BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, September 2, 2012

နော်ဝေ အကြမ်းဖက် တိုက်ခိုက် သူအား အမြင့်ဆုံး ထောင်ဒဏ် ၂၁ နှစ် ချမှတ်

နော်ဝေနိုင်ငံတွင် လူပေါင်း ၇၇ ဦးအား သတ်ဖြတ်၍ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန် ခဲ့သော အန်ဒါးစ် ဘရီဗစ်သည် ရူးသွပ်နေသူ မဟုတ်ကြောင်း နော်ဝေ တရားရုံးက ကြေညာ ခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။
လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားသူ ဘရီဗစ်အား အမြင့်ဆုံး ထောင်ဒဏ်ချမှတ်ရန် အစိုးရရှေ့နေများက နော်ဝေခရိုင်တရားရုံးမှ တရားသူကြီးများအား တိုက်တွန်းခဲ့သည်။ ယင်းပြစ်ဒဏ်မှာ ပြစ်မှုကျူးလွန်သူ သည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည်ဟု ယူဆပါက ဆက်လက် သက်တမ်းတိုးနိုင်သည်။ ၂၀၁၁ ဇူလိုင်လ ၂၂ ရက်က ဘရီဗစ်သည် အော်စလိုမြို့ရှိ အစိုးရအဆောက်အအုံများအား ဗုံးဖောက်ခွဲခဲ့ခြင်းကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။ ယင်းနောက် လက်ရှိအာဏာရ လေဘာပါတီ၏ လူငယ်များ စခန်းချ နေရာယူသော တေးယာကျွန်းပေါ်သို့ သွားရောက်၍ လူငယ်များအား သေနတ်ဖြင့် စိမ်ပြေနပြေ လိုက်လံ ပစ်ခတ်ခဲ့ရာ ၆၉ ဦး သေဆုံးခဲ့ရသည်။
လူသတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဘရီဗစ်က ဝန်ခံထားသော်လည်း ၎င်းသည် ရူးနှမ်းနေသူ မဟုတ်ကြောင်း သြဂုတ်လ ၂၄ ရက်တွင် တရားသူကြီးများက ဆုံးဖြတ်ချက် ချခဲ့သည်။ ၇ နာရီခွဲ ကြာမြင့်ခဲ့သော မာရသွန်ကြားနာမှုတွင် တရားသူကြီးများက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ပြီးနောက် အဆိုပါ ပြစ်ဒဏ်အား အယူခံဝင်သွားမည် မဟုတ်ဟု ဘရီဗစ်က ပြောကြားပြီး တရားရုံး၏ ဥပဒေအရ အကျုံးဝင်မှုကို အသိအမှတ်မပြုဟု ထပ်မံ ပြောကြားခဲ့သည်။ Ref: Ria Novosti/AFP


7Day News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂါစီယာအား ပေါင် (၁၈)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် မန်စီးတီး

မန်စီးတီး အသင်းသည် ဘင်ဖီကာ ကွင်းလယ် ကစားသမား ဂျာဗီဂါစီယာအား ခေါ်ယူရန် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၈)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ မန်စီးတီး အသင်းသည် ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် (၁၅.၅)သန်း ပေးချေရမည် ဖြစ်ကာ အနာဂတ်တွင် ပေါင် (၂.၅)သန်း ထပ်မံပေးချေရမည် ဖြစ်ကြောင်း သိရသည်။ မန်စီးတီး အသင်းသည် ယခင်က ဘင်ဖီကာ အသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ပေါင် (၂၄)သန်းကို ပေးချေရန် ဆန္ဒမရှိခဲ့သော်လည်း ယခုအခါတွင် ဘင်ဖီကာ အသင်းမှ ပေါင် (၁၈)သန်းအား လက်ခံလိုက်ခြင်းကြောင့် ဂါစီယာသည် အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် မန်စီးတီး အသင်းသို့ ရောက်ရှိဖွယ် ရှိနေသည်။ ဂါစီယာသည် မန်စီးတီး အသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed