BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, May 22, 2012

မြန်မာနိုင်ငံတွင် ပထမဆုံးသော လေယာဉ်မှူး သင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးသော လေယာဉ်မှူး သင်တန်း ဖွင့်လှစ်မြန်မာ နိုင်ငံတွင် ပထမဆုံး သော လေယာဉ်မှူး သင်တန်းကို နယူးဇီလန် နိုင်ငံ Golden Wings Flight Traiming နှင့် ရန်ကုန်မြို့ အခြေစိုက် Jenko Group Of Companies တို့ ပူးပေါင်း၍ မေလ ၂၁ရက်မှစတင်ကာ ရန်ကုန်မြို့၌ ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်း ကာလ ၁၄ ပတ်ကြာမြင့်မှာ ဖြစ်သည်။
အဆိုပါ သင်တန်းနှင့်ပတ် သက်၍ မိတ်ဆက် ရှင်းလင်းပွဲကို မန္တလေးမြို့ Hotel Mandalay ၌ မေ ၁၆ရက်၊ နံနက် ၉နာရီက ပြုလုပ်ခဲ့ရာ Golden Wings မှ Director Mr. Will Morrison, သင်တန်းနည်းပြချုပ် Capt. Peter Ober Schneider နှင့် Jenko Group မှ Managing Director မနီမြစီတို့က ရှင်းပြ သည်။
"ရန်ကုန်မှာ Ground School အဖြစ် ၁၄ ပတ်သင်ကြား ပေးပြီး နယူးဇီလန်နိုင်ငံ Nelson Airport မှာ Flight Training တက်ရောက်ရမှာပါ။ Golding Wings နဲ့ ကျွန်မတို့ Jenko တို့ Partnership လုပ်ထားတယ်။ ကျောင်းအုပ်ကြီးကပ္ပတိန် Peter Oberschneider က နယူးဇီ လန်မြို့ပြလေကြောင်းက ဖြစ်ပြီး အတွေ့အကြုံ ၁၅နှစ်ကျော်ရှိပြီ။
အရည်အချင်းပြည့်ဝတဲ့ Pilot တွေဖြစ်အောင် မွေးထုတ်ပေးသွား မှာပါ။ အနိမ့်ဆုံးပညာအရည် အ ချင်းက အထက်တန်းအောင်၊ အင်္ဂလိပ်စကားပြောဆိုနိုင်ရမယ်။ Interview ဖြေဆိုအောင်မြင်သူ ၁၀ ဦးလက်ခံသင်ကြားပေးသွား မှာပါ" ဟု Jenko မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သင်ကြားပို့ချမည့် Ground School မြေပြင်အတတ်သင်တန်း ကျောင်းတွင် v Aviation Law, Meteorology, Flight Navigation, Aircraft Technical Knowledge စသည့် ဘာသာရပ် များပါဝင်ပြီး ရန်ကုန်မြို့ သင်တန်းအတွက် US ဒေါ်လာ USD ၆၇၁၀ ပေးသွင်းရမှာ ဖြစ် သည်။
ဘိုရင်းကုမ္ပဏီ၏ ပြောကြား ချက်အရ လေယာဉ်နှင့်ခရီးသွား လာမှုနှစ်စဉ်တိုးမြင့်လျက်ရှိရာ လာမည့်နှစ် ၂၀အတွင်း Pilot လေ ယာဉ်မှူးပေါင်း ၄၅၉၀ဝ၀ လို အပ်မည်ဖြစ်၍ Pilot တစ်ဦး၏ ဘဝအာမခံချက်မှာ ခိုင်မာမှုရှိသည် ဟုဆိုသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ် သိရှိလိုပါက ဖုန်း- ဝ၉ ၅၀၆၂၈၉၁၊ ဝ၉-၄၃၀ ၂၈၇၆၀ ဖြစ်ကြောင်း သိရသည်။
ကျော်ထက်
Mobile Guide
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်

ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်
ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်ချင်ကြောင်း ပြောကြားလိုက်သည့် ရွိုင်ရယ်ဂစ်
ရွိုင်ရယ်ဂစ်က လာမည့် အိုလံပစ်ပြိုင်ပွဲတွင် အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းနှင့်အတူ ဂရိတ်ဗြိတိန်အသင်းတွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရွိုင်ရယ်ဂစ်၏ ဆန္ဒသာ အမှန်တကယ်ဖြစ်လာပါက၊ (၂၀၀၃)ခုနှစ်တွင် ဒေးဗစ်ဘက်ခမ်း၊ အိုးထရက်ဖို့ဒ်မှ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားပြီးနောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် မန်ယူပရိသတ်များသည် မန်ယူဂန္တ၀င်နှစ်ဦးအား အတူတကွ ပြန်လည်မြင်တွေ့ခွင့် ရမည်ဖြစ်သည်။

"ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ ပြီးတော့ သူဟာ ဂရိတ်ပလေယာပါ၊ ကျွန်တော် သူနဲ့အတူ လူငယ်အသင်းမှာ ကစားသမားဘ၀ စတင်ခဲ့ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်အကြာမှာ သူနဲ့အတူ ပြန်ပြီး တွဲကစားခွင့်ရရင်တော့ အရမ်းကို ကျေနပ်စရာကောင်းပါလိမ့်မယ်"ဟု ဂစ်က ပြောကြားခဲ့သည်။

ဝေးလ်တောင်ပံကစားသည် ဂရိတ်ဗြိတိန်အသင်းတွင် သူ့အတွက် နေရာတစ်နေရာရရှိရန်အတွက် မန်နေဂျာ စတူးဝပ်ပီယာ့စ်အား တောင်းဆိုထားကြောင်းလည်း သိရှိရသည်။

"ဟုတ်ပါတယ်၊ ကျွန်တော် ပါဝင်ခွင့်ရအောင် ကြိုးစားနေပါတယ်၊ ကျွန်တော် ရွေးချယ်ခံရမလားဆိုတာကတော့ စောင့်ကြည့်သွားရပါမယ်"

"အခုဆိုရင် လူတိုင်း ဗြိတိန်ရဲ့  ခွဲထွက်ဒေသတွေနဲ့ လန်ဒန်မှာ ကျင်းပတော့မည့် အိုလံပစ်ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေကြပါတယ်"

"ကျွန်တော် ပီယာ့စ်နဲ့လည်း စကားပြောပြီးပါပြီ၊ ကစားသမားတွေရဲ့ဆန္ဒက အဓိက ကျလိမ့်မယ်လို့ ထင်ပါတယ်"ဟု ဂစ်က ပြောကြားသွားခဲ့
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချယ်လ်ဆီးအသင်းက ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား အသိပေးလိုက်သည့် ဒရော့ဘာ

သူ ချယ်လ်ဆီးအသင်းက ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား အသိပေးလိုက်သည့် ဒရော့ဘာ
သူ ချယ်လ်ဆီးအသင်းက ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား အသိပေးလိုက်သည့် ဒရော့ဘာ
ချယ်လ်ဆီးတိုက်စစ်မှူးဒရော့ဘာက  သူအသင်းမှ ထွက်ခွာပြီဖြစ်ကြောင်း အသင်းဖော်များအား ငိုကြွေးရင်း အသိပေးပြောကြားသွားခဲ့သည်။

ဒရော့ဘာသည် ဂျွန်တယ်ရီ၊ ဖရန့်လမ်းပတ်နှင့် ကျန်သည့် ချယ်လ်ဆီးအသင်းသားများအား -

"နောက်ရာသီ ငါတို့အတူတကွ ရှိတော့မည် မဟုတ်ကြောင်း" ပြောကြားသွားခဲ့သည်။

"ကျွန်တော် စိတ်မကောင်းပါဘူး၊ အထူးသဖြင့် အခုလို ကစာသမားကောင်းတွေကို စွန့်ခွာရမှာ ၀မ်းနည်းမိပါတယ်၊ ဒါပေမယ့် အခြားလူတွေ ကစားနေတာကို ကျွန်တော် အရန်ခုံကနေ ထိုင်မကြည့်နေနိုင်ပါဘူး၊ ကျွန်တော် ထွက်ခွာရပါမယ်"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။

ဒရော့ဘာသည် အဆိုပါသတင်းအား ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရရှိပြီး၊ (၂၄)နာရီအကြာ လှည့်လည်အောင်ပွဲခံသည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အသက် (၃၄)နှစ်ရှိ ဒရော့ဘာသည် သူ့အား တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းဖြင့် ကမ်းလှမ်းထားသည့် အသင်းဖော်ဟောင်း အနယ်လ်ကာ ရှိသည့် တရုတ်ရှန်ဟိုင်းကလပ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေသည်။

သို့ပါသော်လည်း သူ၏ ရှန်ဟိုင်းကလပ်သို့ပြောင်းရွှေ့မှုမှာ တရုတ်ကလပ်ပိုင်ရှင်များ၏ ကစားသမားနည်းပြ အနယ်ကာ၏အခန်းကဏ္ဍများအပေါ် ၀င်ရောက်စွက်ဖက်မှုများကြောင့် မသေချာမှုများ ရှိလာပြီဖြစ်သည်။

အနယ်ကာသည် ရှန်ဟိုင်းကလပ်နှင့် ဒရော့ဘာတို့၏ ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် ကူညီခဲ့သည်။

သို့ပါသော်လည်း အနယ်ကာသည် ပြီးခဲ့သည့်လက ဂျင်း တီဂါနာထံမှ နည်းပြတာဝန်ကို လွှဲပြောင်းရယူပြီး၊ ကစားသမားနည်းပြအဖြစ် တာဝန်ယူချိန်မှစ၍ အသင်းပိုင်ရှင်များ၏ ၀င်ရောက်စွက်ဖက်မှုများကြောင့် မပျော်မရွှင်ဖြစ်နေပြီး၊ အသင်းမှ ထွက်ခွာရန် စဉ်းစားနေကြောင်း သိရှိရသည်။

ဒရော့ဘာက သူ့အနေဖြင့် အခြားပရီးမီးယားလိဂ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားမည်မဟုတ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

"ကျွန်တော် အသင်းက ထွက်ခွာရင်တော့ ၊ အဆင့်မြင့် ပြိုင်ပွဲကြီးတွေနဲ့ လုံးဝခြားနားတဲ့နေရာကို သွားမှာပါ၊ ပရီးမီးယားလိဂ်အခြားအသင်းတစ်သင်းမှာ ကျွန်တော် ကစားမှာလားလို့ မေးစရာမလိုပါဘူး၊ ကျွန်တော် စပိန်ကို ရောက်မှာလား၊ ဒါမှမဟုတ်၊ အီတလီ၊ ဂျာမနီလား၊ ဘာမှ သေချာမသိသေးပါဘူး၊ ကျွန်တော်အနေနဲ့ ပတ်ဝန်းကျင်သစ်ကို ပိုပြီး စိတ်ဝင်စားပါတယ်"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed