BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, May 29, 2013

ကမ္ဘာ့ပထမဆုံး Scan စက်ပါသော LG ကွန်ပြူတာ မောက်စ်

တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ LG မှ ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ ပထမဆုံး အီလက်ထရောနစ် Gadget တစ်ခု ဖြစ်ပါတယ်။ Scan စက်ရော၊ ကွန်ပြူတာ မောကစ် အနေနဲ့ရော တစ်ခါတည်း အသုံးပြုရမှာ ဖြစ် ပါတယ်။
LG LSM-100 Smart Scan Mouse Scanner လို့အမည်ပေးထားပြီး A3 အရွယ်အထိ Scan ဖတ်လို့ရပါတယ်။ မော့က်စ်ရဲ့ အောက်က မျက်နှာပြင် သေးသေးလေးနဲ့ ဘယ်လို Scan ဖတ်မလဲလို့ မေးခွန်း ထုတ်သူများ ရှိပါတယ်။ အမှန်တော့ Scan ဖတ်မယ့် စာရွက်ပေါ်က ခဲဖျက်ဖျက်သလို အပြည့်ပေါ်အောင် တစ်နေရာကနေ တစ်နေရာ နေရာ စုံ ရောက်အောင်ပို့ပေးပြီး Scan ဖတ်ပေးရမှာ ဖြစ်ပါတယ်။
680 x 480 pixels @30Hz အထိ အရွယ် လက်ခံပါတယ်။ သာမန် Scan စက်တစ်လုံးလိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းအမှောင်ချိန်ညှိခြင်း၊ အရွယ် ကြီးခြင်း၊ ငယ်ခြင်း အစရှိသဖြင့် Image editing တို့ကိုလည်း မောက်စ်နဲ့ တစ်ခါတည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Facebook, Twitter, Flicker အစရှိသဖြင့် Social website တွေကိုလည်း ကို Scan ဖတ်ထားတဲ့ ပုံကို အလွယ်တကူ Share လို့ ရပါတယ်။ Scan ဖတ်လို့ရတဲ့ စာရွက်ကို Microsoft Office word ပေါ်တင်ပြီး စာကြောင်းများ ပြန်လည် ပြင်ဆင်တာ က အစတောင် ပြုလုပ်ဖို့အတွက် Interface အများကြီး ပေးထားပါတယ်။ သာမန် Scan တစ်လုံးပဲ ဖြစ်ပါတယ်။
USB 2.0 သာမန် Mouse တစ်လုံးကြိုး ဖြစ်ပြီး ဘယ် ပါဝါမှ ထပ်သုံးစရာ မလိုပါဘူး။ PC က ဓာတ်အားကိုပဲ ခွဲသုံးသွားမှာ ဖြစ်ပါတယ်။
ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၉၀ ဝန်းကျင်မှာပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာငွေနဲ့ တွက်ရင် ၈ သောင်းဝန်းကျင်ပဲ ရှိပါတယ်။ LG ကုန်ပစ္စည်းများ တိုက်ရိုက်မှာယူပေးနေတဲ့ အီလက်ထရောနစ် ကုမ္မဏီကြီးတွေမှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
LSM-100 ရဲ့  အသုံးပြုပုံ ဗီဒီယိုနဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
--
http://amzn.to/10zh4xb
ရိုးရာလေး နည်းပညာ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် ဒိန်းဒေါင်ဇနီး ပါဝင်

 ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက် ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် တိမ်းမှောက် မှုကြောင့် သေဆုံးသူများ ထဲတွင် သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေးမွန် ပါဝင်ကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်း ရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံး သူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှု အသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါးကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယက ဆရာတော်က ကြီးမှူးကာ မီးသဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။ ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တစ်ကိုယ်တော် ဆန္ဒပြသူ သရုပ်ဆောင် ရဲတိုက်သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူခံရ

သရုပ်ဆောင် ရဲတိုက်(ခ) လင်းထွန်းဦးအား သာသနာ ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည် အပြုအမှု လုပ်ဆောင်ခြင်းကြောင့် အမှုဖွင့် အရေးယူ ထားကြောင်း ဗိုလ်တထောင် ရဲစခန်းမှ သိရသည်။ ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ က ”ဗီဒီယို သရုပ်ဆောင် ရဲတိုက်က ဘုရားကျောင်းဝင်း ထဲကို ဝင်လာတယ်။ ဘုရားကျောင်း ဝန်ထမ်းက ပြောပြတာ မရဘဲနဲ့ တံခါးဂျက်တွေကို အတင်းဆွဲ ဖွင့်ပြီး အထဲကို ဝင်သွားတယ်။ ပြီးတော့ ပြန်ထွက် သွားတယ်။

၁၂ နာရီမှာ ဘုရား ကျောင်းထဲကို ထပ်ဝင် လာတယ်။ ဘုရားကျောင်း အနောက်ဘက်က ဘုန်းတော်ကြီးတွေကို ပေးထားတဲ့ အခန်း တွေထဲကို ဖွင့်ပြီး ဝင်တယ်။ ၁၂ နာရီ ကနေ ဘုရားဝတ်ပြုနိုင်ကြောင်း ဘုရား ကျောင်းက ရှင်းပြပါတယ်။ ရဲတိုက်က ဘုရားစင်ကို ကျောခိုင်းပြီး ရှိခိုးအော် ဟစ်တယ်။ ၁၂ နာရီ မိနစ် ၂ဝ မှာ ရဲတိုက်က ဘုရားကျောင်းထဲကို ထပ်ရောက်လာပြီး အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီးတော့ ခရစ်ယာန်ဘာသာ သာသနာကို ညှိုးနွမ်းစေ နိုင်တဲ့ အပြုအမူတွေ ပါနိုင်တယ်ဆိုပြီး ဘုရား ကျောင်းက တာဝန်ရှိတဲ့ သူတွေက ပြောတာကို မနာခံဘူး။ ဒါကြောင့် ကျွန် တော်တို့ ရဲစခန်းကို ဘုရားကျောင်းက ဆက်သွယ်တော့ ကျွန်တော်တို့ သွားပြီး ထိန်းသိမ်း လိုက်ပါတယ်”ဟု ပြော သည်။
သရုပ်ဆောင် ရဲတိုက်သည် ဗိုလ် အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်ရှိ စိန်မေရီကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်းသို့ မေ ၂၈ ရက် နံနက်က ဘုရားကျောင်း အတွင်း ဝင်၍ ဝတ်ပြုရာမှ တင်းမာမှု ဖြစ်ပေါ်ခဲ့ သဖြင့် နံနက် ၁၁ နာရီကျော်မှ စတင်ကာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ရဲတိုက်က ”This about Love, this not about religion ” (ဒါဟာ မေတ္တာတရားအတွက်သာ ဖြစ်တယ်။ ဘာသာရေးအတွက် မဟုတ်ဘူး)”ဟု ပြောခဲ့ သည်။
သရုပ်ဆောင် ရဲတိုက်ကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တထောင် ရဲစခန်းမှ လာရောက် ထိန်းသိမ်းခဲ့သည်။မြို့နယ်မှူး ဦးစိန်ဝေက ကျွန်တော် တို့ ရဲတိုက်ကို မင်း ဘယ်ဘာသာကိုး ကွယ်လဲ လို့ မေးတဲ့အခါမှာ လောလောဆယ် မဖြေနိုင်ဘူးလို့ ကျွန်တော့်ကို ပြောပါ တယ်။ အာမခံနဲ့ ပေးဖို့ကတော့ မရှိပါ ဘူး။ ဒီပုဒ်မဟာလည်း အာမခံပေးလို့ မရ ပါဘူး။ တိုင်ကြားတဲ့သူက ဘုရားကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးရစ်ချက်(ခေါ်) ဦးခင်မောင်ဦး အသက် (၅၅) နှစ်ပါ”ဟု ပြောသည်။
ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ၏ သတင်းထုတ်ပြန် ပေးချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာသာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၂၉၅/က)ဖြင့် အရေးယူထား ကြောင်း သိရသည်။
ပုဒ်မ ၂၉၅ ဆိုသည်မှာ လူတစ်စား ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်း ကောင်း၊ အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက် ဆီးခြင်းသည် သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာ သာ သနာကို စော်ကားသည်ဟု လူတစ်စား က ယူဆတန်ရာသည်ကို သိလျက်နဲ့ဖြစ် စေ မည်သူမဆို ထိုလူတစ်စားက ဘာ သာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကိုသော်လည်း ကောင်း အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက် ဆီးလျှင် သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် သို့တည်းမဟုတ် ယုတ် ညံ့စေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင် ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု (အခန်း ၁၅၊ သာသနာရေးဆိုင်ရာ ပြစ် မှုများ၊ ရာဇသတ်ကြီး)အရ သိရသည်။
သရုပ်ဆောင်ရဲတိုက် ဆန္ဒဖော် ထုတ်ခြင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်ကို စိန်မေရီကာသီဒြယ် သာသနာ့အကျိုး ဆောင်အဖွဲ့မှ မေ ၂၈ ည ၈ နာရီခန့်က တင်ပြချက်တစ်ခုကို ဖေ့ဘွတ်မှတစ်ဆင့် ထုတ်ပြန်ခဲ့ရာ ယင်းထုတ်ပြန်ချက်တွင်- ”ယနေ့ဖြစ်စဉ်မှာ သူတော်စင်များ သာဝင်ရောက်ရသည့်၊ ဓာတ်တော် မွေ တော်များထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွတ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ် သော အဝတ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ဝင်ရောက်ကာ အထွတ်အမြတ်ထား ရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ် မလျော်ကန် သောအပြုအမူမျိုး ပြုလုပ်ခြင်းကို တွေ့ရှိ ရလေရာ သက်ဆိုင်ရာ မှသတိပေးပြော ကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံ ရသည်။
ထိုမှတစ်ဖန် တတိယအကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်း ထောက်များ၊ Media အဖွဲ့ဝင်များခေါ် လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ် ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသ နာ့ပရိဝုဏ်အတွင်းဝင်ရောက်ကာ၊ မည် သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြု ချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုး ဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေသည့်ကြားမှပင် ကာယကံရှင်မှကိုယ် ထိလက်ရောက် စတင်ကျူးလွန်ခဲ့ပါ သည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်က အပြစ်တင်စွပ်စွဲပြော ဆိုနေသော်လည်း သုံးကြိမ်သုံးခါတိုင် တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့်လုံးဝဆန့်ကျင်နေ သည်မှာထင်ရှားပါသည်။
အထက်ပါ အပြုအမူများသည် ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည် ထားသည်ဟု ယူဆနိုင်ပါသည်။ ကက် သလစ်သာသနာဘုရားကျောင်းတော် ဝင်းသည် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်း အေးရာနေရာဖြစ်ပြီး မည်သည့်ဆန္ဒပြ ခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရားများနှင့် ဖီလာဆန့်ကျင်နေပါ သည်”ဟု ထည့်သွင်းရေးသား ဖော်ပြ ထားသည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed