![]()
အီတိုး၊ မော့တာတို့ပြောင်းရွှေ့သွားခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ပြန်လိုက်သည့် မိုရက်တီ (အင်တာအသင်းပိုင်ရှင်)
အင်တာအသင်းပိုင်ရှင် မိုရက်တီသည် သူ့အနေဖြင့် အသင်းမှ နာမည်ကြီးကစားသမားများထွက်ခွာသွားစဉ်က မတားဆီးပဲ၊ လျစ်လျူရှုခဲ့သည်ဟု ဖော်ပြနေသည့်သတင်းများမှာ မှားယွင်းကြောင်း၊ သို့ပေမယ့် မိမိအနေဖြင့် ဆုံးဖြတ်ချက်တချို့ မှားယွင်းဆုံးဖြတ်မိခဲ့သည်ကိုတော့ ၀န်ခံကြောင်း ပြောကြားလိုက်သည်။
လက်ရှိအင်တာအသင်း၏ စီးရီးအေအမှတ်ပေးဇယားတွင် အဆင့် ၅ နေရာတွင် ရပ်တည်နေရမှုကြောင့်၊ အပြောင်းအရွှေ့ ဈေးကွက်ရာသီတုန်းက အင်တာအသင်း၏ လုပ်ဆောင်မှုများမှာ မှားယွင်းခဲ့သည်ဟု ဝေဖန်ခံနေရသည်။ သို့ပါသော်လည်း မိုရက်တီက - " ကျွန်တော်ဟာ အင်တာအသင်းရဲ့ ပရိသတ်တစ်ဦးပါ၊ အသင်းကနေ ကစားသမားတွေ ထွက်ခွာသွားကြတယ်ဆိုတာ၊ သူတို့ကို အသင်းက ဆက်ပြီး ထိန်းထားနိုင်တဲ့အခြေအနေမှာ မရှိလို့ပါပဲ၊ ကျွန်တော်တို့ဟာဘယ်အရာကိုမှ မတော်တဆ၊ ဖြစ်ကတတ်ဆန်း မလုပ်ခဲ့ပါဘူး။ အမြဲတမ်း သေချာစဉ်းစားပြီး လုပ်ခဲ့တာချည်းပါပဲ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ မှားချင်မှားခဲ့မယ်၊ ဒါပေမယ့် အမှားတွေ အများကြီးလုပ်ခဲ့တယ်လို့တော့ မထင်ပါဘူး" ဟု ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး၊ မိုရက်တီက လက်ရှိ အသင်းပရိသတ်များ မပျော်မရွှင်ဖြစ်နေကြခြင်းမှာ၊ ပြီခဲ့သည့်ရာသီ အနည်းငယ်က အင်တာအသင်း၏ အောင်မြင်မှုများကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com












Rangoon Time