- အရင်ဆုံး လိုအပ်မယ့် Software လေးတွေကို Download လုပ်ကြရအောင်၊
Kaspersky Anti-Virus 2010 တွင် Kaspersky Antivirus 2010 (9.0.0.736) Version ကို download လုပ်ပါ။
Crack and Keys.rar ကို Download လုပ်ပြီး စက်ထဲတွင် Extract လုပ်ပါ။
password က 555 ပါ။
(မှတ်ချက် - ဆက်လက် ရေးသားရင်တွင် Kaspersky Antivirus 2010 ကို KAV 2010 ဟု သုံးနှုန်းပါမည်။)
အားလုံး Download လုပ်ပြီးသွားပြီဆိုရင် -
ပထမအဆင့် (KAV 2010 ကို Install လုပ်ခြင်း)
1-1 - KAV 2010 ကို Install လုပ်ပါ။
1-2 - License ထည့်ရန် လာတောင်းပါက Active Later – Next – Finish ပေး၍ Installation ကို အဆုံးသတ်ပါ။
1-3 - (ပထမအဆင့်) ပြီးသွားပါပြီ။
ဒုတိယအဆင့် (Anti-Blacklist Crack - Run ခြင်း)
2-1 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ကို Double Click လုပ်ခြင်းဖြင့် KAV 2010 ကို ဖွင့်လိုက်ပါ။

2-2 - Settings – Options – Enable Self Defense တွင် အမှတ်ဖြုတ်၍ OK ပေးပါ။

2-3 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ပေါ်တွင် Right-Click – Exit ပေး၍ KAV 2010 ကို ပိတ်လုပ်ပါ။

2-4 - Blacklist Crack Folder ထဲမှ Anti-Blacklist Crack ကို Right-Click – Run as administrator ဖြင့် ဖွင့်လိုက်ပါ။

2-5 - Annehmen ကို Click ၍ - Installieren ကို ဆက် Click ခြင်းဖြင့် install လုပ်ပါ။

2-6 - ဒါဆိုရင် ဒုတိယအဆင့် ပြီးသွားပါပြီ။
တတိယအဆင့် (Kaspersky Blacklist Crack - Run ခြင်း)
3-1 - Start – All Programs တွင် KAV 2010 ကို ပြန်ဖွင့်လိုက်ပါ။
3-2 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ကို Double Click လုပ်ခြင်းဖြင့် KAV 2010 ကို ဖွင့်လိုက်ပါ။
(မှတ်ချက် - ဒုတိယအဆင့် (2-1) နှင့် အတူတူဖြစ်သည်။)
3-3 - Settings – Options – Enable Self Defense တွင် အမှတ်ပြန်ဖြုတ်၍ OK ပေးပါ။
(မှတ်ချက် - ဒုတိယအဆင့် (2-2) နှင့် အတူတူဖြစ်သည်။)
3-4 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ပေါ်တွင် Right-Click – Exit ပေး၍ KAV 2010 ကို ပိတ်လုပ်ပါ။
(မှတ်ချက် - ဒုတိယအဆင့် (2-3) နှင့် အတူတူဖြစ်သည်။)
3-5 - Blacklist Crack Folder ထဲမှ Kaspersky Blacklist Crack ကို Right-Click – Run as administrator ဖြင့် ဖွင့်လိုက်ပါ။
3-6 – Next ပေး၍ I have read the instructions ကို ရွေးပြီး Install – Finish ကို Click ပါ။

3-7 - တတိယအဆင့် ပြီးသွားပါပြီ။
စတုတ္ထအဆင့် (License Key ထည့်ခြင်း)
4-1 - တတိယအဆင့် Kaspersky Blacklist Crack ကို Run ပြီးသွားသောအခါ KAV 2010 သည် Enable Self Defense အမှတ်ပြန်တပ်ပြီးလျက် ပြန်လည်ပွင့်လာမည် ဖြစ်သည်။
4-2 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ကို Double Click လုပ်ခြင်းဖြင့် KAV 2010 ကို ဖွင့်လိုက်ပါ။
4-3 - License – Active New License ကို Click ပါ။

4-4 – Activate commercial license - Enter the activation code တွင် 11111-11111-11111-1111X ထည့်၍ Next ပေးပါ။

4-5 – Activation error – Server name cannot be resolved တက်လာပါမည်။ OK ပေးပါ။

4-6 – Browse ကို Click ပြီး Keys folder ထဲမှ KAV-2010 (05-04-2012) Key ကို ရွေး၍ open လုပ်ခြင်းဖြင့် Key ထည့်၍ Finish လုပ်ပေးပါ။
4-7 - စတုတ္ထအဆင့် (License Key ထည့်ခြင်း) ပြီးပါပြီ။
ပဉ္စမအဆင့် (Update လုပ်ခြင်း)
KAV 2010 – My Update Center တွင် Start Update ကို Click ၍ Update လုပ်နိုင်ပါပြီ။

မှတ်ချက် - Update လုပ်ပြီး Computer Restart လုပ်သောအခါတွင် Key Block ဖြစ်သွားတတ်ပါသည်။
သို့သော် (လုံးဝ) စိတ်ပူစရာ မလိုပါ။
တတိယအဆင့် (Kaspersky Blacklist Crack - Run ခြင်း) အဆင့်ကို ပြန်လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။
Update လုပ်ပြီး Computer Restart လုပ်သည့် အချိန်တွင်သာ Key Block ဖြစ်သွားတတ်ခြင်း ဖြစ်ပါသည်။
အသုံးပြုနေသော တခြားအချိန်များတွင် Key Block လုံးဝ (လုံးဝ) မဖြစ်ပါ။
ထို့ကြောင့် Kaspersky Blacklist Crack ကို Update လုပ်ပြီး Computer Restart လုပ်သောအခါတိုင်းတွင် ပြန် Run ပေးရမည် ဖြစ်သည်။
(Free သုံးချင်တော့ အနည်းငယ်တော့ အပင်ပန်းခံရပါမည်ဟုသာ ခံယူရင်း အသုံးပြုနေပါသည်။ ဒီထက် အဆင်ပြေနိုင်သည့် နည်းလမ်းများ ရှိလျှင်လည်း ဆရာသမားများအား လမ်းညွှန်စေလိုပါသည်။)
အကျဉ်းချုပ်ဆိုရသော် -
- အရင်ဆုံး KAV 2010 ကို Install လုပ်ပြီး Key မထည့်ဘဲ Active later ဖြင့် Finish ရမည်။
- Anti-Blacklist Crack အရင် Run။
- ပြီးရင် Kaspersky Blacklist Crack ကို Run ရမည်။
- Black Crack များ Run သည့်အခါတိုင်း KAV 2010 - Settings – Options – Enable Self Defense တွင် အမှတ်ဖြုတ်၍ KAV 2010 ကို Exit လုပ်ထားရမည်။
- Key Block ဖြစ်သည့်အခါတိုင်း Kaspersky Blacklist Crack ကို ပြန် Run ပေးရမည်။
-- ဖိုးခိုင်

Czech Republic