BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, October 2, 2011

မြောင်းထဲသို့ သွန်ပစ်လိုက်သည့် အစားအသောက် များမှ ဆီများအားစစ်ယူကာဟင်းချက်ဆီအဖြစ် ပြန်ရောင်း...


 တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်စားမကုန်၍ မြောင်းအတွင်းစွန့် ပစ်ထား
သည့် စားကြွင်းစားကျန်များမှ ဆီများအားစစ်ယူခပ်ထုတ်ကာဟင်းချက်ဆီအဖြစ်ပြန်လည်ရောင်းချသည့် သ
တင်းတစ်ပုဒ်ကို လွန်ခဲ့ သည့် သီတင်းပတ်က ဒူဘိုင်းထုတ်နေ့ စဉ်သတင်းစာတွင် ဖတ်ရှုမိခဲ့ ရာမှ ကာလအ

တန်ကြာက ဖတ်ရှုခဲ့ ရပြီးဘာသာမပြန်ရသေးသည့် သတင်းတစ်ပုဒ်အား ပြန်ဆိုတင်ပြလိုက်ပါသည်...
နောက်ဆက်တွဲအနေဖြင့် ထိုသို့ ကျန်းမာရေးနှင့် မညီညွတ်သည့် ဆီများအားထုတ်လုပ်သည့် သတင်းအား
စုံစမ်းဖော်ထုတ်သည့် သတင်းထောက်အား အဆိုပါ လုပ်ငန်းရှင်ဟုယူဆရသူက ဓါးဖြင့် ထိုးသတ်လိုက်
သည့် အကြောင်းကိုပါ လွန်ခဲ့ သည့် သုံးရက်ခန့် က သတင်းစာတွင်ထပ်မံဖော်ပြခဲ့ ပါတယ်...


ဒါကြောင့် တရုတ်နိုင်ငံမှစားသုံးဆီများမြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်နေသည်ဟုမကြားသိရသော်
လည်း ထိုကဲ့ သို့ မသန့် ရှင်းသောဆီများဖြင့် ကြော်လှော်ထုတ်လုပ်နိုင်ဖွယ်ရှိသည့် ကလေးသူငယ်များအ
ကြိုက် အသင့် စားသုံးနိုင်သည့် ဆီကြော်မုန့် များ ( အာလူးကြော်၊ ငါးမုန်ကြော် အစရှိသည်ဖြင့် ) ကတော့ 
ရွှေပြည်ကြီး၏ကျောင်းများ၊ ရပ်ကွက်ဈေးဆိုင်များ၊ ဆူပါမါးကက်၊ မီနီမါးကက် များတွင် ရောင်းချနေသည်က
တော့ အသေအချာမို့ နိုင်ငံ၏အနာဂတ်ရင်သွေးလေးများအတွက် သတိပြုမိစေရန်တင်ပြအပ်ပါတယ်...

 အပြင်မှာတော့ ဒီလိုလှလှပပလေးတွေထုတ်ပြီး အထဲကအစားအစာတွေကတော့ 
မသန့် တဲ့ ဆီတွေနဲ့ ကြော်ထားလျှင်...
( ဓါတ်ပုံကိုနမူနာအဖြင့် ပြသရန် ရည်ရွယ်ပါတယ်...အမှန်တကယ်ထိုတံဆိပ်မဟုတ်ပါ...)
( အကောင်းဆုံးကတော့ ကျန်းမာရေးဝန်ကြီးဌာန၊ စားသောက်ကုန်ကြီးကြပ်စိစစ်ရေးဆိုင်ရာ ခွင့် ပြုချက်မ
ပါသည့် မည်သည့် အသင့် စားသုံးနိုင်သည့် ဆီကြော်မုန့် မျိုးကိုမဆို ရောင်းချခွင့် မပြုသင့် ပါဘူး...) 
ဒီ ဒူဘိုင်းနဲ့ ယူအေအီးမှာတော့ မူလတန်းကျောင်းများမှာ ( Junk Food ) လို့ ခေါ်တဲ့ အသင့် စားသုံးနိုင်
သည့် အဟာရမဖြစ်သောမည်သည့် မုန့် ကိုမဆိုရောင်းချခွင့် မပြုပါဘူး...

 စီးပွားရေးအရတွက်ခြေကိုက်ဖို့ အဓိကပဲ...
ဘယ်သူတွေဒုက္ခရောက်ရောက် " ၀ " တို့ ကတော့ မမှုဘူးပဲ...


အကြော်ခံဆီ၊ ဟင်းချက်ဆီ ဆိုသည်ကား စားသောက်ဆိုင်များ၊ အိမ်များမှ ရောင်းမကုန်၊ စားမကုန်၍သွန်
ပစ်လိုက်သည့် အစားအသောက်အကြွင်းအကျန်များတွင်ပါဝင်သည့် ဆီအား စစ်ထုတ်ခပ်ယူထားသည့် ဆီ
ကိုခေါ်ပါတယ်...
တစ်နည်းအားဖြင့် ဆိုလျှင် စားသောက်ဆိုင်များမှ အမှိုက်များစွန့် ပြစ်သည့် မြောင်း၊ ပိုက်များအတွင်းမှ စစ်
ယူထားသည့် ဆီပင်....

ပုံမှန်အားဖြင့် ဆိုလျှင် အဆိုပါစားကြွင်းစားကျန်များအား ၀က်စာအဖြစ်အသုံးပြုကာဝက်များအားကျွေးရန်
ဖြစ်သော်လည်း တရုတ်နိုင်ငံမှ လူစိတ်မရှိသူ၊ ကိုယ်ကျင့် တရားကင်းမဲ့ သည့် လူ့ တိရိစ္ဆာန်များက အဆိုပါ
စားကြွင်းစားကျန်များမှ ဆီများကိုစစ်ယူခပ်ထုတ်ကာ ဟင်းချက်ဆီအဖြစ်ဈေးနှုံးချိုသာစွာ ပြန်လည်ရောင်း
ချလေ့ ရှိကြတာဖြစ်ပါတယ်...

အလကားရတဲ့ ဆီမို့ ရောင်းတန်းဝင်ဆီသန့် များထက်စာလျှင်တော့ ဈေးအပုံကြီးသက်သာပါတယ်...

ဒီထက်ပိုပြီးစိုးရိမ်ထိတ်လန့် ဖို့ ကောင်းတာကတော့ လမ်းဘေးအကြော်သည်များ၊ ကလေးငယ်များအကြိုက်
အသင့် စားသုံးနိုင်သည့် အာလူးကြော်၊ ငါးမုန့် ကြော်စသည့် တရုတ်ပြည်မှလာသော မုန့် ထုတ်များအနေ
ဖြင့် ထုတ်လုပ်ရောင်းချသူများက ကုန်ကျစားရိတ်သက်သာအောင် အဆိုပါ ဆီညံ့ များအားသုံးစွဲထားနိုင်
တာပဲဖြစ်ပါတယ်...



တရုတ်နိုင်ငံ၊ ၀ူဟန်းမြို့ တော်မှ လူယုတ်မာစီးပွားရေးသမားတစ်ဦးကတော့ အကြော်ခံစစ်ထုတ်ဆီဟာ
စားသုံးရန်သင့် တော်ပါတယ် ( ဘေးအန္တရယ်မရှိပါဘူး ) လို့ ပင်အာမခံလိုက်ပါသေးတယ်...
ထိုကိစ္စကိုလွန်ခဲ့ သည့် ၂၀၀၉ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံတွင် တွေ့ ရှိဖော်ထုတ်နိုင်ခဲ့ ပါတယ်...
ထိုသို့ ဖော်ထုတ်တင်ပြနိုင်ခဲ့ မှုကြောင့် ဝူဟန်းမြို့ တော်အစိုးရနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ပြစ်
မှုကျူးလွန်သူများကို တစ်လကျော်ကြာစုံစမ်းဖော်ထုတ်ခဲ့ လို့ အညစ်အကြေးဆီ အမြောက်အများအား
တွေ့ ရှိသိမ်းဆည်းနိုင်ခဲ့ ပါတယ်....
သို့ သော် လူအများစိတ်ဝင်စားမှုလျော့ နည်းသွားချိန်တွင် အဆိုပါအညစ်အကြေးဆီများပြန်လည်ပေါ်
ထွက်လာလိမ့် မည်ဟု အများစုအနေဖြင့် မထင်မှတ်ထားခဲ့ ပေ...
လွန်ခဲ့ သည့် နှစ်စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်လျှို့ ဝှက်စုံစမ်းထောက်လှမ်းမှုကြောင့် 
ဟုန်ရှန်းဒေသတွင် အဆိုပါ ညစ်ညမ်းဆီ အမြောက်အများအားလျို့ ဝှက်စွာရောင်းချနေသည်ကိုတွေ့ ရှိ
ခဲ့ ရပြန်ပါတယ်...
စားသုံးတစ်ချို့ ကတော့ ထိုဆီကိစ္စဟာအထူးအဆန်းမဟုတ်ပဲအားလုံးသိရှိနေကြတာပဲလို့ ဆိုပါတယ်..


ကဲ ...ပေါက်ဖော်ကြီးတို့ တိုင်းပြည်ကလူစိတ်မရှိတဲ့ သူတစ်ချို့ ရဲ့ ဆီလုပ်ငန်းပုံများအားရှုစားကြပါကုန်...









ဖိုးခိုင်http://www.bsphoekhaing.blogspot.com/
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နှစ် ၈၀၀ ကျော် မှာ တစ်ကြိမ်သာ ကြုံရမဲ့ အောက်တိုဘာ လာပြီး


၊စနေ ငါးရက်၊ တနင်္ဂနွေ ငါးရက် ၊ တနင်္လာ ငါးရက် ရှိ သည့် အောက်တိုဘာလ သည်
မကြာခင်စတင် တော့ မည် ဖြစ်ပြီး အဆိုပါနှစ် သည် နှစ်ပေါင်း ၈၂၃ နှစ် နေ မှာ တစ်ကြိမ်ကြုံ
ကြို က်ခြင်း ဖြစ်သည်။အဆိုပါ လကျတိုင်း ကမ္ဘာ တွင် ထူးခြား ဆန်း ပြား မှု များ ရှိပြီး အထူး သဖြင့်
 စစ်ဘုရင် များအင်ပါယာ များ သည် ထိုလ ကျသည့် နှစ် တစ်ဝိုက် တွင် ပျက်စီးရသည်။

ဒိန်းမတ် ဘုရင် သည် လွန်ခဲ့ သော နှစ် ၈၀၀ ထို အချိန်က အာဏာ ကန့် သတ် ခံခဲ့ ရပြီး ၊စစ်
သူ ကြီး ဂျင်ဂစ်ခန် နှင့် လူဝီ ၉ တို့  သေဆုံး ခဲ့သည်။ ကူဗလိုင် ခန် သည် ယွမ်မင်ဆက် ကို
ထူထောင် ခဲ့ သော် လည်း ဂျပန် နှင့် ဖြစ်သည့် စစ်ပွဲ တွင် ၀က်ဝက် ကွဲ ရှုံး ခဲ့ သည်။

ထိုကာလ တွင် မြန်မာ နိုင်ငံ ၌ လည်း ပုံဂံ ခေတ် ပျက်သုဉ်း ချိန် ဖြစ်သည်။

အဆိုပါ နေ့ များ ငါးရက် ထပ် သည့် လ နောက် ပိုင်း ငါးလ သည် စစ်ရေးစစ်ရာ များ ပျက်စီး
ဆုံး ရှုံး ခြင်း ခေါင်းဆောင် များ သေဆုံး ခြင်း အာဏာကန့် သတ် ခံရခြင်း များ ရှိ သော်
လည်း Money Bag ဟု ခေါ်သည့် ငွေ ၀င် သည့် ကာလ ဖြစ်သည်။

အဆိုပါကာ လ ၌ ကံတရား သည် နင်းပြား တို့  ကို ဖေးမ ပြီး သလွန် သည် စောင်း သထက် စောင်း
ပြီး သန်လျှက် သည် မထက် ဟု တရုတ် ဖုန်းရွှေ ပညာ ရပ် ဉ် ဖော် ပြထား သည်။

အကြံအစည် ရှိက အောင်မြင် တတ် ပြီး အကြံပေါ် တော့ တစ်ချက် ကံ ကော် တော့ တစ်သက်
ဖြစ်သည့် လ ဟု အိန္ဒိယ ဟူးရာ နှင့် ဧကံသဗျာကရဏ ဗေဒ တွင်လည်း ဆိုထား သည်။

စနေ နံ ၊ တနင်္ဂနွေ နံ ၊ တနင်္လာ နံ အလွန် အားကောင်း ပြီး မိသား စု တွင်း ၌ ထို နေ့  မွေး သူ
သုံး ဦး ရှိ လျှင် ကံ အလွန် ကောင်း သည် ဟု ဆိုထား သည်။
မှတ်ချက် ။ ။ FNG မှပြန်လည်မျှဝေသည်။
ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လိုင်ယွန်မှ သွေးသစ် လူငယ်လေး ဂရာနီရာကို ချယ်လ်ဆီး စိတ်ဝင်စား

ချယ်လ်ဆီး အသင်းသည် အိုလံပစ် လိုင်ယွန်မှ သွေးသစ်လူငယ် ကစား သမားလေး တစ်ဦးအား အထူးမျက်စိ ကျနေကြောင်း သိရှိရသည်။

ချယ်လ်ဆီးသည် လိုင်ယွန် အသင်းမှ ကွင်းလယ် ဖန်တီးရှင် ကလီမန့် ဂရာနီရာကို လေ့လာ စုံစမ်းမှုများ ပြုလုပ်နေပြီး ဇန်န၀ါရီ လတွင် ပေါင်စတာလင် (၈)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၀)သာ ရှိသေးသော်လည်း ထူးချွန်သော ကိုယ်ရည်ကိုယ်သွေး များကို ပြသနေသည့် ဂရာ နီရာကို ရီးယဲလ် မက်ဒရစ် အပါအ၀င် ဥရောပ ထိပ်သီး ကလပ်အသင်း အတော်များများက အလိုရှိနေ ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးမှ စောင့်ကြည့်နေသည့် လိုင်ယွန်မှ လူငယ်ကစားသမား ဂရာနီရာ

Daily Express သတင်းစာက ချယ်လ်ဆီးသည် ဇန်န၀ါရီ လတွင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ပြီး ကစားသမား လေးကို အခြားအသင်း များထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း ဖော်ပြခဲ့သည်။ ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ်သည် အသင်း၏ ကွင်းလယ်ကို ဇန်န၀ါရီ လတွင် အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ရီးယဲလ် မက်ဒရစ်မှ ဂျာမန်သား ဆမ်မီ ခီဒီရာ ကိုလည်း စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ပုံမမြင်ရင်ဘလော့ခ်မှာကြည့်ပါ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ယူ၊ မန်စီးတီးနှင့် လီဗာပူးလ်တို့ အမှတ်ပြည့် ရခဲ့သည့် စနေည ပရီးမီးယားလိဂ် ပွဲစဉ်များ



အောက်တိုဘာ (၁)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် မန်ချက်စတာ မြို့ခံ နှစ်သင်းနှင့် လီဗာပူးလ် အသင်းတို့ အသီးသီး အနိုင်(၃)မှတ် ပိုင်ဆိုင် ခဲ့ကြသည်။

အဲဗာတန် အသင်းနှင့် လီဗာပူးလ်တို့ ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ်က (၂-၀)ဖြင့် အနိုင် ရရှိသွားသည်။ အဲဗာတန် အသင်းမှ ကွင်းလယ်လူ ဂျက်ရော့ဒ်ဝဲလ်ကို ပွဲချိန် (၂၃)မိနစ်တွင် ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ် ခဲ့သည့်နောက် အိမ်ရှင်တို့ (၁၀)ယောက်ကျန်ဖြင့် ကစား ခဲ့ရသည်။ ထို့နောက် လီဗာပူးလ်က ဒါဘီပြိုင်ဘက် အပေါ် ခြေအသာဖြင့် ယှဉ်ပြိုင် လာနိုင်ခဲ့ပြီး (၇၁)မိနစ်တွင် ဟိုဆေးအန်ရီကေး ဘယ်ခြမ်းမှ ချိုးပေးသော ဘောလုံးကို အန်ဒီ ကာရိုးလ်က ပိတ်သွင်းကာ အဖွင့်ဂိုး ရရှိသွားသည်။ (၈၂)မိနစ်တွင် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ဒုတိယ ဂိုးကို သွင်းယူ ပေးခဲ့သည်။

ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ကာရိုးလ်

မန်ချက်စတာ စီးတီး အသင်းမှာ အဝေးကွင်းတွင် တိုက်စစ် ခြေစွမ်းပြကာ ဘလက်ဘန်း ရိုဗာကို (၄-၀)ဖြင့် အနိုင် ယူခဲ့သည်။ မန်စီးတီးသည် တစ်ပွဲလုံး အသာစီးမှ ကစားကာ ယခုလို ဂိုးပြတ် အနိုင် ယူသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီး တိုက်စစ်ကို မာရီယို ဘာလော့တယ်လီက ဦးဆောင် ကစားခဲ့ပြီး ပထမပိုင်းတွင် ဘလက်ဘန်း ခံစစ်အား အကြိမ်ကြိမ် ခြိမ်းခြောက် နိုင်သော်လည်း ဂိုးမရခဲ့ပေ။ ဒုတိယပိုင်း (၅၆)မိနစ်တွင် အဒမ်ဂျွန်ဆင်က အဝေး ကန်ချက်ဖြင့် ဂိုးသွင်းပြီးနောက် မန်စီးတီးတို့ ဂိုးများ တောက်လျှောက် ရရှိသွားသည်။ မန်စီးတီး အတွက် ကျန်ဂိုးများကို ဘာလော့တယ်လီ၊ ဆမ်မီနာဆရီနှင့် စတီဗင်ဆာဗစ် တို့က အသီးသီး သွင်းယူ ပေးခဲ့သည်။

မန်ချက်စတာအတွက် အနိုင်ဂိုး သွင်းပေးခဲ့သည့် ၀ဲလ်ဘက်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် တန်းတက် နောဝစ်ခ်ျအသင်းအား ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင် ရခဲ့သည်။ စိတ်ဓာတ်ပိုင်း ခိုင်မာ အားကောင်းသော ဧည့်သည် အသင်းသည် လက်ရှိ ချန်ပီယံအား အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့ပြီး အဖွင့်ဂိုး ရမည့် အခြေအနေများပင် ရှိခဲ့သေးသည်။ သို့သော်လည်း အဆုံးသတ်ပိုင်း မရေရာမှုများကြောင့် အပိုင် အခွင့်အရေးများ လွဲချော်ခဲ့ရသည်။ ထို့အပြင် ယခုပွဲ၌ ၀င်ကစားခဲ့သည့် မန်ယူ အရန်ဂိုးသမား အန်းဒရက်စ် လင်ဒီဂတ်၏ နေရာယူ မှန်မှန် ကာကွယ်မှုများကလည်း နောဝစ်ခ်ျကို ဦးဆောင်ဂိုးနှင့် လွဲချော်စေခဲ့သည်။ မန်ယူအတွက် ဂိုးများကို အန်ဒါဆန်နှင့် လူစားဝင် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်တို့က သွင်းယူခဲ့ပြီးနောက် လက်ရှိ ချန်ပီယံတို့ (၂-၀)ဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ် (၁၉)ပွဲဆက် အိမ်ကွင်းအနိုင် စံချိန်သစ် တစ်ခု ရယူ နိုင်ခဲ့သည်။

အခြားပွဲစဉ် ရလဒ်များ
အက်စတွန်ဗီလာ ၂ - ၀ ၀ီဂန်
ဝုဗ် ၁ - ၂ နယူးကာဆယ်ယူနိုက်တက်
ဆန်းဒါးလန်း ၂ - ၂ ၀က်စ်ဘရွန်း
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာ့ လက်ရွေးစင် အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၀င်ခွင့် ပိတ်ပင်ခံရ

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) သည် မြန်မာ့ လက်ရွေးစင် အသင်းအား အိုမန်နှင့်ပွဲ ဖြစ်ရပ်များနှင့် ပတ်သတ်၍ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ခွင့် ပိတ်ပင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ဒုတိယ ပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင် အသင်းသည် အိုမန် လက်ရွေးစင် အသင်းနှင့် သုဝဏ္ဏ အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ ရသည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာ အသင်းသည် အိုမန် အသင်းအား (၂-၀)ဂိုးဖြင့် ရှုံးနိမ့် နေစဉ်၌ ပွဲကြည့် ပရိသတ်များသည် ကွင်းတွင်းသို့ အရာဝတ္တု များဖြင့် ပစ်ပေါက်ခဲ့ သောကြောင့် ပွဲဆက်လက် မကစား နိုင်တော့ဘဲ ပထမပိုင်း အပြီးတွင်ပင် ရပ်ဆိုင်း ခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး ပရိသတ် ထိန်းသိမ်းနိုင်မှု အားနည်းသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ထိရောက်စွာ ပြစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စည်းကမ်း ထိန်းသိန်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် မြန်မာ အသင်းသည် ဖီဖာ စည်းမျဉ်းအမှတ် ၆၅ (ခ)နှင့် (ဂ) တို့ကို ချိုးဖောက် ခဲ့၍ လည်းကောင်း၊ ၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီ၏ ပရိသတ် ထိန်းသိမ်းမှု ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅ နှင့် ပုဒ်မ ၆၊ အပုဒ်ခွဲ ၅ တို့ကို မလိုက်နာ ခဲ့၍သော် လည်းကောင်း၊ ဖီဖာ စည်းမျဉ်းအမှတ် ၆၇၊ အပိုဒ်ခွဲ ၁ တို့ကို မလိုက်နာ ခဲ့၍သော် လည်းကောင်း ပြစ်ဒဏ်များ ချမှတ်ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ ပြစ်ဒဏ်များမှာ မြန်မာ့ လက်ရွေးစင် အသင်းကို ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားတွင် ခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မပြုရန်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို ဒဏ်ငွေ ဆွစ်ဖရန့် ၂၅၀၀၀ နှင့် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ တို့ကို ပေးဆောင် စေရန်တို့ ဖြစ်ကြောင်း သိရသည်။

မြန်မာ အသင်းအား အရေးယူ ခဲ့သည့် စည်းမျဉ်း ဥပဒေများ

ဖီဖာ ဥပဒေ စည်းမျဉ်း အမှတ် ၆၅ (ခ)

- ဖီဖာ စည်းမျဉ်းများ၊ နိုင်ငံတော် ဥပဒေများနှင့် အပြည်ပြည် ဆိုင်ရာ သဘော တူညီချက် များကို လိုက်နာပြီး အထမြောက် စေရမည်။ ပြဿနာ ဖြစ်လာလျှင် အခြေအနေ အရ ပွဲမတိုင်မီ၊ ပွဲကစား နေစဉ်နှင့် ပွဲအပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန်  ကြိုတင် ကာကွယ်မှုများ အမြဲ ပြုလုပ်ရမည်။

ဖီဖာ ဥပဒေ စည်မျဉ်း အမှတ် ၆၅ (ဂ)
- ပွဲကြီးကြပ်သူများ၊ ကစားသမားများ၊ ဒိုင်လူကြီးများ မိမိနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ဘေးကင်း လုံခြုံစေရေး အပြည့်အ၀ တာဝန်ယူ ရမည်။

၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီ၏ ဥပဒေ ပုဒ်မ ၄၊ အပိုဒ်ခွဲ ၅
- အိမ်ကွင်းတွင် ခြေစစ်ပွဲ လက်ခံ ကျင်းပခွင့် ရသည့် အဖွဲ့ဝင် နိုင်ငံတိုင်း၏ ဘောလုံး အဖွဲ့ချုပ် များသည် အောက်ပါတို့ကို တာဝန်ယူရမည်။
(က) သတ်မှတ်ထားသည့် ဥပဒေနှင့် အမိန့်များကို အာမခံချက် ပေးခြင်း၊ စီစဉ်ပေးခြင်း၊ အထမြောက်အောင် ဆောင်ရွက် ပေးခြင်းတို့ ပြုလုပ်ရမည့် အပြင် ဘောလုံးကွင်းနှင့် အခြား သက်ဆိုင်ရာ နေရာများ ဘေးကင်း လုံခြုံစေရေး အတွက် သက်ဆိုင်ရာ အာဏာပိုင် များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။
(ခ) ပြိုင်ပွဲ ကျင်းပနေစဉ် အတွင်း ဖြစ်နိုင်ခြေ အားလုံး အတွက် လုံလောက်သော အာမခံချက် ရှိရမည်။ အာမခံချက် ပေးရန် လိုသည့် အဓိက နေရာများ အတွက်လည်း ဖီဖာမှ ညွှန်ကြားပေးမည်။
(ဂ) အိမ်ကွင်း ပွဲတိုင်း၏ အပြီးတွင် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နိုင်ရန် အတွက် ပွဲကြီးကြပ်သူကို ကွင်းတွင်း DVD သို့မဟုတ် ဗီဒီယို မှတ်တမ်းခွေ တင်ပြရမည်။

၂၀၁၄ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီ၏ ဥပဒေ ပုဒ်မ ၆၊ အပိုဒ်ခွဲ ၅
- မည်သည့် ပွဲစဉ်ကိုမဆို ဖီဖာ၏ တောင်းဆိုမှု အရ မဟုတ်ဘဲ အခြား အကြောင်း ပြချက်ဖြင့် ရွှေ့ဆိုင်းရသည် ဆိုပါက သက်ဆိုင်ရာ ဘောလုံး အဖွဲ့ချုပ်ကို ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက စစ်ဆေးပြီး ပွဲပိတ်ပင်သည့် အရေးယူ မှုများ ပြုလုပ်နိုင်သည်။ ယင်းပွဲစဉ် ပြန်လည် ကျင်းပရန် အတွက်လည်း ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ညွှန်ကြားနိုင်သည်။

ဖီဖာ ဥပဒေ စည်းမျဉ်း အမှတ် ၆၇၊ အပိုဒ်ခွဲ ၁
- အိမ်ရှင် ဘောလုံး အဖွဲ့ချုပ် (သို့မဟုတ်) အိမ်ရှင် ကလပ် အသင်းသည် မိမိတို့ ပရိသတ်များ အကြား မလျော်ကန်သော အပြုအမူများ၊ အပြစ်တင်ထိုက် ဖွယ်ရာ ဖြစ်ရပ်များနှင့် လုပ်ရပ်များ အတွက် တာဝန် ယူရမည် ဖြစ်ပြီး အခြေအနေပေါ် မူတည်၍ ဒဏ်ငွေ ချမှတ်ခြင်း ခံရမည်။ ပြင်းထန်သည့် ဆူပူ နှောက်ယှက် မှုများ ဖြစ်ပွားခဲ့ ပါကမူ နောက်ထပ် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင် ခံရသည် အထိ အရေးယူခြင်း ခံရမည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed