နျူကလီးယားပိုင်ဆိုင်ထား သည်ဆိုသော စွပ်စွဲချက်နှင့်ရင်ဆိုင် နေရသည့် အီရန်နိုင်ငံအပေါ်နျူက လီးယားကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုနေ မည်ဆိုပါက အရေးယူသွား မည်ဟု ဂျာမဏီ၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံ များက ပြောကြားလိုက်သည်။ အီရန်နိုင်ငံသည် နျူကလီး ယားလက်နက်ထုတ်လုပ်ရန် ကြိုး ပမ်းနေသည့် အထောက်အထားကို ခိုင်လုံစွာတွေ့ရှိထားကြောင်း၊ ယင်း နှင့်ပတ်သက်၍အီရန်၏ငြင်းဆိုနေမ ကို လက်မခံနိုင်ကြောင်းအရေးယူမှု မှတစ်ပါးအခြားလုပ်ရန်မရှိကြောင်း အထက်ပါနိုင်ငံများ၏ ကုလသမဂ္ဂ တာဝန်ရှိသူများက ဆိုသည်။ အီရန် သမ္မတဒီနီဂျက်က အီရန်၏နျူက လီးယားစီမံကိန်းသည် စစ်ရေးအ တွက်မဟုတ်ကြောင်း၊ အိုင်အေအီးအေ ၏အစီရင်ခံစာမှာ မှားယွင်းနေ ကြောင်းပြောကြားလိုက်ပြီး၊ မိမိတို့ စီမံကိန်းကိုရပ်ပစ်မည် မဟုတ်ဟု တုံ့ပြန်ပြောကြားလိုက်သည်။ အစ္စရေးဝန်ကြီးချုပ်က အီရန် ၏ နျူကလီးယားစီမံကိန်းသည် အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခု လုံးကို ခြိမ်းခြောက်သည့် သဘော ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအ ဝန်းကရပ်တန့်သွားရန်ပြုလုပ်ဖို့လို ကြောင်း တိုက်တွန်းပြောကြားသည်။ အီရန်ကို အရေးယူပိတ်ဆို့ရေး နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအမြဲ တမ်း အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ရုရှားတို့တစ်စွန်းတစ်စ ပြောဆိုခြင်းမရှိခြင်းကြောင့် ယင်း မှာ အရေးယူပိတ်ဆို့ရေးကို မလို လားသည့် လက္ခဏာဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက သုံး သပ်ပြောကြားသည်။Wednesday, November 16, 2011
အီရန်ကိုအရေးယူမည်ဟု အင်အားကြီး သုံးနိုင်ငံသတိပေး
နျူကလီးယားပိုင်ဆိုင်ထား သည်ဆိုသော စွပ်စွဲချက်နှင့်ရင်ဆိုင် နေရသည့် အီရန်နိုင်ငံအပေါ်နျူက လီးယားကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုနေ မည်ဆိုပါက အရေးယူသွား မည်ဟု ဂျာမဏီ၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံ များက ပြောကြားလိုက်သည်။ အီရန်နိုင်ငံသည် နျူကလီး ယားလက်နက်ထုတ်လုပ်ရန် ကြိုး ပမ်းနေသည့် အထောက်အထားကို ခိုင်လုံစွာတွေ့ရှိထားကြောင်း၊ ယင်း နှင့်ပတ်သက်၍အီရန်၏ငြင်းဆိုနေမ ကို လက်မခံနိုင်ကြောင်းအရေးယူမှု မှတစ်ပါးအခြားလုပ်ရန်မရှိကြောင်း အထက်ပါနိုင်ငံများ၏ ကုလသမဂ္ဂ တာဝန်ရှိသူများက ဆိုသည်။ အီရန် သမ္မတဒီနီဂျက်က အီရန်၏နျူက လီးယားစီမံကိန်းသည် စစ်ရေးအ တွက်မဟုတ်ကြောင်း၊ အိုင်အေအီးအေ ၏အစီရင်ခံစာမှာ မှားယွင်းနေ ကြောင်းပြောကြားလိုက်ပြီး၊ မိမိတို့ စီမံကိန်းကိုရပ်ပစ်မည် မဟုတ်ဟု တုံ့ပြန်ပြောကြားလိုက်သည်။ အစ္စရေးဝန်ကြီးချုပ်က အီရန် ၏ နျူကလီးယားစီမံကိန်းသည် အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခု လုံးကို ခြိမ်းခြောက်သည့် သဘော ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအ ဝန်းကရပ်တန့်သွားရန်ပြုလုပ်ဖို့လို ကြောင်း တိုက်တွန်းပြောကြားသည်။ အီရန်ကို အရေးယူပိတ်ဆို့ရေး နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအမြဲ တမ်း အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် ရုရှားတို့တစ်စွန်းတစ်စ ပြောဆိုခြင်းမရှိခြင်းကြောင့် ယင်း မှာ အရေးယူပိတ်ဆို့ရေးကို မလို လားသည့် လက္ခဏာဖြစ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက သုံး သပ်ပြောကြားသည်။ဝိန်းရူနီနဲ့ ကော့လင်းတို့ရဲ့ ဒုတိယမြောက် ကိုယ်ဝန်ဆောင်ထား
ဝိန်းရူနီနဲ့ ကော့လင်းတို့ ဇနီးမောင်နှံအတွက် သားဦးလေး ဖြစ်တဲ့ ကိုင်ရူနီ ၂ နှစ်ပြည့် မွေးနေ့ပွဲ အပြီးမှာပဲ ကောလင်းက သူမမှာ ဒုတိယမြောက် ကိုယ်ဝန်ဆောင် ထားရပြီ ဖြစ်တယ်လို့ ထုတ်ဖော် ဝန်ခံသွားပါတယ်။ ရူနီကလည်း ဒီသတင်း ကောင်းအတွက် ပျော်ရွှင်ကျေနပ်နေပြီး သူတို့မိသားစုဟာ တစ်နိုင်ငံတည်းသမား ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ မိသား စုလို မိသားစုဝင်များပြားတဲ့ မိသားစုဘဝမျိုး ဖန်တီးရယူလိုတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရူနီဟာ ဒုတိယ မြောက် ကိုယ်ဝန်ဆောင်ထား ရပြီဖြစ်တဲ့အတွက် ပိုမိုအချိန်ပေးနိုင်ဖို့အတွက် အရင်လို အပြင်ထွက် အပျော်အပါး တောင် မလုပ် တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကောလင်းရဲ့ ကိုယ်ဝန်ဆောင်ရင့်မာလာခဲ့ရင်တော့ အရင် ကလို
သူမဘဝ ရုပ်ရှင်ကားကို ကြည့်ရှုရန် သတ္တိ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ
ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ အတ္ထုပ္ပတ္တိ အခြေခံ ရုပ်ရှင်ကား The Lady နိုဝင်ဘာ လကုန်တွင် ရုံမတင်မီ ဇာတ်ကားမိတ္တူ တစ်ခုပေးရန် ဒါရိုက်တာ လပ်ဘက်ဆန် အား ပြောကြားခဲ့ရာ ဒါရိုက်တာက ပေးပို့ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ကား မိတ္တူပေးပို့မှုအတွက် ကျေးဇူး တင်ကြောင်း၊ သို့သော် မိမိ သည် ဇာတ်ကားကို မကြည့်ရ သေးကြောင်း လပ်ဘက်ဆန်အား ပြောကြားခဲ့ သည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သူမ နေအိမ် အကျယ်ချုပ်ဖြင့် နေရစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ခင်ပွန်း ဗြိသိသျှ အကယ်ဒမစ် ပညာရှင် မိုက်ကယ်အဲရစ် ၏ အကြောင်းကိုပါ ဖော်ပြထားသည်။The Lady ဇာတ်ကားကို ကြည့်ရှုခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ သားများအနက် တစ်ဦးက ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း မီရှဲယို ပါဝင် သရုပ်ဆောင်ထားသည့်ဇာတ်ကားအား ကြည့်ရှုပြီး အလွန်တရာ စိတ်လှုပ်ရှားမိ ကြောင်း ပြောပြသည်။
မစ္စတာဘက်ဆန်နှင့် အသက် ၄၈ နှစ်ရှိ ဟောလီးဝုဒ်ရုပ်ရှင် မင်းသမီးတို့ပါ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင်တွေဆုံခဲ့ကြသည်။ ဒါရိုက် တာက ၄င်းသည်The Lady ဇာတ်ကားကို ထိုင်းနိုင်ငံတွင် ရိုက်ကူးခဲ့ကြောင်း၊ အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်နှင့်တူစေရန် အသေးစိတ် ဖန်တီးရိုက်ကူးခဲ့ကြောင်း ပြောပြသည်။
Tomorrow Never Dies ဇာတ်ကားတွင် တရုတ်သူလျှိုတစ်ဦးအဖြစ် သရုပ် ဆောင်ခဲ့သော မီရှဲယိုသည် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံဖို့ မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မစ္စတာ ဘက်ဆန်သည် ၄င်း၏ဇာတ်ကား တိုးတက်မှုနှင့်ပတ်သက်ပြီး မက်ဆေ့ခ်ျပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဘက်ဆန်က သူမက ကျွန်တော့်ကို ပြောပါတယ်။ ကျွန်မ သတ္တိရှိလာတဲ့အခါ
မယ်မြန်မာ ၂၀၁၂ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင် ထားတဲ့ အိုလံပစ်မယ် ငုဝါခိုင်
၂၀၁၁ ခုနှစ် အိုလံပစ်မယ်ပြိုင်ပွဲမှာ ပထမဆု အိုလံပစ်မယ် ငုဝါခိုင်က ၂၀၁၂ ဇန်နဝါရီမှာ ကျင်းပမယ့်မယ် မြန်မာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ဖို့ အချိန်ပြည့် လေ့ကျင့် ပြင်ဆင် နေပြီလို့ ဆိုပါတယ်။ သူမအနေနဲ့ ၂၀ဝ၇ ခုနှစ်က စတင် ပြီး မယ်ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ခဲ့တာပါ။ ကျင်းပသမျှ မယ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များ ရရှိခဲ့ပြီး အခု ကျင်းပမယ့် မယ်မြန်မာပြိုင်ပွဲမှာ မယ်မြန်မာဆု ရရှိ နိုင်ဖို့အတွက် အစွမ်းကုန် လေ့ကျင့် နေတယ်လို့ ဆိုပါတယ်။ငုဝါခိုင်အနေ နဲ့ ၂၀ဝ၇ ခုနှစ် ရန်ကုန်တိုင်း မယ်ပြိုင်ပွဲမှာ ပထမ၊ ၂၀ဝ၇ ပြည်နယ်/တိုင်း မယ်ပြိုင်ပွဲမှာ တတိယ၊ ၂၀ဝ၇-၂၀ဝ၈-၂၀ဝ၉ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား ပြိုင်ပွဲမှာ ဒုတိယ၊ ၂၀ဝ၈-၂၀ဝ၉-၂၀၁၀ အိုလံပစ်မယ် ပြိုင်ပွဲမှာ ဒုတိယနဲ့ ၂၀၁၁ ခုနှစ်မှာတော့ အိုလံပစ်မယ်ဆု ရရှိ ခဲ့တယ်။
၂၀ဝ၈ မှာလည်း YMCA မယ်ဆု ကို ရရှိ ခဲ့ပါသေးတယ်။ အနုပညာ လှုပ်ရှားမှု အနေနဲ့ သာသနာရေး ဝန်ကြီးဌာန ၂၀၁၂ ခုနှစ် ပြက္ခဒိန် ရိုက်ကူးထားပြီး ကာယအလှ လေ့ကျင့်ရေး စင်တာတစ်ခုက ဝေါ(လ်)ရှိ ရိုက်ကူးဖို့ ကမ်း လှမ်းထားတယ်လို့ ဆိုပါတယ်။
Subscribe to:
Comments (Atom)









Rangoon Time