BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label ကျမ်းချက်. Show all posts
Showing posts with label ကျမ်းချက်. Show all posts

Sunday, June 12, 2011

ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်သည်။ လူမိုက်တို့သည်ပညာနှင့်ဥပဒေသကိုမထီမဲ့မြင်ပြုတတ်ကြ၏။(သုတ္တံ ၁း၇)


ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်သည်။ လူမိုက်တို့သည်ပညာနှင့်ဥပဒေသကိုမထီမဲ့မြင်ပြုတတ်ကြ၏။(သုတ္တံ ၁း၇)

ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဆိုသည်မှာ "အခြေအနေအရပ်ရပ်တိုင်းတွင်နှုတ်ကပတ်တော်ကိုနာခံလျှက် ဘုရားသခင်အားရိုသေလေးမြတ်ခြင်းဖြင့်အသက်ရှင်ခြင်း" ဟုရိုးစင်းစွာအဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

ထာဝရဘုရားအားကြောက်ရွံ့ခြင်းအကြောင်းသွန်သင်ခြင်းကိုကျမ်းစာတစ်အုပ်လုံးတွင်တွေ့နိုင်သည်။ ကျမ်းစာအရထာဝရဘုရားကိုကြောက်ရွံ့သောသူသည်ပညာရှိ၊ ငြင်းပယ်သောသူသည်လူမိုက်ဖြစ်သည်။

ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဆိုသည်မှာ
၁။ နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်ခြင်း
၂။ နှုတ်ကပတ်တော်ကိုနာခံခြင်း
၃။ နှုတ်ကပတ်တော်နှင့်ဘုရားသခင်အပေါ်တွင်ရိုသေလေးမြတ်ခြင်းဖြစ်သည်။

ယောသပ်(ကမ္ဘာ ၃၇-၅၀)
ဖခင်ယာကုပ်၏အချစ်ဆုံးသောသား(၃၇း၃)၊
ညီအကိုများ၏ငြင်းပယ်ခြင်းကိုခံရပြီးကျွန်အနေနှင့် ရောင်းစားခြင်းခံရသူ(၃၇း၂၈)၊ ဘုရားသခင်သည်သူနှင့်အတူပါရှိပြီးသူ့အားကြွယ်ဝစေသည်။(၃၉း၂) စုံစမ်းသွေးဆောင်ခြင်းကိုခံရသော်လည်းထာဝရဘုရားကိုကြောက်ရွံ့ခြင်းကြောင့်အောင်မြင်သည်။(၃၉း၉) ဘုရားသခင်ပေးသောဥာဏ်ပညာဖြင့်အိမ်မက်ကိုအနက်ပြန်နိုင်သည်။(၄၀း၈၊ ၄၁း၂၅) သူသည်ဝိညာဉ်တော်နှင့်ပြည့်ဝကြောင့်လူများကသတိပြုမိလာသည်။(၄၁း၃၈) အီဂျစ်နိုင်ငံတော်၏၀န်ကြီးချုပ်ဖြစ်လာသည်။(၄၁း၃၈-၄၅)

ဒံယေလ(ဒံယေလ ၁-၁၂)
ဣသရေလမင်းမျိုးမှဆင်းသက်လာသူဖြစ်သည်။ ၁း၃
ဗာဗုလုန်နိုင်ငံသို့ဖမ်းဆီးခြင်းကိုခံရသည်။ ၁း၁
ရုပ်တုရှေ့တွင်ပူဇော်သောအစားအစာများအားဖြင့်သွေးဆောင်ခြင်းကိုခံရသည်။ ၁း၅
ဘုရားသခင်ကိုကြောက်ရွံခြင်းအားဖြင့်အောင်မြင်သည်။၁း၈
ဘုရားပေးသောဥာဏ်ပညာအားဖြင့်ရှင်ဘုရင်၏အိမ်မက်ကိုအနက်ပြန်နိုင်သည်။၂း၂၈
ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသည်။၂း၄၇
ဗာဗုန်လုန်အင်ပါယာကြီး၏အမြင်ဆုံးသောအရာရှိချုပ်ဖြစ်လာသည်။ ၂း၄၈

ထိုသူနှစ်ယောက်၌တူညီသောအချက်များစွာရှိသည်။ အရေးကြီးသောအချက်မှာထိုနှစ်ယောက်စလုံးသည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောနှင့် အသက်ရှင်ခြင်းဖြစ်သည်။ သူတို့တွေ့ကြုံရသောအခြအနေများအထက်ဘုရားသခင်ကိုသစ္စာရှိကြသည်။ ထို့ကြောင့်ဘုရားသခင်သည်သူတို့အားကောင်းစားစေသည်။ လူတို့တကာတို့အပေါ်၌သူတို့အားချီး မြှောက်ခဲ့သည်။

ဥာဏ်ပညာမဲ့သောကြောင့်ဆုံရှုံးခြင်း
ငါ၏လူတို့သည်ပညာနဲသောကြောင့်ဆုံးရှုံးခြင်းသို့ရောက်ကြ၏။သင်သည်ပညာကိုပယ်သောကြောင့် ငါ့ယဇ်ပရောဟိတ်အဖြစ်သို့မရောက်စေခြင်းငှာသင့်ကိုငါပယ်မည်။ သင်၏ဘုရားသခင်တရားကို သင်မေ့လျော့သောကြောင့်သင်၏သားသမီးတို့ကိုငါမေ့လျော့မည်။(ဟောရှေ ၄း၆)

ပညာမဲ့ခြင်းဆိုသည်မှာအဘယ်နည်း ?

ထာဝရဘုရားကိုကြောက်ရွံ့ခြင်းမရှိခြင်းဖြစ်သည်။
ထို့ကြောင့်သူတို့သည်ဆုံးရှုံးခြင်း(ပျက်စီးခြင်း)သို့ရောက်ကြသည်။ သမ္မာတရားကိုမသိသောကြောင့်လူတို့သည်မိုက်မဲခြင်းသို့ရောက်ကြသည်။(၁တိ၂း၎) နောက်ဆုံးတွင်ဆုံးရှုံးခြင်း(အပြစ်စီရင်ခြင်း)သို့ရောက်ကြသည်။

ထာဝရဘုရးကိုကြောက်ရွံ့ခြင်းအကြောင်းကိုတရားဟောချက်များစွာမှကျွန်ုပ်တို့ကြားဘူးကြသည်။ ဘုရားသခင်၏မေတ္တာသက်သေအနေနှင့်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည်ကျွန်ုပ်တို့အသက်တာမှပေါ်လွင်ရမည်။ယေရှုခရစ်တော်နှင့်သက်ဆိုင်သည်ဟုဆိုလျှက်ပင်ထာဝရဘုရားအားကြောက်ရွံ့ခြင်းမရှိလျှင်သင်သည်လိမ်လည်သောသူသာလျှင်ဖြစ်မည်။

ခရစ်တော်၌ချစ်သောညီအကိုမောင်နှမများ
ဘုရားသခင်ကိုကြောက်ရွံ့ပါသလား…ဤမေးခွန်းကိုမိမိကိုယ်ကိုမေးကြည့်ရန်ဖြစ်သည်။
ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးမပြည့်မစုံကျဆင်းလျှက်ရှိသောဤလောကကြီးတွင်နေရသောကျွန်ုပ်တို့သည်လောက၏သွေးဆောင်ဖြားယောင်းမှုကိုခံရကြပေမည်။ သို့သော်မိမိအားနည်းချက်များရှိလင့်ကစား ထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိလျှင်ထာဝရ ဘုရားထံသို့ကျမ်းစာဖတ်ခြင်း၊ အလိုတော်အတိုင်းလိုက်နိုင်ရန်ဆုတောင်းခြင်းအားဖြင့်ပြန်လာနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည်ခမည်းတော်၏အလိုတော်ကိုဆောင်နိုင်ရန်လမ်းပြမည်။ ကျွန်ုပ်တို့အသက်ရှင်သရွေ့ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဖြင့်သူ၏အလိုကိုဆောင်နိုင်ကြမည်။
ဘုရားသခင်ကောင်းကြီးပေးပါစေ။

Sia Jeremiah Khaipu(22nd May, 2011, Kepong Myanmar Christian Fellowship မှဝေငှချက်ကိုကောက်နှုတ်ဖော်ပြသည်
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 25, 2011

ကျမ်းစာမှ အသက်ပြန်ရှင်ခြင်းများ

ကျမ်းစာမှ အသက်ပြန်ရှင်ခြင်းများ
၃ရာ ၁၇း၁၇-၂၂ = မုဆိုးမ၏သားကို ဧလိယက အသက်ပြန်ရှင်ခြင်း
၎ရာ ၄း၃၂-၃၅ = ရှုနင်မြို့သူ၏ သားကိုဧလိရှဲက အသက်ပြန်ရှင်စေခြင်း
၎ရာ ၁၃း၂၀-၂၁ = မောဘတပ်သားတစ်ဦးသေ၍ သင်္ဂြိုလ်ရာ၊ ဧလိရှဲအရိုးဖြင့် ထိမိသောအခါ ထိုသူသည် အသက်ပြန် ရှင်ခဲ့၏။
မဿဲ ၉း၂၃-၂၅ = ခရစ်တော်က အရာရှိတစ်ဦး၏ သမီးအား အသက်ပြန်ရှင်စေသည်။
လုကာ ၇း၁၁-၁၅ = နာဣနမြို့ရှိ မုဆိုးမ၏သားကို ခရစ်တော်က အသက်ပြန်ရှင်စေခဲ့သည်။
ယော ၁၁း၄၃-၄၄ = မာရိ၊မာသတို့၏ မောင်သေခြင်းကို၊ အသက်ပြန်ရှင်စေခဲ့သည်။
တမန် ၉း၃၆-၄၀ = မုဆိုးမ ဒေါ်ကာကို ပေတရုက အသက်ပြန်ရှင်စေခဲ့သည်။
ဗျာ ၁၁း၈-၁၀ = မတရားအသတ်ခံရသူတို့၏ ရုပ်အလောင်းများထဲသို့ ဘုရားထံတော်မှ အသက်ပြန်ပေး၍ ရှင်ကြသည်။
ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ရှားစွာ ပြခြင်း
မာကု ၁၆း၉ = မာဂဒလမာရိထံထင်ရှားခြင်း
မဿဲ ၂၈း၉ = အမျိုးသမီးများရှိသို့ထင်ရှားခြင်း
လုကာ ၂၄း၁၃-၁၅ = တပည့်တော်နှစ်ဦးထံသို့ ထင်ရှားခြင်း
လုကာ ၂၄း၃၄ = ပေတရုထံသို့ထင်ရှားခြင်း
ယော ၂၀း၁၉၊ ၂၄ = တပည့်တော်(၁၀) ဦးရှိရာသို့ ထင် ရှားခြင်း
မဿဲ ၂၈း၁၆-၁၇ = ဂါလိလဲရှိတပည့်တော်များထံ ထင်ရှားခြင်း
လုကာ ၂၄း၅၁ = တပည့်တော်များအားလုံးရှေ့တွင် ထင်ရှားခြင်း

ခရစ်တော် အမှန်တကယ်ရှင်ပြန်ခြင်း၏ သက်သေ
ယော ၂၀း၁-၉ = သင်္ချိုင်းတော်တွင် ခရစ်တော်၏ ရုပ်အလောင်း မရှိပါ။
မဿဲ ၂၈း၅-၇ = ကောင်းကင်တမန်က သင်တို့ရှာသော ယေရှုသည် ဤနေရာ၌မရှိ၊ ထမြောက် တော်မူပြီ။
မဿဲ ၂၈း၁၁-၁၅ = ယဇ်ပုရောဟိတ်နှင့် အကြီးအကဲများက အလောင်းကို ခိုးသွားကြသည်ဟု ငွေပေး၍ ပြောခိုင်းခြင်း။
ယော ၂၀း၂၇-၂၈ = သောမက ခရစ်တော်၏နံဖေးကို လက်ဖြင့် စမ်းသပ်ခြင်းဖြင့် သခင်သည် ထမြောက်ကြောင်း ယုံ၏။
အသက်ထွက်ခြင်းနှင့်ဝင်ခြင်းကို စီရင်နိုင်သော ခရစ်တော်
အသက်ထွက်ခြင်းနှင့် အသက်ပြန်ရှင်ခြင်းကို စီရင် နိုင်သော အစွမ်း Resurrected Power သည် ခရစ်တော်၌ ရှိသည်။
ယော ၁၀း၁၈ – ခရစ်တော်က ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါ စွန့်၏။ ကိုယ့်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကိုယူပြန်ရသော အခွင့်သည် ငါ၌ရှိ၏။
ခရစ်တော်၏ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ပြီး ၀ိညာဉ်တော်၌ဆုတောင်းပါက သင်၌ မည်သို့သော အကျိုးထူးများ ရရှိနိုင်ပါသနည်း။ ပျက်စီးသွားသော သင်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခု ပြန်လည်ကောင်းမွန် ရှင်သန်စေပါမည်။
ရောမ ၈း၁၀ – သေခြင်းမှထမြောက်စေတော်မူသော ဘုရားသည် သင်တို့ထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေ တော်မူမည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျမ်းချက်

ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်း ကြလိမ့်မည်။
အသက်ကြီးသော ကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။ ( ဆာလံ ၉၂း၁၃-၁၄ )
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed