BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, December 25, 2011

ရန်ကုန် ယူနိုက်တက် အသင်း မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်နေ

Share |
ဘရာဇီး နောက်ခံလူ တစ်ဦးကို ရာသီသစ် အတွက် ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ နောက်ခံလူမှာ ဒဏ်ရာရရှိ သွားသောကြောင့် ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် မက်ဆီဒိုးနီးယား နောက်ခံလူ တစ်ဦးကို ခေါ်ယူ စမ်းသပ်လျှက် ရှိကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက်သည် ရာသီသစ် အတွက် နိုင်ငံခြားသား ကစားသမား သစ်များကို ခေါ်ယူခဲ့ရာ ကွင်းလယ်နှင့် တိုက်စစ်မှူး နေရာများ အတွက် ဆားဘီးယား ကစားသမား နှစ်ဦး ဖြစ်သည့် မလာဒန်နှင့် မီလန်တို့ အပြင် ခံစစ်အတွက် ဘရာဇီး နောက်ခံလူ တစ်ဦးတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း ဘရာဇီး နောက်ခံလူ ဖာနန်ဒိုမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် ၎င်း၏ စာချုပ်ကို ပြန်လည် စဉ်းစားလာခြင်း ဖြစ်သည်။

ရန်ကုန်အသင်းမှ ခေါ်ယူစမ်းသပ်နေသည့် မက်ဆီဒိုးနီးယား နောက်ခံလူ

ရန်ကုန် နည်းပြချုပ် အဲရစ်ဝီလျံ ကိုယ်တိုင်မှာလည်း ခြေစွမ်း စမ်းသပ်ခြင်း မရှိဘဲ ခေါ်ယူခဲ့သည့် နောက်ခံလူ ဖာနန်ဒို၏ ခြေစွမ်းအပေါ် အပြည့်အ၀ ကျေနပ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ နောက်ခံလူသစ် တစ်ဦးကို ခေါ်ယူ စမ်းသပ်နေခြင်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်၏ ရာသီသစ် အတွက် ကစားသမား ၀ယ်ယူမှုမှာလည်း အဆိုပါ နောက်ခံလူ ပြဿနာကို ဖြေရှင်းပြီး ပါက အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်သည် လာမည့် ရာသီအတွက် နိုင်ငံခြားသား ကစားသမား (၃)ဦး နှင့် ပြည်တွင်း ကစားသမား ခေါ်ယူမှု အဖြစ် ဧရာဝတီ အသင်းခေါင်းဆောင် နောက်ခံလူ မျိုးဝင်းထွဋ်ကို ခေါ်ယူတားသည်။ ဥဿာ တိုက်စစ်မှူး အောင်မိုးအတွက် ရန်ကုန်၏ ကမ်းလှမ်းမှု မှာမူ ပယ်ချ ခံခဲ့ရကြောင်း သိရသည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရက္ခပူရ အသင်း ဘရာဇီး ကစားသမား (၂)ဦး ခေါ်ယူ


Share |

ရာသီအတွက် အစွမ်းကုန် ပြင်ဆင်လျှက် ရှိသည့် ရက္ခပူရ အသင်းသည် နည်းပြ လီယိုနာဒို၏ အဆက် အသွယ်ဖြင့် ဘရာဇီး ကစားသမား (၂)ဦးကို ခေါ်ယူလိုက်ကြောင်း သိရသည်။


အဲလက်စ်နှင့် အန်ဒရေ အမည်ရှိသည့် ဘရာဇီး ကစားသမား နှစ်ဦးကို ခြေစွမ်း စမ်းသပ်မည် မဟုတ်ကြောင်းလည်း သိရသည်။ "အဲလက်စ်နဲ့ အန်ဒရေ တို့ဟာ အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင် ပါလိမ့်မယ်။ သူတို့ကြောင့် ကွင်းလယ်ပိုင်း တောင့်တင်း လာမယ်လို့ ယုံကြည်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်မှာကိုလည်း မစိုးရိမ် မိပါဘူး" ဟု ရက္ခပူရ နည်းပြချုပ် လီယိုနာဒိုက ဆိုခဲ့သည်။ ခေါ်ယူ လိုက်သည့် ဘရာဇီး နှစ်ဦး စလုံးမှာ ကွင်းလယ် ကစားသမား များဖြစ်သည်။ အဲလက်စ်မှာ ကွင်းလယ်အဖျက် ကစားသမား ဖြစ်ပြီး အန်ဒရေမှာ ကွင်းလယ် တိုက်စစ်နှင့် တောင်ပံ နှစ်ဘက် စလုံးတွင် ကျွမ်းကျင်စွာ ကစားနိုင်ကြောင်း သိရသည်။

အသစ်ခေါ်ယူလိုက်သည့် အဲလက်စ်နှင့် အန်ဒရေ

ဘရာဇီး ကစားသမား (၂)ဦးကြောင့် ရက္ခပူရ၏ နိုင်ငံခြား ကစားသမား ဦးရေမှာ (၃)ဦး ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုကစားသမား (၃)ဦးထဲတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိပေ။ အသင်း၏ တိုက်စစ်ပိုင်းတွင် ကျော်ကျော်ချစ်၊ နေသူလှိုင်၊ မင်းသူနှင့် ဖြိုးမင်းသူတို့ ရှိနေသောကြောင့် လုံလောက်မှု ရှိကြောင်း လီယိုနာဒိုက ဆိုခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed