| ||||
|
![]() အန်တွန်ဖာဒီနန်ရဲ့စကားတစ်ခွန်းက အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီအတွက် ဘာတွေ ဖြစ်လာဦးမလဲ
အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေး ခွဲခြား ပြောဆိုမှု ရှိသည်ဆိုသည့် စွပ်စွဲချက်အား ကျူပီအာ နောက်ခံ ကစားသမား ဖြစ်သူ အန်တွန်ဖာဒီနန်မှ ယနေ့တွင် အက်ဖ်အေသို့ အထောက်အထားနှင့် တကွ တင်ပြရမည် ဖြစ်ပြီး သူ၏ ထွက်ဆိုချက်ကြောင့် ပြစ်မှု ထင်ရှားပါက အင်္ဂလန်နှင့် ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ရဖွယ် ရှိနေခဲ့သည်ဟု ဆန်းသတင်းစာက ရေးသားခဲ့သည်။ ဆန်းစပေါ့နှင့် ရုတ်တရတ် အင်တာဗျူးတစ်ခုတွင် ကျူပီအာ နောက်ခံ ကစားသမား ဖြစ်သူ ဖာဒီနန်၏ ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သော စော်ကားမှုတွင် အင်္ဂလန်နှင့် ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပါဝင်ပတ်သတ်နေမှုနှင့် ပတ်သတ်ပြီး စကားတစ်ချို့ ပြောပြသွားခဲ့သည်။ ![]() ဖာဒီနန်မှ ""ဒီပွဲဟာ(ချဲလ်ဆီးနှင့်ပွဲ) အမှန်တကယ်ကိုပဲ အားသွန်ခွန်စိုက် ကစားခဲ့ရပါတယ်။ ဘောလုံး ကစားပွဲ ဖြစ်တာနဲ့ အညီ ကျွန်တော် စိုးရိမ်ပူပန်မှုနဲ့ အတူ ပြဿနာတွေ ဖြစ်ခဲ့ပေမယ့် ဒါဟာ အခု ဆိုရင် ပုံမှန်နေသားတကျ ဖြစ်သွားခဲ့ပါပြီ"" ""ကျွန်တော်ဟာ သီတင်းပတ်တိုင်းမှာ ရှေ့ဆက် ကစားရမယ့် ပွဲစဉ်တိုင်းကိုသာ အာရုံစူးစိုက် ကစားပါတယ်။ အခုလည်း တနင်္ဂနွေနေ့ ကစားရမယ့် စပါး အသင်းနှင့် ပွဲစဉ်ကိုသာ အာရုံစိုက်ထားပါတယ်""ဟုသာ ပြောသွားခဲ့သည်။ သို့သော်လည်း အတွင်းလူ တစ်ဦးမှ အဆိုပါ သတင်းစာကို ဆက်လက် ပြောကြားရာမှာ ""ဂျွန်တယ်ရီဟာ သူပြုခဲ့တဲ့ အပြုအမူအတွက် ပေးဆပ်ရပါလိမ့်မယ်။ ဘာပြောခဲ့တယ် ဆိုတာထက် ဘာဖြစ်ခဲ့တယ် ဆိုတာကို အန်တွန် ကောင်းကောင်း မှတ်မိနေပါတယ်""ဟု ပြောသွားခဲ့သည်။ အသက် ၃၀နှစ်သား ချဲလ်ဆီးနှင့် အင်္ဂလန် အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် မြို့ခံ ဒါဘီယှဉ်ပြိုင်မှု ဖြစ်သော ကျူပီအာ အသင်းသို့ သွားရောက်ကစားရာတွင် ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ရပြီး အဆိုပါ ပွဲစဉ်အတွင်း ကျူပီအာ နောက်ခံလူ ဖာဒီနန်နှင့် စကားများခဲ့ပြီး လူမျိုးရေးခွဲခြားသည့် စကားဆိုခဲ့သည်ဟု စွပ်စွဲ ခံခဲ့ရခြင်းလည်း ဖြစ်သည်။ တီဗွီကင်မရာများမှ အနှေးပြကွက်ဖြင့် အဆိုပါ ကစားသမား နှစ်ဦး စိတ်ဆိုးမာန်ဆိုး စကားပြောနေခဲ့သည့် ပုံစံအား ကောက်ချက် ယူကာ တယ်ရီမှ လူမျိုးရေး ခွဲခြား ဆတ်ဆံသည့် စကားကို ဆိုခဲ့သည်ဟု စွပ်စွဲခံရကာ အက်ဖ်အေမှ ဖြေရှင်းချက် ပေးရန် တယ်ရီအား ဖြေရှင်းချက် ပေးရန်တောင်းထားပြီး ဖာဒီနန်အားလည်း သက်သေနှင့်တကွ ထွက်ဆိုရန် တောင်းဆိုမှု ပြုလုပ်ထားသည်။ တယ်ရီမှ ဖာဒီနန်အား မင်းဟာ ******black****** (***အနက်ကောင်***တစ်ကောင်)ဟု ပြောဆိုခဲ့ကြောင်း စွပ်စွဲခံရခြင်း ဖြစ်သည်။ တယ်ရီသည် ပြစ်မှု ထင်ရှားပါက ခြင်္သေ့သုံးကောင် (အင်္ဂလန်အသင်း) ကစားသမား ဘဝ ထိခိုက်သည် အထိ ပြစ်ဒဏ် ကျသွားဖွယ် ရှိသည်။ တယ်ရီမှ ရှင်းပြမှု ပြုလုပ်ရာတွင် ဒါဟာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဖြေရှင်းချက် ပေးထားသည်။ အဆိုပါ ပွဲစဉ်တွင် ဖာဒီနန်နှင့် တယ်ရီတို့သည် တစ်ယောက်နှင့် တစ်ယောက် အပြင်းအထန် စကားများကြစဉ် အတွင်း ဖာဒီနန်မှ ""မင်းငါ့ကို ***black*** တစ်ကောင်လို့ ခေါ်လိုက်တာလား??""လို့ အမေးကို ဂျွန်တယ်ရီမှ ""နိုး။ ငါမင်းကို ***black*** ကောင်တစ်ကောင်လို့ မခေါ်ခဲ့ဘူး""လို့ ပြန်အော်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုထားသည်။ ဆန်းသတင်းစာ၏ သုံးသပ်ချက်တွင် ဖာဒီနန်သည်လည်း ဂျွန်တယ်ရီအား အပြင်းအထန် ပြန်လည် ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ "" အန်တွန်အတွက် ဒါဟာ အက်ဖ်အေနဲ့ ပထမဆုံး ရင်ဆိုင် ဖြေရှင်းရတဲ့ ပြဿနာ တစ်ရပ် ဖြစ်ခဲ့ပြီး အဲဒီ အဖြစ်အပျက် အတွင်း နှစ်ယောက်စလုံးဟာ စဉ်းစားချိန်တောင် ရနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အက်ဖ်အေရဲ့ မေးမြန်းစုံစမ်းမှု အပေါ်မှာ ဘယ်ကစားသမား တွေဟာ တကယ့် မျက်ဝါးထင်ထင် အဖြစ်အပျက်ကို မြင်ခဲ့ကြသလဲ ဒါမှမဟုတ် ဒီအဖြစ်အပျက်ကို အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း တွေ့မြင်တဲ့သူ ဘယ်သူ ရှိသလဲ ဆိုတဲ့ အချက်တွေ လိုအပ်ပါတယ်""ဟု သုံးသပ် ထားကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သတ်ပြီး ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ |
--
ဖိုးခိုင်www.bsphoekhaing.blogspot.com