BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label Softwares. Show all posts
Showing posts with label Softwares. Show all posts

Thursday, September 1, 2011

Windows Password နှင့် အခြား User Password မေ့သွားခဲ့လျှင်



ALL Windows Password Remover | 9.82 MB

ဒီဆော့ဖ်ဝဲကတော့ Windows administrator password နဲ့ အခြား user password တွေကို
မေ့သွားခဲ့တယ်ဆိုရင်တော့ ဒီဆော့ဖ်ဝဲကို အသုံးပြုပြီး Password တွေကို ပြန်လည်
reset/ remove လုပ်ဆောင်ပေးနိုင်တဲ့ ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်....
Folder ထဲမှာပါတဲ့ ISO File ကို CD နဲ့ Burn ပြီး Restart ချလိုက်တာနဲ့
အလွယ်တကူ ပြန်လည်လုပ်ဆောင်နိုင်ပါတယ်....။
Password မေ့တတ်သူတွေအတွက် အလွန်အသုံးဝင်ပါတယ်...
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုတ်ယူနိုင်ပါတယ်....
အထက်က လင့်တွေမှာ ဒေါင်းနိုင်ပါတယ်
ကိုမုန်တိုင်းဆီမှတဆင့်ပြန်လည်ဖောက်သည်ချပါတယ်။



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, August 17, 2011

အခမဲ့ မြန်မာပြည်TV လိုင်းကြည့်မလား။


အကယ် တစ်ကမ္ဘာလုံးက Sports, music, news, movie, fun, Science, Cartoons, Networks, lifestyle, shopping စတဲ့ TV ထုတ်လွှင့်မှုတွေဘဲကြည့်မလား..ဒါမှမဟုတ် အမိမြန်မာပြည့်ကို အလွမ်းဖြေဖို့ Myanmar International, Myanmar Entertainment  မှာမြန်မာလိုပြောပြီး အင်္ဂလိပ်လိုစာတန်းထားတဲ့ မြန်မာ TV လိုင်းတွေ ဘဲကြည့်မလား.  GOD TV လဲပါပါတယ်.စုံလင်လှတဲ့ TVU player လေးနဲ့ မိတ်ဆက်ပြီး  တင်ပေးလိုက်ပါတယ် .. မြန်မာလိုင်းကိုအလွယ်တကူရှိချင်ရင် အပေါ်က search box မှာ myanmar လို့ရေးလိုက်တာနဲ့ မြန်မာပြည်ရဲ့ လိုင်းနှစ်လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီအပြင် Channels တွေအားလုံးအတွက် ဘယ်အချိန်မှာ ဘာလာမယ်ဆိုတာကို ကိုယ့်နိုင်ငံရဲ့အချိန်နဲ့ ကိုက်ပြီးဖော်ပြ ပေးထားပါတယ် ..အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေလို့မိတ်ဆက်ပေးလိုက်ပါတယ် .အခမဲ့ကြည့်ရမှာဖြစ်ပါတယ်....ပြီးတော့ Portable လေးဖြစ်ပါတယ်..install စရာမလိုဘဲ အေးအေးဆေးဆေးအသုံးပြုနိုင်ကြောင်းပါ။


DOWNLOAD TVU Player    (Downloads times 1454)

DOWNLOAD FROM IFILE.it



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, August 16, 2011

Desktop ပေါ်တွင် မြန်မာ ပြက္ခဒိန်တင်ရန် Software

Myanmar Calendar for 2011

PostAuthorIconWritten by Thurein

Product Name: Myanmar Calendar for 2011
Product Type: Windows 7 Gadget
Product Version: 1.0
Author: Zaw Thurein Tun
Credit: Ko Soe Min & Ko Wunna Ko
Proudct License: Freeware
File Size: 39 KB


Description:
ကွန်ပျူတာ၏ Desktop ပေါ်တွင် လက်ရှိမြန်မာသက္ကရာဇ်နှင့် မြန်မာရက်စွဲကို ဖော်ပြပေးမည် ဖြစ်သည်။ နေ့ထူးနေ့မြတ်များ ရောက်ပါကလည်း နေ့ထုးနေ့မြတ်၏ အမည်ပါ ဖော်ပြပေးမည်ဖြစ်သည်။
Requirement:
(၁) Windows 7 Operating System
(၂) Zawgyi Font
Install ပြုလုပ်ပုံ
အပေါ်က Download button ကို နှိပ်ပြီး Download လုပ်လိုက်ပါ ။ Zip ဖိုင်တစ်ခု ရပါလိမ့်မယ်။ အဲဒီ Zip ဖိုင်ကို Extract လုပ်ပါ။ အဲဒီအခါမှာ Myanmar Calenar.Gadget ဆိုတဲ့ Folder တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီ Folder ကို Copy ကူးပြီး C:\Program Files\Windows Sidebar\Gadgets ဆိုတဲ့ Folder ထဲမှာ Paste လုပ်လိုက်ပါ။
ပြီးတဲ့အခါ Desktop ပေါ် Right Click နှိပ်ပြီး Gadgets ကို ရွေးပါ။ ပြီးနောက် Myanmar Calendar ပေါ်မှာ Double Click နှိပ်လိုက်ပါ။ အဲဒီအခါမှာ မြန်မာပြက္ခဒိန်ဟာ သင့် Desktop ပေါ် ရောက်လာပါလိမ့်မ ယ်။
အားလုံး အဆင်ပြေကြပါစေ။
ဖြစ်ပေါ်လာပုံ
ကျွန်တော်တို့တွေဟာ မြန်မာပြည်သူပြည်သားတွေပါ။ ဒါပေမဲ့ ဒီနေ့မြန်မာလို ဘယ်နှစ်ရက်နေ့လဲလို့ မေးလိုက်ရင် ဖြေနိုင်တဲ့သူ တော်တော်ရှားပါတယ်။ ကျွန်တော်ကိုယ်တိုင်အပါအ၀င်ပေါ့။ ဒါပေမဲ့ မသိလည်း ဘာဖြစ်လဲလို့ပြန်မေးရင်တော့ ဘာမှတော့ မဖြစ်ပါဘူးပေါ့လေ။

လွန်ခဲ့တဲ့ နှစ်လလောက်က ၀ါဆိုလပြည့်နေ့ရောက်ရင် ဘုရားသွားဦးမယ်ဆိုပြီး ကျွန်တော်ကြံစည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ့် ၀ါဆိုလပြည့်နေ့ရောက်တဲ့အခါမှာ မသိတော့ပါဘူး။ ပြက္ခဒိန်ကိုလည်း မကြည့်ဖြစ်ဘဲ လူက ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တာကိုး။ အဲဒီလိုဖြစ်တော့မှ ကွန်ပျူတာနဲ့ မြန်မာပြက္ခဒိန်ကြည့်လို့ရရင် ကောင်းမှာပဲဆိုပြီး အတွေးလေးက ကျွန်တော့်ခေါင်းထဲ ၀င်ရောက်လာပါတယ်။

နောက်တစ်ခုက ပြီးခဲ့တဲ့ ဇူလိုင်၁၉နေ့မှာပါ။ ဇူလိုင်၁၉နေ့ရောက်ရင် ဗိုလ်ချုပ်သီချင်းတွေကို အိမ်နီးချင်းတွေကြားအောင်ပါ ဖွင့်မယ်ဆိုပြီး ကျွန်တော်တေးထားပါတယ်။ ဒါပေမဲ့ တကယ့်ဇူလိုင်(၁၉)ရောက်တဲ့အခါမှာတော့ ကျွန်တော် မသိတော့ပါဘူး။ လွန်သွားမှ သိလိုက်ပါတယ်။ အဲဒီလိုဖြစ်တော့မှ ကွန်ပျူတာနဲ့ မြန်မာ့နေ့ထူးနေ့မြတ်တွေကို ကြည့်လို့ရရင် သိပ်ကောင်းမှာပဲဆိုပြီး အတွေးလေးက ကျွန်တော့်ခေါင်းထဲ ၀င်ရောက်လာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

အင်တာနက်သုံးရင်နဲ့ Windows 7 မှာပါတဲ့ Gadget တွေကို Develop လုပ်နည်းတွေကို Microsoft ရဲ့ Site ထဲကနေ ဖတ်လိုက်ရပါတယ်။ အစကတည်းက လူက စိတ်ဝင်စားနေတာကိုး။ Windows 7 ရဲ့ Gadget တွေဖြစ်ကြတဲ့ နာရီတွေ၊ ပြက္ခဒိန်တွေ၊ Notes တွေကို ဘယ်လိုဖန်တီးပြီး ဘယ်လိုလုပ်တယ်ဆိုတာကို သိချင်နေတာက ကြာခဲ့ပါပြီ။ အခုသိသွားတော့မှ အရမ်းအံ့သြသွားပါတယ်။ အဲဒီ Gadget လေးတွေက HTML, CSS နဲ့ Javascript တွေကိုပဲ သုံးပြီး ရေးသွားတာမို့လို့လေ။

အဲဒီနေ့ညမှာပဲ ကိုစိုးမင်းတို့ ဖန်တီးထားတဲ့ http://www.myanmarcalendar.info/ ကို ရောက်ခဲ့ပါတယ်။ ပြီးတော့ ကိုစိုးမင်း ရေးထားတဲ့ မြန်မာနေ့စွဲဖော်ပြပေးတဲ့ Javascript Source Code ကိုလည်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာက ဒီနေ့ မြန်မာလို ဘာနေ့လဲဆိုတာကိုသိဖို့က ဖွင့်ကြည့်မှ သိမယ့်ပုံစံဖြစ်နေပါတယ်။ ကျွန်တော်က Desktop ပေါ်မှာ ဒီနေ့ မြန်မာလို ဘာနေ့ဆိုတာကို ဖော်ပြပေးမှ ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။ တစ်ဘက်ကလည်း Windows 7 Gadget လုပ်နည်းကိုလည်းရ၊ တစ်ဘက်ကလည်း မြန်မာပြက္ခဒိန်အတွက် Source Code ရသွားတော့ မြန်မာပြက္ခဒိန်ကို Gadget အဖြစ်ဖန်တီးပြီး Free ဖြန့်မယ်လို့ ကျွန်တော်စိတ်ကူးလိုက်ပါတယ်။ နောက်ရက်မှာပဲ အဲဒီ Project ကို စတင်ပါတော့တယ်။

အားတဲ့အချိန်လေးတွေမှာပဲ လုပ်ရတော့ ကြားထဲမှာ တစ်လလောက်ကြာခဲ့ပါတယ်။ မြန်မာပြက္ခဒိန်အကြောင်း နားလည်အောင် စာအုပ်တွေရှာဖတ်ရပါတယ်။ ရှားရှားပါးပါး မဟာသုတဒီပနီကျမ်းထဲမှာ မြန်မာပြက္ခဒိန် ဘယ်လို တွက်တယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ အရမ်းကြီး နားမလည်ပါဘူး။ နောက် နီးစပ်ရာလူကြီးတွေကို မေးကြည့်တော့ မြန်မာပြက္ခဒိန်ဟာ နှစ်တွေအများကြီး ကြိုတင်တွက်မရဘူးဆိုတာပါ သိလိုက်ရပါတယ်။ အခု ရောက်နေတဲ့ ၁၃၇၂ နှစ်ကိုမှ နောက်ထပ် ၁၃၈၀ အတွက်ဆိုပြီး ကြိုတွက်လို့ မရဘူးဆိုတာပါ သိလိုက်ရပါတယ်။
အဲဒါနဲ့ပဲ ကိုစိုးမင်းဆီကရတဲ့ Source Code ကို 2011 ခုနှစ်အတွက် ကိုက်အောင်ပဲ ပြန်ပြီး ပြင်ဆင်ခဲ့ပါတယ်။ HTML, CSS နဲ့ Javascript ကို သုံးပြီး ရေးထားတာပါ။ အဓိက Engine ကတော့ Javascript ပါ။ ကွန်ပျူတာနဲ့ အင်္ဂလိပ်ရက်စွဲကိုယူပြီး မြန်မာလို ဘယ်နေ့ဖြစ်တယ်ဆိုတာကို တွက်ချက်ပြီး Output ထုတ်ပြတာပါပဲ။ ပြီးတော့ နေ့ထူးနေ့မြတ်တွေ ရောက်ရင် ဥပမာ အာဇာနည်နေ့ဆိုရင် အာဇာနည်နေ့ဆိုပြီး ပေါ်ပေးမှာ ဖြစ်ပါတယ်။

တစ်နည်းမဟုတ်တစ်နည်းနဲ့ အားလုံးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။
Myanmar IT Menကပါ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 28, 2011

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့




Frame Photo Creator 5.3.1 | 25.15 MB

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့ သူတွေအတွက် အလွန်အသုံးဝင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်....စိတ်ကြိုက် အသုံးပြုလိုသူတွေအတွက် အဆင်ပြေအောင် Serial Key ပါ တပါတည်း ထည့်သွင်းပေးထားပါတယ်.....ဓါတ်ပုံအလှဆင်တာကို ၀ါသနာပါသူတွေအတွက် အသုံးဝင်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်......


Photobucket
Ifile | Mediafire




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, July 26, 2011

firefox ကိုအသုံးချပြီး mp3,mp4 သီချင်းများကို youtuble မှဒေါင်းပုံလေးပါ



အောက်မှာကြည့်လိုက်ပါနော်(post အောက်မှာပြောတာပါ:
ဒီမှာတစ်ခုပြောချင်တာက Enable နှင့် uninstall လို့ပေါ်လာရင် Enable ကိုနှိပ်ပြီး restart firefox ကိုနှိပ်ပါ..
restart လုပ်ပြီးတဲ့အခါ ဒေါင်းလို့ရပါပြီ..
mp3 ဒေါင်းနည်းလေးပါ..mp3 သီချင်းအဖြစ်ယူမယ်ဆိုလျှင် mp3 ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ
new tab အနေနဲ့စာမျက်နှာသစ်တစ်ခုပွင့်လာပြီးရင်အောက်ပါအတိုင်းဆက်လက်လုပ်ဆောင်ရုံပါပဲ..
ပြီးပါပြီ..၀ါသနာတူသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ..




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 24, 2011

DVD Driver ပျောက်နေသလား

start menu bar ထဲက run ကိုခေါ်လိုက်ပါ။ or (window+R) ပြီးရင် regedit ကိုရိုက်ထဲ့ပြီး enter ခေါက်လိုက်ပါ။ ပြီးရင် HKEY_LOCAL_MACHINE --->SYSTEM--->CurrentControlSet--->Control --->Class ထိရောက်အောင်သွားပါ။ {4D36E965-E325-11CE-BFC1-08002BE10318} ကိုတွေ့အောင်ရှာပါ။ click လုပ်လိုက်ပါ။ ပြီးရင်ညာဘက်ကအကွက်ထဲမှာ DVD/CD-Rom drive ကိုတွေ့ရင် သေချာပြီ ဒင်းပဲ။ အဲဒီအောက်မှာ upper filter ကိုရှာ သူ့အပေါ်မှာ right click ထောက်ပြီး delete လုပ်ပါ။ delete လုပ်မှာသေချာလားမေးရင် YES လို့ပေးလိုက်။ registry editor ကို exit လုပ်ပြီးပြန်ထွက်လိုက်။ window ကို restart ပြန်လုပ်လိုက်ရင် အားလုံး ok ပါပြီး။ အဲ ဒါပေမဲ့ upper filter မရှိရင် lower filter ကို delete လုပ်ရပါမယ်။ ဒီနည်းကို window vista မှာလည်းသုံးလို့ရပါတယ်။

Copy From http://grou.ps/yesagyogate/blogs/item/dvd-driver-%E1%80%B1%E1%80%95%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%80%9C%E1%80%AC%E1%80%B8
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 10, 2011

Recovery အကောင်းဆုံးလေး

 


တကယ်ကိုကောင်းမွန်လှတဲ့ Software လေးပါ..ဒီ software လေးက ကျွန်တော်ရဲ့ 2နှစ်လောက်ရှိပြီး.ဘယ်လိုမှ recovery လုပ်လို့မရတဲ့ file တွေကို recovery လိုက်ပေးပါတယ်.
၁) Format လုပ်ပြီးသား file တွေကိုလုပ်ပေးတယ်.
၂) Raw ဖြစ်သွားတဲ့ file တွေကိုလဲလုပ်ပေးတယ်..ဒီဟာက ဘယ်မှာသုံးလဲဆိုတော့.. format လုပ်ပြီးသား ကို recovery လုပ်တဲ့အခါမှာ.သူကမေးပါတယ်.နောက်ဆုံးသုံးခဲ့တဲ့ file system ကဘာလဲဆိုပြီးမေးတဲ့အခု..ကိုယ်က NTFS ကိုပေးရင်လဲမဟုတ်ဘူး၊FAT လဲ.မဟုတ်ဘူး၊FAT32 မဟုတ်ဘူး.ဆိုပြီး...ဖြစ်တက်ပါတယ်.ဒါက Raw file system ဆိုပြီး..ဘာမှကိုလုပ်လို့မရတော့တဲ့ usb,hardisk တွေကိုလဲ recovery လုပ်ပေးတဲ့အပြင်
၃) Delete လုပ်လိုက်မိတဲ့ file တွေကိုလဲ recovery လုပ်ပေးပါတယ်.
၎) Advanced Recovery ဆိုပြီးတော့လဲပါသေးတယ်.
၅) Recovery သက်သက်မဟုတ်ဘဲ.. File Repair ဆိုပြီး
Excel,Access,Zip,Powerpoint,Word စတဲ့ File format တွေအတွက်လဲပါဝင်တယ်.
၆) Disk Diagnostics  စတဲ့ Drive Tests,Size Manage,Data Advisor,Partition စတဲ့များပြားအသုံးဝင်လှတဲ့ Software တွေကိုစုစည်းထားတဲ့ Easy Recovery Professional ဖြစ်ပါတယ်..ဒီအပြင် Portable ဖြစ်တဲ့အတွက် ပိုပြီးအဆင်ပြေဟေမယ်.လို့မျှော်လင့်ပါတယ်..

DOWNLOAD FROM MEDIAFIRE (15.97MB)
DOWNLOAD FROM ifile.it 


ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 8, 2011

SlideShow များ ပြုလုပ်ခြင်း


slideshow ပြုလုပ်ပုံလေးများ မသိသေးသူများ အတွက် တင်ပြပေးလိုက်ပါတယ်...
slideshow ပြုလုပ်ပုံတွေဟာ တစ်ဦး နှင့် တစ်ဦး တူချင်မှ တူမည်၊ ပြုလုပ်သော ဆိုဒ်များ နှင့် DVD ဆော့ဝဲလ် များလည်း တူချင်မှ တူမည်။ သို့သော ထိုထို ထဲမှ မျိုးက
လက်ရှိ အသုံးပြု အများဆုံးဖြစ်တဲ့ slideshow ပြုလုပ်ပုံ တင်ပြပေးပါ့မယ်...

(၁)။ http://www.slide.com/
ကို ကလစ် ပြီး အကောင့်ဖောက်ပါ..
အကောင့်ဖောက်ပြီးလျှင် ဒီလိုပုံလေးတွေ့ ရပါလိမ့်မယ်...



Click to make your first slideshow! ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်ပါ...
အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ်....




Preset Designs: နေရာမှ ဒီဇိုင်းလေးများကို မိမိစိတ်ကြိုက် ရွေးချယ်ပေးလိုက်ပါ...ပြီးလျှင် အောက်သို့ ဆက်သွားပါ...
Browse ကိုကလစ်ပေးပြီး မိမိ ကွန်ပျုတာထဲမှ စိတ်ကြိုက်ပုံများကို ရွေးချယ်ပေးလိုက်ပါ။ရွေးချယ်ပြီးလျင် ဘောက်စ်လေး ကျလာပါလိမ့်မယ်...
 မိမိကြိုက်နှစ်သက်သော နာမည်လေးပေးပြီး Done ကို ကလစ်ပေးလိုက်ပါ...
ထိုနည်းတူစွာပင် facebook,photobucket နှင့်အခြားနေရာမှလည်း ပုံများကို
ယူနိုင်ပါသည်။



Customize your Design: နေရာလေးမှ မိမိလိုချင်သော Slideshow ဒီဇိုင်းလေးများကိုေ၇ွးချယ်ပေးပြီး စိတ်ကြိုက်ဖြစ်လျှင် Save(get code) ကို ကလစ်ပေးလိုက်ပါ...

မိမိကြိုက်နှစ်သက်သော စလိုက်ရှိုး လိပ်စာလေးတွေ ရေးပေးလိုက်ပါ...


ပြီးလျှင် သိမ်းလိုက်သော အခါ လှပတဲ့ စလိုက်ရှိုးလေးတွေ ရရှိပြီပေါ့နော်....
Bebo ကိုကလစ်ခြင်းပဲဖြစ်ဖြစ် အခြား တစ်ခုခုကိုကလစ်ကာ HTML ကုတ်ကို ရယူလိုက်ပါ...

Share ချင်သူတွေအတွက်ကတော့ My Slide ကလစ်ကာ Share လင့်ကို ရယူလိုက်ပါ...


          ***နောက်ထပ် ၂ မျိုး လုပ်နည်းကိုလည်း ဆက်လက်တင်ပြပေးသွားပါအုံးမည်...***
 






--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 6, 2011

ဗီဒီယိုဖိုင်တွေကို ဖြတ်တောက်ချင်သူများ



ဗီဒီယိုဖိုင်တွေကို ဖြတ်တောက်ချင်သူများ ဆက်ချင်သူများ ညှပ်ချင်သူများအတွက် ဆော့ဝဲလေးပါ။
portable လေးပါ။
ဒေါင်းရန်

http://www.mediafire.com/?nyfrewqfyxqq29h

http://ifile.it/jq0lc61/Xilisoft_Video_Editor_2.0.1.0111_Portable.rar

http://www.ziddu.com/download/13618608/Xilisoft_Video_Editor_2.0.1....

http://www.zshare.net/download/85948771e5a6152b/

http://www.mirrorcreator.com/files/OX0WNT8R/

ဒေါင်းရန်
--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, July 4, 2011

ဖိုင်ဆိုဒ် အကြီးတွေ ခွဲထုတ်မယ် ပြန်ပေါင်းမယ်(File splitter & Joiner)

mailက ပေးတဲ့ Software လေးပါ။ ကျွန်တော်ဆီမှာက JsSprit နဲ့သုံးနေပါတယ။် ကျွန်တော်သူငယ်ချင်းက FileJS က ပိုကောင်းတယ်လို့ ပြောတာနဲ့ သူ့စီက တောင်းပြီ သုံးကြည့်တာ အတော်ကောင်းတယ်ဗျ။ ကျွန်တော်လဲ JsScript Software ကိုတောင် မေ့သွားတယ်။ Blogger တွေအတွက် အတော် အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ File Site ကြီးတဲ့ သီချင်းတွေ Video တွေ Software တွေ စာအုပ်တွေကို အပိုင်းပိုင်းခွဲတဲ့နေရာမှာ ဒီ Software က အတော် အသုံးတည့် လှပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းလေးကိုပါ တင်ပြပေးပါမည်။ ကြိုက်တာ File အမျိုးအစား အားလုံးနည်းပါ ခွဲလို့ရပါတယ်။ ဒါကြောင့် လိုအပ်မယ်ထင်လို့ တင်ပြပေးလိုက်တာပါ။

ဖိုင်ဆိုဒ်မျာ ပိုင်းနည်း

ကျွန်တော်တို့ ဖိုင်ဆိုဒ်အကြီးတွေကို upload လွဲကူစွာ တင်နိုင်ဖို့အတွက် Split လုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Split လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ ၀ိုင်းပြထားတဲ့ အတိုင်း Splitting ကို Click လိုက်ပါ။ Source File မှာကတော့ မိမိ Split လုပ်ချင်တဲ့ File ကို ရွေးချယ်လိုက်ပါ။ out Directory မှာ မိမိ Split လုပ်လိုက်တာကို သိမ်းမည့်နေရာဖြစ်ပါတယ်။ Split Into မှာက မိမိ ဘယ်နှစ်ပိုင်း ပိုင်းချင်သလဲဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီရင် Split ကိုclick လိုက်တာနဲ့ ပြီးသွားပါပြီ။ ဒါကြောင့် လွယ်တယ်လို့ပြောတာပေါ့။



ဖိုဒ်ဆိုဒ် အပိုင်းများပြန်ပေါင်းနည်း

ကျွန်တော်တို့ မိမိတို့ ပိုင်းထားတဲ့ အပိုင်းလိုက်ကလေးတွေကို တစ်ဖိုင်တည်ဖြစ်အောင် Joining ကို click လိုက်ပါ။ ပြီရင် ကျွန်တော်တို့ Split လုပ်ထားတဲ့ အပိုင်းတွေထဲက ပထမဆုံးဖိုင်ကို The First input file မှာ မိမိတို့ ရွေးချယ်လိုက်ပါ။ output file မှာက Save မည့်ဖိုင်ဖြစ်ပါတယ်။ ပြီရင်တော့ Join ကို click လိုက်ပါ။ ပြီးပါပြီ။ (သူငယ်ချင်း မောင်မောင်ကျော်ကို ကျေးဇူးတင်ရှိပါတယ်။ )



Mediafire
Multiupload
source:knowledge
You might also like:



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 3, 2011

Softwares များ


    (၁)   Matrix Screen Locker Portable


        ဒီကောင်လေးကိုတော့ မိမိစက်အားအသုံးပြုနေစဉ် အကြောင်းတစ်စုံတစ်ရာပေါ်၍ စက်နားမှခွါပြီးအပြင်ခဏသွားလို
သောအခါတွင် မိမိစက်အားလည်းမပိတ်ခဲ့ချင် အခြားသူများလည်းကိုင်မည်စိုးသောအခါများတွင် အသုံးပြုနိုင်ပါသည်။ကျွန်
တော်ကတော့ လုပ်လက်စအလုပ်များအားတန်းလန်းရှိချိန် အလွန်ဆော့သောကျွန်တော်၏ သံယောဇဉ်များလည်းမကလိနိုင်
ရန်အတွက် စက်နားမှခေတ္တထ၍ အခြားကိစ္စများလုပ်သောအခါတွင်အလွန်အသုံးတည့်လှပါသည်။အသုံးပြုပုံပြုနည်းများအား
ပုံများ စာများနှင့်တကွထည့်ပေးထားပါသည်။ဒီနေရာလေးမှာ ယူပါ။

(၂)   Picasa 38 ဖြင့် Gmail တွင်ဓာတ်ပုံများစွာအားပို့ ခြင်း

       ဒါကတော့နည်းပညာပိုင်းနွယ်သွားပါပြီ။သိပြီးသူများလည်းရှိကြမှာပါ။မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။မိမိတို့ 
ပုံမှန် Gmail အားအသုံးပြုပြီး ဓာတ်ပုံများပို့ ဘူးကြမှာပါ။တစ်ပုံပြီးတစ်ပုံအား Attach ဖိုင်ဖြင့်ဆွဲယူရသောကြောင့်အချိန်ကြာ
ပါသည်။ထိုဒုက္ခများကင်းဝေးပြီး ဓာတ်ပုံများစွာအားစက်အတွင်းတွင် Picasa38 ဆော့ဖ်ဝဲလ်လေးထည့်ထားပြီး စက္ကန့် ပိုင်း
အတွင်းမှာပင် ပုံမြောက်များစွာကိုပို့ နိုင်ပါသည်။အသုံးပြုပုံပြုနည်းအား စာဓာတ်ပုံများနှင့်တစ်ကွ တစ်ပါတည်းထည့်ပေးထား
ပါသည်။ ဒီနေရာလေးမှာ ယူပါ။

(၃)   Aiseesoft Total Media Converter 5.2.32 Portable

       ဒီကောင်လေးကတော့ ကျွန်တော်လည်းလက်ရှိအသုံးပြုနေတာပါ။Portable လေးဖြစ်တာကတစ်ကြောင်း အသုံးပြုရ
တာလွယ်ကူရိုးရှင်းပြီး Output ဖိုင်အမျိုးအစားများစွာထုတ်ပေးနိုင်ပါတယ်။ဖုန်းအမျိုးအစားများအတွက်လည်းထုတ်ပေးနိုင်
ထုတ်ပေးနိုင်ပါတယ်။ယူကျူ့ မှဒေါင်းရသော FLV ဖိုင်များအားအလိုရှိရာ ဖိုင်စနစ်အမျိုးပေါင်း(၂၀၀)ခန့် အထိပြောင်းလည်း
ပေးနိုင်ပါတယ်။ဆောင်ထားသင့်ပါတယ်။ထုံးစံအတိုင်း အသုံးပြုပုံပြုနည်းများအား စာဓာတ်ပုံနှင့်တစ်ကွထည့်ထားပေးပါတယ်။
အသုံးပြုလိုလျှင်ဖြင့် ဒီနေရာလေးမှာ ယူပါ။

(၄)   Smart Defrag

       ဒီကောင်လေးကတော့ မိမိစက်ဟတ်ဒစ်အတွင်းဖိုင်များပြန်စီခြင်းသန့် ရှင်းရေးလုပ်ခြင်းများတွင်သုံးပါတယ်။ဝင်းဒိုးအတွင်း
ထိုစနစ်ပါပေသည့် အချိန်ကြာမြင်စွာလုပ်ဆောင်ရပါတယ်။ဒီဆော့ဖ်ဝဲလ်လေးအသုံးပြုခြင်းအားဖြင့်အချိန်တိုအတွင်း၎င်းလုပ်ငန်း
များအားလုပ်ဆောင်နိုင်ပြီး စက်ကိုလည်းပေါ့ပါးစေပါတယ်။အသုံးပြုရတာလွယ်ကူလှပြီး ကျွန်တော်တို့ လို မြင်မြင်သမျှဒေါင်း
လိုက် ထုတ်လိုက်လုပ်နေသူများအတွက် လိုအပ်လှပါတယ်။နောက်ဆုံးထုတ်အပ်ဒိတ်ကလေးကို ဒီနေရာလေးမှာ ယူပါ။
       အားလုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ။အားလုံးကို  Ziddu မှ တင်ထားပေးပါတယ်။
     

--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed