BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, May 30, 2012

စာချုပ်သက်တမ်းတိုး ခဲ့သည့် ဆက်ခ်ျ

စာချုပ်သက်တမ်းတိုး ခဲ့သည့် ဆက်ခ်ျပီတာဆက်ခ်ျသည် သူ၏ အနာဂတ်အား ချယ်လ်ဆီး အသင်းတွင် သာဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ပြီး (၂၀၁၆) ခုနှစ်ထိ ရှိနေ မည့်လေးနှစ် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ပီတာဆက်ခ်ျမှာ ဘိုင်ယန်မြူနစ် အ သင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ပင်နယ်တီများကို ကာကွယ်ခဲ့ပြီး အသင်းအား သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ရယူပေး ခဲ့ သူ ဖြစ်သည်။ ပီတာဆက်ခ်ျသည် ချယ်လ်ဆီး အသင်းသို့ စတင်ရောက်ရှိလာ ခဲ့သည့် (၂၀၀၄) ခုနှစ်မှ စတင်ကာ ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဂိုးသမား များထဲမှ တစ်ဦး အပါအ၀င် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး အသင်းအတွက် (၃၆၉) ပွဲ ပါဝင် ကစားပေးခဲ့ပြီး ချယ်လ်ဆီး အသင်း၏ပြည်ပ ကစားသမားများ ထဲ တွင် ပွဲထွက် ကစားခွင့် အများဆုံး ရခဲ့သူလည်း ဖြစ်သည်။
"ဒီလို အသင်းကြီးမှာ နောက်ထပ် လေးနှစ်ပါဝင် ကစားခွင့်ရဦးမှာဖြစ် တဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီကလပ်နေခဲ့တဲ့ (၈)နှစ် တာ ကာလထက် လာမယ့် (၄) နှစ်တာ ကာလက ပိုပြီး အောင်မြင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်"ဟု ဆက်ခ်ျမှ အသင်း၏ ၀က်ဘ်ဆိုက် တွင်ပြောဆို ခဲ့ သည်။
Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed