![]()
ဘက်ခမ်သာ သက်တမ်းထပ်မတိုးခဲ့ရင် ဂလက်ဆီကိုပြောင်းရွှေ့မိမှာပါဆိုတဲ့ ဂူတီ
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကဘီဆစ်တပ်အသင်းနှင့်လမ်းခွဲခဲ့ပြီးအသင်းလက်မဲ့ဖြစ်နေသည့်စပိန်လက်ရွေးစင်ဟောင်းဂူတီသည် မေဂျာလိဂ်ရဲ့ ကမ်းလှမ်းမှုတွေရရှိထားသော်လည်း တရုတ်သို့ သွားရောက်ကစားဖွယ်ရှိနေသည်။
"ဒေးဗစ်ဘက်ခမ်းဟာသက်တမ်းထပ်မတိုးခဲ့ဘူးဆိုရင်၊ဂူတီအနေနဲ့အယ်လ်အေဂလက်ဆီအသင်းကိုပြောင်းရွှေ့ဖြစ်ခဲ့မှာပါ.၊ လာမယ့်ရက်အနည်းငယ်အတွင်းမှာလည်း၊ မေဂျာလိဂ်ကနေ ကမ်းလှမ်းမှုတစ်ခုလက်ခံရရှိဖို့ရှိပါတယ်၊ ဒါပေမယ့် လက်ရှိ အခြေအနေအရ၊ အာရှက ပိုကောင်းနေသလိုပါပဲ၊ လာမယ့်ရက်တွေမှာ ကျွန်တော်တရုတ်ကိုသွားပြီး၊ အသင်းအချို့နဲ့ စကားပြောမှာပါ." ဟု ဂူတီရဲ့အေးဂျင့်ဖြစ်သူ ကီရာဒီမီယာက ပြောကြားခဲ့သည်။ ဒီအသက် ၃၅ နှစ်အရွယ်ကစားသမားဟာ တူရကီမှ ကမ်းလှမ်းမှုတွေကိုလည်းရရှိထားပါသေးသည်။ " သူ့ကို ပွဲစဉ် ၈ ပွဲကစားဖို့ တူရကီကလပ်တစ်ခုက ကမ်းလှမ်းထားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ငြင်းလိုက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားက မတူညီတဲ့နိုင်ငံတစ်နိုင်ငံကနေ အတွေ့အကြုံတွေ ရချင်လို့ပါ၊ ကျွန်တော်တို့ ဒူဘိုင်းကိုလည်း ရောက်ပြီးပါပြီ၊ ဒါပေမယ့် သူတို့ရဲ့ကမ်းလှမ်းမှုကကျွန်တော်တို့ကို နားလည်ရခက်စေပါတယ်" ဟု ဂူတီ၏အေးဂျင့်ကပြောကြားခဲ့သည်။ ဂူတီအား စီးရီးအေ ကလပ် လာဇီယိုအသင်းက ဆက်သွယ်နေသည်ဟု သတင်းများထွက်ပေါ်နေမှုကိုလည်း၊ သူ၏အေးဂျင့်က ငြင်းဆိုသွားခဲ့သည်။ " အခုလက်ရှိတော့ စီးရီးအေက ဘာကမ်းလှမ်းမှုမှ မရှိပါဘူး၊ ကျွန်တော်အနေနဲ့ လာဇီယိုအသင်းက တာဝန်ရှိသူတစ်ဦး နဲ့မှလည်း စကားမပြောရသေးပါဘူး၊ သူတို့အနေနဲ့ တကယ်သာ ကျွန်တော်တို့ကိုကမ်းလှမ်းလာခဲ့ရင် ကျွန်တော်တို့ တန်ဖိုးထားဆုံးဖြတ်သွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့.. စီးရီးအေ ဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းကြီးမားတဲ့ပြိုင်ပွဲတစ်ခု ဖြစ်လို့ပါပဲ" ဟု ဂူတီ၏ အေးဂျင့် ကရှင်းလင်းပြောကြားခဲ့သည်။ စပိန်လက်ရွေးစင်အသင်းအတွက် ၁၄ ကြိမ်ကစားပေးဖူးသော ဂူတီသည် ၂၀၁၀ ခုနှစ်၊ ဘီဆစ်တပ်အသင်းနှင့် မဆက်သွယ်ခင်က၊ ဘာနေဗျူးမှာ ၁၅ နှစ် ကစားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com