တာရစ် တာလီဗန် ပါကစ္စတန်မှ မြန်မာပြည်သို့ ရိုဟင်ဂျာ အရေးနှင့် ပက်သက်၍ ခြိမ်းခြောက် မှု တစ်ရပ်ကို ဇူလှိုင်လ ၂၆ရက်နေ့က အင်တာနက် စာမျက်နှာပေါ်တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။ တာလီဗန်များမှ မြန်မာပြည်တွင်း မူဆလင်များ၏ ကိုယ်ပိုင် ကာကွယ်ခွင့် အတွက် သွေးကြွေး ဆပ်ရန် သွေးထိုး လှုံဆော်ထား ကြောင်း သိရသည်။အဆိုပါ အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ အစ္စနူလာ အာဆမ်က ပါကစ္စတန် အစိုးရ အဖွဲ့အား မြန်မာပြည်နှင့် လက်တလော ဆက်ဆံရေးများအားလုံးကို ရပ်တန့် ရန်နှင့်ပါကစ္စတန် မြို့တော် အစ္စလာမ်ဘတ်၌ ဖွင့်လှစ်ထားသော မြန်မာသံရုံးအား ဖျက်သိမ်းရန် တောင်းဆို ထားကြောင်း သိရသည်။
အစ္စနူလာ အာဆမ်က " တောင်းဆိုချက်တွေကို မလုပ်ပေးရင် မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေကို တိုက်ခိုက်သွားမှာ ဖြစ်ပြီးတော့ မြန်မာနဲ့ ပက်သက်တဲ့ ပါကစ္စတန်တွေကိုပါ တစ်ဦးချင်း ချေမှုန်းသွားမယ်"ဟု ၄င်းအင်တာနက် ပေါ်တွင် ဖော်ပြထားကြောင်းနှင့် အစ္စလာမ်ဘတ်ရှိ မြန်မာသံရုံးမှ မှတ်ချက် တစ်စုံတစ်ရာမှ လက်ခံ မရရှိသေးကြောင်း လည်း သိရသည်။











Rangoon Time