BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 5, 2013

ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး စူပါ ကွန်ပျူတာ

အမေရီကန် Cray စူပါကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္မဏီမှ အသစ် မိတ်ဆက်ပေးလိုက်တဲ့ Titan အမည်ရ စူပါကွန်ပျူတာ ဖြစ်ပါတယ်။
အမေရိကန် စွမ်းအင်ဝန်ကြီးဌာန က ငွေကြေးအကုန်ကျခံပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါ တယ်။ အမေရိကန် အမျိုးသား လေထုနှင့် မိုးလေဝသ ဌာနက လည်း ရန်ပုံငွေ အနည်းငယ်ထည့်ထားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၇ သန်းရှိပါတယ်။
၂၀၀၉ခုနှစ်ကတတည်းက စတင်ကြေညာထားပြီး အချိန်ယူ ဖန်တီးလာရာ  ယခုအောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Oak Ridge National Laboratory မှာ တည်ရှိပါတယ်။ လုပ်ဆောင်ချက်အနေနဲ့ကတော့ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၂၀၀၀၀ trillion ကို လုပ်ဆောင်နိုင်ပါတယ်။ ကွန်ပျူတာ term နဲ့ဆိုရင် 20 petaFLOPS - မြန်နှုန်းရှိပြီး ကမ္ဘာ့ မြန်နှုန်းအမြင့်ဆုံး ကွန်ပျူတာ ဖြစ်ပါတယ်။
Operating System  : Linux
ပါဝါ                  : 12700000 Watt
အရွယ်အစား      : ၄၃၅၂ စတုရန်းပေ (ဟာ့ဒ်ဝဲ ဗီရိုအလုံးရေ ၂၀၀)
မြန်နှနုး              : 20 petaFLOPS  
Memory            : 710 TB ( 1 TB ကို 1024GB ရှိပါတယ်။) ( CPU က 598 TB, GPU က 112 TB ရှိပါတယ်။
Storage            : 13.6 PB ( 1PB ကို GB ၁သန်း ရှိပါတယ်။)
ကုန်ကျစရိတ်      : အမေရိကန်ဒေါ်လာ ၉၇ သန်း
ယခင် ၂၀၀၅ ကစပြီး အသုံးပြုတဲ့ စူပါကွန်ပျူတာက Jaguar ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၄ သန်း ကုန်ကျပါတယ်။ ယခု အသစ်ဖန်တီးတဲ့ Titan ကျတော့ Jaguar ရဲ့ နေရာက အတွင်းပစ္စည်းတွေကိုသာ အစားထိုး ပြောင်း လဲ တပ်ဆင်လိုက်ခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာ သွားခြင်း ဖြစ်ပါတယ်။ သူ့တုန်းက လုပ်ဆောင်ချက် 1.75 petaflops ပဲရှိခဲ့ရာ  ယခု Titan က အများကြီး သာသွားပါတယ်။ ယင်းကဲ့သို့ အလားတူ လိုက်မှီမယ့် စူပါကွန်ပျူတာကို တရုတ်အစိုးမှလည်း ကြိုးပမ်း တည်ဆောက် လျက်ရှိတယ်လို့ သိရပါတယ်။ Titan ကတော့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနပိုင်ဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်နဲ့ မသက်ဆိုင်ပါဘူး။ ပင်တဂွန်စစ်ဌာနချုပ်မှာ စစ်ဘက်သုံး အခြား စူပါကွန်ပျူတာ ပေါင်းများ စွာလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
Titan စူပါကွန်ပျူတာ အကြောင်း အသေးစိတ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
ရိုးရာလေး နည်းပညာ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မော်ရင်ဟို ချဲလ်ဆီးနည်းပြ ဖြစ်လာခဲ့ပြီ

မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် လေးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး လာမည့် ၁၀ရက်နေ့တွင် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး
သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီး နည်းပြအဖြစ် စတင်ဆောင်ရွက်ရန် ဆန္ဒပြင်းပြနေပြီး အပြောင်းအရွှေ့ ကိစ္စရပ်များအတွက်လည်း စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ချဲလ်ဆီးပရိသတ်များက ၎င်းကိုချစ်ခင်သောကြောင့် တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ဆိုခဲ့ပြီး ၎င်း၏ဘ၀အတွက် အဆင်ပြေဆုံး ဖြစ်လာမည်ဟုလည်း သုံးသပ်ခဲ့သည်။ မော်ရင်ဟိုမှာ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အတွင်း ချဲလ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂လုံး၊ ကားလင်းဖလား ၂လုံးနှင့် အက်ဖ်အေဖလားများ ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သူ့ကိုယ်သူ သိလှပြီတတ်လှပြီ ထင်နေတဲ့----ရော်နယ်ဒို

ရော်နယ်ဒိုဟာ သူ့ကိုယ်သူ သိလှပြီတတ်လှပြီ ထင်နေတဲ့သူလို့ မော်ရင်ဟိုက ဝေဖန်လာခဲ့
ပါတယ်။မော်ရင်ဟိုဟာ ကစားသမားတွေဘက်ကရပ်တည်တတ်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့် ရီးရဲလ်မှာတော့ ကစားသမားတွေနဲ့ ပြဿနာဖြစ်တဲ့နည်းပြ ဖြစ်ခဲ့ရပါတယ်။
ဒါဟာသွေးနားထင်ရောက်နေတဲ့ ရီးရဲလ်
ကစားသမားတွေကြောင့်လို့ရာနှုန်းပြည့်မဆိုနိုင်
ရင်တောင်ညီမျှခြင်းတစ်ခုထက်တော့ ပိုပါလိမ့်မယ်။ဗလင်စီယာကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပိန် ဘုရင့်ဖလားပွဲစဉ်မှာ မော်ရင်ဟိုနဲ့
ရော်နယ်ဒိုတို့ပြဿနာဖြစ်ခဲ့ကြပါတယ်။ ဒါဟာလည်း မော်ရင်ဟိုရဲ့သုံးသပ်ချက်ကို
ရော်နယ်ဒိုက လက်သင့်မခံဘဲ ပယ်ချခဲ့လို့ပါ။
ဒီအတွက် မော်ရင်ဟိုက “ ရော်နယ်ဒိုဟာ ကျွန်တော်နဲ့အတူ ဆန်းကြယ်တဲ့ရာသီ သုံးရာသီလောက် ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ကျွန်တော့်ကြားမှာ ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဘယ်နေရာမှာသူကစားရင်ခြေစွမ်းပိုပြနိုင်မယ် ဘယ်နေရာမှာဆို ဂိုးပိုသွင်းနိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမဲ့ နည်းဗျူဟာရှုထောင်ကနေ သူ့ကို ဝေဖန်တဲ့အချိန်တိုင်း ရော်နယ်ဒိုကငြင်းဆန်ခဲ့တာပါပဲ။ ဒါဟာ သူ့ကိုယ်သူ သိလွန်း၊ တတ်လွန်းနေပြီလို့ ထင်တာကြောင့်ဖြစ်ပြီး နည်းပြက သူ့ကို ခြေစွမ်းပိုကောင်းအောင် ကူညီနိုင်မှာ မဟုတ်ဘူးလို့ ထင်နေလို့ပါပဲ”လို့ ဝေဖန်ခဲ့ခြင်းဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed