BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, June 7, 2012

နှလုံး ဖောက်ပြန်မှုကြောင့် မိတ်မဆက်မီ နှုတ်ဆက် သွားရှာသည့် ဗီလာရီးယဲလ် နည်းပြသစ်

စပို့တင်း ဂီဂျွန် အသင်း၏ နည်းပြဟောင်း မန်နျူရယ်လ် ပရီဆိုင်ဒိုအား ဗီလာရီးယဲလ်က နည်းပြသစ်အဖြစ် ပွဲထုတ် မိတ်ဆက်ရန် ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ တန်းဆင်းသွားသော ဗီလာရီးယဲလ်အား ကိုင်တွယ်ရန် သဘော တူညီ ခဲ့ပြီးနောက် (၂၄)နာရီ အကြာတွင် ပရီဆိုင်ဒိုသည် ရုတ်တရက် ကွယ်လွန် သွားရှာခဲ့သည်။ အသက်(၅၄)နှစ်ရှိ နည်းပြကြီးသည် (၂၀၁၂-၁၃) ဘောလုံးရာသီ အတွက် ဗီလာရီးယဲလ် နည်းပြ ဖြစ်လာမည်ဟု အသင်းက ကြေညာပြီး နာရီပိုင်း အတွင်း သေဆုံးသွားခြင်း ဖြစ်သည်။

ပရီဆိုင်ဒိုသည် ဇန်န၀ါရီလက ဂီဂျွန်အသင်း၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။ ၎င်းသည် စပိန်၏ အဆင့် အမြင့်ဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သော လာလီဂါသို့ ဂီဂျွန် အသင်းအား ဆွဲတင် ပေးခဲ့သူ ဖြစ်သည်။ ဗီလာရီးယဲလ် ပရိသတ်များ အနေဖြင့် ၎င်းတို့၏ နည်းပြသစ်ကို ကြိုဆိုရန် အားခဲ ထားသော်လည်း တစ်ပွဲမျှ မကိုင်တွယ်မီ ပရီဆိုင်ဒိုမှာ လူ့လောကကို ကျောခိုင်းသွားခြင်း ဖြစ်သည်။ ၎င်းသည် လက်ရှိ ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေးမော်ရင်ဟို၏ ကိုင်တွယ်သမျှ အသင်းအားလုံး အိမ်ကွင်းတွင် (၉)နှစ်ကြာ အရှုံးမရှိသော စံချိန်ကို (၂၀၁၁)ခုနှစ်က ဂီဂျွန်နှင့် အတူ ချိုးဖျက်နိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အာရှ အသက် (၁၃)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲဝင်မည့် မြန်မာအသင်း ထွက်ခွာ

ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် (၁၃)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ၀င်ရောက်မည့် မြန်မာအသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အား/ကာသိပ္ပံ (မန္တလေး)၊ ရန်ကုန်တိုင်း အစရှိသည်တို့မှ ကစားသမား စုစုပေါင်း (၁၈)ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။ အသင်း၏ အဖွဲ့ခေါင်းဆောင် အဖြစ် အား/ကာ ဦးစီဌာနမှ ဒေါက်တာ မော်လီချစ်က တာဝန်ယူမည် ဖြစ်ကာ အုပ်ချုပ်သူ အဖြစ် ပညာရေး ၀န်ကြီးဌာနမှ ဒေါ်အိအိခိုင်၊ နည်းပြချုပ် အဖြစ် လယ်/ဆည် ၀န်ကြီးဌာနမှ ဒေါ်စန်းစန်းသိန်းတို့က တာဝန်ယူမည် ဖြစ်သည်။

အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အား/ကာသိပ္ပံ (မန္တလေး)၊ ရန်ကုန်တိုင်း အစရှိသည်တို့မှ ကစားသမား စုစုပေါင်း (၁၈)ဦး လိုက်ပါသွားခဲ့...မြန်မာအသင်းသည် အုပ်စု (C)တွင် အိမ်ရှင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဂူအမ်၊ ဖိလစ်ပိုင်၊ ထိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ ဇွန်လ ၉ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် အုပ်စုအဖွင့်ပွဲတွင် ထိုင်းအသင်းနှင့် စတင် ရင်ဆိုင်ရမည် ဖြစ်ကာ ဇွန်လ ၁၀ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့နောက်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂူအမ်တို့နှင့် ဆက်လက် ကစားရမည် ဖြစ်သည်။

မြန်မာ အမျိုးသမီး ယူ-၁၃ လက်ရွေးစင် အသင်း

အဖွဲ့ခေါင်းဆောင်    - ဒေါက်တာ မော်လီချစ် (အား/ကာ ဦးစီးဌာန)
အုပ်ချုပ်သူ        - ဒေါ်အိအိခိုင် (ပညာရေး ၀န်ကြီးဌာန)
နည်းပြချုပ်    - ဒေါ်စန်းစန်းသိန်း (လယ်/ဆည် ၀န်ကြီးဌာန)
လ/ထနည်းပြ    - ဒေါ်ဝင်းဝင်းလှိုင် (ပညာရေး ၀န်ကြီးဌာန)
သူနာပြု        - ဒေါ်အေးသီတာထွန်း (ပြင်ပဆေးခန်း)

ကစားသမားများ

ဂိုး    - မျိုးမြမြငြိမ်း (အမှတ်-၃ အခြေခံပညာ)၊ လှသက်နိုင် (အား/ကာသိပ္ပံ (မန္တလေး))
နောက်    - လှမိုင်၊ ၀င်းနန္ဒာအောင်၊ အိုပီး၊ ဇင်ဇင်မျိုး (အမှတ်-၃အခြေခံပညာ)၊ သဉ္ဇာချို၊ ခင်ပြည့်လင်း (အား/ကာသိပ္ပံ (မန္တလေး)၊ အေးဇင်ဝင်း (ရန်ကုန်တိုင်း)
လယ်    - နွေနိုင်း၊ အိမ့်ခြူးငယ်၊ နန်းသီရိ (အမှတ်-၃ အခြေခံပညာ)၊ ခိုင်ဝေထူး၊ နေနွယ်ဇင်မြင့် (အမှတ်-၂ အခြေခံပညာ)၊ ဇူလိုင်မေ (ရန်ကုန်တိုင်း)
ရှေ့    - စုမြတ်နိုး၊ ခိုင်သဇင်ဖူး၊ မျိုးမျိုးအေး (အမှတ်-၃ အခြေခံပညာ)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed