BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, September 26, 2011

★မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း★

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက

တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။

သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ

နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။

ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို

တန်ဖိုးထားသင့်ပါတယ်။

ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း

သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ်

သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက်

လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။
ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ
ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

မူရင်း --
http://share.youthwant.com.tw/sh?id=31023426&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မျှဝေ

 

 

မိဘကျေးဇူးသိတတ်နိုင်ကြပါစေ........




--
ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နောင်နှစ်ပေါင်း(၂၀)နဲ့(၃၀)ကြာလာရင် ဖြစ်ပေါ်လာမဲ့ မိမိရဲ့ရုပ်ပုံကို ကြည့်ချင်ပါသလား?

ဒီတစ်ခါတော့ သူငယ်ချင်းတွေကို နောင်နှစ်ပေါင်း၂၀(သို့)၃၀ ကြာလာရင် ဖြစ်ပေါ်လာမဲ့ မိမိရဲ့ရုပ်ရည်ကိုကြည့်လို့ရတဲ့ ဆော့(ဝဲ)လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိပြီးသားသူငယ်ချင်းတွေကတော့ နားလည်ပေးကြပါဗျာ။ ကဲ...ပထမဦးဆုံး အနေနဲ့ ဒီနေရာလေး ကိုသွားလိုက်ပါဗျာ...သွားပြီးပြီဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် အောက်မှာကြည့်လိုက်ကြနော် >>>နံပါတ်(1)ရဲ့ Gender ဆိုတာကတော့ အမျိုးသား၊ အမျိုးသမီးကို ရွေးခိုင်းတာပါ။ မိမိက အမျိုးသားဆိုရင် Male ၊ အမျိုးသမီးဆိုရင်တော့ Female ပေါ့ဗျာ...

နံပါတ်(2)ရဲ့ Age ဆိုတာကတော့ အသက်ကိုမေးတာပါ။ ကိုကြည့်ချင်တာ နှစ်ပေါင်း ၂၀ကိုလား ၃၀ကိုလားပေါ့...

နံပါတ်(3)ရဲ့ Drug Addict ဆိုတာကတော့ မူးယစ်ဆေးဝါး သုံးစွဲသူဖြစ်လားဆိုတာ မေးထားတာပါ။ သုံးစွဲတယ်ဆိုရင်တော့ Yes ပေါ့ဗျာ မသုံးစွဲဘူးဆိုရင်တော့ No ပေါ့...

အဲဒီ့အဆင့်ထိ မိမိစိတ်ကြိုက်ဖြည့်စွက်ပြီးပြီဆိုရင်တော့ ...

နံပါတ်(4) မှာပြထားတဲ့ UPLOAD YOUR PHOTO ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုထည့်ချင်တဲ့ ပုံကိုထည့်လိုက်ပေါ့ဗျာ... အဲဒီလိုပုံထည့်ပြီးသွားပြီဆိုရင်တော့ ခဏလေးစောင့်ပြီးရင် အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အောက်မှာကြည့်လိုက်ကြနော်>>>ဓါတ်ပုံ (Save) ချင်တယ်ဆိုရင်တော့ Save Image ဆိုတာကိုလေးကို နှိပ်လိုက်ပေါ့ဗျာ...ဒါဆိုရင်တော့ ပြီးပါပြီ။ နောင်အနှစ်၂၀ကြာရင် ဖြစ်လာမဲ့ပုံပါ။ အားလုံးအဆင်ပြေကြမယ် ထင်ပါတယ်...ပျော်ရွှင်ကြပါစေ ............--

ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed