BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, June 21, 2011

မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်





 
မြန်မာ့ ဆီးဂိမ်း တရုတ်ကူမည်
နရီလင်းလက် Tuesday, 21 June 2011 17:52
E-mailPrint
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာ့ အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီရန်ရှိသည်ဟု သိရသည်။

naypyitaw_studium
နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၀၁၃ ဆီးဂိမ်းအတွက် နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်း တည်ဆောက်နေသည် ကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - popularmyanmar.com)
"နဂိုကတည်းက တရုတ်ကနေ ဆီးဂိမ်းအတွက် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက နေပြည်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ရှိသူနဲ့ အသေးစိတ်ဆွေးနွေးပြီးတဲ့ နောက်မှာ မြန်မာဘက်ကနေ လက်ခံ လိုက်တာပါ"ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိတဦးက ပြောပြသည်။

လက်ခံသဘောတူလိုက်သည့် အခြေအနေသာ ရှိသေးသောကြောင့် တရုတ်နိုင်ငံမှ မည်သည့်အဖွဲ့လာရောက် လုပ်ဆောင် ပေး မည်ကိုမူ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်တွင် ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာတို့ တွေ့ဆုံခဲ့ပြီး မြန် မာ နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်း အောင်မြင်စွာ ကျင်းပရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးကြ ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် နေပြည်တော်တွင် ၂၀၁၃ ခုနှစ်၌ ကျင်းပမည့် ဆီးဂိမ်းအတွက် နည်းပညာဆိုင်ရာ အကူအညီ နှင့် လေ့ကျင့်ရေး အားကစား သမားများ ၊ နည်းပြများကို ပံ့ပိုးကူညီပေးမည်ဟု ကမ်းလှမ်းလာမှုအား မြန်မာဘက်မှ လက်ခံသဘော တူညီလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"နည်းပြတွေ လာသင်ကြားပေးမယ်ဆိုတဲ့ နေရာမှာ တခုရှိတာက ဆီးဂိမ်း ပြိုင်ပွဲဆိုတော့ အားကစားမျိုးစုံ ဆိုပါဝင်တာလေ ။ ဥပမာ- ဘောလုံး အားကစားမှာဆိုရင် ကျနော်တို့ဆီမှာ နဂိုကတည်းက အတန်းအလိုက်မှာ ဂျာမနီ၊ ဘရာဇီး စသဖြင့် နိုင်ငံခြား နည်းပြတွေ ရှိတယ်"ဟု နေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိက ဆိုသည်။

ထို့ကြောင့် နိုင်ငံခြား နည်းပြမရှိသည့် အားကစားအမျိုးအစားကို အဓိကထား၍ နည်းပြများ ဖြည့်တင်းသွားဖွယ်ရှိကြောင်း ၊ ယင်းအတွက် အသေးစိတ်ဆွေးနွေးကာ လိုအပ်သည်များကို ပြန်လည်စီစဉ်ရဦးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကို၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော ဘေဂျင်း အိုလံပစ် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီပေးမည်ဟု သိရ သည်။

ယင်းကဲ့သို့ ဆီးဂိမ်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ဟိုတယ် တည်ဆောက်မှုများကို အရှိန် အဟုန် မြှင့်သည့်အနေဖြင့် တခြားသော တည်ဆောက်ရေးလုပ်ငန်းများအား ခေတ္တရပ်နားထားသည်ဟု နေပြည်တော် ဆောက် လုပ်ရေး ကုမ္ပဏီများက ပြောဆိုသည်။

တည်းခိုမည့် ဧည့်သည်များ လုံလောက်မှုရှိစေရန် အတွက် ဟိုတယ်များကို တိုးချဲ့တည်ဆောက်နေသည့်အပြင် ယခင်က နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှု ခွင့်မပြုခဲ့သော နေပြည်တော် ဟိုတယ်ဇုန်များတွင် တရုတ်နိုင်ငံခြားသားလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန် ခွင့်ပြုလိုက်သည်ဟု နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

"နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်ဇုန်တွေမှာ အကုန်လုံးတိုင်းရင်းသား လုပ်ငန်းရှင်တွေ ချည်းပဲ။ တာဝန်ရှိသူတွေ ဆွေးနွေးပြီးနောက်မှ ဟိုတယ်ခရီး ၀န်ကြီးက ရင်းနှီးမြှပ်နှံခွင့်ပြုဖို့ လက်ခံလိုက်တယ်"ဟု သူက ဆိုသည်။

နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ အင်ဂျင်နီယာ တဦးက"ဟိုတယ်ဇုန် ၄ ဇုန် မှာ မဆောက်ဘဲ ကျန်တဲ့ မြေနေရာ တွေရှိတယ်။ အဲဒီနေရာတွေမှာ ရင်းနှီးမြှပ်နှံပြီး ဆောက်မယ်ဆိုရင်ဆောက်လို့ရတယ်။ တရုတ်ကလည်း ဆီးဂိမ်းအတွက် စီးပွားရေးလုပ်လို့ရမယ်။ ကျောက်မျက်ပွဲကလည်း နေပြည်တော်မှာ လုပ်နေတော့ ဒီအတွက်လည်း ဈေးကွက်ရှိတယ်ဆိုတာ သိတယ် လေ"ဟု ပြောပြသည်။

ယခု လဆန်းက အာဏာပိုင်များနှင့် နီးစပ်သည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအား အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲ အောင်မြင်မှုရရှိရေးအတွက် မြန်မာ့အားကစား အောင်နိုင်ငံရေး အလှူငွေ ပေးအပ်ပွဲ ကျင်းပပြီး ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေ ကျပ် သိန်း ၉၆၃၀ ရရှိခဲ့သည်ဟု ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

အလှူငွေထည့်ဝင်ခဲ့ကြသည့် ကုမ္ပဏီများတွင် ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ၊ မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် ဥက္ကဌ နှင့် Asia World ကုမ္ပဏီ ၊ အော်ရယ် ဂျင်နယ် ဂရု ၊ အေ၀မ်းဆောက်လုပ်ရေး ကုမ္ပဏီ ၊ ယုဇန ဦးဌေးမြင့် ၊ ACE ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက် ၊ မက်စ် မြန်မာ ကုမ္ပဏီ ၊ ရွှေသံလွင် ကုမ္ပဏီ ၊ ဂရိတ် ဝေါလ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ စသည့် တို့ပါဝင်သည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး




 

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

By ဒေါ်ခင်မျိုးသက်
 
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။
"မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေ မွေးထုတ်ပေးနေတဲ့ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို ကြည့်ရင် သိရမှာပါ။ မြန်မာနိုင်ငံထဲကနေ ဒုက္ခသည်တွေ ထွက်လာနေတာ နှစ်ပေါင်း သိပ်ကို ကြာနေပါပြီ။ သူတို့ဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲသာမက တခြား အိမ်နီးချင်း မဟုတ်တဲ့ ဝေးလံတဲ့ နိုင်ငံတွေဆီကိုပါ ထွက်ကြတာပါ။ ရိုဟင်ဂျာလို ဒုက္ခသည်တွေကတော့ သူတို့အသက်ကို ပဓာန မထားဘဲ မြန်မာနိုင်ငံက ထွက်သွားရ ပြီးရော အသက်စွန့်ပြီး ထွက်နေကြပါတယ်။" လို့ ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ စခန်းတွေဖွင့်ပြီး UNHCR က အကူအညီတွေ ပေးနေသလို ထိုင်းနိုင်ငံထဲမှာလည်း ဒုက္ခသည်စခန်း ၉ ခုဖွင့်ပြီး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
"ထိုင်းနိုင်ငံက UNHCR မှာ ၉၃,၀၀၀ ကျော် တရားဝင် မှတ်ပုံတင်ပြီး အခု နေနေပါတယ်။ ၅၅,၀၀၀ လောက်ကတော့ အမှန်တကယ် ဒုက္ခသည်လို့ သတ်မှတ်နိုင်ခြင်း ရှိမရှိ စစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဘောင်နဲ့ ၀င်မ၀င် စစ်ဆေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကုလသမဂ္ဂရုံးနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ရိုဟင်ဂျာ ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူ ၂၉,၀၀၀ လောက် ကော့က်စ် ဘဇားမှာ ရှိနေပါတယ်။ သူတို့ဟာ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုရော၊ တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီကိုပါ ရနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ခန့်မှန်းချက်အရ စာရင်းမရှိဘဲ ရောက်နေတဲ့ ဒုက္ခသည်ပေါင်းက ၂၀၀,၀၀၀ လောက် ရှိနေပါတယ်။" လို့ ပြောသွားပါတယ်။
ဒီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူတွေ အနေနဲ့ သူတို့ကို နှိပ်စက် သတ်ဖြတ်မယ့်သူ မရှိတာနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကို မကြောက်ကြရပေမဲ့ ကိုယ့်အိုးကိုယ့်အိမ် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြသူတွေမို့ ပင်ပန်း ဆင်းရဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မကြာခင်ကမှ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံရသူကလည်း သောင်းဂဏန်းအထိ ရှိနေပြီလို့ KNG ကချင်သတင်းဌာန တာဝန်ခံ ကိုနော်ဒင်းက ပြောပါတယ်။
"ဒုက္ခသည်တွေက စာရင်းအရ ဆိုရင်တော့ ၁၀,၀၀၀ ကျော် ရောက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ အခုချိန်မှာ ၂၀,၀၀၀ ကျော် ရှိပြီ။ အထူးသဖြင့် အစိုးရ ထိန်းချုပ်တဲ့ ရပ်ရွာကနေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးနေတဲ့ အရေအတွက်က တိုးလာတာကို တွေ့ရတယ်။ တရုတ်နယ်စပ်ဘက်မှာ ဆိုရင်တော့ နိုင်ငံတကာရဲ့ ကူညီ စောင့်ရှောက်မှုတွေလည်း ကောင်းကောင်းမရဘဲ အခုဆိုရင် စစ်ပွဲတွေက ပိုပြီး ပြင်းထန်လာတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အတော်လေး ဒုက္ခရောက်မယ့် အခြေအနေတွေ ရောက်နေတယ်။
"အကောင်းဆုံးကတော့ မြန်မာပြည် နိုင်ငံရေး ပြေလည်မှုသာ မရှိရင် ဒုက္ခသည် စခန်းတွေကို တရုတ်နယ်စပ်ဘက်မှာ တရုတ်အစိုးရ ခွင့်ပြုပြီး ဒုက္ခသည်စခန်း ဖွင့်ပြီးမှ ဒုက္ခသည်တွေကို နေရာချထားခြင်း အားဖြင့်သာလျှင် သူတို့ကို ကူညီလို့ရမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။"
အခုနောက်ဆုံး မြန်မာနိုင်ငံထဲက ထွက်လာတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ပေးဖို့ ကချင်တိုင်းရင်းသားတွေဘက်က လိုလားနေသလို ကုလသမဂ္ဂဘက်ကလည်း အကူအညီတွေ ပေးဖို့ အသင့်ပဲလို့ မစ်စ် မက်ကင်ဆီက ပြောပါတယ်။
"ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘယ်အစိုးရကပဲ အကူအညီတောင်းတောင်း ကျမတို့က ပေးဖို့ အမြဲအသင့်ပါ။ တကယ်လို့ တရုတ်နိုင်ငံက သူ့နယ်စပ်မှာ အကူအညီပေးဖို့ တောင်းလာရင် ပေးဖို့ အသင့်ပါ။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက နယ်စပ်မှာ ၀နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထွက်ပြေးလာခဲ့တုန်းကတော့ အကူအညီ မတောင်းခဲ့သလို အဲဒီနေရာတွေကို ကျမတို့ကို သွားခွင့်လည်း မပေးခဲ့ပါဘူး။" လို့ မစ်စ် မက်ကင်ဆီက ပြောသွားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ဟာ ၂၀၀၅ ခုနှစ်ကနေ အခုချိန်အထိ မြန်မာဒုက္ခသည်ပေါင်း ၇၀,၀၀၀ ကျော်ကို တတိယနိုင်ငံတွေမှာ အခြေချပြီး နေနိုင်အောင်အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။
__._,_.___
Recent Activity:
.


--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed