အီရန်နိုင်ငံအား အစ္စရေးနိုင်ငံက ၀င်ရောက်တိုက်ခိုက်ပါက တတိယကမ္ဘာ စစ်ဖြစ်ပွားလာမည်ဖြစ်သည်ဟု အီရန်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ရက်နေ့ကပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံအတွင်းသို့ ကျူးကျော်တိုက်ခိုက်လာပါက တတိယကမ္ဘာစစ်ကို စတင်မီးမွှေးသကဲ့သို့ ဖြစ်စေရမည်ဟု အီရန်လေကြောင်းဗိုလ်ချုပ်ကြီး အာမီယာအလီဟာဂျီဇာဒက်က နိုင်ငံပိုင်အသံလွှင့်ဌာနသို့ ပြောကြားခဲ့ သည်။ အဆိုပါဗိုလ်ချုပ်ကြီးမှာ အီရန်နိုင်ငံ၏ အထင်ကရအဖွဲ့အစည်းဖြစ်သော အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်စစ်သည်အဖွဲ့ (IRGC)မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ပြီးခဲ့သည့်သုံးရက်ခန့်က အစ္စရေးနိုင်ငံမှ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများကို ၀င်ရောက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အီရန်ဘက်မှ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Tuesday, October 2, 2012
အီရန်အား အစ္စရေးကတိုက်ခိုက်လျှင် တတိယကမ္ဘာစစ် ဖြစ်လာမည်ဟုဆို
အီရန်နိုင်ငံအား အစ္စရေးနိုင်ငံက ၀င်ရောက်တိုက်ခိုက်ပါက တတိယကမ္ဘာ စစ်ဖြစ်ပွားလာမည်ဖြစ်သည်ဟု အီရန်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ရက်နေ့ကပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံအတွင်းသို့ ကျူးကျော်တိုက်ခိုက်လာပါက တတိယကမ္ဘာစစ်ကို စတင်မီးမွှေးသကဲ့သို့ ဖြစ်စေရမည်ဟု အီရန်လေကြောင်းဗိုလ်ချုပ်ကြီး အာမီယာအလီဟာဂျီဇာဒက်က နိုင်ငံပိုင်အသံလွှင့်ဌာနသို့ ပြောကြားခဲ့ သည်။ အဆိုပါဗိုလ်ချုပ်ကြီးမှာ အီရန်နိုင်ငံ၏ အထင်ကရအဖွဲ့အစည်းဖြစ်သော အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်စစ်သည်အဖွဲ့ (IRGC)မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ပြီးခဲ့သည့်သုံးရက်ခန့်က အစ္စရေးနိုင်ငံမှ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများကို ၀င်ရောက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အီရန်ဘက်မှ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး
ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း ပီတာကပြောပြသည်။ ကမ္ဘာ့လစာငွေ အများဆုံး ရရှိသည့် ကစားသမားဖြစ်လာရန် ရှိနေသည့် စီရော်နယ်လ်ဒို
ရီးရဲလ်မက်ဒရစ် အသင်းတွင် မပျော်မရွှင် ဖြစ်နေသည့် စီရော်နယ်လ်ဒို အား ဥရောပ ထိပ်တန်းအသင်းများက စိတ်ဝင်စား နေကြပြီး ယင်းသည် ကမ္ဘာ့လစာ အများဆုံး ဘောလုံးသမား ဖြစ်လာရန် ရှိနေသည်။ ရုရှား သန်းကြွယ် သူဌေးပိုင်ဆိုင်သည့် ချယ်လ်ဆီး၊ အာရပ် ဘီလျှံနာများ ပိုင်ဆိုင်ထားသည့် မန်စီးတီး နှင့် ပီအက်စ်ဂျီ အသင်းတို့သည် စီရော်နယ်လ်ဒိုအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စား နေကြပြီး မြင့်မားသော လစာငွေ တစ်ရပ်ပေးချေရန် အသင့်ဖြစ်နေကာ ယင်းအား ခေါ်ယူနိုင်ခဲ့ပါက လက်ရှိ လစာအများဆုံး ကစားသမားဖြစ်သည့် အီတူးကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ရီးရဲလ် အသင်းတွင် ပေါင် (၇.၉၈)သန်း ရရှိနေပြီး ကမ္ဘာ့လစာ အများဆုံး ကစားသမား စာရင်းတွင် အဆင့် (၁၀)နေရာ၌ ရပ်တည်နေသူ ဖြစ်ပြီး အသင်းသစ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက လက်ရှိလစာငွေ၏ (၅၀)ရာခိုင်နှုန်း တိုးမြှင့်ရရှိရန် ရှိနေပြီး ပေါင် (၁၁.၈)သန်းခန့် ရရှိမည် ဖြစ်သည်။
Subscribe to:
Comments (Atom)









Rangoon Time