BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, September 12, 2011

ဟားဂရေ့ဗ် ကြံ့ခိုင်မှု အဆင် မပြေပါကာ ဘက်စ်ကွက်စ်အား မန်ချက်စတာ စီးတီး ကမ်းလှမ်းဖွယ်ရှိ

Share |

မန်ချက်စတာ စီးတီး အသင်းသည် အိုဝင် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အခြေအနေ မျှော်လင့်သလို မကောင်း မွန်ခဲ့ပါက ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်စ်ကွက်စ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဟားဂရေ့ဗ်သည် ဇန်န၀ါရီလ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ကာနီး အချိန်တွင် မန်ချက်စတာ စီးတီးနှင့် စာချုပ်ဖြစ်ခဲ့သည်။ ယခုအခါ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် အင်္ဂလန် ကွင်းလယ်လူကို ကြံ့ခိုင်မှု အသားပေး လေ့ကျင့်မှုများ လုပ်ကိုင် နေစေပြီး ယခင် ကတည်းက မှတ်တမ်းဟောင်း ရှိခဲ့သော ကြံ့ခိုင်မှု ပြဿနာများ ပြန်ပေါ်လာပါက ၎င်းနေရာ အစားထိုးရန် ဘက်စ်ကွက်စ်ကို စောင့်ကြည့် နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ အီတလီသား မန်စီနီသည် နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက ကမ္ဘာ့အဆင့် ကွင်းလယ် ခံစစ်သမား တစ်ဦးကို ခေါ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

မန်စီနီ စိတ်ဝင်စားနေပြန်သည့် ဘက်စ်ကွက်စ်

Caughtoffside.com က မန်စီနီသည် စပိန်နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ ကွင်းလယ်တွင် အကောင်းဆုံး ပဲ့ကိုင် ထိန်းကျောင်းနေသည့် ဘက်ကွက်စ် အတွက် ပေါင်စတာလင် (၃၅)သန်းဖြင့် ဇန်န၀ါရီ လတွင် ကမ်းလှမ်းသွားရန် စဉ်းစား ထားကြောင်းလည်း ဖော်ပြသွားသည်။ ဘက်စ်ကွက်စ်သည် (၃)နှစ်အတွင်း ဘာစီလိုနာ အသင်း လာလီဂါ ချန်ပီယံ (၃)ကြိမ်နှင့် ဥရောပ ချန်ပီယံ (၂)ကြိမ်ဖြစ်ရာတွင် ပါဝင် ကူညီခဲ့သလို စပိန် လက်ရွေးစင် အသင်းနှင့် အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဘွဲ့ကိုလည်း ဆွတ်ခူး နိုင်ခဲ့သည်။ မန်စီနီသည် ဒန်နီရယ်လ် ဒီရော့ဆီနှင့် မာ့ခ် ဗန်ဘောမဲလ်တို့အား ချိတ်ဆက်ခဲ့ပြီး မအောင်မြင်ခဲ့သည့် ကွင်းလယ်ခံစစ် နေရာအတွက် ဘက်စ်ကွက်စ်ကို အလေးထား ပစ်မှတ်အဖြစ် လျာထားကြောင်း သိရသည်။

လက်ရှိတွင်မူ မန်ချက်စတာ စီးတီးအနေနှင့် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှုကို အလေးထား လေ့လာနေဆဲ ဖြစ်သည်။ အကယ်၍ ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အနေအထား ပြန်လည် ပြည့်ဝလာပါက ဘက်စ်ကွက်စ် အတွက် ကမ်းလှမ်းမှုကို ရာသီကုန်ထိ မန်စီနီက ရွှေ့ဆိုင်းထားဖွယ် ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘရူနိုင်း အသင်းအား ၆ဂိုးပြတ် အနိုင်ရခဲ့သည့် မြန်မာ ယူ-၁၉

Share |

စက်တင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် အာဆီယံ ယူ-၁၉ ပွဲစဉ်တွင် အိမ်ရှင် မြန်မာ အသင်းသည် ဘရူနိုင်း အသင်းအား ၆ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။

အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းနှင့် သရေရလဒ်သာ ကစားနိုင်ခဲ့သည့် မြန်မာ အသင်းသည် ဗီယက်နမ်နှင့် လာအိုတို့က ၇ဂိုးပြတ်စီ သွင်းခဲ့သည့် ဘရူနိုင်း အသင်းအား ပရိသတ်များ မျှော်လင့် သကဲ့သို့ ဂိုးများစွာ သွင်းယူ နိုင်ခြင်းမရှိခဲ့ဘဲ ၆ဂိုးသာ သွင်းယူ နိုင်ခဲ့သည်။

မြန်မာအသင်းသည် ဘရူနိုင်း အသင်းအား ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ သည့်တိုင် ကွင်းလယ် ကစားပုံ ကောင်းမွန်ခြင်း မရှိခဲ့ဘဲ တိုက်စစ်မှူး များကလည်း အခွင့်အရေး များစွာအား ဖြုန်းတီးပစ်ခဲ့ ကြ၍ ပရိသတ်များ မချိတင်ကဲ ဖြစ်ခဲ့ရသည်။ မြန်မာ အသင်းအတွက် အဖွင့်ဂိုးအား ပွဲချိန် ၉မိနစ်တွင် ရန်နိုင်ထွေးက စတင် သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် မြန်မာတို့ ကစားပုံ အားရစရာ မရှိခဲ့ဘဲ ၃၅မိနစ်တွင် ရန်နိုင်ထွေးက နောက်ခံလူနှင့် ဂိုးသမား တို့အား လိမ်ခေါက် ကန်သွင်းကာ ဒုတိယဂိုးအား သွင်းယူ ပေးခဲ့သည်။ မိနစ် ၄၀တွင် ဧရိယာ အတွင်းမှ ရဲကိုဦး အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ ၄၂မိနစ်တွင် ရဲကိုဦး ညာခြမ်းမှ ဂိုးဧရိယာ အတွင်း ဆွဲဝင် ထိုးပေးရာမှ စိုးပိုင်သွေးက အပြင်း ကန်သွင်းကာ နောက်တစ်ဂိုး ထပ်မံ ရရှိခဲ့သည်။ ပထမပိုင်း နာကျင် အချိန်ပို အရောက်တွင် ကျော်ဇေယျ ဧရိယာ အတွင်း ဆွဲဝင် ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ တားဆီးခဲ့၍ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့နောက်တွင် စိုးပိုင်သွေး အပိုင် ခေါင်းတိုက်ချက် ဂိုးသမား ကာကွယ်ခဲ့၍ ပထမပိုင်း အပြီး ၃-၀ဖြင့် ဦးဆောင်ခဲ့သည်။

မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း

ဒုတိယပိုင်းတွင် ပရိသတ်များ ထံမှ အားမလို အားမရသံများ ပိုမို ထွက်ပေါ် လာခဲ့ပြီး မြန်မာ အသင်းမှာလည်း နောက်ထပ် ဂိုးရရှိရေး ခက်ခက်ခဲခဲ ကြိုးပမ်း နေခဲ့ရသည်။ ၄၈မိနစ်တွင် ညာခြမ်းမှ ဖြတ်တင်ဘောမှ ဂိုးပေါက်ရှေ့ရှိ ကောင်းဆက်နိုင် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အခွင့်အရေး ဖြုန်းတီး ပစ်ခဲ့သည်။ ၅၁မိနစ်တွင် ညာခြမ်းတိုက်စစ်မှ တဆင့် စိုးပိုင်သွေး အပိုင် ပိတ်သွင်းခွင့် ကောင်းမွန်သော်လည်း တိုင်ထိ ထွက်ခဲ့သည်။ ၅၆မိနစ်တွင် စိုးပိုင်သွေး နေရာ ၀င်ရောက် ကစားခဲ့သည့် သီဟဇော် တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းခဲ့ရာ ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ကောင်းဆက်နိုင် ဘယ်ခြမ်းမှ ဖြတ်တင် ပေးရာမှ ရန်နိုင်ထွေး အပိုင် အခွင့်အရေး ရခဲ့သော်လည်း ဖြုန်းတီး ခဲ့ပြန်သည်။

၆၆မိနစ်တွင် မြန်မာအသင်း တိုက်စစ်ဆင် ကစားရာမှ ဧရိယာအတွင်း အပိုင် ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း အခွင့်အရေးအား မြန်မြန်ဆန်ဆန် အသုံးချ နိုင်ခြင်း မရှိခဲ့ပေ။ ၆၉မိနစ်တွင် ရန်နိုင်ထွေး ကွင်းလယ်မှ ဆွဲပြေး ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့ပြန်သည်။ ထို့နောက်တွင် မြန်မာ အသင်း ဂိုးရရှိရေး ကြိုးပမ်းမှုများ ဆက်တိုက် အရာမထင် ဖြစ်နေခဲ့ပြန်သည်။ ၈၄မိနစ် အရောက်တွင် လူစားဝင် ကစားသမား သီဟဇော်က ဧရိယာ အတွင်း တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းရာမှ မြန်မာတို့ စတုတ္ထဂိုး သွင်းယူနိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ကစားပုံ ပြန်လည် ကောင်းမွန် လာခဲ့ပြီး ဂိုးများ ထပ်မံ ရရှိခဲ့သည်။ ၈၈မိနစ်တွင် လူစားဝင် ကစားသမား သီဟဇော် ကပင် နောက်တစ်ဂိုး သွင်းယူ ပေးခဲ့ပြီး နောက်တစ်ဂိုး ထပ်ရခဲ့ပြန်သည်။ နာကျင် အချိန်ပို တစ်မိနစ်တွင် ရဲကိုဦးက နောက်ထပ် တစ်ဂိုးအား လှလှပပ သွင်းယူ ပေးခဲ့ပြီး မြန်မာအသင်း အတွက် ၆ဂိုးမြောက်အား သွင်းယူ ပေးခဲ့သည်။ ထို့နောက်တွင် ဂိုးရရှိရေး အခွင့်အရေးများ ထပ်မံ ရရှိခဲ့ သော်လည်း ဂိုးရရှိခြင်း မရှိတော့ဘဲ ၆ဂိုးဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

-- ဓါတ်ပုံမမြင်ရရင် ဘလော့မှာကြည့်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အနယ်လ်ကာအား ကာတာ ကလပ် အသင်းက လုပ်ခ နှစ်ဆပေး ခေါ်ယူရန် ဆန္ဒရှိနေ

Share |

ချယ်လ်ဆီး တိုက်စစ်မှူး နီကိုလက်စ် အနယ်လ်ကာအား အရှေ့ အလယ်ပိုင်း ဒေသရှိ ကလပ်အသင်း တစ်ခုက လက်ရှိ လုပ်ခထက် (၂)ဆပေးကာ ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရသည်။


ဒိုဟာ မြို့တော်တွင် အခြေစိုက်သည့် ကာတာကလပ် အယ်လ်အာရဘီက အသက်(၃၂)နှစ်ရှိ ပြင်သစ် လက်ရွေးစင် ကစားသမား အပေါ် အထူး စိတ်ဝင်စား နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အနယ်လ်ကာသည် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ယခု ဘောလုံးရာသီ အကုန်ထိသာ စာချုပ်သက်တမ်း ရှိတော့ပြီး အကယ်၍ ကာတာကလပ် ထံမှ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက တစ်နှစ်လုပ်ခ ပေါင်စတာလင် (၈.၄)သန်းမျှထိ ရရှိနိုင်ကြောင်း Peopleက ဖော်ပြခဲ့သည်။ ချယ်လ်ဆီး အနေနှင့်လည်း ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းကြောင့် အနယ်လ်ကာ အတွက် အမှန်တကယ် ကမ်းလှမ်းမှုမျိုး ရရှိလာပါက လက်ခံ စဉ်းစားနိုင်ကြောင်း သိရသည်။

ကာတာကလပ်မှ စိတ်ဝင်စားနေသည့် အနယ်လ်ကာ


ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ် အနေနှင့် အနယ်လ်ကာကို ရောင်းထုတ် ဖြစ်လျင်လည်း ဒီဒီရာ ဒရော့ဂ်ဘာ၊ ဖာနန်ဒိုတောရက်စ်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဆော်လမွန်ကာလူးနှင့် ရိုမီလူ လူကာကူတို့ ကဲ့သို့ ထိပ်တန်းအဆင့် တိုက်စစ် သမားများကို ပိုင်ဆိုင် ထားသဖြင့် ရွေးချယ်စရာ လျော့နည်းသွားဖွယ် မရှိချေ။ ထို့အပြင် ဂျူအန်မာတာ၊ ဖလောရင့် မာလူဒါတို့သည်လည်း ချယ်လ်ဆီး၏ (၃)ယောက်တန်း တိုက်စစ်တွင် ဂျူအန်မာတာနှင့် ဖလောရင့် မာလူဒါတို့လည်း ၀င်ကစား နိုင်ခြင်းကြောင့် အနယ်လ်ကာအား ရောင်းချရန် စဉ်းစား လာနိုင်ကြောင်း သိရသည်။

နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အနယ်လ်ကာကို ပြင်သစ်ကလပ် ပဲရစ်စိန့် ဂျာမိန်းကလည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခုအခါ အနယ်လ်ကာ အနေနှင့် အယ်လ်အာရဘီ၏ ချိတ်ဆက်မှုကို စိတ်ဝင်စားနေပြီး ချယ်လ်ဆီးထံမှ ထွက်ခွာခွင့် တောင်းဆိုရန် စဉ်းစားလာဖွယ် ရှိနေကြောင်း သိရှိရသည်။

Tags:


--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ပြီးနောက် ယန်းအနေနှင့် ပိုမို တိုးတက်လာကြောင်း ကာပယ်လို သုံးသပ်

မန်ချက်စတာ ယူနိုက်တက်သို့ အက်ရှ်လေယန်း ပြောင်းရွှေ့သွားခြင်းက ၎င်းအတွက် တိုးတက် ဖြစ်ထွန်းမှုများ ရှိလာစေကြောင်း ဖေဘီယို ကာပယ်လိုက သုံးသပ်ခဲ့သည်။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြဖြစ်သူ ကာပယ်လိုက ဝေလအား အနိုင် ရခဲ့သည့် ဥရောပ ဖလား ခြေစစ်ပွဲတွင် ဂိုးသွင်း ပြခဲ့သည့် တောင်ပံ တိုက်စစ်မှူး၏ လက်ရှိ အနေအထားကို အားရ ကျေနပ်လျက် ရှိသည်။ ကာပယ်လိုက ယန်းသည် အင်္ဂလန် ချန်ပီယံ ကလပ် အသင်းသို့ ရောက်ရှိ လာပြီးကတည်းက စွမ်းဆောင်မှုပိုင်း ပိုမို ကောင်းမွန် လာကြောင်းလည်း ချီးကျူးခဲ့သည်။ အသက်(၂၆)နှစ်ရှိ ကစားသမားသည် နွေရာသီ အပြောင်းအရွှေ့ ကာလက အက်စ်တန် ဗီလာမှ မန်ချက်စတာ ယူနိုက်တက်သို့ ပေါင်စတာလင် (၁၆)သန်း ၀န်းကျင်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

အလျင်အမြန် တိုးတက်လာသည့် ယန်း

"ယန်းရဲ့ ပြောင်းလဲမှုတွေက သိသာပါတယ်။ သူဟာ ခုချိန်မှာ အရေးပါတဲ့ အသင်း တစ်ခုမှာ ကစား နေပါပြီ။ နောက်ပြီး အများကြီးလည်း တိုးတက်လာတာ မျက်မြင်ပါပဲ" ဟု ကာပယ်လိုက Sunday Mirror သို့ ပြောကြားခဲ့သည်။ ယန်းသည် အာဆင်နယ်အား အနိုင် ရရှိသည့် ပွဲစဉ်တွင် အသင်းအတွက် (၂)ဂိုး သွင်းယူ ပေးခဲ့သလို ဂိုးဖန်တီးမှု အများအပြားကိုလည်း ပြုလုပ် ပေးနိုင်ခဲ့သည်။ ထို့အပြင် အင်္ဂလန် အသင်း ဥရောပ ဖလား ခြေစစ်ပွဲ အောင်ရေးအတွက် အလွန် အရေးပါသည့် ဂိုးကိုလည်း ဝေလနှင့် ပွဲတွင် ရယူ ပေးခဲ့သည်။ ၎င်းသည် (၂၀၁၀)ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲဝင် အင်္ဂလန် အသင်း ပမာဏ လူစာရင်းတွင် ရွေးချယ် ခံရသော်လည်း အပြီးသတ် (၂၃)ဦး စာရင်းတွင် ချန်လှပ် ခံခဲ့ရသည်။

"ဘာပဲဖြစ်ဖြစ် အသင်းကြီး တစ်ခုမှာ ကစားခွင့် ရတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးပွား လာစေသလို ခြေစွမ်း အတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အဓိက အကြောင်းရင်း တစ်ခုက သူဟာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ တွဲကစားခွင့် ရနေတာပါ။ ယန်းဟာ နောက်ချန် တိုက်စစ်မှူး အနေနဲ့ ၀ိန်းရွန်နီ နောက်မှာလည်း ကစား နိုင်ပါတယ်။ ဘယ်တောင်ပံမှာလည်း အကြာကြီး ကစားနေပြီးသားပါ။ ယန်းဟာ နည်းစနစ်ပိုင်း ကောင်းမွန်သလို မြန်နှုန်း မြင့်မားပြီး ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ သူက ဘယ်ခြေရော၊ ညာခြေနဲ့ပါ ဂိုးသွင်းနိုင်တဲ့ သူပါ" ဟုလည်း ကာပယ်လိုက ၎င်း၏ ကစားသမားကို ချီးကျူးသွားသည်။
Tags:


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed