ဟတ်ကာ လေးဦးတွင် တစ်ဦးမှာ အမေရိကန် အစိုးရ လူဖြစ်
ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။
The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု ပေးသည်။
အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့ ဒေတာများကို FBI အေးဂျင့်များသို့ တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ် ထောင်နှစ်ရက် လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည်။
ဥပမာ၊ ဆိုက်ဘာ အမှောင်လောကမှာ Cumbajohnny ဆိုပြီး လူသိများတဲ့ အဲလ်ဘတ် ဂွန်ဇာလဇ် ဆိုရင် နယူးယော့ခ် ဘဏ်စက်တစ်ခုမှ ငွေများစွာ ခိုးယူမှုနဲ့ ထောင်ကျခဲ့ပြီး၊ ယခု FBI အတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ လူငယ် ဖြစ်သည်။ ဂွန်ဇာလဇ် ကို လစာအဖြစ် တစ်နှစ် ဒေါ်လာ ၇၅,၀၀၀ လျှို့ဝှက်ပေးသည်။
တရားဝင်အားဖြင့် FBI အေးဂျင့်များက The Guardian မှ ဖော်ပြတဲ့ ဟတ်ကာများ အသုံးပြုမှု သတင်းကို ဝေဖန်ချက်မပေးပါ။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက FBI အေးဂျင့်တွေဟာ အမေရိကန် ရှေ့နေချုပ်ရဲ့ လမ်းညွှန်မှုအောက်တွင်သာ ဥပဒေကို လိုက်နာ ဆောင်ရွက်ကြကြောင်း ပြောသည်။
ဘယ်လိုပဲဖြစ်ဖြစ် The Guardian ဗြိတိသျှ သတင်းစာကတော့ ဟတ်ကာ ဝိဇ္ဇာများအနေဖြင့် အမေရိကန် FBI နှင့်ဆက်သွယ်ရင် အလုပ်ကိုင်ကောင်း ရရှိနိုင်ကြောင်း သတင်းပါးခဲ့သည်။
မောက္ခ နိုင်ငံတကာသတင်း
Source: The Guardian
ကမ္ဘာ့ စစ်ရေး အသုံးစရိတ် အမြင့်ဆုံး နိုင်ငံများ
မကြာခင် ရက်ပိုင်းက 'ပထမဆုံး တရုတ်လေယာဉ်တင် သင်္ဘောကြီး' အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်စစ်တပ် ထိပ်ပိုင်းမှ ကြေငြာခဲ့သည်။ (ရုရှားလုပ် အဟောင်းကို ပြန်မွမ်းမံထားခြင်း ဖြစ်သည်)။
၂၀၁၀ ခုနှစ် တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၁၁၉ ဘီလီယံ အထိ ရှိသည်။ တရုတ်က စစ်ရေးအတွက် အဆ ၂၀၀ ရာခိုင်နှုန်း မြှင့်တင်သုံးစွဲနေပြီး၊ ၂၀၀၁ ခုနှစ်ကတည်းက ဂျီဒီပီ ၂.၁ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ပုံမှန် အသုံးပြုခဲ့သည်။
တရုတ် လိုပဲ အခြား ကမ္ဘာ့ နိုင်ငံ အနည်းစုကလည်း လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းအတွက် ဒေါ်လာ ဘီလီယံများစွာ အကုန်ကျခံပြီး အပြိုင်ဆောင်ရွက်နေကြသည်။
ဗြိတိန်နိုင်ငံတွင်တော့ မကြာခင်က ဘတ်ဂျက် ဗိုက်နာမှုကြောင့် ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုတွေ လုပ်ခဲ့ရသည်။ အလားတူ အမေရိကမှာလည်း စစ်ရေး အသုံးစရိတ် လျှော့ချဖို့ အချေအတင် ဆွေးနွေးနေကြသည်။
သို့သော် ဘယ်လောက်ပဲ ဘတ်ဂျက်ပြဿနာ ရှိရှိ၊ လိုငွေ ဘယ်လောက်ပြပြ၊ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေး အသုံးစရိတ်က ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၇၀၀ ဘီလီယံ နီးပါး ရှိခဲ့သည်။
တရုတ် အပါအ၀င် အခြား စစ်ရေး အကြီးမားဆုံး တည်ဆောက်နေသည့် နိုင်ငံ ၁၇ နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် သာလွန်နေမြဲပင် ဖြစ်သည်။ အမေရိကန်တို့က 'မိုက်မှ ရိုက်တယ်' (Might is Right.) ဆိုတဲ့ စကားပုံကို သတိမြဲမြဲ လက်ကိုင်ထားတုန်း ဖြစ်သည်။
ပုံတွင် ၂၀၁၀ ခုနှစ် အမေရိကန် စစ်ရေး အသုံးစရိတ် ဒေါ်လာ ၇၀၀ ဘီလီယံနှင့် အခြားနိုင်ငံများရဲ့ သုံးစွဲမှု ဒေါ်လာ ဘီလီယံများကို နှိုင်းယှဉ်ပြထားသည်။ ထိုနိုင်ငံများရဲ့ ကာကွယ်ရေး အတွက် ဂျီဒီပီ သုံးစွဲမှု ရာခိုင်နှုန်းကိုလည်း ဖော်ပြထားပါသည်။

အဆင်းရဲဆုံးနိုင်ငံမှ ကျော်ကြားတဲ့ သန်းကြွယ်သူဋ္ဌေးကြီးများ အကြောင်း
This posting includes an audio/video/photo media file:( Download Now)
ယောင်္ကျားလေးများရှောင်သင့်သော မိန်းမ အမျိုးအစားများးး
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
...
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသောမိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ
မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလမ်းချက် ထုတ်ပြန်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒရှိသူ အား ကြိုဆိုလျက်ရှိကြောင်းကြေငြာချက် အား ယနေ့ ထုတ်ပြန်လိုက်သည်။
"ရှေ့တန်းစစ်မျက်နှာပြင်၌ မလွှဲမရှောင်ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်းဝင်ရောက် လာသော မြန်မာ့တပ်မတော်သားများအားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။" ဟု ရေးသားဖော်ပြထားသည်။
ယင်းကြေငြာချက်နှင့်ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေးပြော ရေးဆိုခွင့်ရှိသူ ဒူကဘာလနန်မှ "ကျတော်တို့ တပ်အသီးသီးကို ပေးပို့ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။" ဟု ဆိုသည်။
ရှေ့တန်းရောက် KIA အရာရှိတစ်ဦးကမူ "မနက်က ၀rder ကျတယ်၊ ပူးပေါင်းလာတဲ့လူတွေကိုကောင်း ကောင်းမွန်မွန်လက်ခံဖို့၊ ဒဏ်ရာရလာတဲ့သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့" ဟု ပြောသည်။
ကြေငြာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေးဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့် စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရတော်လှန် နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့လျင်မြန်စွာ ရောက်ရှိရေး အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။