BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label gsm ဖုန်း. Show all posts
Showing posts with label gsm ဖုန်း. Show all posts

Saturday, September 24, 2011

ဖုန်းခေါ်သံကို တားဖို့မလို

Portable Mobile Signal Jammer ကို တစ်ကြိမ်အား သွင်းပြီးတိုင်း ၄ နာရီ ကြာအသုံး ပြုနိုင်တယ်။ စက်ကို ဖွင့်ထားလိုက် တာနဲ့ ၄၅ ပေ ပတ်လည် အတွင်းရှိ သမျှ CDMA, GSM ဖုန်းများကို အသုံးပြုလို့ မရတော့ပါဘူး။ အရေး ကြီးတဲ့ အစည်းအဝေး၊ ဟောပြောပွဲ၊ အခမ်းအနား၊ စာသင်ခန်းစတာတွေ မှာ Signal Jammer ဖွင့်ထားခြင်း ဖြင့် အလိုက်မသိသူတွေကို လက်ကိုင်ဖုန်း ပိတ်ထားဖို့ မေတ္တာရပ်ခံစရာမလိုတော့ဘူးပေါ့။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု

မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါ တယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန်
Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင်
  မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင်
အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။  
(၄)မိုဘိုင်းဖုန်း အခိုးခံရရင်
မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ်
မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 3, 2011

gsm ဖုန်း တွင် အင်တာနက်အသုံးပြုနိုင်ရန် setting ထည့်ခြင်း





gsm ဖုန်းတွင်အင်တာနက် အသုံးပြုနိုင်ပါတယ်...speed ကတော့ download ကို 1 second = 1 kb to 4 kb အထိပဲ ရပါတယ်..idm နဲ့ download လုပ်မယ်ဆိုရင်တော့ 4 kb to 15 kb ထိရပါတယ်...sony ericsson ဖုန်းနဲ့ ဆိုရင် ကွန်ပြူတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်...nokia နဲ့တော့ မစမ်းသက်ရသေးပါ...sony ericsson တွင် setting ထည့်နည်း ပြောပြချင်ပါတယ်...ပထမဆုံး internet setting တွင် accect point name ကို mpt ဟုထည့်ပါ...APN name ကို mptnet ဟုထည့်ပါ....username နေရာတွင် mpt ဟုထည့်ပါ...password မလိုပါ...proxy လည်းမလိုပါ...ထို့နောက် ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ..connection bar/ဖုန်း နက်ဝေါ့ တိုင်ဘေးနားတွင် E ဟု ပေါ်လာပါက အသုံးပြုနိုင်ပါပြီ...ထို့နောက် browser ထဲဝင်ပါ...setting တွင် access point နေရာတွင် mpt ကိုရွေးပါ..www.google.com ကို အရင်သွားပါ..အင်တာနက်အသုံးပြုနိုင်ပါပြီ...website လိပ်စာကို တိုက်ရိုက်ထည့်သုံးပါက လိုင်းနှေးသောကြောင့် မတက်တာများပါတယ်..google သို့ အ၇င်ဝင်ပြီး search box တွင် သွားလိုသောလိပ်စာကို ထည့်ပြီး ရှာပြီးမှ ကျလာသော လိပ်စာကို ၀င်တာက ပိုမြန်ပါတယ်...gmail ကို သုံးလိုလျှင် google တွင် gmail ဟု ရိုက်ပြီး ရှာလိုက်ပါ...gmail လိပ်စာ ကျလာလျှင် ၀င်လိုက်ပါ...gtalk အသုံးပြုလိုလျှင် google တွင် ebuddy ဟုရိုက်ပြီး ရှာလိုက်ပါ..ebuddy website ၀င်ပြီး software ကို download လုပ်ပါ..မိမိ ဖုန်းအမျိုးအစားကိုရွေးပါ..software ကို ဖုန်းတွင် download လုပ်ပြီး အသုံးပြုပါ..

ကွန်ပြူတာနက် ချိတ်လိုလျှင် ဖုန်းကို ကွန်ပြူတာနှင့် ကြိုးဖြင့်ဆက်ပြီး network setting - streaming setting တွင် access point တွင် mpt နှင့် usb setting တွင် usb ethernet ဟို ပြောင်းပြီးသုံးပါ..ကွန်ပြူတာနှင့်ချိတ်လိုက်သည်နှင့် အင်တာနက်နှင့်အလိုလိုချိတ်ပြီး ဖြစ်ပါလိမ့်မည်..

ဆက်သွယ်ရေးတွင် ဖုန်းလိုင်း လျှောက်ပြီး ၂ရက်လောက်ကြာမှ လိုင်းပွင့်ပါသည်... လိုင်းပွင့်သည်နှင့် ဖုန်းလိုင်းမမိတမိ ဖြစ်နေပါလိမ့်မည်..အင်တာနက်မသုံးလိုပါက မလျှောက်တာပိုကောင်းပါသည်...ဖုန်းလိုင်း ကွန်နက်ရှင်ပါကျသွားလို့ပါ..အင်တာနက်သုံးလျှင်လည်း အိမ်တွင်းတွင် သုံးလျှင် လိုင်းမမိတတ်ပါ...အထက်ပါ setting ထည့်ခြင်းကိုလည်း လမ်းပေါ်/ အိမ်ရှေ့ဝရန်တာ လိုင်းအပြည့်မိသောနေရာတွင် စမ်းပါ..မဟုတ်လျှင် လိုင်းမတက်ပါ....



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed