ကမ္ဘာပေါ်မှာ ကောင်းလှပါတယ်၊ အရသာရှိပါတယ်၊ ဈေးကြီးပါတယ် ဆိုတဲ့ အကောင်းစား လက်ဖက်ရည် တွေကို နို့ထွက် ပစ္စည်းတွေ၊ လက်ဖက်မှုန့်တွေ၊ အမွှေးကြိုင် ပစ္စည်းတွေနဲ့ ရောစပ်ပြီး ထုတ်လုပ် နေကြတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသားတစ် ဦးကတော့ သူထုတ်လုပ်မယ့် လက်ဖက်ရည်ကို ပုံမှန် နည်းစနစ်တွေနဲ့ ထုတ်လုပ်မှာ မဟုတ်ပါ ဘူးတဲ့။
သူထုတ်လုပ်မယ့် လက်ဖက်ရည်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်အဖြစ် ဂင်းနစ်စံချိန်တင်စေရမယ်လို့ ကြုံးဝါးထားပြီး အဲဒီလက်ဖက်ရည် ကိုလည်း ပန်ဒါဝက်ဝံတွေရဲ့ စွန့်ပစ်ပစ္စည်းကျင်ကြီးကနေ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် တက္ကသိုလ်ကထိက တစ်ဦးဖြစ်တဲ့အန်ယမ်ချီဟာ အလွန်ထူးခြားတဲ့ လက်ဖက်ရည်တစ်မျိုး တီထွင်ထုတ်လုပ်နိုင်ဖို့ ပန်ဒါဝက်ဝံတွေရဲ့ ကျင်ကြီးတန်ချိန် (၅)တန် တောင် စုဆောင်းထားပါပြီ။
အဆိုပါ ကျင်ကြီး ဟာမြေဩဇာပြည့်ဝပြီးအလွန်သင်းပျံ့တဲ့ရနံ့တွေ ပေးစွမ်းနိုင်တာကြောင့် လက် ဖက်ရည်ကြိုက် သူတွေအတွက် အရသာထူးကဲတဲ့လက်ဖက် ရည်တစ်မျိုး ဖြစ်လာလိမ့်မယ်လို့ အန်ယမ်ချီက ယုံကြည်နေပါတယ်။ ဈေးနှုန်းအရလည်း တစ် ကီလိုကိုပေါင်(၅၀ဝ၀ဝ)နဲ့ ရောင်းချသွားနိုင်ဖို့ စီစဉ်နေပါပြီ။
ပန်ဒါဝက်ဝံတွေဟာ အစာချေ စနစ် လုံးဝမကောင်းပါဘူး။ သူတို့စားသမျှ ထဲက(၃၀)ရာခိုင်နှုန်းလောက်ကိုပဲ စုပ်ယူနိုင်ပါ တယ်။ အဲဒါကြောင့် သူတို့ရဲ့ကျင်ကြီး အမျှင် ဓာတ်တွေနဲ့ အာဟာရတွေအပိုအလျှံပါရှိနေ တာပဲဖြစ်ပါတယ်။နောက်ပြီးအနံ့အရသာလည်း ကြွယ်ဝလို့ လက်ဖက်ရည် နှပ်နေ ချိန်မှာတောင် အလွန်ထူးခြားတဲ့ ရနံ့တွေတထောင်းထောင်း ထလာမှာပါလို့အန်ယမ်ချီကသူမထုတ်လုပ်ရ သေးတဲ့လက်ဖက်ရည်ကို အမွှမ်းတင် ပြောကြား ခဲ့တာပါ။
လက်ရှိကမ္ဘာ့ဈေးအကြီးဆုံး လက်ဖက်ရည်ကို အင်ဒိုနီးရှားကြောင်တစ်မျိုး စား သောက်ပြီး တစ်ဝက်တစ်ပျက် အစာချေထား ပြီးဖြစ်တဲ့ ပဲတောင့်တွေ ကနေ ထုတ်လုပ်ပြီး ဈေးနှုန်းအားဖြင့် အလေးချိန်တစ်ပေါင်ကို စတာလင်ပေါင်(၁၀ဝ)ပေးရတယ်လို့သိရပါတယ်။












Rangoon Time