BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, January 20, 2012

အမေရိက ကလပ် ဂလက်ဆီအသင်းတွင် ၂၀၁၄တိုင်အောင် ရှိနေမည့် ဒေးဗစ်ဘက်ခမ်း

အမေရိက ကလပ် ဂလက်ဆီအသင်းတွင် ၂၀၁၄တိုင်အောင် ရှိနေမည့် ဒေးဗစ်ဘက်ခမ်း
အမေရိက ကလပ် ဂလက်ဆီအသင်းတွင် ၂၀၁၄တိုင်အောင် ရှိနေမည့် ဒေးဗစ်ဘက်ခမ်း
    အင်္ဂလန်အသင်း၏ ကပ္ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကတွင် လက်ရှိကစားနေသော ဂလက်ဆီအသင်းမှ ထွက်ခွါတော့မည်ဟု ရေပန်းစားနေသော်လည်း နောက်ဆုံးတွင် အသင်းတွင် နောက်ထပ် နှစ်နှစ်ခန့် ရှိနေစေမည့် စာချုပ်အား ချုပ်ဆိုလိုက်သည်။

မန်ယူအသင်းနှင့် ရီးရဲကစားသမားဟောင်း ဘက်ခမ်းသည် ဒီဇင်ဘာတွင် MLS Cup ရယူထားသော ဂလက်ဆီအသင်းနှင့် ဆက်လက်ကစားရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။ ဇန်န၀ါရီလ အစောပိုင်းတွင် ဘက်ခမ်းသည် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း အသင်းသို့ ပြောင်းရွှေ့ရန် သတင်းထွက်ပေါ် ခဲ့သော်လည်း လက်ရှိအမေရိက ကလပ်အသင်းမှ ၂၀၁၄အထိ အသင်းတွင် ဆက်လက် ရှိနေစေရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

"ဒါဟာ ကျွန်တော့်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါပဲ... ကမ္ဘာ့ကလပ်အသင်း များစွာဆီကနေ ကမ်းလှမ်းမှု အများကြီး ရခဲ့ပါတယ်... ဒါပေမယ့် ကျွန်တော် အမေရိကမှာ ဘောလုံး ကစားရတာကို နှစ်သက်နေတုန်းပါ.. ဂလက်ဆီအသင်းနဲ့ အောင်မြင်မှုတွေကို ရယူချင်ပါသေးတယ်" ဟု ၃၆နှစ်အရွယ် ဘက်ခမ်းမှ ဖော်ပြခဲ့သည်။

စပါးအသင်း နည်းပြ ရက်နက်သည် သူ၏ အသင်းဆီသို့ လေ့ကျင့်ခန်းဆင်းရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ခမ်းအား အသင်းသို့ ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။ ဘက်ခမ်းသည် ၂၀၁၂ အိုလံပစ်အသင်းတွင် ပါဝင်ခွင့်ရရန် အလိုရှိနေသည်။

ဘက်ခမ်းသည် ရီးရဲအသင်းတွင် ကစားပြီးနောက် အမေရိက ဘောလုံးလောက တိုးတက်စေရန် ရည်ရွယ်၍ ၂၀၀၇ခုနှစ်တွင် ၅နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။
Image text here

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ယူအသင်းက ၀ဲလ်ဘက်ခ်အား စာချုပ်သစ်အတွက် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ၀ဲလ်ဘက်ခ်ကမူ ပေါင် ခြောက်သောင်း ပေးရန် တောင်းဆိုထား

မန်ယူအသင်းက ၀ဲလ်ဘက်ခ်အား စာချုပ်သစ်အတွက် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ၀ဲလ်ဘက်ခ်ကမူ ပေါင် ခြောက်သောင်း ပေးရန် တောင်းဆိုထား
မန်ယူအသင်းက ၀ဲလ်ဘက်ခ်အား စာချုပ်သစ်အတွက် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ၀ဲလ်ဘက်ခ်ကမူ ပေါင် ခြောက်သောင်း ပေးရန် တောင်းဆိုထား
အသင်း၏ တိုက်စစ်မှူး ၀ဲလ်ဘက်ခ်အား စာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်ရန်အတွက် မန်ယူအသင်းက တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင် ၀ဲလ်ဘက်ခ်က ပေါင်ခြောက်သောင်းပေးရန် တောင်းဆိုလိုက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းတောင်းဆိုမှုကို မန်ယူအသင်း တာဝန်ရှိသူများက စိတ်ဆိုးဒေါသထွက်လျှက် ရှိနေကြောင်းလဲ သိရှိရသည်။ လက်ရှိတွင် ၀ဲလ်ဘက်ခ် အနေဖြင့် နည်းပါးလှသော လုပ်ခလစာ ပေါင် တစ်သောင်းခွဲဖြင့် မန်ယူအသင်းတွင် အထူးခြေစွမ်းပြလျှက် ရှိနေပြီး အသင်းအတွက် အန်ဒီကိုးလ် ဒွိုက်ယော့ခ်ကဲ့သို့သော ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ဖြစ်လာရန် အလားအလာ ရှိနေသည်။

ယခုအချိန်တွင် ၀ဲလ်ဘက်ခ်က မန်ယူအသင်း တာဝန်ရှိသူများကို အံ့အားသင့် မှင်တက်မိစေမည့် တစ်ပါတ်လုပ်ခလစာ ပေါင်ခြောက်သောင်းကို တောင်းဆိုခဲ့ခြင်းကြောင့် မန်ယူအသင်း တာဝန်ရှိသူများကို စိတ်ဆိုးဒေါသ ထွက်စေခဲ့သည်။ အခြား မန်ယူလူငယ် ကစားသမားများ ဖြစ်ကြသော ဖီးလ်ဂျုံးနှင့် စမောလင်းတို့မှာ တစ်ပါတ်လုပ်ခလစာ ပေါင်ငါးသောင်းသာ ခံစားနေရပြီး ကွင်းလယ်လူငယ်ကစားသမား တွမ်ကလီဗာလေသည်ပင်လျှင် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းသာ ခံစားနေရချိန်တွင် ၀ဲလ်ဘက်ခ်က ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လာမည့် ဘောလုံးရာသီမှာ မာစတာ ဒီဂရီဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ

လာမည့် ဘောလုံးရာသီမှာ မာစတာ ဒီဂရီဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ
လာမည့် ဘောလုံးရာသီမှာ မာစတာ ဒီဂရီဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ
မန်ချက်စတာစီးတီး အသင်း၏ နောက်ခံလူ အသင်းခေါင်းဆောင် ကွန်ပနီသည် လာမည့်ဘောလုံးရာသီတွင် မာစတာ ဒီဂရီဘွဲ့ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက်(၂၅)နှစ်အရွယ် ကွန်ပနီသည် ဆက်ကျော်သက်အရွယ်က ဘယ်လ်ဂျီယံတွင် တက္ကသိုလ်ပညာကို သင်ကြားနေသောကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကမ်းလှမ်းချက်ကိုပင် ပယ်ချခဲ့ဖူးသည်။ ကွန်ပနီသည် လာမည့်ဘောလုံးရာသီ၌ မန်ချက်စတာ စီးပွားရေးကျောင်းတွင် Business Administration ဘာသာရပ်နှင့် ပတ်သက်ပြီး မာစတာ ဒီဂရီဘွဲ့ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။

Daily Mail ၏အဆိုအရ ကွန်ပနီသည် လာမည့် Academic year အတွက် ပြန်လည်ဖွင့်လှစ်မည့် စက်တင်ဘာလတွင်  စတင် တက်ရောက် သင်ကြားရန် ရည်ရွယ်ထားကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်

အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်
အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ လွန်ခဲ့သော၅နှစ်ကျော်ခန့်ကတည်းက အသင်းရဲ့ ဂျာစီများကို စပွန်ဆာပေးနေသော Adidas အားကစားကုပ္ပဏီနှင့် လမ်းခွဲလိုက်ပြီးနောက်အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ၆နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ Worrior Sports ဟာ လာမည့် ၂၀၁၂-၂၀၁၃ ဘောလုံရာသီမှ စတင်ကာ လီဗာပူးလ်အသင်းရဲ့ အားကစားဝတ်စုံများကို တာဝန်ယူထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ၆နှစ်သက်တမ်းရှိ စာချုပ်သစ်အရ လီဗာပူးလ်အသင်းဟာ တနှစ်လျှင် ပေါင် ၂၅သန်းရရှိမည်ဖြစ်ပြီး ၆နှစ်စာအတွက် စုစုပေါင်း ပေါင်သန်း ၁၅၀ ရရှိသွားမှာဖြစ်သည်။


စပွန်ဆာစာချုပ်ချုပ်ဆိုခြင်းနှင့်ပါတ်သတ်၍ Worrior Sports ရဲ့ အထွေထွေမန်နေဂျာ ရစ်ချက်ရိုက်က " အခုလို လီဗာပူးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုတာဟာ ကျွန်တော်တို့ ကုပ္ပဏီရဲ့ ကမ္ဘာ့ဘောလုံးလောကအတွင်းကို စတင်ဝင်ရောက်မှု့ ခြေလှမ်းသစ်ပါပဲ။ လီဗာပူးလ်အသင်းနဲ့ အခုလိုပူးပေါင်းလိုက်ခြင်းဟာ ကျွန်တော်တို့ကုပ္ပဏီရဲ့ အမှတ်တံဆိပ်ဟာ ကမ္ဘာတလွှားကို ပျံ့နှံ့စေဖို့ အပြည့်စုံဆုံး ကိစ္စတခုပါပဲ " ဟုပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းဟာ Worrior Sports နှင့် ယခုလို တနှစ်လျင် ပေါင်၂၅သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ခြင်းကြောင့် Nike ကုပ္ပဏီနှင့် မန်ယူအသင်းတို့ရဲ့ တနှစ်ပေါင်၂၃.၅သန်းတန် စာချုပ်တန်ဖိုးကို ကျော်လွန်ကာ အင်္ဂလန်တွင် အားကစားဂျာစီစပွန်ဆာအမြင့်ဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed