂန်၊ (၂၁)နှစ်ရှိ မာတင်ကယ်လီနှင့် (၂၂)နှစ်အရွယ် ဂျေးပစီယာရင်းတို့ကို ပထမအသင်းတွင် အခွင့်အရေးပေး ပွဲထွက်စေခဲ့ပြီးဖြစ်သည်။
Source: DailyMail


ဘလက်ဘန်းခံစစ်မှူး ဖီးလ်ဂျုံးစ် အသင်းမှထွက်ခွာဖွယ်ရှိ 

ဂျုံးစ်သည် ၎င်း၏ လက်ရှိအနေအထားအရ ပိုမိုကြီးမားသော ကလပ်အသင်းတစ်ခုတွင် ပါဝင်ခွင့်ရသင့်ပြီဟု ယူဆလျက်ရှိကြောင်း သတင်းများကဆို 




ဘလက်ဘန်းရိုဗာစ် အသင်းမှ ထွက်ခွာရန် ဖီးလ်ဂျုံးစ်က အတည်ပြု ဆွေးနွေးနေမှုသည် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ အာစင်နယ်နှင့် လီဗာပူးလ်တို့အတွက် တပ်လှန့်မှု ဖြစ်လာခဲ့သည်။ လျင်မြန်စွာ တိုးတက်လာနေသော အင်္ဂလန် လူငယ်ခံစစ်မှူးသည် အီးဝုဒ်ပါ့ခ် ကွင်းကြီးမှ ယခုနွေရာသီတွင် ထွက်ခွာဖွယ် ရှိနေကြောင်း  သတင်းများကဆိုသည်။ အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင်သည် ဘလက်ဘန်း မန်နေဂျာ စတိဗ်ကိန်းနှင့် မူအားဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဂျုံးစ်သည် ၎င်း၏ လက်ရှိအနေအထားအရ ပိုမိုကြီးမားသော ကလပ်အသင်းတစ်ခုတွင် ပါဝင်ခွင့်ရသင့်ပြီဟု ယူဆလျက်ရှိကြောင်း သတင်းများကဆိုသည်။ အသက် (၁၉)နှစ်ရှိ ဗဟိုနောက်ခံလူကို မန်ချက်စတာမြို့ခံ ကလပ်များက စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်နှင့် အာစင်နယ်တို့က ပိုမိုနီးကပ်စွာ ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိသည်။ ဇန်န၀ါရီလအတွင်းက ဘလက်ဘန်းသည် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဂျုံးစ်အတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ပေါင်(၁၅)သန်းမျှ ပေါက်ဈေးရှိသော ဂျုံးစ်အား အသင်းများစွာက စိတ်ဝင်စားနေခြင်းကြောင့် ဘလက်ဘန်းက ပေါင်(၁၈)သန်းအောက်ဖြင့် ရောင်းမည်မဟုတ်ဟု ကြေညာထားသည်။ ခရိုအေးရှား တိုက်စစ်မှူး နီကိုလာ ကာလီနစ်သည်လည်း (၂)ရာသီ ကစားပြီး (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ဘလက်ဘန်းက စိတ်ပျက်နေပြီး ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Source: DailyMail



အက်ရှ်လေယန်းကို မန်ယူ စာချုပ်ခေါ်ယူတော့မည် 




မန်ချက်စတာ ယူနိုက်တက် အသင်းသည် အက်ရှ်လေယန်းအား အပြီးသတ် ခေါ်ယူစာချုပ်နိုင်တော့မည်ဟု သိရသည်။ လီဗာပူးလ်အသင်းနှင့်အပြိုင် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် စိတ်ဝင်စားခဲ့သည့် ယန်းသည် ယခုအခါ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင်စတာလင် သန်း(၂၀)၀န်းကျင်ဖြင့် ပြောင်းရွှေ့တော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ ယန်းသည် ယူနိုက်တက်နှင့် လာမည့် (၄၈)နာရီအတွင်း အပြီးသတ် စာချုပ်မည်ဖြစ်သည်။ အက်စ်တန်ဗီလာ အသင်းသည် ယန်းအား စာချုပ်သက်တမ်းတိုးရန် ကြိုးစားခဲ့သော်လည်း ကစားသမားက ပယ်ချခဲ့သည်။ ထို့ကြောင့်လည်း စာချုပ်သက်တမ်း (၁၂)လသာ ကျန်တော့သည့် ယန်းကို ရောင်းချခဲ့ခြင်းဖြစ်သည်။

(ယူရို၂၀၁၂ ခြေစစ်ပွဲအဖြစ် ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့်
အင်္ဂလန် ၂ - ၂ ဆွစ်ဇာလန် ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် ချေပဂိုးသွင်းယူအပြီး ကစားဖော်များနှင့် အောင်ပွဲခံနေသည့်
အက်ရှ်လေယန်း။ အက်ရှ်လေယန်း၏ ချေပဂိုးကြောင့် အင်္ဂလန်အသင်းမှာ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်)
ယန်းသည် (၂၀၀၇)ခုနှစ်၊ ဇန်န၀ါရီလက ၀တ်ဖို့ဒ်မှ ဗီလာသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုအခါ ယူနိုက်တက်နှင့် (၄)နှစ် စာချုပ်မည်ဖြစ်သည်။ ဗီလာတွင် (၁၉၃)ပွဲ ကစားပြီး (၃၉)ဂိုး သွင်းထားသော ယန်းသည် အင်္ဂလန် လက်ရွေးစင်အတွက် (၁၅)ပွဲကစားကာ (၂)ဂိုးသွင်းပေးထားသည်။ တောင်ပံတိုက်စစ်နှင့် နောက်ချန်တိုက်စစ်များတွင် အကောင်းဆုံး ကစားနိုင်သည့် ယန်းအား အသင်းမှ အသက်အရွယ်အရ အကျပိုင်း ရောက်နေပြီဖြစ်သော ရိုင်ယန်ဂစ်နေရာ အစားထိုးရန် ဆာဖာဂူဆန်က ရည်ရွယ်ထားသည်။ ယန်းကို ယူနိုက်တက်အပြင် လီဗာပူးလ်နှင့် မန်ချက်စတာစီးတီးတို့ကလည်း ကြိုးပမ်းခဲ့သေးသည့်တိုင် ကစားသမား ကိုယ်တိုင်က အင်္ဂလန် ချန်ပီယံ ကလပ်အသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယန်းရောက်ရှိလာခြင်းကြောင့် ယူနိုက်တက်မှ လူးဝစ်နာနီ ထွက်ခွာဖွယ်ရှိကြောင်း သတင်းအချို့လည်း ထွက်ပေါ်လာသည်။ ပေါ်တူဂီ လက်ရွေးစင် နာနီကို အီတလီကလပ် ဂျူဗင်းတပ်စ်နှင့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်တို့က အလိုရှိနေကြသည်။ ဆာဖာဂူဆန်သည် ယန်း၏ မြန်နှုန်းမြင့်ပြီး ဘက်စုံရသော အရည်အသွေးကို နှစ်သက်လျက်ရှိပြီး ၎င်းအား နောက်ချန်တိုက်စစ်မှူးအဖြစ် အဓိက အသုံးပြုသွားဖွယ် ရှိနေကြောင်း သိရသည်။
Source: ESPN, Wikipedia
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဥရောပ ချန်ပီယံဆုကို

စပိန်ကလပ်နှစ်သင်းက ဥရောပ ချန်ပီယံဆုကို ၁၃ကြိမ်ရရှိ  
 အောင်ဝင်း
      အတွဲ ၂၆ ၊  အမှတ် ၅၂၀   ( ၃-၉ ၊ ၆ ၊  ၂၀၁၁)
မန်ချက်စတာယူနိုက်တက်ကို မေ ၂၈ရက်က ၀င်ဘလေကွင်းတွင် ၃-၁ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သော ဘာစီလိုနာ၏ ချန်ပီယံလိဂ် အောင် မြင်မှုက ဘောလုံးသမိုင်းတွင် သူတို့ကိုအကြီးကျယ်ဆုံးစာရင်းဝင်ဖြစ်စေခဲ့သည်။
ဇာဗီ၊ အင်နီယေစတာနှင့် ကမ္ဘာ့ အကောင်း ဆုံးဆုရ မက်ဆီတို့၏ အပေး              အယူ၊ အလိမ်အလှည့်၊ လွန်းထိုး              ယှက်သွယ်ကစားပုံများက တစ်ကမ္ဘာလုံး              မှ ပရိသတ်များကို ပျော်ရွှင်အားရ ကြည့်မ၀ဖြစ်စေခဲ့သည်။ နည်းပြဂွာဒီယို              လာမှာလည်း ၂၀၀၈ ခုနှစ်တွင် သူစတင်              တာဝန်ယူချိန်မှစ၍ အထင်ကရချန်ပီယံ              ဖလား ၁၀ ဆုကို ယခုအခါရရှိပြီးပေပြီ။              ယခုအချိန်အထိ ဥရောပချန်ပီယံဆု ရရှိပြီးသော စပိန်ကလပ်နှစ်သင်းသာ ရှိရာတွင် ရီးယဲလ်မက်ဒရစ်က ကိုးကြိမ်              ဖြင့် အအောင်မြင်ဆုံးစံချိန်တင်ထား သည်။
ဘာစီလိုနာက ယခုနှစ်တွင် လေးကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် စပိန်ကလပ်တစ်ခုက              ဥရောပချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရရှိခြင်းလည်းဖြစ်သည်။             
ဥရောပချန်ပီယံကလပ်များ              ၉ ကြိမ် - ရီးယဲလ်မက်ဒရစ်(၁၉၅၆၊    ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉၊  ၁၉၆၀၊  ၁၉၆၆၊ ၁၉၉၈၊၂၀၀၀၊ ၂၀၀၂)             
၇ ကြိမ် - အေစီမီလန် (၁၉၆၃၊              ၁၉၆၉၊ ၁၉၈၉၊ ၁၉၉၀၊     ၁၉၉၄၊ ၂၀၀၃၊ ၂၀၀၇)             
၅ ကြိမ် - လီဗာပူး (၁၉၇၆၊ ၁၉၇၈၊              ၁၉၈၁၊ ၁၉၈၄၊ ၂၀၀၅၊)             
၎ ကြိမ် - ဘာစီလိုနာ (၁၉၉၂၊              ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁)             
၎ ကြိမ် - ဘိုင်ယန်မြူးနစ်              (၁၉၇၄၊ ၁၉၇၅၊၁၉၇၆၊               ၂၀၀၁)             
၎ ကြိမ် - အေဂျက် (၁၉၇၁၊     ၁၉၇၂၊ ၁၉၇၃၊ ၁၉၉၅)             
၃ ကြိမ် - အင်တာမီလန် (၁၉၆၄၊              ၁၉၆၅၊ ၂၀၁၀)             
၃ ကြိမ် - မန်ယူ (၁၉၆၈၊ ၁၉၉၉၊     ၂၀၀၈)             
၂ ကြိမ် - ဘင်ဖီကာ (၁၉၆၁၊ ၁၉၆၂)             
၂ ကြိမ် - ဂျူဗင်တပ်(၁၉၈၅၊ ၁၉၉၆)             
၂ ကြိမ် - နော့တင်ဟမ်ဖောရက်(၁၉၇၉၊ ၁၉၈၀)             
၂ ကြိမ် - ပေါ်တို (၁၉၈၇၊ ၂၀၀၄)

 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed