BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, August 5, 2012

ဆုတောင်း ဝတ်ပြုခြင်း က အယ်လ်ဇိုင်းမား ရောဂါ လျော့ကျစေနိုင်

နေ့စဉ် ဆုတောင်း ဝတ်ပြုခြင်း က အယ်လ် ဇိုင်းမား ရောဂါ ဖြစ်ပေါ် နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် ကြောင်း အစ္စရေးနှင့် အမေရိကန်တို့၏ ပူးတွဲလေ့လာချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေးဌာန၏ လေ့လာချက်အရ နေ့စဉ် ဆုတောင်းဝတ်ပြုမှုပြုလုပ်သော အမျိုးသမီးများသည် အယ်လ်ဇိုင်းမား သို့မဟုတ် ဦးနှောက်ဆဲလ်များ ပျက်စီးယို ယွင်းခြင်းဖြစ်ပေါ်မှု ၅၀ ရာခိုင်နှုန်း လျော့ နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ လွန်ခဲ့သည့်လအတွင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ပြုလုပ်သော ညီလာခံ တစ်ရပ်တွင်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ဖော်ပြကာ ဆွေးနွေးခဲ့သည်။ ယင်း၌ နေ့ စဉ်ဆုတောင်းဝတ်ပြုခြင်းဖြင့် အယ်လ် ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာ ကွယ်နိုင်ကြောင်း တဲလ်အဗစ်တက္ကသိုလ် မှ သုတေသနပညာရှင် ပါမောက္ခ ရစ်ဗ် ကာအင်ဇယ်ဘက်က ပြောကြားခဲ့သည်။ ゞင်းအပြင် အစ္စရေးသုတေသနအဖွဲ့သည် အာရှတိုက်၌ လေ့လာမှုများ ပြုလုပ်ခဲ့ ရာတွင် မွေးကင်းစအရွယ်ကလေးငယ် များ သေဆုံးမှုနှင့် ရောဂါရမှုသည် ဘာ သာရေး ကိုင်းရှိုင်းသော လူမှုအသိုက် အဝန်း၌ လွန်စွာလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

NYM (Xinhua, 26.7.12)
Good Health
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒိန်းမတ် ဂိုးသမား လင်ဒီဂတ် ကို နောက်ထပ် လေးနှစ်စာချူပ်သက်တမ်း တိုးလိုက်တဲ့ မန်ချက်စတာ


လင်ဒီဂတ် မှာ ဖါဂူဆန်၏ နံပတ် ၁ အိပ်မက် ဂိုးသမား တစ်ယောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော ဇန်န၀ါရီလတုန်းက ခြေကျင်းဝတ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နားနေခဲ့ရသည်။ ယခုအခါ ပြန်လည် ကျန်းမာလာမည့် အချိန်မတိုင်ခင်မှာပင် ဖါဂူဆန်က ယခုကဲ့သို့ စာချူပ်သက်တမ်း တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ယူနိုက်တက်ဘော့စ် က "အန်ဒရီးစ် ဟာ အတော်လေးငယ်ပြီး ကောင်းမွန်တဲ့ ဂိုးသမား တစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းကို ပြောင်းရွှေ့လာပြီး ကတည်းက အရမ်းကို တိုးတက်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ဂိုးသမား ဌါနခွဲမှာ ကျန်းမာရေး ပိုမိုတိုးတက်လာဖို့ ကြိုးစားနေပါတယ်။ ဒါဟာ အကောင်းဆုံး ဂိုးသမား ဖြစ်လာမယ့် အနေအထား တစ်ရပ်ဖြစ်ပါတယ်။ ဟုတ်ပါတယ် အခုသူ့ကို ကျွန်တော်တို့ စာချူပ်သက်တမ်း တိုးလိုက်ပါတယ်။ ဒဏ်ရာတွေကနေပြန်လည် သက်သာလာတဲ့ အခုနွေရာသီ ခြေစမ်းပွဲစဉ်တွေမှာ သူ့လက်စွမ်းကို အကောင်းဆုံး မြင်တွေ့ရပါလိမ့်မယ်  " ဟုပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

်တရားမျှတမှုကိုအလိုရှိတဲ့ ခရစ္စတီယာနိုင်ရော်နယ်ဒို

ခရစ္စတီယာနိုင်ရော်နယ်ဒိုသည် ပြီးခဲ့သည် ရီးရဲမက်ဒရစ်တွင် သုံးရာသီအတွင်း ဂိုးပေါင်း ၁၅၀ သွင်းယူနိုင်ခဲ့သည်။ ထို့အပြင်ပြီးခဲ့သည့် ယူရို တွင်လည်း ပေါ်တူဂီအသင်းအတွက် ခြေစွမ်းအပြနိုင်ဆုံး အခြေအနေဖြစ်ခဲ့သည်။
espn နှင့်တွေ့ဆုံရာတွင် ရော်နယ်ဒိုမှ စပိန်ကို ပယ်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ရသော ယူရိုအကြောင်းပြန်ပြောင်းပြောကြားရာတွင် " လူတွေက ကျနော် စောစောစီးစီးပယ်နယ်တီ ဘာလို့မကန်လဲဆိုပြီး အပြစ်တင်ချင်ကြတယ်။ ကျနော်ဘာမှသိပ်မပြောချင်ဘူး။ ကျနော် ပထမဆုံးပယ်နယ်တီကိုကန်မယ်ဆိုရင်လည်း ကျနော် လွဲချော်နိုင်တာပါပဲ။ ဘေယန်နဲ့ပွဲစဉ်တုန်းကလိုပေါ့ဗျာ ကျနော် ပထမဆုံးပယ်နယ်တီကို ကန်ခဲ့တယ် ကျနော်လွဲချော်ခဲ့တယ်။ စပိန်နဲ့ပွဲစဉ်မှာဖြစ်ခဲ့တာက  ကျနော်အနိုင်ဂိုးကို သွင်းမယ်ဆိုတဲ့ စိတ်ကူးကြောင့်ပါ။ ကျနော့်ရဲ့ စိတ်ခံစားချက်ပါ။ ကျနော်မှားယွင်းခဲ့ပါတယ် ကျနော် ဘောလုံးသမားအဖြစ် အသက်မွေးလာတာ ဆယ်နှစ်ရှိပါပြီ ဒီလိုခံစားချက်တွေကို ကျနော်ခံနိုင်ရည်ရှိပါတယ်" ဟုပြောကြားခဲ့သည်။
ရော်နယ်ဒိုသည် ရီးရဲအတွက် နှစ်စဉ်ခြေစွမ်းပြခဲ့သော်လည်း မန်ယူအတွက်ကစားစဉ် ၂၀၀၈ ခုနှစ်တွင် အကောင်းဆုံးတစ်ကြိမ်ရခဲ့ပြိးနောက် နောင်နှစ်များတွင် ဘာစီလိုနာစတားမက်ဆီကြောင့် အကောင်းဆုံးဆုကို အကြိမ်ကြိမ်လွဲချော်ခဲ့ရသူဖြစ်သည်။
ဆက်လက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d'Or နှင့်ပတ်သက်ကာ ရော်နယ်ဒိုမှ ဆက်လက်ပြောကြားရာတွင်မူ " ကျနော်တရားမျှတမှုကိုအလိုရှိပါတယ်။ တရားမျှတမှုသာရှိမယ်ဆိုရင်ပေါ့ဗျာ ခင်ဗျားသိပါတယ် ဘယ်သူဒီဆုကိုရမလဲ ဘယ်သူကပိုထိုက်တန်လဲဆိုတာကိုပေါ့။ ကျနော်သိပ်တော့မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်မလိမ်ပါဘူး။ ကျနော် ဒီဆုကို ရချင်ပါတယ်။ ဒီလိုပဲ မော်ရင်ဟိုလည်း အကောင်းဆုံးနည်းပြဆုကိုရစေချင်ပါတယ်။ သူဟာ ကမ္ဘာမှာအကောင်းဆုံးနည်းပြဆိုတာ ပြသားပြီးသားပါ။ တရားမျှတမှုပါပဲ။ တရားမျှတမှုကလွဲပြီး ကျန်တာတွေကျနော်မတောင်းဆိုပါဘူး " ဟုပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လာမယ့်ရာသီသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ (မန်ယူတောင်ပံကစားသမား အန်တိုနီယို ဗလန်စီယာ)

ဇူလိုင်လဆန်းပိုင်းမှာ မန်ယူအသင်းအနေနဲ့ ရာသီအသစ်မှာ ဗလင်စီယာအနေနဲ့ နံပါတ် ၇ ကိုဝတ်ဆင်ကစားမှာဖြစ်ပြီး ကာဂါဝါကတော့ နံပါတ် ၂၆ ကိုဝတ်ဆင်မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကျောနံပါတ် ၇ ဟာ သမိုင်းဝင် နံပါတ်တစ်ခုဖြစ်ပြီး ဂျော့ခ်ျဘက်စ် ကန်တိုနာ ဒေးဗစ်ဘက်ခမ်း ရော်နယ်ဒို အစရှိသူတွေဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပြီး မိုက်ကယ်အိုဝင် အသင်းက ထွက်ခွါသွားပြီးတဲ့နောက် လှစ်လပ်နေခဲ့တာဖြစ်ပါတယ်။
ယမန်နေ့က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဗလင်စီယာကပြောကြားခဲ့ရမှာတော့ " လာမယ့်ရာသီအသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီနံပါတ်ကိုကျနော်လေးစားပါတယ်။ မန်ယူအသင်းမှာ အထင်ကရတွေအများအပြားဒီနံပါတ်ကိုဝတ်ဆင်ပြီး အသင်းရဲ့သမိုင်းကိုရေးထိုးသွားပေးခဲ့ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သမိုင်းသစ်ကိုရေးထိုးနိုင်မယ်လို့မျှော်လင့်ပါတယ်။ " ဟုဆိုပါတယ်။
ရာသီသစ်မှာ မန်စီးတီးဆီက ပရီးမီးယားလိဂ်သရဖူးကိုပြန်လည်ရယူနိုင်လိမ့်မယ်လို့လည်း သူကယုံကြည်နေပါတယ်။
မန်ယူနိုက်တတ်အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် တောင်အာဖရိကနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီးနောက်မှာ ဥရောပကိုပြန်လာပြီး ဗယ်လာရမ်ဂါ ဘာစီလိုနာ ဟန်နိုဗာ အသင်းတွေနဲ့ ခြေစမ်းပွဲတွေကစားဦးမယ်လို့သိရပါတယ်။
မန်ယူအသင်းအနေနဲ့ ရာသီဖွင့်ပွဲအနေနဲ့တော့ အဲဗာတန်အသင်းနဲ့ သြဂုတ် ၂၀ ရက်နေ့မှာ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed