BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, June 4, 2011

Fwd: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား



---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား
To: z-i-eu@yahoogroups.com


 

ဒ်ါအောင်ဆန်းစုကြည် ဓာတ်ပုံတချို့ စာပေစိစစ်ရေးအဖွဲ့က ပိတ်ပင်ဟန့်တား

2011-06-04
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးအဖွဲ့က သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူးလို့ သိရပါတယ်။

RFA
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် သွားရောက် တွေ့ဆုံပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ (Photo: RFA)
မစ္စတာ ဂျွန်မက်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲလျက် ပုံတွေကို ထည့်ခွင့်မရဘူးလို့ စာနယ်ဇင်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

"အောင်ဆန်းစုကြည်ရဲ့ ပုံတွေ သတင်းတွေ မဖော်ပြရဘူး သိလား။ ဂျွန်မက်ကိန်းနဲ့ အောင်ဆန်းစုကြည် ပုံတွေ ရိုက်ထားတာ အများကြီးပဲ၊ လှလည်း လှတယ်။ အဲဒါ ဘယ်ဂျာနယ်မှာမှ မထည့်ရဘူး။ ဂျွန်မက်ကိန်းကိုပဲ ထည့်တဲ့။ ဒေါ်စု ပါရင် ထည့်လို့ကို မရဘူး။ ဒေါ်စု မပါဘဲနဲ့ ဂျွန်မက်ကိန်း တယောက်တည်းကိုပဲ ထည့်လို့ရှိရင် ထည့်၊ ဒေါ်အောင်ဆန်းစုကြည် ပါလို့ရှိရင် မထည့်နဲ့၊ ဒါပဲပြောတယ် သူတို့က"

တချို့ သတင်းဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမက်ကိန်း တွေ့ဆုံတဲ့ သတင်းတွေ တင်ထားပြီး ဖော်ပြခွင့်ရ မရ မသိရသေးဘူးလို့ ဂျာနယ်တစောင်က ပြောပါတယ်။ ဒီနေ့ ထွက်တဲ့ Favorite ၊The Voice နဲ့ NewsWatch စာစောင်တွေမှာတော့ မပါဘူးလို့ သိရပါတယ်။

ဈေးကွက်အရ သတင်းဂျာနယ်တွေ အားလုံး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြချင်ကြတယ်လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar မြန်မာနိုင်ငံကို မေလမှာ ရောက်ခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဂျာနယ်တွေက မျက်နှာဖုံးသတင်း ဖော်ပြဖို့ စာပေစိစစ်ရေး တင်တဲ့အခါ ပုံကြီး တင်ခွင့်မပေးဘဲ ပုံအသေးပဲ တင်ခွင့် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် The Voice ဂျာနယ် အပါအဝင် စာစောင် ၉ စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံခဲ့ရပါတယ်။

အာဏာပိုင်တွေနဲ့ အလွမ်းသင့်တယ်လို့ အများက ပြောနေကြတဲ့ ဦးမြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ လျှပ်တပြက် ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးသမားဟောင်းတွေအကြောင်း ဖော်ပြတဲ့အတွက် ရောင်းအား ကောင်းတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့နှစ် ၁၉၁၅ ကို ၁၉၁၃ ဆိုပြီး မှားယွင်း ဖော်ပြတာတွေ ရှိတယ်လို့ ဝါရင့် စာနယ်ဇင်းသမားတဦးက ထောက်ပြပါတယ်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Cepublic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အာရပ်လို တော်လှန်ရေးမျိုး မြန်မာပြည် ကြုံနိုင်ဟု ဂျွန်မက်ကိန်း သတိပေး

Show/Hide
ကိုပေါက်  |    သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာအစိုးရ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန်မရှိလျှင် အာရပ်ကမ္ဘာလို တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းက
 မြန်မာအစိုးရကို သောကြာနေ့တွင် သတိပေး လိုက်သည်။

ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ဗီယက်နမ်စစ်ပြန်က ထိုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တစစ ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့တဲ့ နိုင်ငံတွေဟာ နောင်မှာ
အာရပ်ကမ္ဘာ တော်လှန်ရေးမျိုး ကြုံတွေ့ရနိုင်ကြောင်း အမေရိကန် စင်တာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်  ပြောကြားသွားသည့် ဂျွန်မက်ကိန်း (ဓါတ်ပုံ မဇ္ဈိမ)
မရှောင်မလွှဲသာဘဲ တော်လှန်ရေးနဲ့ ကြုံတွေ့ကြရမှာ ဖြစ်တယ်” ဟု သူက ပြောသည်။
မြန်မာအစိုးရသစ် အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ရန် အမှန်တကယ် သန္နိဋ္ဌာန်ရှိကြောင်း ပြသနိုင်မည်ဆိုလျှင် အမေရိကန်သည် ရိုင်းပင်းသော လက်တွဲဖော် ဖြစ်လာမည်ဟု  သူ၏ ကြေညာချက်တွင် ဆိုထားသည်။
ထို့အပြင် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေးသည် နွေးထွေးသော စကားလုံးများ အပေါ် မတည်ဆောက်ဘဲ ခိုင်မာသည့် လုပ်ဆောင်ချက်များဖြင့်သာ တည်ဆောက်ရန်နှင့် အရေးအကြီးဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချွင်းချက်မရှိ လွှတ်ပေးရန် ဖြစ်သည်ဟု
 ဖော်ပြပါရှိသည်။

မကြာခင် စတင်ရန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးများတွင် လုံခြုံရေးနှင့် လူ့အခွင့်အရေး အတွက် စိတ်ချ သေချာစေရန်လည်း တောင်းဆိုထားသည်။
ယခင် ခရီးစဉ်ကဲ့သို့ အကြမ်းဖက်မှုမျိုး မပေါ်ပေါက်စေရန် အစိုးရသစ်၏ ကာကွယ်ပေးနိုင်စွမ်းသည် ပြောင်းလဲမှု လိုလားကြောင်း ပြသရာရောက်သည့် အရေးကြီးသော စမ်းသပ်မှုတခုဟု ဂျွန်မက်ကိန်းက ပြောဆိုခဲ့သည်။
အမေရိကန် ဆီးနိတ်အမတ်သည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇွန် ၁ ရက်နေ့တွင် ရောက်ရှိလာပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ် ခေါင်းဆောင်အချို့၊ NLD ပါတီ၊ တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲရန်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

__._,_.___
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed