--
![]()
ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ဒီရာသီ ရီးရဲလ်အသင်းသည် ဘာစီလိုနာအသင်းထက် ပိုကောင်းခဲ့ကြောင်းနှင့် ရွှေဖိနပ်ဆုအား ထပ်မံရယူလိုကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော် မယုံနိုင်လောက်အောင် ပျော်ရွှင်ပါတယ်၊ ဒါဟာ ကျွန်တော့်ရဲ့ စပိန်က ပထမဆုံးလိဂ်ဖလားပါ၊ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကို ရောက်ရှိခဲ့ပြီး၊ ကျွန်တော်တို့အကုန်လုံး လာလီဂါဖလားအတွက် စိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ်၊ ဘာစီလိုနာလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ပြီး ရယူခဲ့ရတဲ့ဒီအောင်မြင်မှုဟာ မလွယ်ကူခဲ့ပါဘူး၊ ဒါပေမယ့် ခင်ဗျားအနေနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ရခဲ့လို့ရှိရင်၊ ဒါဟာ ခင်ဗျားက သူတို့ထက် ပိုကောင်းခဲ့လို့ပါ၊ (၁၀)လောက် ယှဉ်ပြိုင်ပြီးနောက်မှာတော့၊ အသင်းရဲ့ ရည်မှန်းချက်ကို ရောက်ရှိနိုင်ခဲ့ပါတယ်" "လိဂ်ဖလားဟာ ကျွန်တော် အလိုချင်ဆုံးပါ၊ ကျွန်တော့်ရဲ့အိမ်မှာ ရွှေဖိနပ်ဆု နှစ်ခုရှိပါတယ်၊ နောက်ထပ် ထပ်ရမယ်ဆိုရင်တော့ ပျော်စရာပါ၊ ဒါပေမယ့် မရလည်း ကျွန်တော် ဘာမှ မဖြစ်ပါဘူး"ဟု ရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။ |