အကြိမ်(၆၀) မြောက် မယ်စင်္ကြဝဠာ ရွေးပွဲကို (၂၀၁၁)ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က ဘုရာဇီး နိုင်ငံ ဆာပေါ်လိုမြို့၊ Credicardခန်းမမှာ ကျင်းပရာ (၈၉) နိုင်ငံက ကိုယ်စားပြု မယ်တွေ ဝင် ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။
အကြိုဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ (၁၀)ဦး ဆက်လက် ယှဉ်ပြိုင်ကြရာ မယ်စင်္ကြဝဠာဘွဲ့ကို အင်ဂိုလာ နိုင်ငံသူ လိုင်လာလိုပက်စ်က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ပထမဆုကို ယူကရိန်းနိုင်ငံမယ် အိုလက်စ်ယာစတီဗင်ကို၊ ဒုတိယဆုကို ဘရာဇီးလ်မယ် ပရစ္စဆီလာ မာချာဒို၊ တတိယဆုကိုတော့ ဖိလစ်ပိုင်မယ် ရှမ်ဆီဆပ်ဆပ်က ဆွတ်ခူးသွားခဲ့ပါတယ်။









Rangoon Time