BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, October 8, 2011

ဂေါ်ကက်ဖ်ကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း ၀င်းဂါး အတည်ပြု

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ယိုအန် ဂေါ်ကက်ဖ်အား ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း အတည်ပြု ပြောကြားလိုက်သည်။

နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက ချိတ်ဆက်နေသည့် အိုလံပစ် လိုင်ယွန် ကွင်းလယ် ကစားသမားကို မိမိတို့အသင်း ပစ်မှတ်ထား နေကြောင်း ပြင်သစ် မန်နေဂျာကြီးက ဆိုသည်။ ဩဂုတ်လ အတွင်းက လိုင်ယွန် ဥက္ကဋ္ဌ ဂျင်းမစ်ချယ် အောလက်စ်သည် အာဆင်နယ် အနေနှင့် ဂေါ်ကက်ဖ်ကို အငှား ခေါ်ယူရန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ် ခဲ့သော်လည်း မိမိတို့က ငြင်းဆန်ခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။ ဒဏ်ရာ အနာတရများဖြင့် ရုန်းကန်ခဲ့ရသည့် အတိတ်ဟောင်းများ ရှိခဲ့သော်လည်း စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် ကစားသမားကို မိမိတို့ အလို ရှိနေကြောင်း ၀င်းဂါးက ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးမှ ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဂေါ်ကက်ဖ်

"ကျွန်တော် ဂေါ်ကက်ဖ်ကို ခေါ်ဖို့ တကယ် စိတ်ဝင်စားပါတယ်။ တစ်ချိန်က သူ့ကို ခေါ်ဖြစ်ဖို့ အခြေအနေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီတုန်းက အလောတကြီး လုပ်ဆောင် ခဲ့ရသလို အဆင် မပြေမှုတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းကျတော့ သူက ဒဏ်ရာရပြီး ခွဲစိတ်မှု ခံယူခဲ့ရတဲ့ အတွက် ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ အာဆင်နယ် အတွက် သင့်တော်တဲ့ ကစားသမား တစ်ဦးဆိုတာ ကျွန်တော် လက်ခံ ထားပါတယ်" ဟု ၀င်းဂါးက Eurosport သို့ ပြောကြားသွားသည်။ ဂေါ်ကက်ဖ်သည် ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ကာလရှည်ကြာ အနား ယူခဲ့ရဖူးသည်။

ကစားသမား ကိုယ်တိုင်ကလည်း မိမိကို အာဆင်နယ် စိတ်ဝင်စား နေသည် ဆိုသော သတင်းများ အတွက် ပျော်ရွှင်မိကြောင်း ၀န်ခံခဲ့ဖူးသည်။ Sky Sports နှင့် အင်တာဗျူးတွင် ဂေါ်ကက်ဖ်က "အာဆင်နယ်ဟာ လက်တလောမှာ ကံမကောင်းလို့ ရမှတ်တွေ ဆုံးရှုံး နေပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတစ်ခု ဖြစ်ပြီး သူတို့က စိတ်ဝင်စားတယ် ဆိုတဲ့ သတင်းကြောင့် ကျွန်တော် ပျော်ရွှင် မိပါတယ်" ဟု Sky Sprots သို့ ပြောဆိုခဲ့သည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တီဗက်ဇ်ကို အန်ဇီး ခေါ်ယူသင့်ကြောင်း အသင်း နောက်ခံလူ ပြောကြား

အန်ဇီးအသင်း အနေနှင့် မန်ချက်စတာ စီးတီးအသင်း တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ကို ခေါ်ယူသင့်ကြောင်း ရုရှားကလပ် နောက်ခံ ကစားသမား ဂျိုအို ကားလို့စ်က ထောက်ခံလိုက်သည်။

ဗဟိုခံစစ် ကစားသမား ကားလို့စ်က ၎င်း၏ အသင်းသည် အသက်(၂၇)နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တီဗက်ဇ်ကို ခေါ်ယူခြင်းဖြင့် အကောင်းဆုံး တိုက်စစ် မြှင့်တင်မှု တစ်ခုကို ပြုလုပ် နိုင်မည်ဟု ယုံကြည်နေသည်။ အန်ဇီး၏ ယာယီနည်းပြ ရောဘတ်တို ကားလို့စ်က အသင်းကို ရီးယဲလ် မက်ဒရစ်၊  ဘာစီလိုနာတို့ ကဲ့သို့ အဆင့်မျိုး ဖြစ်လာစေလိုကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပြီး မကြာမီမှာပင် ကားလို့စ်ကပါ ယခုလို မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ တီဗက်ဇ်သည် လက်ရှိတွင် မန်ချက်စတာ စီးတီး၌ လူစားဝင်ရန် ငြင်းပယ်မှုကြောင့် ပွဲကစားခွင့် ဆိုင်းငံ့ ခံထားရသည်။

အန်ဇီး အသင်းမှ ခေါ်ယူချင်နေသည့် တီဗက်ဇ်

ကားလို့စ်က "အန်ဇီးက တီဗက်ဇ်ကို ခေါ်လိုက်ပြီ ဆိုတဲ့ သတင်းမျိုး ကြားချင်ပါတယ်။ သူဟာ သိပ်ကို ထူးချွန်ပြီး သန်မာတဲ့ တိုက်စစ် သမားပါ။ တီဗက်ဇ်ကို ခေါ်လိုက်ရင် အန်ဇီးအတွက် သေချာပေါက် ကောင်းကျိုးတွေ ရလာမှာပါ" ဟု ပြောကြားခဲ့သည်။ အန်ဇီးသည် နွေရာသီက အင်တာမီလန် တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကိုလည်း ပေါင်စတာလင် သန်း(၂၀)ကျော် အသုံးပြုကာ ခေါ်ယူထားပြီး ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် အသင်းသည် ရုရှား အဆင့်မြင့်တန်းတွင် ရုန်းကန်နေပြီး အဋ္ဌမ နေရာတွင်သာ ရပ်တည်လျက် ရှိနေသည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာ စီးတီးသည် ချန်ပီယံ ဆုကို စိန်ခေါ် လာနိုင်ပြီဟု ဖာဂူဆန် ၀န်ခံ

မန်ချက်စတာ စီးတီး အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို အမှန်တကယ် စိန်ခေါ်နိုင်စွမ်း ရှိလာပြီဟု ဆာအဲလက်စ် ဖာဂူဆန်က ၀န်ခံ ပြောကြားလိုက်သည်။


လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပဲ့ကိုင်ရှင် မန်နေဂျာကြီးက မြို့ခံပြိုင်ဘက် အသင်း၏ အင်အား တောင့်တင်းစွာ စိန်ခေါ် လာမှုသည် ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်လာနေကြောင်း အသိအမှတ်ပြု ပြောဆိုသွားသည်။ လက်ရှိတွင် မန်ချက်စတာ မြို့ခံ နှစ်သင်းသည် (၁၉)မှတ်စီဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေပြီး မန်ယူက ဂိုးကွာခြားချက် အသာဖြင့် နံပါတ်(၁) နေရာတွင် ရှိနေသည်။ ထိုနှစ်သင်းသည် အိုးလ်ထရက်ဖို့ဒ်တွင် အောက်တိုဘာ (၂၃)ရက်နေ့၌ ထိပ်တိုက် တွေ့ဆုံတော့မည် ဖြစ်သည်။

မန်စီးတီး၏ ပဲ့ကိုင်ရှင် မန်စီနီ

ခါးသီးသော ပြိုင်ဘက် အသင်း၏ မန်နေဂျာ ရောဘတ်တို မန်စီနီသည် မန်စီးတီးအား အကောင်းဆုံး ပုံသွင်း နိုင်ခဲ့ကြောင်း ဖာဂူဆန်က ချီးကျူးခဲ့ပြီး မိမိတို့သည် မန်စီးတီး၏ ပြောင်းလဲ တိုးတက် လာမှုများကို အလေးထား ရတော့မည်ဟု သုံးသပ်ခဲ့သည်။ "သူတို့ဟာ ခုဆိုရင် အသင်းကောင်း တစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာသလို ဆာဂျီယို အဂွေရိုနဲ့ ဒေးဗစ်ဆေးလ်ဗား တို့လို ကစားသမားကောင်းတွေကလည်း မန်စီးတီးရဲ့ တက်လှမ်းမှုမှာ အရေး ပါလာမှာပါ။ သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင် ရချိန်မှာ အကောင်းဆုံး အခြေအနေနဲ့ အသင့် ဖြစ်နေဖို့ ကျွန်တော်တို့ ကြိုးစား ရပါလိမ့်မယ်" ဟု ဖာဂူဆန်က ဖွင့်ဟ ပြောကြား သွားခဲ့သည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

DVB ငွေကြေး အရှုပ်တော်ပုံ VJ အဖွဲ့တချို့ နှုတ်ထွက်

Home > အင်တာဗျူး > DVB ငွေကြေး အရှုပ်တော်ပုံ VJ အဖွဲ့တချို့ နှုတ်ထွက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ခန့် တန်ဖိုးရှိသည့် အမေရိကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့်  ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးက အုပ်ချုပ်ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် နော်ဝေရဲဌာနမှ အမှုဖွင့်စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားသည်။

လက်ရှိ DVB ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ကိုယူထားသည့် ဦးဟန်ညောင်ဝေ က "ငွေကြေး ကွာဟ
မှု အဓိကဖြစ်ပွားသည့် နေရာသည် မဲဆောက်အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း" ထုတ်ဖော်ပြောဆိုထားသဖြင့် DVB ၏ ပြည်တွင်း လုပ်ငန်းစဉ်များကို တဆင့်လုပ်ကိုင်ဆောင်ရွက် ပေးနေသည့် မဲဆောက်အခြေစိုက် ဌာန ဦးဆောင် တာဝန်ရှိသူ ကိုစံ (ခ) ကိုအောင်ထွန်းနှင့် မဇ္ဈိမ သတင်းထောက် ကျော်ခ က မေးမြန်းထားသည်။

ကိုအောင်ထွန်းသည် ၂ဝဝ၆ ခုနှစ် မဲဆောက်အခြေစိုက် DVB ဌာနခွဲ တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး Burma VJ အဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

DVB ရဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကွာဟမှုဖြစ်နေတဲ့နေရာဟာ မဲဆောက်ရုံးက အဓိကလို့ DVB ဘုတ်အဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုနေတာတွေဟာ တကယ်အမှန်ပဲလားခင်ဗျ။

"ဒါကဒီလိုပါ။ ဒါရိုက်တာ အပါအဝင် ဘုတ်အဖွဲ့ဝင် ဦးဟန်ညောင်ဝေတို့ ပြောသွားသလိုမျိုး မဲဆောက်မှာ အဓိက
ငွေကွာဟမှုဖြစ်တယ်လို့ ပြောသွားတာတွေ စွပ်စွဲချက်တွေက အပေါ်ယံပါ။ ဒီကိစ္စက မဲဆောက်တင် မဟုတ်ဘဲနဲ့
အော်စလိုက တာဝန်ခံပြီး လက်မှတ်ထိုးထားတဲ့ ကိုခင်မောင်ဝင်းတို့ စသဖြင့် အားလုံးပါဝင်ပတ်သက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စကို မဲဆောက်ရုံးဆိုပြီးတော့မှ ဦးဟန်ညောင်ဝေက မကွဲမပြား ပြောသွားတာရှိပါတယ်။ သူ့စကားကို ပြန်ကြည့် လိုက်ရင်လည်း တာဝန်ရှိသူ ၃ ယောက်ဆိုတာက စီနီယာတွေ မန်နေဂျာတွေ ကျနော် အပါအဝင် ပေါ့လေ အဲဒီ လူတွေကို ဆိုလိုတာလား ဒါမှမဟုတ် အောစလိုမှာရှိတဲ့ ဒီ Network တခုလုံးရဲ့ အကြီးအကဲ တယောက်ဖြစ်တဲ့ တယောက်ကို ဆိုလိုတာလား စသဖြင့် သူတို့က ကွဲကွဲပြားပြား မပြောတဲ့ အချိန်မှာ ကျနော်တို့ကလည်း ဘာမှ
ပြန်မပြောနိုင်ပါဘူး။"

"ဒီကိစ္စ စဖြစ်ကတည်းက လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက သူတို့က ဒီလိုကွာဟမှု ရှိနေတယ်ဆိုတာ
နှုတ်နဲ့ အကြောင်းကြားတဲ့အတွက် ကျနော်တို့ ဒီမှာ စရင်းဇယားတွေ ကိုင်နေရတဲ့လူတွေ ပြုလုပ်ပေးနေရတဲ့
လူတွေကို ဘယ်နေရာတွေမှာ ကွာဟတယ်။ ဘယ်လိုဆိုတာကို တိတိပပ တရားဝင် အီးမေးနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်
ဖြစ် အကြောင်းကြားခဲ့တာ မရှိပါဘူး။"

"ဒီဟာကို နှုတ်နဲ့ပဲပြောလာတော့ ကျနော်တို့က ဒီအပ်ါမှာ ဖြေရှင်းခဲ့ပါတယ်။ သူတို့က ဒီဟာကို ပြေလည်မှု မရှိဘဲနဲ့
နောက်ဆုံး ထိုင်းနိုင်ငံကို ကိုအေးချမ်းနိုင် ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်ထဲကလာတဲ့ သတင်းထောက်တွေ စီမံနေရတဲ့ လူတွေနဲ့ ဒီဟာကို အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာမှ သေချာ အဖြေမရှာသွားဘဲနဲ့
အောက်တိုဘာ ၁ ရက်နေ့မှာ မီဒီယာ ထုတ်ပြန်ချက်အနေနဲ့ တဘက်သတ် လုပ်လိုက်တဲ့သဘောမျိုးပါ။"

မဲဆောက်ရုံးရဲ့ တာဝန်က ဘာလဲ။ DVB ရဲ့ အဓိက ဘယ် Program အတွက်၊ ဘာတွေ လုပ်ပေးနေရ
တာလဲ။


"မဲဆောက်ရုံးဆိုတာက ပြည်တွင်း Network အားလုံးကို အုပ်ချုပ်နေတဲ့ ဌာနချုပ်နေရာပါ။ နဂိုကတည်းက ပြည်တွင်း
က လာတဲ့သတင်းရုပ်သံ အကြမ်းတွေကို သက်ဆိုင်ရာ တခြားဌာနတွေကို ပို့ပေးရတဲ့ တာဝန်ပဲ ရှိခဲ့တာပါ။ နောက်ပိုင်း ကြတော့ ရွှေဝါရောင်လိုကာလမှာ Network မျိုးမှာ ပိုမိုအောင်မြင်လာပြီးတော့ အလုပ်တွေ ပိုအောင်မြင်လာတဲ့ ကာလမှာ။ ကျနော်တို့ကလည်း သတင်းအချောလုပ်ရတဲ့ အနေအထားတွေပါ လုပ်လာရပါတယ်။"

"အခြေခံအားဖြင့်တော့ ကျနော်တို့ဒီမှာကတော့ သတင်းအချော သတင်းရုပ်သံအတွက် ပုံမှန်သတင်းတွေအပြင် Feature  မှတ်တမ်းတွေပါ လုပ်ရပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းထောက်တွေကို သင်တန်းပေးတာမျိုးတွေ
ပြည်တွင်း သတင်းထောက်တွေ လာတဲ့အခါမှာ လာတဲ့အခါမှာ ဆက်ဆံရတဲ့အခါ၊ နိုင်ငံတကာ သတင်းထောက်
တွေ လာတဲ့အခါတွေမှာ ကူညီဆောင်ရွက်ပေးတာမျိုးတွေ လုပ်ငန်းဆောင်တာတွေကတော့ အများကြီးရှိပါတယ်။"

မဲဆောက်ရုံးကို စထောင်တာ ဘယ်တုန်းကလဲ။ လူဦးရေ ဘယ်လောက်ရှိလဲ။

"၂ဝဝ၆ နှစ်ဆန်းကတည်းက ဒီမှာ ရုံးအနေနဲ့ ရှိခဲ့တာပါ။ လူဦးရေကတော့ ပုံမှန်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ လတ်မှတ်တွေကလည်း မရှိဘူးဆိုတော့ ဒုက္ခသည်စခန်းထဲမှာ သွားနေရတဲ့ အခါမျိုးတွေ၊ ပြည်တွင်း ပြန်ဝင်
နေရတဲ့ ဟာမျိုးတွေရှိပါတယ်။ ပုံမှန် ပျမ်းမျှအားဖြင့်တော့ ဒီမှာ ၁၅ ယောက်လောက် ရှိပါတယ်။"

မဲဆောက်ရုံးက တာဝန်ခံရတဲ့ ပြည်တွင်း သတင်းထောက် ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်လိုတွေလုပ်ကိုင်ရလဲ။

"ပြည်တွင်းမှာ ကျနော်တို့ Network မှာပျမ်းမျှအားဖြင့် လူ ၅၀ ဝန်းကျင်လောက်ရှိတာပေါ့။ စာရင်းဇယား အတိအကျ ကိုတော့ ကျနော်မသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက အမြဲတမ်းအဝင်အထွက်ရှိတယ်။ တချို့တွေက Network အပေါ် အဖွဲ့ဝင်အဖြစ်အနေနဲ့ ပါဝင်လုပ်ကိုင်နေသူတွေ ရှိနေသေးသလို စိတ်ဓါတ်အရ ပါဝင်ကူညီပေးနေ
တဲ့ လူတွေလည်း ရှိပါတယ်။"

"ဒါပေမယ့် အဲဒီမှာ အယောက် ၅ဝ လုံးကတော့ ကင်မရာကိုင်၊ ဘောလ်ပင်၊ စာရွက်ကိုင်ပြီးလုပ်နေတဲ့ သတင်းထောက်တွေ လို့တော့ ပြောလို့မရပါဘူး။ တချို့တွေက သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍတွေကို တာဝန်အသီးသီး ခွဲယူရတာပါ။ တချို့တွေက ဗွီဒီယို ရိုက်ကူးနေတဲ့ အချိန်မှာ တချို့တွေက အင်တာနက်ဆိုင် ကနေပြီးတော့ ဒီဘက်ကို ပြန်တင်ပေးနေတာ၊ တချို့ကလည်း လူကိုယ်တိုင်သယ်ပြီးတော့ ထိုင်းကို လာပို့တာမျိုး၊ သုတေသနတွေရှိတယ်။"

ဒီကဏ္ဍတွေကိုကတော့ ချင်းမိုင်ရုံးနဲ့ ဆက်သွယ်ပြီး လုပ်တာလား အော်စလိုနဲ့ တိုက်ရိုက် ချိတ်ပြီး လုပ်တာလား။ ဘယ်သူက ဦးဆောင်လုပ်ပေးလဲခင်ဗျ။

"ကျနော်တို့က နဂို Network စတည်ထောင်ကတည်းက နော်ဝေးမှာရှိတဲ့ ထိပ်တန်း အကြီးအကဲတွေ ဖြစ်တဲ့ ကိုခင်မောင်ဝင်း၊ ကိုအေးချမ်းနိုင်နဲ့ အယ်ဒီတာတချို့လောက်ပဲ သိခဲ့တာပါ။ ဒီချင်းမိုင် မှာရှိတဲ့ သတင်းရုံးနဲ့ မဲဆောက်မှာရှိတဲ့ တခြားသတင်းရုံးတွေက လူတွေတောင် ကျနော်တို့ ဒီမှာရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ဝ၁ဝ လောက်
က တိတိပပ သိခဲ့တာမဟုတ်ဘူး။"

အခုကွာဟနေတယ်ဆိုတဲ့ ငွေကြေးတွေဟာ ဘယ်ကာလတုန်းက ဖြစ်တာလဲ။ ဘယ်ကဏ္ဍတွေမှာ
ဖြစ်သွားတာလဲ။ ဘယ်လို စသိတာလဲ။


"ငွေရေးကြေးရေး Report  လုပ်ရတဲ့ အပိုင်းကို ပြောရမှာပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေးက ပြန်တင်တဲ့ အခါမျိုးမှာ အကြမ်းလုပ်တဲ့ လုပ်ငန်းနဲ့ Output ကိုပဲ အစပိုင်းမှာ အကြမ်း လုပ်တဲ့ စရင်းဇယားတွေပဲ ရှိပါတယ်။
နောက်ပိုင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ ရံပုံငွေတွေ ပိုချပေးတဲ့အခါကြတော့ စရင်းဇယားစနစ်က အမြဲတမ်း ဒီအော်စလို
က ဦးခင်မောင်ဝင်းတို့ တောင်းနေတဲ့ ပုံစံ စနစ်တွေက အမြဲတမ်းပြောင်းလဲနေတာ။ သူတို့ Donors တွေကို
ပြန်တင်ပြတဲ့ အခါမျိုးမှာလား ဒါမှမဟုတ် စရင်း ဇယား အသစ်အတွက်လားဆိုတာ ကျနော်တို့ အတိအကျ မသိပါ
ဘူး။"

"ကျနော်တို့ဘက်မှာလည်း ဘယ်သူက ဘာရာထူးနဲ့ ဆိုတာ ခွဲထားတာမရှိပါဘူး။ လုပ်နိုင်တဲ့လူက ပိုလုပ်နေပြီးတော့ မလုပ်နိုင်တဲ့လူတွေက အခါအားလျော်စွာ အပတ်စဉ်လုပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို သူတို့ဘက် ကလည်း နားလည်ပြီးတော့ လူဦးရေ အတိအကျ မဖြစ်လည်း ကိစ္စမရှိပါဘူး။ ဥပမာအားဖြင့် သတင်းထောက်
မောင်ဖြူ၊ မောင်မဲ၊ မောင်နီ စသဖြင့် အဆင်ပြေအောင် စရင်းဇယားမှာ ထည့်လိုက်ပါပေါ့။ လစာကိုလည်း အဆင်ပြေ
အောင်ထည့်လိုက်ပါ စသဖြင့် ဒါတွေက အဲလိုမျိုး တင်ပေးခဲ့တာရှိတယ်။"

"ကျနော်တို့က နဂိုကတည်း က Ground မှာလုပ်နေတဲ့ဟာတွေနဲ့က တူနိုင်မှာမဟုတ်ဘူး။ အရင်ကတည်းက အုပ်စုလိုက် မျှဝေပြီး သုံးနေရတဲ့ အနေအထားတွေရှိပါတယ်။  ၂ဝဝ၉ ၊ ၂ဝ၁ဝ နောက်ပိုင်းမှာ ဒီစနစ်နဲ့ပဲ Network ကကြီးထွားလာတယ်။ ငွေကြေးသုံးစွဲမှုများလာတယ်။ စသဖြင့်ရှိခဲ့ပေမယ့်လည်း အားလုံးသွားနေတဲ့ စနစ်က ဒီပုံစံအတိုင်းပါပဲ။"

"ဒါပေမယ့် ၂ဝ၁၁ နောက်ပိုင်းမှာ စရင်းစဇယားတွေ ကွာဟနေပါတယ်။ စရင်းကိုင်က တွေ့ရှိပါတယ်ဆိုပြီး အကြောင်းကြားလာပြီး ဘက်ဂျက် ဖြတ်တာမျိုး သြဂုတ်လက စလုပ်လာပါတယ်။ စလုပ်လာတဲ့ အခါမျိုးကျတော့ ကျနော်တို့က ဒီဘက်ဂျက်နဲ့ ရှိတဲ့ လူဦးရေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူတို့ဆီက တခုခု တုန့်ပြန်ချက်တောင်းတဲ့အခါမှာ ပြန်လည်ပြောကြားနိုင်ခြင်းမရှိပဲနဲ့ ဦးအေးချမ်းနိုင် ကိုယ်တိုင် ဒီထိုင်းနိုင်ငံကို လာပြီးတော့ ပြည်တွင်းထဲက သတင်းထောက်တွေကို ကိုင်တွယ်နေတဲ့ မန်နေဂျာတွေ ဘာတွေနဲ့ ဆက်လုပ်ဖို့ ကိစ္စတချို့ ဆွေးနွေးခဲ့ပါတယ်။"

"သူတို့က စရင်းကိုင်ဘက်က သိတာလို့ နောက်ပိုင်းမှာပြောတယ်။ ဘယ်လိုကွာတာလဲ။ ဘယ်လိုကနေ ရှာဖွေတွေ့
ရှိပြီးတော့ ကွာတာလဲ။ အဲဒီလိုတိတိကျကျ မေးတဲ့အခါမှာ တိတိကျကျ ခုချိန်ထိကို မရှိသေးပါဘူး။ မရှိတဲ့ အခါကြ
တော့ Ground မှာ လုပ်နေတဲ့လူတွေကရော ဒီဘက်မှာ Network အားလုံးကို စီမံအုပ်ချုပ်နေတဲ့ တာဝန်ရှိ သူတွေ ကရော ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။"

ဒီလောက် ငွေကွာဟမှုကြီးကိုဘာဖြစ်လို့ခုမှ သိရတာလဲခင်ဗျ။

"ဒီလိုမျိုးကွာတယ်။ မကွာဘူးဆိုတာက တချို့လုပ်ငန်းတွမှာ ပြည်တွင်းမှာ လုပ်ငန်းကိစ္စအားလုံးကို လူပုဂ္ဂိုလ် တချို့ရဲ့
နိုင်ငံရေးသိက္ခာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေး စသဖြင့် အတိအကျ မပြောနိုင်တာဘဲ ရှိပါတယ်။ အဲဒီအခါမျိုးကျရင် နှုတ်အား
ဖြင့် ဖြစ်စေ စရင်းဇယားနဲ့ Network ဦးဆောင်လှုပ်ရှားနေတဲ့ လူတွေကလည်း ပြောထားတဲ့ဟာတွေရှိပါတယ်။"

"ဒါကိုစရင်းဇယားမှာ အဆင်ပြေသလိုမျိုး သူတို့ လုံခြုံရေးအရ ထည့်သွင်းလိုက်ရတာတွေ ရှိပါတယ်။ နောက်ပိုင်း
ကြတော့ ဒီစရင်းဇယားတွေကို စစ်ဆေးတဲ့အခါမျိုးကြတော့  ဒါကို နဂိုကတည်းက သိရှိခဲ့တဲ့လူတွေက မသိရှိတော့ ပါဘူး။ ဒါမျိုးက မဖြစ်ခဲ့ပါဘူး။ ပြန်လည်ပြီးတော့ အစဖေါ်ပြီးတော့ တာဝန်ခံမှုမရှိတော့ပဲနဲ့ အဲဒီနေရာတွေကနေ ဆွဲထုတ်လိုက်ပြီးတော့ ကွာတယ်ဆိုပြီး ဖြစ်လာတာပါ။ အဲဒီတော့ သူတို့ ဘယ်လိုကွာသလဲ၊ တွေ့ရှိလဲဆိုတာကတော့ သူတို့ စရင်းကိုင်တွေပဲပြောနိုင်မယ်ထင်ပါတယ်။"

"ကျနော်တို့အနေနဲ့ကတော့ ဒီဟာတွေ ဘယ်လိုသုံးစွဲခဲ့တယ်။ ပြည်တွင်းမှာ သတင်းကိစ္စတွင် မဟုတ်ဘဲနဲ့ သတင်းနဲ့ ဆက်စပ်နေတဲ့ သတင်းရင်းမြစ်တွေ မှာသုံးစွဲနေတဲ့ ကိစ္စတွေမှာ နှုတ်အားဖြင့် သူတို့ကို ပြောထားခဲ့ပြီးဖြစ်ပါတယ်။"

ဒီအဖြစ်အပျက်က ဘာကြောင့်ဖြစ်သွားရတယ်လို့ ထင်လဲ။

"ဒီစရင်းဇယားတွေကိုကြည့်မယ်ဆိုရင် ၂ဝဝ၆ ကတည်းက နိုင်ငံတကာ လုပ်ပုံကိုင်ပုံတွေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ဆီမှာက စရင်းဇယားကျွမ်းကျင် ပိုင်နိုင်တဲ့လူ ရှိခဲ့တာမှမဟုတ်ဘဲ။ ကျနော်တို့က မြေအောက်လုပ်ငန်း ဆန်ဆန် သတင်းတွေ ထုတ်လုပ်ရေး ထွက်ရှိရေးအတွက် အလုပ်ဖြစ်ရေးတာ ဦးတည်ခဲ့တာ ဖြစ်တဲ့အတွက် ဒီစရင်းဇယားတွေက တကယ့် Ground က ပုံစံနဲ့ ကြည့်လိုက်ရင် တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါကိုလည်း သူတို့သိရှိနားလည်ပြီးသား ဖြစ်ပါတယ်။"

"ဒါပေမယ့် ဒီဘက်နှစ်ကာလမှာ ဒီ Network တွေကို အော်စလိုကလူတွေက တိုက်ရိုက်ချုပ်ကိုင် မောင်းနှင်လိုလာတဲ့ အတွက် ဦးဆောင်လှုပ်ရှားနေတဲ့လူတွေကို ဖယ်ရှားလိုတဲ့အတွက်၊ ငွေရေးကြေးရေးတွေကို အကြောင်းပြပြီးတော့ စွဲဆိုတယ်လို့ပဲ ကျနော်က မြင်ပါတယ်။"

ဒါဆိုရင် ပြည်တွင်း Network တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ မဲဆောက်က အဖွဲ့တွေဟာ လုံးဝ ရပ်ဆိုင်း လိုက်ပြီ ဆိုတဲ့ သဘောလားခင်ဗျ။

"စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက အားလုံးသဘောတူဆန္ဒနဲ့ DVB နဲ့ဆက်လုပ်နိုင်မယ့် အနေအထား မရှိတော့
ဘူး။ ကိုအေးချမ်းနိုင်လာတုန်းက ကျနော်တို့က တခြားနည်းလမ်းနဲ့ ညှိနှိုင်းလို့ရတဲ့နည်းလမ်းရှိရင် လုပ်မယ်လို့ ကျနော်တို့က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေတဲ့အတွက် ကျနော်တို့ဘာသာ ကျနော်တို့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။"

"တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် DVB နဲ့ဆက်ပြီးလုပ်ကိုင်သူတွေရှိပါတယ် အများစုကတော့ ၉ဝ ရာခိုင်နှုန်းကတော့ ကျနော်တို့လိုပါပဲ။ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖွဲ့ကြီးတခုလုံး ဆက်လက်ရပ်တည် လှုပ်ရှားနိုင်အောင် လမ်းစဉ်တွေကို ကျနော်တို့ ရှာနေတာပါ။"

"ကျနော်တို့အနေနဲ့ နှုတ်ကတိတွေနဲ့ သဘောတူခဲ့တဲ့ ကိုခင်မောင်ဝင်းတို့ အနေနဲ့လည်း ဒီလိုအချိန်မှာ တာဝန်ကနေ ယာယီနှုတ်ထွက်ပြီးရှောင်သွားတဲ့ဟာကလည်း ကျနော်တို့အပေါ်မှာတာဝန်မဲ့ရာ ကျပါတယ်။"

ဒီကိစ္စနဲ့ ပါတ်သက်ပြီး တရားရုံး တင်မယ်ဆိုတော့ ဒါနဲ့ပါတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

"ဒီကိစ္စတွေစဖြစ်ကတည်းက တာဝန်ရှိတဲ့ အော်စလိုက အုပ်ချုပ်သူက ဒါတွေက လူတဦးတယောက်တည်းပေါ်မှာ ပုံချလို့ရတာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အတွင်းမှာ တာဝန်ခံစီစဉ်နေရတဲ့ တာဝန်ခံ မန်နေဂျာတွေကိုလည်း
ခေါ်ယူပြိးတော့ တကယ်သုံးစွဲခြင်း ရှိမရှိ အကြံပြုခဲ့တာတွေလည်း ရှိပါတယ်။ စရင်းဇယားတခုတည်းကို ကိုင်တွယ်ပြီး
ပြောမယ်ဆိုရင် မြေအောက်လှုပ်ရှားခဲ့တဲ့ စရင်းဇယားတွေအရ လုပ်ခဲ့တဲ့ တချို့ဟာတွေက တိကျမှုရှိနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူသက်သေပဲရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီ Burma VJ မှာ ပါဝင်ခဲ့တဲ့ သူတယောက်ပါပဲ။ ကျနော်တို့လုပ်ခဲ့တဲ့ အလုပ်နဲ့ လူသက်သေတွေနဲ့ပဲ ပြနိုင်အောင် ကျနော်တို့ ဘက်ကလည်း ကြိုးစားနေပါတယ်။" 
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သမီးအရင်းနှင့်သားမက်တို့က မိခင်ဖြစ်သူ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းတစ်ခု၌ လာရောက်စွန့်ပစ်သွားခဲ့


b27_11
သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး  ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။

စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။

အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။

''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။

ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု

E-mail Print

လုပ်ဆောင်စရာများစွာ ရှိနေသေးသည့်တိုင် မြန်မာအစိုးရ အဖွဲ့သည် ပြုပြင်ပြောင်းလဲရေး သမားများနှင့် သဘောထားကြီးသူများ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု ပြောဆိုလိုက်သည်။

NewGov-is-reformist-and-open-minded-Bur
စက်တင်ဘာလ ၃ ရက်နေ့က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ် (ဓာတ်ပုံ - AP)
“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား ကြီးကြီးထားသူတွေ ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းနေပြီး သေဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သမ္မတ ဘာရှားအာဆတ်အစိုးရက နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ သိရသည်။

“မြန်မာပြည်မှာ ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့ အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်းထောက်များ၏ အမေးကို ဖြေကြားသည်။

သို့သော် မြန်မာပြည်တွင် ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်သည် ယခင်စစ်အစိုးနှင့်စာလျှင် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်ရန် ပိုမိုအခြေအနေ ပေးလာကြောင်း၊ ပြည်သူများက သဘောမတူသောကြောင့် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ထားလိုက်ခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်မှုကို အားပေးကြောင်း ဆက်လက်ပြောသည်။

နယူးယောက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်းနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာတို့နှင့်လည်း မြန်မာ့အရေး ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း ဗစ်တိုးရီးယား နုလန်းကဆိုသည်။

ရပ်ဆိုင်းလိုက်သော မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မကြာသေးမီကလည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုခဲ့သေးသည်။

မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က နယူးယောက်တိုင်းမ်သတင်းစာသို့ “မြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်လာရင် ကျနော်တို့ဘက်ကလည်း ပြန်လည် တုန့်ပြန် လုပ်ဆောင်မှာပါ။ ပြုပြင်ပြောင်းလဲရေးကို သူတို့က ခြေတလှမ်းလှမ်းရင် ကျနော်တို့ဘက်ကလည်း ထောက်ခံအားပေးပါမယ်” ပြောထားသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း နယူးယောက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နယ်စပ်မူးယစ်ဆေးဝါးကိစ္စ အိန္ဒိယ-မြန်မာ ပူးပေါင်း တိုက်ဖျက်မည်

E-mail Print


အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နယ်စပ်ဒေသ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဖော်ထုတ်ရေးအတွက် နှစ်နိုင်ငံအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မဏိပူရ်ပြည်နယ် အင်ဖားလ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး လင်းထွဋ်တို့ တမူးမြို့၌ အောက်ဆိုဘာလ ၅ ရက်နေ့က တွေ့ဆုံရာတွင် ဒေသတွင်း မူးယစ်ဆေးဝါး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့်လအတွင်းက ကလေးမြို့လေဆိပ်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသော အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့ရာ အဆိုပါဆေးပြားများမှာ တဖက်နိုင်ငံနယ်စပ် မိုးရေးမြို့မှ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ မိုးရေးတွင် စိတ်ကြွဆေးပြားများ ထုတ်လုပ်နေကြောင်း မြန်မာအာဏာပိုင်တို့၏ ပြောဆိုချက်ကို အိန္ဒိယဘက်မှ ငြင်းဆိုပြီး အဆိုပါ ဆေးပြားများမှာ မြန်မာနိုင်ငံတွင်း၌သာ ထုတ်လုပ်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ မြန်မာ အာဏာပိုင်များဘက်မှလည်း ပြန်လည်ငြင်းဆိုခဲ့သည်။

သို့သော် အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ် တွန်းဇံ၊ ကျီခါးဒေသများတွင် ဘိန်းစိုက်ပျိုးမှုများ တိုးပွားလာပြီး တမူးမြို့နယ် အနောက်ပိုင်းအထိ ပြန့်နှံ့နေကြောင်း၊ ဘိန်းစိမ်း၊ ဘိန်းမဲနှင့် ဘိန်းဖြူများကို အဆိုပါဒေသများတွင်ပင် ထုတ်လုပ်နေကြကြောင်း၊ ထိုသို့ ထုတ်လုပ်နေသူများမှာ အိန္ဒိယနိုင်ငံမှ မဏိပူရ် ခွဲထွက်ရေး ကသည်းသူပုန်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒါကို ရဲကိုရော၊ မယကကိုရော၊ ဒေသခံတပ်ရင်းကိုရော သွားသွားပြောတယ်။ သူတို့က လာကြည့်ရင်လည်း သဘောလောက်ပဲ။ အရေးယူတာကျတော့လည်း မရှိဘူး။ ကသည်းသူပုန်တွေက စစ်တပ်ကို အခွန်လိုမျိုး ပေးတော့လေ။ ၂၀၀၀ ခုနှစ်လောက်ကတည်းက စိုက်နေကြတာ။ ၂၀၀၈ နောက်ပိုင်းမှာ ပိုများလာတာ၊ အခုဆို ဧက ၅၀၀ လောက်တောင် ရှိမယ်” ဟု တွန်းဇံဒေသခံတယောက်က ပြောသည်။

ထိုဘိန်းခင်းများမှထွက်သော ဘိန်းစိမ်းများကို တရုတ်ပြည်သို့ အများဆုံးတင်ပို့၍ ကျန်ဘိန်းစိမ်းများကို အိန္ဒိယသို့ တင်ပို့ကြောင်း၊ တချို့ကိုမူ ဒေသတွင်းတွင်ပင် ဘိန်းဖြူချက်လုပ်ကြောင်း ဒေသခံများက ပြောသည်။

ဘိန်းခင်းများ စိုက်ပျိုးရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘိန်းစိမ်းခြစ်ယူခြင်းများကို ဒေသခံ ချင်းတိုင်းရင်းသားများအား အခကြေးငွေပေး၍ စေခိုင်းလျက်ရှိရာ ဒေသခံ ချင်းလူငယ်များ ဘိန်းစွဲမှုမှာလည်း တနေ့တခြား များပြားလာကြောင်း၊ ဘိန်းခြစ်သည့် အမျိုးသမီးများသည်ပင် ဘိန်းစွဲနေကြကြောင်း၊ ငွေဖြစ်လွယ်မှုကြောင့် ယခုအခါ ချင်းတိုင်းရင်းသားများ ကိုယ်တိုင်ပင် ဘိန်းစိုက်ပျိုးနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ဘိန်းခင်းထဲမှာ အလုပ်လုပ်ရင်းက အလိုလိုနဲ့ ဘိန်းစွဲကုန်ကြတာ။ လူငယ်အားလုံးလိုလိုက ဘိန်းရှူနေကြတာ တွေ့ရတယ်။ တချို့ တတ်နိုင်တဲ့မိဘက ဒီလို မဖြစ်စေချင်လို့ မလေးရှားပို့၊ ရန်ကုန်ကို ပို့ပေါ့။ ဒေသခံလူကြီးတွေကလည်း ကြာရင် ပိုဆိုးလာမှာ စိုးရိမ်နေကြတယ်” ဟု တွန်းဇံ ဒေသခံက ပြောသည်။

ဘိန်းစိုက်ခင်းများမှ ဘိန်းစိမ်း တပိဿာလျှင် ကျပ်ငွေ ၆ သိန်း ကောက်ဈေးဖြင့် ကသည်းလူမျိုးများက ၀ယ်ယူကြောင်း၊ ထိုမှ ဘိန်းမည်း တပိဿာလျှင် ကျပ်ငွေ ၁၆ သိန်းဖြင့် တရုတ်၊ အိန္ဒိယဘိန်းကုန်သည်များထံ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

အဆိုပါ အိန္ဒိယဘက်မှ ကသည်းလူမျိုးများသည် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များကို ကျပ် ၂ သိန်းမှ ၁၀ သိန်းအထိ လာဘ်ထိုး၍ စစ်ကိုင်းတိုင်း တမူး၊ ကလေးအပါအ၀င် တွန်းဇံ၊ ကျီခါးနှင့် ကဘော်ချို့ဝှမ်းတ၀ိုက်တွင် နေထိုင်ခွင့် ရယူထားသည့်အပြင် တချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်များပင် ရရှိထားကြောင်း၊ တချို့မှာ မန္တလေးကဲ့သို့သော မြို့ကြီးများအထိ သွားရောက်နေထိုင်ကြပြီး နေအိမ်ခြံဝင်းများ ၀ယ်ယူထားကြသည်ဟု ဒေသခံများက ဆိုသည်။

မြန်မာအာဏာပိုင်များက နိုင်ငံတွင်းတွင် အိန္ဒိယခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း မရှိကြောင်း၊ အိန္ဒိယဘက်ခြမ်း မဏိပူရ်နယ်စပ်ရှိ မူလ်ချမ်ဒေသတွင်သာ အိန္ဒိယနိုင်ငံသားများက ဘိန်းစိုက်ပျိုး ထုတ်လုပ်နေပြီး အိန္ဒိယအာဏာပိုင်များလည်း ပါဝင်ပတ်သက်နေကြောင်း ပြောဆိုမှုများ ရှိသည်။

အိန္ဒိယအာဏာပိုင်များကမူ မူလ်ချမ်ဒေသတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်နေသည်ဆိုပါက နေရာအတိအကျ ညွှန်ပြရန်နှင့် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်၍ အကြောင်းကြားရန် မြန်မာအာဏာပိုင်တို့အား ပြောဆိုခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်၊ မဏိပူရ်နယ်စပ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တလျှောက်တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် အိန္ဒိယနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိမှုများ မကြာခဏ ဖြစ်လေ့ရှိသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed