BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 30, 2011

မြန်မာ့စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁ ၏ အောင်မြင်မှုများ

မြန်မာ့စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁ ၏ အောင်မြင်မှုများ
သနပ်ခါးပါးကွက်ကျားနှင့် လေးနှစ်အရွယ် ကလေးငယ်လေး တစ်ယောက်က 'မြန်မာမီနီဆလွန်း' ကား အဝါလေးရှေ့တွင် ဓာတ်ပုံ အရိုက်ခံနေသည်။ နေပြည်တော် လယ်ဝေးမှလာသော ကလေးဟု သိရ ၏။ နောက်ထပ် ငါးနှစ်အရွယ် ကောင်လေးတစ်ဦးကလည်း ချစ် စရာကားအနီလေးရှေ့မှာ သူ့ကို ဓာတ်ပုံ ရိုက်ပေးပါဟု သူ့မိဘတွေကို ပူဆာနေသံ ကြားရ၏။ ကလေးရော လူကြီးရော ဝိုင်းဝိုင်းလည် ကြည့်ရှု တပ်မက်နေကြသော 'မြန်မာမီနီ ဆလွန်း'သည် 'မြန်မာ့စက်မှုထုတ် ကုန်ပြပွဲ ၂ဝ၁၁' တွင် ရေပန်းအစား ဆုံး စူပါစတားဖြစ်နေသည်။ 'မြန်မာ့ စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁' ကို ၂၂-၇-၂ဝ၁၁ နေ့က နေပြည် တော်ရှိ 'မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန' (MICC) တွင် ၅ ရက်တိုင် ကျင်းပခဲ့၏။ ပြပွဲတွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက် အောက်ရှိ လုပ်ငန်းဌာနများမှ စက်မှု ထုတ်ကုန်ပစ္စည်း အမယ်ပေါင်း ၈၉၃ မျိုး၊ အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူစီးမော်တော် ယာဉ်များ၊ ကုန်တင်ယာဉ်ကြီး များ၊ လုပ်ငန်းသုံးစက်ယန္တရားကြီးများ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ အင်ဂျင်အမျိုးမျိုး၊ တာယာ အမျိုးမျိုး အပါအဝင် စက်မှုထုတ်ကုန် ၇၂ မျိုးကို ပြသထားသည်။ MICC ရှေ့ တွင် ကားတွေ တန်းစီရပ် ထားကာ ပြပွဲကြည့်လာသူ ပရိသတ် အုတ် အုတ်သဲသဲဖြင့် စည်ကားလှ၏။ နေ့စဉ် ပရိသတ်သုံးသောင်းကျော် လာရောက်ကြည့်ရှုကြသည်ဟု ဆို၏။ ကျွန်တော်တို့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းများမှ စာနယ်ဇင်း သမားများကိုလည်း ၂၆-၇-၂ဝ၁၁ နေ့က အမှတ်(၂)စက်မှုဝန်ကြီးဌာန ဖိတ်ကြား၍ ပြပွဲသို့သွားရောက် ကြည့်ရှုခွင့်ရခဲ့ သည်။ ကျွန်တော်တို့ စာနယ်ဇင်းသမားများက စက်မှု(၂) ထုတ် MRL  မြန်မာရွိုင်ရယ် ၁၂ ယောက်စီးကားသစ် နှစ်စင်းဖြင့် နေပြည်တော်သို့ သွားကြရ၏။ "လူကြိုက် များနေတဲ့ မြန်မာ မီနီဆလွန်းတွေကို ဘယ်လောက် အရေအတွက် ရောင်းချပြီးပြီလဲ" ဆိုသော စာနယ်ဇင်းသမားတစ်ဦး၏ အမေးကို သက်ဆိုင်ရာတာ ဝန်ရှိသူ က "ခုထိ စီးရေ သုံးရာလောက် ရောင်းပြီးပါပြီ" ဟု ဖြေကြားသည်။ မြန်မာမီနီဆလွန်းကားသည် ပုံစံ လှပပြီး ရောင်းဈေးကလည်း ကျပ် ၅၅ သိန်းသာရှိသဖြင့် ဝယ်ယူလိုသူ များပြားလှ၏။ "ခုထိ လျှောက်လွှာပေါင်းက သုံးသောင်းကျော် ရှိနေပါပြီ။ ဝယ် ချင်သူများနေတဲ့အတွက် စိစစ်ပြီး ရောင်းနေရပါတယ်။ အငြိမ်းစားဝန် ထမ်းရော၊ အနုပညာရှင်ရော၊ နိုင်ငံ ရေးနယ်ပယ်က ပုဂ္ဂိုလ်ရော၊ ကုန် သည်ရော လူတန်းစားအလွှာအသီး သီးကို ရောင်းပေးနေပါတယ်။ လျှောက်ထားသူအားလုံး တစ်ချိန် ချိန်မှာ အကုန်ရသွားနိုင်ကြပါလိမ့် မယ်" ဟူသော အဖြေစကားကို လည်း ကြားရ၏။ မကြာမီ ရောင်းချရန်စီစဉ်ထား သည့် 'မြို့တော်ဘတ်စ်ကား' (City Bus) ကလည်း ခရီးသည် ၃၅ ယောက်စီးဖြစ်ကာ မော်ဒယ်ပုံစံက ဆန်းသစ်လှပနေသည်။ မြန်မာပြည် လမ်းများတစ်လျှောက် စက်မှု(၂)၏ စီးတီးဘတ်စ်များဖြင့် တင့်တယ် ခန့်ထည်တော့မည့် မြင်ကွင်းကို မှန်းမျှော်စိတ်ကူးရင်း ကြည်နူးမိ၏။ ဟဲဗီးဂျူတီတာတာ (၆ ထ ၂)နှင့် (၆ ထ ၄) ကားကြီးများလည်း ပြသ ထားသည်ကို တွေ့ရသည်။ တီအီး -၂၁ မီးသတ်ယာဉ်များလည်း စက်မှု(၂)၏ လက်စွမ်းပြထုတ်လုပ် ထားမှုပင်ဖြစ်သည်။ အမှတ်(၂) အထွေထွေအကြီးစား စက်မှုလုပ် ငန်းမှ ထုတ်လုပ်သော တာဘိုင် အင်ဂျင်များ၊ ဒီဇယ်အင်ဂျင် မီးစက် များကိုလည်း တောင်သူလယ် သမားတွေ ဝိုင်းအုံငေးမောနေကြ၏။ အိမ်ရှင်မအများစုကမူ 'မောင်မြန်မာ အပ်ချုပ်စက်' များနားတွင် တရစ်ဝဲဝဲ ရှိနေကြ၏။ စက်ခေါင်းသပ်သပ် ကျပ်နှစ်သောင်းကျော်တန် စက်ခြေ ထောက်အပါအဝင် ကျပ်ငါးသောင်း ကျော်မို့ ဈေးနှုန်း ကသက်သာလှ၏။
တကယ်တော့ 'မြန်မာ့စက်မှု ထုတ်ကုန်ပြပွဲ ၂ဝ၁၁' သည် နိုင်ငံ ပိုင်စက်ရုံထုတ်ကုန်များ၏ အရည် အသွေးအဆင့်အတန်း တိုးတက် ပံ့ပိုးမှုဖြစ်စေရုံမက ဈေးကွက်ချဲ့ထွင် တိုးတက်ရေးကိုပါ မျှော်မှန်းနိုင်သည့် ရည်ရွယ်ချက် အထမြောက်သည် ဟု ဆိုရပါသည်။
PN-999

Leave a Reply

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

၂၀၁၅ တွင် အင်တာနက်ချိတ်ဆက် သုံးစွဲသည့် ကိရိယာပေါင်း ၁၅ ဘီလျံရှိလာနိုင်


Science
၂၀၁၅ တွင် အင်တာနက်ချိတ်ဆက် သုံးစွဲသည့် ကိရိယာပေါင်း ၁၅ ဘီလျံရှိလာနိုင်
မိုဘိုင်းလ်ဖုန်းများ၊ Tabletကွန်ပျူတာများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာ (၅)ဘီလျံ ကျော်နေပြီဖြစ် ......
(၂၀၁၅)ခုနှစ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာပေါင်း (၁၅)ဘီလျံမျှ ရှိလာနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းပြောကြားလိုက်သည်။ မိုဘိုင်းလ်ဖုန်းများ၊ Tabletကွန်ပျူတာများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာ (၅)ဘီလျံ ကျော်နေပြီဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းနေသလို အင်တာနက် တိုက်ရိုက်ချိတ်ဆက်နိုင်သည့် မော်တော်ကားများ၊ ရုပ်မြင်သံကြားလိုင်းများ ပေါ်ပေါက်လာခြင်းကြောင့်လည်း လာမည့်(၄)နှစ်အတွင်း အင်တာနက် ချိတ်ဆက်အသုံးပြုသည့် ကိရိယာများ ၀ယ်ယူအသုံးပြုမှု တစ်ဟုန်ထိုး တိုးတက်လာမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

mobile internet using

Cisco၏ Visual Networking Indexက (၂၀၁၅)ခုနှစ်တွင် တစ်ကမ္ဘာလုံး တစ်လ အင်တာနက်သုံးစွဲမှု Trafficသည် 80 exabyte ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ (၂၀၀၄)ခုနှစ်က တစ်လလျင် 1 exabyteသာ ရှိသည်။ (1 exbyteသည် gigabyte တစ်ဘီလျံနှင့် ညီမျှသည်) "ဒါဟာ မျိုးဆက်တစ်ခု ပြောင်းသွားသလို ကိစ္စမျိုးပါ။ အင်တာနက်ကို တောက်လျှောက်ချိတ်ဆက်ထားတဲ့ လူနေမှုစနစ်နဲ့ မျိုးဆက်တစ်ခုပေါ့"ဟု Cisco၏ ဒုတိယ ဥက္ကဌတစ်ဦးဖြစ်သူ ဆာ့ဂ်ျရှက်တီက ပြောကြားခဲ့သည်။ (၂၀၁၅)ခုနှစ်တွင် ကမ္ဘာ့လူဦးရေ အများစုသည် အင်တာနက်ကို မည်သို့မည်ပုံ ချိတ်ဆက်ရမည်ကို အလွယ်တကူ သိရှိထားသော ဗဟုသုတမျိုး ရှိနှင့်ပြီး ဖြစ်လိမ့်မည်ဟုလည်း ရှက်တီက ခန့်မှန်းခဲ့သည်။ ထို့အပြင် Ciscoသည် အသစ်ဖန်တီးထားသော IPv6က အင်တာနက် သုံးစွဲမှု ပမာဏကို မြင့်တက်လာစေမည်ဟုလည်း ရှက်တီကဆိုသည်။ IPv6အတွက် Ciscoသည် Verizon၊ Yahoo၊ Google၊ Facebook၊ TimeWarnerနှင့် Comcastတို့ကို စုရုံးကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနည်းပညာသစ်သည် ၀က်ဘ်ဆိုက်များကို မြန်နှုန်းမြင့်မြင့် ချိတ်ဆက်နိုင်မှုနှင့် ကွန်ရက်အမျိုးမျိုးတို့ကို ထောက်ပံ့နိုင်မှု ရှိမရှိ စမ်းသပ်ရန် နည်းပညာ ကုမ္ပဏီများ စုရုံးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Source: DailyMail
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Facebook နှင့် Google+ အားပြိုင်မှု အလွန်ပြင်းထန်လာနိုင်

Facebook နှင့် Google+ အားပြိုင်မှု အလွန်ပြင်းထန်လာနိုင်
Social Networking ၀န်ဆောင်မှု ကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော Facebookနှင့် Googleက အသစ်တင်ဆက်လိုက်သည့် Google+တို့သည် ယှဉ်ပြိုင်မှုသည် အလွန် ခါးသီး ပြင်းထန်လိမ့်မည်

Facebookနှင့် Google+တို့၏ အားပြိုင်မှုသည် သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း LinkedIn၏ အမှုဆောင်ချုပ်က ပြောကြားလိုက်သည်။ ဂျက်ဖ်ဝီနာက Social Networking ၀န်ဆောင်မှု ကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော Facebookနှင့် Googleက အသစ်တင်ဆက်လိုက်သည့် Google+တို့သည် ယှဉ်ပြိုင်မှုသည် အလွန် ခါးသီး ပြင်းထန်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။

Twitterသည်လည်း အောင်မြင်သော Social Networking မီဒီယာ တစ်ခုအဖြစ် ရပ်တည်နေသည့်တိုင် Facebookနှင့် Google+တို့သည် ရပ်တည်မှု တစ်ခုအတွက် ပိုမို အကြိတ်အနယ် ကြိုးပမ်းလိမ့်မည်ဟု ၀ီနာက ပြောဆိုသွားသည်။ "Google+ကို စသုံးပြီးတာနဲ့ သဘောကျ နှစ်သက်မိပါတယ်။ သူတို့ဟာ Facebookနဲ့ အပြိုင်အဆိုင် ဖြစ်လာမှာပါ။ Twitterဟာ အဓိက Platformအနေနဲ့ LinkedInကို သုံးနေသလို Facebook၊ Google+ နှစ်ခုလုံးနဲ့လည်း ၀န်ဆောင်မှု ကွဲပြားပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ မကြာသေးမီက YouTube၊ Wikipedia၊ Twittrနှင့် MySpaceတို့ အပါအ၀င် လူအများ ဆက်သွယ်ချိတ်ဆက်နေသော ၀က်ဘ်ဆိုက်များနှင့် ပတ်သက်ပြီး ForeSeeက စစ်တမ်းတစ်ခု ကောက်ခံခဲ့ရာ Facebook၏ လုပ်ဆောင်ချက်များအပေါ် ပရိသတ်၏ စိတ်ကျေနပ်မှု အဆင့်တွင် Facbookက နောက်ဆုံးရောက်နေကြောင်း သိရှိရသည်။

Facebookသည် စုစုပေါင်း ရမှတ်(၁၀၀)အနက် (၆၆)မှတ်သာ ရရှိခဲ့သည်။ ယင်းရမှတ်သည် ဆိုးရွားသော အခြေအနေတွင် မရှိသော်လည်း အခြား နာမည်ကျော် ၀က်ဘ်ဆိုက်များအပေါ် လူအများ၏ စိတ်ကျေနပ်မှုမှာ Facebookထက် မြင့်မားလျက် ရှိသည်။ Foresee၏ အမှုဆောင်ချုပ် လယ်ရီဖရိဒ်က "Facebookဟာ Socialမီဒီယာ လောကမှာတော့ လက်ရှိမှာ ဘုရင်ပါပဲ။ ဒါပေမယ့် သူ့ကို နန်းချနိုင်မယ့်သူမျိုး ပေါ်လာပြီဆိုရင် သံသယ မရှိပါနဲ့၊ အဲဒါ Googleပဲ ဖြစ်မှာပါ"ဟု ပြောကြားသွားသည်။

Source: tgdaily
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ

ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ
Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုးရှိ

ဂျပန်နိုင်ငံရှိ စူပါကွန်ပျူတာ တစ်လုံးသည် ယခုအခါ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နိုင်လာပြီဖြစ်သည်။ Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုး ရှိနေကြောင်း သိရသည်။ Kသည် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ တစ်လုံး၏ (၆)လကြာ ကမ္ဘာ့အမြန်ဆုံးအဖြစ် ကွန်ပျူတာအဖြစ် ရပ်တည်ခဲ့မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယင်းကွန်ပျူတာသည် တစ်စက္ကန့်လျင် (၈) ကွာဒရာလီယန် အရေအတွက်ထိ တွက်ချက်မှုများ ပြုလုပ်နိုင်သည်။

Japan Super Computer

(၁ ကွာဒရာလီယန် = ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကွန်ပျူတာ၏ မြန်နှုန်းယူနစ်မှာ (၈.၂) ပန်တာဖလော့ပ်ထိ ရှိကြောင်းလည်း သိရသည်။ တရုတ်သည် ယခုနှစ် အစောပိုင်းက Tianhe – 1A ကွန်ပျူတာဖြင့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် ရပ်တည်နိုင်ခဲ့သေးသည်။ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ အများစုကိုမူ အမေရိကန်က ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည်။ အမြန်ဆုံးအဖြစ် စံချိန်တင်ထားသည့် ထိပ်ဆုံးကွန်ပျူတာ (၁၀)လုံးတွင် အမေရိကန် စူပါကွန်ပျူတာ (၄)လုံး ပါဝင်နေသည်။ ကျွမ်းကျင်သူများက Kကို ဆက်လက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေမည်ဖြစ်ပြီး ဒုတိယနေရာမှ ပြိုင်ဖက်ထက် (၅)ဆမျှ မြန်နှုန်းမြင့်နေအောင် စွမ်းဆောင်နိုင်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။

Japan Super Computer

"အထင်ကြီးလောက်စရာ နည်းပညာ မြှင့်တင်မှုပါ။ သူဟာ တခြားကွန်ပျူတာတွေထက် အများကြီး ပိုပြီးတော့ မြန်နှုန်းမြင့်နေပါတယ်"ဟု ဂျပန်နိုင်ငံ၊ ကိုဘေးရှိ ကွန်ပျူတာ သိပ္ပံဌာနမှ ပါမောက္ခ ဂျက်ဒွန်ဂါရာက ပြောကြားခဲ့သည်။ Kသည် ဆားကစ်လမ်းကြောင်း (၆၇၂)ခုဖြင့် ချိတ်ဆက်ထားသည့် Processorပေါင်း (၇၀၀၀၀)ကျော် ပါဝင်ဖွဲ့စည်းထားသည်။ Kအတွက် အသုံးပြုရသည့် လျှပ်စစ်စွမ်းအင် ပမာဏသည် လူနေအိမ် တစ်သောင်းကို ထောက်ပံ့ပေးနိုင်သည်။ Kကို မောင်းနှင်ထားရသည့်အတွက် တစ်နှစ်လျင် ကုန်ကျစရိတ် ပေါင်စတာလင် (၆)သန်းထိ ရှိကြောင်းလည်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed