ချင်း ယူနိုက်တက် အသင်း၏ အသင်းပိုင်ရှင် ဖြစ်သူ ဒေါက်တာ ဂျိမ်းလျန်ဆိုင်းက ယနေ့ ညနေပိုင်း ကမ္ဘောဇ အသင်းနှင့် ပွဲစဉ်တွင် တခဲနက် လာရောက် အားပေးခဲ့သည့် အားပေးသူ ပရိသတ်များ၏ အဆင့်အတန်း မြင့်မားသည့် အားပေးပုံမျိုး တွေ့မြင်ခဲ့ရသည် အပေါ် ကျေနပ်နေကြောင်း သိရသည်။ချင်း ယူနိုက်တက် အသင်းသည် အဖွင့်ပွဲစဉ်တွင် ကမ္ဘောဇအား ၂-၀ဖြင့် ရှုံးနိမ့်ခဲ့ သော်လည်း ပရိသတ်များမှာ စိတ်ပျက်ခြင်း မရှိဘဲ အသင်းကို တခဲနက် အားပေးခဲ့ကြသည်။ ထို့အပြင် ပွဲချိန် တစ်လျှောက်လုံး ဆဲဆိုခြင်း မရှိဘဲ မိမိတို့ အသင်း အမည်ကိုသာ အော်ဟစ် အားပေးခဲ့သည့် အတွက် အသင်း ပိုင်ရှင် ဒေါက်တာ ဂျိမ်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ဒီနေ့ ကျွန်တော်တို့ အသင်း ပရိသတ် တွေရဲ့ အားပေးပုံကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ အဆင့်အတန်း ကိုလည်း ပြနိုင်ခဲ့တယ်" ဟု ဆိုခဲ့သည်။ ယခုပွဲတွင် ချင်းယူနိုက်တက် ပရိသတ်များသည် ပဒုမ္မာကွင်း၏ အထူးတန်း ပွဲကြည့်စင် တစ်ခြမ်းနှင့် ရိုးရိုးတန်း ပွဲကြည့်စင် တစ်ခု ပြည့်လုနီးပါး အထိ လာရောက် အားပေးခဲ့ကြပြီး ခန့်မှန်း လူဦးရေ (၆၀၀)နှင့် အထက်တွင် ရှိကြောင်း သိရသည်။
ချင်း ယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာ ဂျိမ်းလျန်ဆိုင်း
|
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

ချင်း ယူနိုက်တက် အသင်း၏ အသင်းပိုင်ရှင် ဖြစ်သူ ဒေါက်တာ ဂျိမ်းလျန်ဆိုင်းက ယနေ့ ညနေပိုင်း ကမ္ဘောဇ အသင်းနှင့် ပွဲစဉ်တွင် တခဲနက် လာရောက် အားပေးခဲ့သည့် အားပေးသူ ပရိသတ်များ၏ အဆင့်အတန်း မြင့်မားသည့် အားပေးပုံမျိုး တွေ့မြင်ခဲ့ရသည် အပေါ် ကျေနပ်နေကြောင်း သိရသည်။








ဝိန်းရွန်နီ အသင်းမှ ထွက်ခွာမည် ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက်က ငြင်းဆိုလိုက်သည်။
Rangoon Time