ကြက်ဟင်းခါးသီး၊ ကင်ပုံးသီးလိုမျိုး ခါးသက်တဲ့ အစား အစာတွေကို စားတာကြောင့် ရင်ကျပ်ပန်းနာ ဝေဒနာ ကို သက်သာနိုင်တယ်လို့ မစ်ဆာချူးဆက် ဆေးတက္က သိုလ်မှ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ အစားအစာတွေ ကို ခါးသက်တဲ့ အရသာဖြစ်စေတဲ့ ပစ္စည်းဟာ လေပြွန်တွေကို ကျယ်စေတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုကြောင့် ရင်ကျပ်ပန်းနာနဲ့ နာတာရှည် လြွေပန်ပိတ်ဆို့မှုရော ဂါတွေကိုကုသရာမှာ တိုး တက်ကောင်း မွန်လာတော့မယ်လို့ ဆိုပါတယ်။ အရသာအာရုံကို လျှာမှာရှိတဲ့ အာ ရုံခံဖုတွေက အာရုံခံပါတယ်။ ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါးဆိုတဲ့ အရသာ ငါးမျိုးရှိပါတယ်။ အခါးကို အာရုံခံမှုဟာ ခန္ဓာကိုယ် တွင်း အဆိပ်ဖြစ်စေမယ့် အရာတွေအတွက် ပိုမိုတက် ကြွမှုရှိတယ်လို့ ဆိုပါတယ်။ ဒီအာရုံခံ ဖုတွေဟာ ခန္ဓာ ကိုယ်တွင်း တခြားဆဲလ်တွေမှာလည်း ရှိနေတတ် ပါတယ်။ အထူးသဖြင့် ခါးတဲ့အရသာကို အာရုံခံတဲ့ အဖုဟာ လေပြွန်အတွင်း ကြွက်သားတွေမှာလည်း ရှိနေတတ် ပြီး ခါးတဲ့အရသာရရင် ဆဲလ်တွေကို Relax ရရှိစေပါတယ်။ ရင်ကျပ်ပန်းနာ ထလာရင် လြွေပန်ကြွက်သားတွေက ညှစ်အားရလာ တဲ့အတွက် လေပြွန်ကျဉ်း မြောင်းသွားပြီး အသက်ရှူရ ခက်ခဲလာ ပါတယ်။ အခါးအရသာရှိတဲ့ပစ္စည်းဟာ အဲဒီလေပြွန် ကြွက်သားတွေကို Relax ရကာ လေပြွန်ကျယ်စေတာကြောင့် ရင်ကျပ် ပန်းနာရောဂါ သက်သာစေနိုင်ပါတယ်။
Wednesday, March 20, 2013
ဘောလုံးလောကမှအနားယူတော့မည့် အိုဝင်
စတုတ်စီးတီး တိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာ ရာသီကုန်တွင် ဘောလုံးလောကမှ
အနားယူတော့မည်ဖြစ် သည်။ အသက် ၃၂နှစ်အရွယ်ရှိ အိုဝင်မှာ လီဗာပူးနှင့်အတူ ကျော်ကြားလာသော ကစားသမား တစ်ဦးဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းတွင်လည်း ဘက်ခမ်း၊ ဂျရတ်၊ ဟက်စကီးတို့နှင့် အတွဲညီခဲ့သူဖြစ်သည်။
၎င်းမှာ လီဗာပူးနှင့်အတူ ဖလား၅လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဥရောပအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ အိုဝင်မှာ အင်္ဂလန်အသင်းတွင် စတုတ္ထ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုး ၂၂၀ သွင်းယူနိုင်ခဲ့ကာ ရီးရဲလ်၊ နယူးကာဆယ်၊ မန်ယူတို့တွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။
သို့သော် အိုဝင်မှာ ယခုရာသီတွင် စတုတ်စီးတီးနှင့်အတူ ၇ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ရုန်းကန်နေရသူ လည်းဖြစ်သည်။
“ ကျွန်တော့်ကစားသမားဘ၀မှာ ကျွန်တော်အိပ်မက်မက်ခဲ့သလို ဖြစ်ခဲ့လို့ ကံကောင်းတယ်လို့ ပဲပြောရမှာပါ။ ဒါ့ကြောင့်ပဲ ရာသီကုန်မှာ အနားယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူစွာနဲ့ ပြောနိုင်ခဲ့ပါတယ်”ဟု အိုဝင်က ပြောကြားခဲ့သည်။

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ
မတ်လ ၁၉ ရက် နေ့မှ စတင်၍ နိုင်ငံကူး လက်မှတ် စာအုပ် လျှောက်ထား သူမှန် သမျှအား ၁ဝ ရက် အတွင်း ထုတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာ လိုက်သည်။
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာ ရေးဝန် ကြီးဌာနက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံ ချက်များအား မတ်လလယ် အတွင်းမှ စ၍ မလိုအပ် တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ၄င်းတို့၏ လုပ်ငန်း စဉ်ကို ထိုသို့ လျှော့ချ လိုက်ခြင်းဖြစ် သည်ဟု သိရသည်။
လာရောက် လျှောက်ထား သူတို့ အချိန်ကုန် ငွေကုန်မှု ရှိစေသည့် ရုံးလုပ်ငန်း ဆိုင်ရာ မလိုသည့် အဆင့် ဆင့်ကို ဖြေလျှော့ လိုက်ပြီးရေး သွင်းရမည့် စာရွက် စာတမ်းများ မှာလည်း ငါးရွက် တည်းသာ ရှိ တော့သည်ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံးမှ ရဲမှူး ကျော်ဇေယျက ဆိုသည်။ ”အရင် ပန်းဆိုး တန်းမှာ တုန်း က ၁၄ ရွက်ဖြည့် ရတယ်။
၂ဝ၁၁ ခုနှစ်က ရန်ကင်း ရုံးကို ပြောင်းတော့ ၉ ရွက် ကိုလျှောက်လွှာ ဝယ်ပြီး ဖြည့်ခဲ့ ကြရတယ်”ဟု ရဲမှူး ကျော်ဇေယျက ပြောသည်။ ဖြေလျှော့ ပေးမှု တွင် နိုင်ငံ ကူးလက်မှတ် စတင် လျှောက်ထား သူ အပြင် စာအုပ် အဟောင်းမှ အသစ်သို့ လဲလှယ် သူတို့လည်း ၇ ရက်ကျော် ပါက ရရှိမည်ဟု ရဲမှူး က ဆက်ပြောသည်။ လျှောက်ထား သူက ရေးသွင်း ရမည့် ကိုယ်တိုင်ရေး ရာဇဝင်ကို မမှန်မကန် ရေးသွင်း သည်ဆိုပါက ၁ဝ ရက်တည်းနှင့် ရရှိမည် မဟုတ်ဘဲ ပြန်လည် စိစစ် ရမည် ဖြစ်သဖြင့် သတ်မှတ် ရက်ထက် အနည်းငယ် နောက်ကျမှ ရရှိမည်ဟု ရဲမှူး ကျော်ဇေယျက ဆိုသည်။ယခင်က ၂၁ ရက် ကျော်မှ နိုင်ငံကူး လက်မှတ်ကို လျှောက် ထားသူက ရရှိခဲ့ ကြရသည်။

Subscribe to:
Posts (Atom)