BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, September 10, 2011

စိတ်ကျရောဂါသည် ပိုများလာတဲ့ ဥရောပ

နာမည်ကြီး ဆေးပညာဂျာနယ် European Neuropsychopharmacology ရဲ့ ယခုအပတ်ထွက် စာစောင် ဖော်ပြချက်အရ၊ ၂၀၁၀ ခုနှစ်အတွင်း ဥရောပနိုင်ငံ အားလုံးမှ လူ ၁၆၅ သန်း (၃၈ ရာခိုင်နှုန်း) မှာ စိတ်ဝေဒနာ (mental disorder) ရရှိနေကြောင်း ဖော်ပြထားသည်။
ဂျာမဏီ တက္ကသိုလ် Technische Universität Dresden မှ ပါမောက္ခ Hans-Ullrich Wittchen ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့က ဥရောပနိုင်ငံ ၂၇ နိုင်ငံတို့အပြင် အိုက်စလန်၊ နော်ဝေနဲ့ ဆွစ်ဇာလန် တို့ကိုပါ စစ်တမ်းကောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။
စိတ်ပုံမှန် မဟုတ်တဲ့ ဥရောပသားတွေအနက် အဖြစ်များဆုံးက စိတ်ကျရောဂါ (depression) ဟု ဆိုသည်။ လူ သန်း ၃၀ ကျော် စိတ်ကျရောဂါ ဖြစ်နေပြီး၊ ဥရောပလူဦးရေရဲ့ ၆.၉ ရာခိုင်နှုန်း ရှိသည်။ ဒုတိယ အဖြစ်များဆုံး စိတ်ရောဂါက ကြောက်စိတ်လွန်ကဲမှု (phobias) ဖြစ်သည်။ ဥပမာ ပင့်ကူ ကြောက်တာမျိုး။
အရက်စွဲပြီး စိတ်ဂယောက်ဂယက်ဖြစ်နေသူက ၁၄.၆ သန်း ရှိသည်။ မူးယစ်ဆေးစွဲမှုကြောင့် ပုံမှန်စိတ် မဟုတ်သူက ၂.၄ သန်း ရှိသည်။ အရက်ရော ဆေးပါ လိုင်းစုံပူး သွက်သွက်ခါနေသူတွေလည်း အရေအတွက် ပိုများလာနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

LED, LCD ရောင်းအား မကျ

ပြည်တွင်း တီဗီ ဈေးကွက် အတွင်းသို့ သရီးဒီ နည်းပညာ အသုံးပြု တီဗီများ ဝင်ရောက် လာသော် လည်း LED, LCD တီဗီ ရောင်းအားမှာ ကျဆင်း သွားခြင်း မရှိကြောင်း သိရသည်။
“၂၀၁၀ ခုနှစ်အတွင်းမှာ 3D TV တွေ တစ်ဟုန်ထိုး ဈေးကွက်တွင်း ဝင်ရောက်ခဲ့ပေမယ့် ယနေ့ အချိန်ထိ ကျယ်မှုပိုင်းမှာ အားနည်းနေသေး တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကလည်း 3D တီဗီတွေရဲ့ တန်ဖိုးက သာမန် လူတန်းစားတွေ လက်လှမ်းမမီနိုင် တာကြောင့် ဖြစ်သလို နည်းပညာ လိုအပ်မှုတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ ကြောင့် LED, LCD တီဗီဈေးကွက် ရောင်းအားက ထိုးဆင်းသွားတာမျိုး မရှိနိုင်ပါဘူး” ဟု TMW Enterprise Limited မှ ကိုဇွဲရန်ဗိုလ်က ပြောသည်။
၂၀ဝ၅-ဝ၆ ခုနှစ်ခန့်က ပြည်တွင်း ဈေးကွက်ထဲသို့ LCD တီဗီများ ဝင်ရောက်ခဲ့စဉ်ကယင်းနည်းပညာ အသုံးပြုသူမှာ Tube တီဗီအသုံးပြုသူ ၏ (၅၀)ရာခိုင်နှုန်း ဝန်းကျင်ခန့်သာရှိခဲ့ သည်။ ယခု ၂၀၁၁ ခုနှစ်အတွင်း၌ LCD တီဗီအသုံးပြုသူဦးရေ (၂၀)ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သိရသည်။
“ဈေးကွက်ထဲမှာဆိုရင် LCD တီဗီတွေရဲ့ Market တွင်ကျယ်မှု တော်တော်လေးရနေပါပြီ။ ဈေးနှုန်း ကလည်း လက်ရှိမှာ (၃၂)လက်မကို ကျပ်နှစ်သိန်းကျော်နဲ့ ဝယ်ယူနိုင်သလို လက်မပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှုက လူတန်းစား အားလုံး သုံးစွဲနိုင်တဲ့ အခြေအနေဖြစ်နေ ပါပြီ”ဟု ၄င်းက ပြော သည်။
LED နည်းပညာ အသုံးပြု တီဗီ များကိုလည်း ၂၀ဝ၈ ခုနှစ်ကုန်ပိုင်းတွင် တင်သွင်းမှုရှိခဲ့ရာ ထိုအချိန်က လက်မ(၄၀)လျှင် ကျပ်ကိုးသိန်းခန့် ပေးဝယ်ခဲ့ရသည်။ “LED တီဗီတွေ ကတော့ LCD ထက် မီးစားသက်သာ မှုရှိသလို Color Quality ကလည်း သဘာဝအတိုင်း ကြည့်ရှုနိုင်ပါတယ်။ အရင်က ဒီနည်းပညာကို လက်လှမ်း မမီနိုင်ခဲ့ပေမယ့် အခုဆိုရင် ဈေးနှုန်း တော်တော် လေး ကျဆင်းလာတဲ့အတွက် သုံးစွဲသူပိုမိုများလာပါတယ်”ဟု Royal Tun မှ ကိုထွဋ်ထွဋ်ကဆို

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed