BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label iPhone. Show all posts
Showing posts with label iPhone. Show all posts

Saturday, June 16, 2012

iphone/ipad ပျောက်ရင်၊အခိုးခံရရင်။

iphone/ipad ပျောက်ရင်၊အခိုးခံရရင်။
iphone/ipad/ipod ပျောက်ရင်၊အခိုးခံရရင် စိတ်မပှုပါနဲ့  ကျွန်တော်တို့ ကြည့်နေကျ  James Bond (007) movie ထဲ ကလိုမျိုး ရန်သူဘယ်ရောက်နေပြီးလဲဆိုတာကို James Bond (007) က ပစ္စည်းလေးတခု ထည့်ပေး လိုက်တာနဲ့  မြေပုံမှာ ပြသလိုဘဲ။ အခုကျွန်တော်တို့ရဲ့ Iphone/ipad, Ipod မှာ ရပါပြီး မနေ့ကဘဲ သူငယ်ချင်းတစ်ယောက်က သူရဲ့ Iphone 4s ကို shopping centre မှာ ပျောက်သွားတာ နဲ့ ကျွန်တော်ကို ဖုန်းဆက်တယ် ဒါနဲ့ဘဲ ကျွန်တော်လဲ သူ့ရဲ့  Iphone မှာ သုံးတဲ့  Apple ID and password ကို
အသုံးပြုပြီး ဒီ https://www.icloud.com/#find မှာ ၀င်ပါပြီးတော့ Find My iphone ဆိုတာကိုနှိပ်ပါ။
ဒီအခါမှာ ကိုယ့်ရဲ့ ပျောက်သွားတဲ့  Iphone က ဘယ်မှာရောက်နေလဲ ဆိုတာကို မြေပုံပေါ်မှာ ဖော်ပြပေး
မှာ ဖြစ်ပါတယ်။ ဆိုတော့ သူခိုးသွားတဲ့ လူဆီကို ကိုယ်က အိမ်တာရာရောက် လိုက်တောင်းလို့ ရတာပေါ့။ ပြီးတော့ အောက် ကပုံထဲမှာ မြင်တဲ့အတိုင်းဘဲ ကိုယ့်က သူ့ဆီကိုလဲ စာပို့လို့ရတယ်။
ဥပမာ -အကယ်၍ ကိုယ်က သူငယ်ချင်း အိမ်မှာ ကျန်ခဲ့တယ်ဆိုရင် သူဆီကို ဒီ online ကနေဘဲ  
Message ပို့လို့ရပါတယ် ဒီအပြင် Lock လဲလှမ်းလုပ် လို့ရပါတယ် ပြီးနောက် နောက်ဆုံး ပြန်မရတော့
အဆိုးဆုံးတော့ ကိုယ့်ရဲ့ I-devices အထဲထဲက Data တွေက တအားကိုအရေးကြီးပြီး
သူများမသိစေချင်ဘူးဆိုရင်လဲ Remote wipe ကိုနှိပ်ပြီး ကိုယ့်ရဲ့ Idevices ထဲက data နဲ့ information
တွေ ကိုလှမ်းဖျတ် လို့ရပါတယ်။
Note:I-Devices (ios=<5.0)
Settings-Location Services ကို On ထားပေးရပါမယ်။
Apps လဲရှိပါတယ် Apple store မှာ Free ပါ (Find My Iphone)

SBSangpi(စံပီး)ဆီကပါ....
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, August 26, 2011

Apple ကထုတ်တဲ့ iPhone ကို Samsung က ဘယ်လောက် လုပ်ပေးသလဲ


E-mail Print PDF

iPhone ကို အမေရိကန် Apple ကုမ္ပဏီတစ်ခုထဲက ထုတ်လုပ်တာ မဟုတ်။ Apple ကုမ္ပဏီက ဖုန်းထဲပါဝင်တဲ့ ပစ္စည်းအမယ်တွေ အတွက် ထုတ်လုပ်မှုလည်း မလုပ်သလို၊ အချောထည် ဖြစ်တဲ့အထိ တပ်ဆင်တာလည်း မလုပ်။
iPhone ဖုန်းထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းအများစုက နေရာပေါင်းစုံမှ လာတာဖြစ်ပြီး၊ ဖုန်းဖြစ်အောင် တိုင်ဝမ် Foxconn ကုမ္ပဏီက တပ်ဆင်ပေးသည်။ Foxconn က သူ့စက်ရုံကို တရုတ် စီချွမ်ပြည်နယ်မှာ ထားသည်။
ဈေးကွက်သုတေသနလုပ်တဲ့ iSuppli လုပ်ငန်းက၊ အေက်ပါပုံအတိုင်း iPhone ကို တစ်စစီ ဆွဲထုတ် ဖော်ပြထားသည်။ iPhone ဖုန်းကို ဘယ်သူတွေလုပ်သလဲ၊ ပါဝင်တဲ့ အစိတ်ပိုင်းအသီးသီးရဲ့ ဈေးနှုန်းတွေ ဘယ်လောက်ရှိသလဲ ဆိုတာကအစ အသေးစိပ် ဖော်ပြထားသည်။
ကိုရီးယား Samsung ကုမ္ပဏီက iPhone အတွက်အရေးကြီးတဲ့ အစိတ်အပိုင်းများ ပေးသွင်းသူ ဖြစ်သည်။ ဖုန်းတစ်ခုလုံး လည်ပတ်ဖို့ လိုအပ်တဲ့ processor, working memory or DRAM, music and operating software တို့ကို Samsung က ထုတ်လုပ်ပေးသည်။ iPhone တစ်ခုလုံးမှာ ပါဝင်တဲ့ ၂၆ ရာခိုင်နှုန်းကို Samsung ကုမ္ပဏီက ထုတ်လုပ်ပေးသည်။
Samsung ရဲ့ လုပ်ဆောင်မှုကလည်း ထူးခြားသည်။ ကိုယ်တိုင်က စမတ်ဖုန်းတွေ၊ တက်ဘလက် ကွန်ပျူတာတွေ ထုတ်လုပ်ရောင်းချနေရင်း၊ ပြိုင်ဘက် Apple ကုမ္ပဏီကြီးကို ဖုန်းရဲ့အစိတ်အပိုင်းများ ပံ့ပိုးပေးနေခြင်း ဖြစ်သည်။ Apple က Samsung ရဲ့ အကြီးမားဆုံး ဖောက်သည်ဖြစ်သလို၊ Samsung က Apple အတွက် အဓိက ဖုန်းအတွင်းပစ္စည်းများ ပံ့ပိုးပေးနေသူ ဖြစ်သည်။
စိတ်ဝင်စားစရာက Samsung ရဲ့ စီးပွားရေး လုပ်နည်း မော်ဒယ်ပုံစံ ဖြစ်သည်။ အခြားသူအတွက် အရည်အသွေးမှီ အစိတ်အပိုင်းများ ပံ့ပိုးဖို့ ထုတ်လုပ်ပေးပြီး၊ ကိုယ့်ကုမ္ပဏီကတော့ ဈေးချိုတဲ့ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း ဖြစ်သည်။
Apple ကုမ္ပဏီကတော့ အခြားကုမ္ပဏီတွေက သူ့ဖုန်းရဲ့ အတွင်းအစိတ်အပိုင်းတွေ ထုတ်လုပ် တပ်ဆင်ပါစေ ဆိုပြီး လွှတ်ထားသည်။ သေသပ်လှပတဲ့ ဒီဇိုင်း၊ hardward နဲ့ software အလွယ်တကူ ပေါင်းစပ် အသုံးချမှု၊ ၀န်ဆောင်မှု လုပ်ငန်းတွေကိုသာ ကိုင်ထားသည်။

ဂရပ်ပုံရဲ့ ဒုတိယပိုင်းမှာ ထုတ်လုပ်မှုစရိတ်ထက် မတန်တဆ ကျော်လွန်ပြီး၊ ဈေးကွက်ထဲ ဒေါ်လာ ၅၆၀ နဲ့ ရောင်းချတဲ့ iPone ကို စိတ်ဖြာပြထားသည်။ သို့သော် သုတေသနပြုခ၊ သယ်ယူပို့ဆောင်ခ၊ ထုတ်ဖိုးခများကိုတော့ ဘေးဖယ်ထားသည်။
ဂရပ်ပုံရဲ့ တတိယပိုင်းမှာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ထဲမှ ကုမ္ပဏီများရဲ့ အချိုးအစားကို ဖော်ပြထားသည်။ Apple က ဈေးကွက် ပထမနေရာမှာ ဗိုလ်စွဲပြီး၊ Samsung က ဒုတိယနေရာ လိုက်သည်။
အချုပ်အားဖြင့် Apple ကုမ္ပဏီက iPhone ကို ကိုယ်တိုင် မလုပ်သော်လည်း၊ ၄င်းဖုန်းမှ အမြတ်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ရရှိလျက် ရှိပါကြောင်း။

Source: iSuppli & Apple

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed