BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, July 4, 2011

စစ်တိုင်းမှူးများ အပြောင်းအလဲလုပ်

 
ရန်ပိုင် Monday, 04 July 2011 16:33
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်ရှိ စစ်တိုင်းကြီးများအား တာဝန်ယူနေသည့် တိုင်းမှူးများကို ပြီးခဲ့သည့် သောကြာနေ့က နေရာ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
ထိုပြောင်းလဲမှုတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းတို့ ပါဝင်ကြောင်း စစ်ဘက်နှင့် နီးစပ်သူ တဦးကပြောသည်။

"ကာချုပ်က အသစ်ဆိုတော့ သူထားချင်တဲ့ သူတွေကိုအဲဒီနေရာမှာထားဖို့လုပ်တာ၊ ဘာအကြောင်းပြချက်မှမပေးဘူး"ဟု ၎င်းကဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်တပ် လေးလပတ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်တိုင်းမှူး အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ် သည်။

ယင်းပြောင်းလဲမှုမှာ စစ်တိုင်းမှုးအချင်းချင်းနေရာ ပြောင်းလဲတာဝန်ယူခိုင်းခြင်း ဖြစ်သည်။

ကချင် လွတ်လပ်ရေး တပ်မတော်(KIA)ကလည်း အဆိုပါ သတင်းနှင့် ပတ်သက်၍ စုံစမ်းသိရကြောင်း အတည်ပြု ပြောကြား သည်။

အဆိုပါ စစ်တိုင်းမှူးများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် စစ်တပ်ရာထူးအပြောင်းအရွှေ့၌ တိုင်းမှူးတာဝန်ကို ရယူခဲ့ သူများဖြစ်သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မ စစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ပြီးခဲ့သည့်မေလအတွင်းကလည်း တပ်မမှူးများနှင့် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်(စကခ) မှူးများကို နေရာအပြောင်းအလဲ ပြုလုပ်ခဲ့သေးသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းတွင် ပြောဆိုနေသည့် အတည်မပြုနိုင်သော သတင်းများအရ ယခုစစ်တပ်အပြောင်းအလဲကို ပြုလုပ်ရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင် ခိုင်းစေနေခြင်းဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သိရသည်။
.

__,_._,
--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖိုင်ဆိုဒ် အကြီးတွေ ခွဲထုတ်မယ် ပြန်ပေါင်းမယ်(File splitter & Joiner)

mailက ပေးတဲ့ Software လေးပါ။ ကျွန်တော်ဆီမှာက JsSprit နဲ့သုံးနေပါတယ။် ကျွန်တော်သူငယ်ချင်းက FileJS က ပိုကောင်းတယ်လို့ ပြောတာနဲ့ သူ့စီက တောင်းပြီ သုံးကြည့်တာ အတော်ကောင်းတယ်ဗျ။ ကျွန်တော်လဲ JsScript Software ကိုတောင် မေ့သွားတယ်။ Blogger တွေအတွက် အတော် အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ File Site ကြီးတဲ့ သီချင်းတွေ Video တွေ Software တွေ စာအုပ်တွေကို အပိုင်းပိုင်းခွဲတဲ့နေရာမှာ ဒီ Software က အတော် အသုံးတည့် လှပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းလေးကိုပါ တင်ပြပေးပါမည်။ ကြိုက်တာ File အမျိုးအစား အားလုံးနည်းပါ ခွဲလို့ရပါတယ်။ ဒါကြောင့် လိုအပ်မယ်ထင်လို့ တင်ပြပေးလိုက်တာပါ။

ဖိုင်ဆိုဒ်မျာ ပိုင်းနည်း

ကျွန်တော်တို့ ဖိုင်ဆိုဒ်အကြီးတွေကို upload လွဲကူစွာ တင်နိုင်ဖို့အတွက် Split လုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Split လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ ၀ိုင်းပြထားတဲ့ အတိုင်း Splitting ကို Click လိုက်ပါ။ Source File မှာကတော့ မိမိ Split လုပ်ချင်တဲ့ File ကို ရွေးချယ်လိုက်ပါ။ out Directory မှာ မိမိ Split လုပ်လိုက်တာကို သိမ်းမည့်နေရာဖြစ်ပါတယ်။ Split Into မှာက မိမိ ဘယ်နှစ်ပိုင်း ပိုင်းချင်သလဲဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီရင် Split ကိုclick လိုက်တာနဲ့ ပြီးသွားပါပြီ။ ဒါကြောင့် လွယ်တယ်လို့ပြောတာပေါ့။



ဖိုဒ်ဆိုဒ် အပိုင်းများပြန်ပေါင်းနည်း

ကျွန်တော်တို့ မိမိတို့ ပိုင်းထားတဲ့ အပိုင်းလိုက်ကလေးတွေကို တစ်ဖိုင်တည်ဖြစ်အောင် Joining ကို click လိုက်ပါ။ ပြီရင် ကျွန်တော်တို့ Split လုပ်ထားတဲ့ အပိုင်းတွေထဲက ပထမဆုံးဖိုင်ကို The First input file မှာ မိမိတို့ ရွေးချယ်လိုက်ပါ။ output file မှာက Save မည့်ဖိုင်ဖြစ်ပါတယ်။ ပြီရင်တော့ Join ကို click လိုက်ပါ။ ပြီးပါပြီ။ (သူငယ်ချင်း မောင်မောင်ကျော်ကို ကျေးဇူးတင်ရှိပါတယ်။ )



Mediafire
Multiupload
source:knowledge
You might also like:



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Andriod OS ဖုန်းများတွင် မြန်မာလက်ကွက်နှင့် မြန်မာဖောင့်သွင်းနည်း


အခုနောက်ပိုင်း Android OS သုံးဖုန်းတွေကအရမ်းခေတ်စားလာတယ်။ တရုတ်နိုင်ငံထုတ် Huawei နဲ့ ZTE တို့လို CDMA ဖုန်းတွေမှာတောင်မှ Android OS ကိုအသုံးပြုထားတာတွေ့ရပါတယ်။ အခုကျွန်တော်ပေးမှာက MyanDroid Soft Keyboard လေးပါ၊ Zawgyi Font သုံးထားပါတယ်။  မြန်မာပြည်ဖုန်းဆိုင်တွေမှာ သွားသွင်းရင် အနည်းဆုံး ခုနှစ်ထောင်လောက်ပေးရပါတယ်။ ဒီတော့ ကိုယ့်ဘာသာကိုသွင်းတာက အကောင်းဆုံးပါပဲ။သွင်းပုံသွင်းနည်းကို အောက်မှာဖတ်ပါ။ အရင်ဆုံးအောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုကို အရင် ဒေါင်းလိုက်ပါ။

Mydroid Soft Keybord အားရယူရန်

Soft Keybord အားရယူရန်

ဒေါင်းပြီးပြီဆို၇င် အဲဒီ နှစ်ဖိုင်စလုံးကို ဖုန်းထဲမှာ install လုပ်ပါ။
install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့  setting ထဲကိုသွားပြီး language and keyboard ကိုရွေးပါ။
Mydroid soft keyboard ကို အမှန်ခြစ်ပေးပါ။




All program menu ထဲကိုသွားပြီး zawgyi ipad program ကိုဖွင့်ပါ။ပြီးရင် Text box ထဲမှာ ငါးစက္ကန့် ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။ Select input method ထဲမှာ Mydroid soft keyboard ကိုရွေးလိုက်ပါ
မြန်မာစာကီးဘုတ် ပေါ်လာပါလိမ့်မယ်။ အဲဒီမှာတင်မပြီးသေးပါဘူး ။ အခုသွင်းပြီးသလောက်က မြန်မာ keyboard သွင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ မြန်မာဖောင့်ကို ဖုန်းရဲ့ function တွေ (ဥပမာ- message , contacts) မှာ ရေးနိုင် ဖတ်နိုင်အောင် မြန်မာ ဖောင့်ထည့်ရဦးမှာပါ။ အောက်မှာဆက်ဖတ်ပါ။









ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ။
Click here to download

zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ အောက်ကပုံအတိုင်း (Mount R/W ) အနီပြထားတာကိုနိုပ်ပါ။

အားလုံးပြီးရင်အောက်ကပုံအတိုင်းဖြစ်နေရပါမယ်




ဒီအထိပြိးရင် DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ် အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ အောက်ကပုံအတိုင်းပေါ်လာပါမယ်။



အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ


ပြီးရင်တော့ OK နှိပ်ပါ။ ပြီးရင် paste ကိုနှိပ်လို့ ရပါပြီ ။
နှိပ်လိုက်ရင် Warning  ရှိပြီးသားလို့ လာပြပါလိမ့်မယ် ။ overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပြီဖြစ်ပါတယ်။ မြန်မာလို ရိုက်ချင်ရင်တော့  Message ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
  Message ကိုဖွင့်ပါ ။ New Message ထဲကိုဝင်ပါ။  စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ ပြီးရင် ရိုက်လို့ရပါပြီ။ အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်လုပ်တာတော့ အဆင်ပြေပါတယ်။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။
http://grou.ps/ucsmcyber/blogs/person/binncpayokwqcxowa မှ....



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Mail တွေကို Inbox မှာအမျိုးစားခွဲပြီးသိမ်းမယ်


သူငယ်ချင်းတို.ကိုအခုပြောပြမှာက Mail ဆိုတာက Gmail ကနေကိုယ်ချိတ်ဆက်ထားတဲ.
ဝက်ဆိုဒ်ကွန်ယက်တွေအများကြီးရှိတတ်ပါတယ်ဗျ...ဥပမာ( ဖေ.ဘုတ်တို.၊အခုကျနော်တို.အခုသုံးနေတဲ.
မာတီတို.၊ နိုင်ဆိုဒ်တို.လိုပေါ.ဗျာ )
အဲ.ဒီလိုမေးတွေကိုအမျိုးစားလိုက် Mail မှာခွဲပြီးသိမ်းလို.ရတယ်ဗျ (ရှင်းတာနဲ.ကိုရှုပ်သွားပီ) :P
ကျွန်တော်အောက်မှာပုံနဲ.ရှင်းပြပါမယ်..
အရင်ဆုံးက မေးဖွင်.ထားပြီးရင် ကိုယ်ခွဲချင်တဲ.  Mail အမျိုးအစားကို အောက်ကပုံမှာဝိုင်းပြထားသလိုကလစ်ပြီးအမှန်ခြစ်ပေးလိုက်ပါ..
ကျနော်ကတော. မာတီ ( Multiply ) ကမေးတွေကို ဥပမာ အနေနဲ.ခွဲပြပါမယ်..



ပြီးရင်အောက်ကပုံမှာဝိုင်းပြထားတဲ. More actions ကိုကလစ်ပါ အဲ.ဒီဘောက်ထဲကမှ
 filter messages like these ကိုကလစ်လိုက်ပါ



အောက်ကပုံလိုပေါ်လာရင်တော. ၀ိုင်းပြထားတဲ. Next Step ကိုပဲကလစ်ပေးလိုက်ပါ



ပြီးရင်အောက်ကပုံအဆင်.ကိုရောက်ပြီဆိုရင်တော. Apply the label ဆိုတာကိုရွေးပြီးဘေးက choose label ထဲက
New label ဆိုတာကိုကလစ်ပေးလိုက်ပါ




အဲ.လိုရွေးလိုက်ရင် အောက်ကပုံထဲကလိုဘောက်တစ်ခုကျလာပါမယ် အဲ.ဒီဘောက်ထဲမှာ ကိုယ်ခွဲချင်တဲ.မေးရဲ.ခေါင်းစဉ်းကိုပေးပေါ.
ပြီးရင်  ok ပေါ.




ဒီအဆင်.ရောက်ပြီဆိုရင်တော.ခွဲပြီးတဲ.အဆင်.ကိုရောက်ပါပြီ
အောက်ကပုံမှာအနီရောင်နဲ.၀ိုင်းပြထားတာကိုအမှန်ခြစ်ပေးလိုက်ပါ ပြီးရင်အစိမ်းရောင်နဲ.၀ိုင်းထားတဲ.  Create Filter
ကိုကလစ်လိုက်ရင် ကိုယ်ခွဲချင်တဲ. Mail တစ်ခုခွဲပြီးပြီပေါ.ဗျာ



အောက်ကပုံလေးကိုကြည်.ကြည်.ပါ (မာတီက)ဆိုတာလေးကိုဝိုင်းပြထားပါတယ်အဲ.ဒါကိုကလစ်ရင် မာတီကလာသမျှမေးတွေကို
ပဲမြင်ရမှာပါ...ဒီလိုပုံစံလေးနဲ. သူငယ်ချင်းတို.ခွဲချင် Mail အမျိုးအစားတွေများစွာခွဲနိုင်ပါတယ်ဗျာ




ကြုံတုန်း ကြော်ငြာဝင်လိုက်ဦးမယ် :P မိမိရဲ.ချစ်သူရဲ. Mail တွေကိုပါဒီလိုခွဲထားမယ်ဆိုရင်တော. Mailတွေများလို.ကိုယ်မဖတ်နိုင်တဲ.
အခါ ချစ်သူရဲ. Mail တွေကိုရှာဖို. ရှိသမျှ Mail တွေကိုလိုက်ပြီးမွေစရာမလိုတော.ဘူးပေါ.ဗျာ.... ဟုတ်တယ်ဟုတ် ^_^
ကျနော်ကတော.ဒီလို Mail တွေခွဲပြီးအဆင်ပြေလိုသလို သူငယ်ချင်းတွေကိုအဆင်ပြေချင်စေပါတယ်ဗျာ
မသိသေးတဲ.သူငယ်ချင်းတွေအတွက်ပါ ...
mm-loverကနေပြန်ဝေမျှလိုက်တာပါ



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လစာတိုးသည်ကို ပင်စင်စားများ ကျေနပ်




 
လစာတိုးသည်ကို ပင်စင်စားများ ကျေနပ်
သဲသဲ | တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၀ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရသစ် တက်လာပြီး ရက် ၁ဝဝ အတွင်း ပင်စင်လစာ တိုးမြှင့်ပေးလိုက်ခြင်းသည် လစာငွေ ရာဂဏန်း၊ ထောင်ဂဏန်းမျှသာ ခံစားနေရသည့် အငြိမ်းစား ဝန်ထမ်းများအတွက် ကျေနပ်ဖွယ်ဖြစ်သည်ဟု ပင်စင်စားများက ပြောသည်။

"ကျနော့်အရှေ့က အနားယူသွားတဲ့ ဆရာကြီးတွေရဲ့ ပင်စင်လစာဆိုရင် ဒီကနေ့ခေတ်နဲ့ ဘယ်လိုမှ သုံးလို့ မရဘူးလေ။ သူတို့တွေက ကျနော်တို့ဌာနအတွက် တကယ်လုပ်ပေးသွားတဲ့ သူတွေပါ၊ ဒီလိုတိုးပေးတာ အလွန်ဖြစ်သင့်တဲ့ အလုပ်မို့ ဝမ်းမြောက်ကြိုဆိုပါတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။

ဒေါက်တာထွန်းလွင်သည် ၂ဝဝ၉ ခုနှစ် အသက် ၆၂ နှစ်တွင် မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ရာထူးမှ အငြိမ်းစား ယူခဲ့သည်။
pinsin1
ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် လာရောက် စုံစမ်းမှုများ ပြုလုပ်နေကြသူများကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
၁၉၈၈ စက်တင်ဘာက စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ထမ်းများ၏ လစာကို ၁၉၈၉၊ ၁၉၉၃၊ ၂၀၀၀၊ ၂၀၀၆ နှင့် ၂ဝ၁ဝ ခုနှစ်များ၌ ၆ ကြိမ် လစာတိုးပေးခဲ့သည်။ နောက်ဆုံးတိုးပေးခဲ့သည့်မှာ ၂ဝ၁ဝ ဇန်နဝါရီတွင်ဖြစ်ပြီး ဝန်ထမ်းတိုင်း၏ လစာကို ကျပ် ၂ သောင်းစီ ထပ်မံတိုးမြှင့်မှု ဖြစ်သော်လည်း ပင်စင်စားများ လစာကိုမူ မတိုးမြှင့်ဘဲ ထားခဲ့သည်။

" ကျနော့် လစာ ၃၅ဝ ရတယ်။ တပ်ကြပ်ကြီးရာထူးနဲ့ ၁၉၈၆ ခုနှစ်ကနေ စစ်သက် ၂၃ နှစ်မှာ ပင်စင်ယူတယ်။ ၉၀ ခုနှစ် နောက်ပိုင်းကနေ ပင်စင်နဲ့ စားလို့ မလောက်တော့လို့ ကြုံရာဝင်လုပ်ပြီး ရပ်တည်ခဲ့ရတာ" ဟု ၆၇ နှစ်အရွယ် အငြိမ်းစား တပ်ကြပ်ကြီးတဦးက မဇ္ဈိမကို ပြောသည်။

မူလတန်းကျောင်းအုပ် ရာထူးဖြင့် ၂ဝဝ၆ ခုနှစ် မတိုင်မီ ဆေးပင်စင်ယူခဲ့သူ ကျောင်းအုပ်ဆရာမတဦးက " လစာ ၇၅ဝဝ ကနေ ပင်စင်ယူတာဆိုတော့ ၂ဝဝဝ လောက်ပဲ ရတာ၊ ကိုယ့်ကလေးကိုယ် ကျောင်းထားဖို့တောင် မလောက်ဘူး။ တိုးတယ်ဆိုတော့ ပျော်ပါတယ်" ဟု ဆိုသည်။

အစိုးရသစ်က ဇွန်လ ၃ဝ ရက်နေ့စွဲဖြင့် အငြိမ်းစား အစိုးရဝန်ထမ်း၏ ပင်စင်လစာကို တာဝန်ထမ်းဆောင်ဆဲ အစိုးရ ဝန်ထမ်းများ၏ လစာနှုန်းထားဖြင့် ပြန်လည် တွက်ချက် သတ်မှတ်ကာ ဇူလိုင်လမှစ၍ တိုးမြှင့် ခံစားခွင့်ပေးမည်ဟု
ကြေညာခဲ့သည်။

၂ဝ၁ဝ ဇန်နဝါရီမတိုင်မီ အငြိမ်းစားယူခဲ့သည့် ပင်စင်စားအားလုံး အကျုံးဝင်ပြီး၊ ၂ဝဝ၆ ဧပြီမတိုင်မီ ပင်စင်ယူခဲ့သည့်
နိုင်ငံရေးပင်စင်စားများလည်း လစာတိုးမြှင့်ပေးမည်ဟု ဆိုထားသည်။

ရန်ကုန်မြို့ ပင်စင်ဦးစီးဌာနက မဇ္ဈိမကို တယ်လီဖုန်းဖြင့် ဖြေကြားရာ၌ ပင်စင်စားများအနေဖြင့် မိမိတိုးမြှင့်ခံစားရမည့် လစာနှုန်းထားများ သိရှိရန် သက်ဆိုင်ရာ မိခင်ဌာန၊ အဖွဲ့အစည်းများသို့ ဆက်သွယ်ပြီး လျှောက်လွှာ ပုံစံဖြည့်ပြီးနောက် တိုးမြှင့်လစာ မည်မျှရရှိကြောင်း တွက်ချက်ပေးမည်ဟု ဆိုသည်။

"အရင်ဆုံး မိခင်ဌာနကို ဆက်သွယ်ပြီး အဲဒီမှာ လျှောက်လွှာတွေဖြည့်ပြီး ယူခဲ့ရင် ဒီက ဘယ်လိုတိုးတယ်ဆိုတာ တွက်ပေးမှာပါ" ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အစိုးရဘဏ် ၂ ရှိ ပင်စင်ဦးစီးဌာနက ဖြေကြားခဲ့သည်။

လုပ်သက် နှစ် ၃ဝ ရှိ အစိုးရဝန်ထမ်းများသည် လုပ်သက်ပြည့် ပင်စင်၊ အသက် ၆ဝ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့လျှင် သက်ပြည့်ပင်စင်၊ ကျန်းမာရေး ချွတ်ယွင်းမှုကြောင်း ခိုင်လုံလျှင် ဆေးပင်စင်တို့ ခံစားခွင့် ရှိသည်။

၂ဝ၁၁ မတ်လ လွှတ်တော် အစည်းအဝေး၌ ရှမ်းပြည်နယ် နမ့်ခမ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ စိုင်းကျော်အုန်း၏ နိုင်ငံ့ဝန်ထမ်းများနှင့် ယခင်ပင်စင်စားများ၏ လစာနှုန်းထားများ တိုးပေးရန် အစီအစဉ် ရှိမရှိ
မေးမြန်းမှုကို သင့်တော်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ဟု ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက
ဖြေကြားခဲ့သည်။

ယခုလို ပင်စင်လစာငွေ တိုးမြှင့်ပေးခြင်းသည် အငြိမ်းစားဝန်ထမ်းများအတွက် တစုံတရာ အထောက်အကူ
ဖြစ်သော်လည်း၊ ပိုလျှံစေနိုင်သည့် ပမာဏမဟုတ်ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။
__._,_.___--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed