![]()
ဘာနေဗျူးပရိတ်သတ်များ၏ အားပေးမှုကို ပြန်လည်ရရှိခဲ့သောကြောင့် ၀မ်းသာနေသည့် ခရစ္စတီယာနို ရော်နယ်ဒို
ရီးရဲလ်မက်ဒရစ်စတား ပလေယာ စီရော်နယ်ဒိုက ပရိတ်သတ်များ၏ အားပေးမှုကို ပြန်လည်ရရှိခဲ့သောကြောင့် လွန်းစွာဝမ်းမြောက်မိကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့သည်။
ပရိတ်သတ်များ၏ လှောင်ပြောင်မှုများဖြင့် ရင်ဆိုင်ခဲ့ရသော စီရော်နယ်ဒိုသည် ရီးရဲလ်အသင်းမှ ထွက်ခွာရန်ပင် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း ဘာနေဗျူးပရိတ်သတ်များသည် ပြီးခဲ့သော ဇာရာဂိုဇာနှင့် ကစားခဲ့သော ပွဲစဉ်တွင် ယခုနှစ်ရာသီ၏ ပထမဆုံး အကြိမ်အဖြစ် စီရော်နယ်ဒို၏ အမည်ကိုအော်ဟစ်ပြီး အားပေးခဲ့ကြသည်။ ![]() ပရိတ်သတ်များဆီသို့ ရည်ညွှန်းအောင်ပွဲခံခဲ့သော စီရော်နယ်ဒို စီရော်နယ်ဒိုက - "ပရိတ်သတ်တွေဆီက အားပေးမှုကို ပြန်ရတာ ကျွန်တော်အရမ်းပဲ အားရပျော်ရွှင်မိပါတယ်၊ အရမ်းလည်းသဘောကျ ပါတယ်" ဟု ၀န်ခံပြောကြားသွားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
























Rangoon Time